ဧရာဝတီတိုင်းစစ်ဌာန

ဧရာဝတီတိုင်းစစ်ဌာန ယခုစာမျက်နှာသည် ဧရာဝတီတိုင်းစစ်ဌာန၏ တရားဝင် လူမှုကွန်ယက်စာမျက်နှာဖြစ်ပါသည်။

ကြေညာချက်၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှု အစီအစဥ်ကို ဆန့်ကျင်တိုက်ဖျက်ကြ၁။ အကြမ်း...
18/09/2026

ကြေညာချက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်

အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှု အစီအစဥ်ကို ဆန့်ကျင်တိုက်ဖျက်ကြ

၁။ အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၁-၂၀၂၄ ကာလအတွင်း ၎င်း၏ အမာခံ တိုက်ခိုက်ရေးအင်အား အများစု ချေမှုန်းခံခဲ့ရပြီးနောက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေ (ခေါ်) အဓမ္မစစ်သား စုဆောင်းသည့် အစီအစဥ်ကို အကောင်အထည်ဖော်ကာ အရပ်သားလူငယ်များ၏ အသက်ဖြင့် ၎င်း၏ စစ်အာဏာကို အသက်ဆက်ရန် ကြိုးစားအားထုတ်လျက်ရှိသည်။

၂။ တရားဝင်ပြည်သူ့အစိုးရထံမှ အဓမ္မအာဏာသိမ်းယူထားသော စစ်အုပ်စုအနေဖြင့် ပြည်သူ့ စစ်မှုထမ်း ဥပဒေကဲ့သို့သော ပြည်သူအပေါ်သက်ရောက်မှုကြီးမားသည့် ဥပဒေမျိုးကို ပြဋ္ဌာန်းခွင့်နှင့် ကျင့်သုံးပိုင်ခွင့် မရှိပါဘဲလျက် ပြဋ္ဌာန်းကျင့်သုံးနေခြင်းသည် ပြည်သူအပေါ် အဓမ္မစစ်ကျွန်ပြုသည့် လုပ်ရပ်သာဖြစ်သည်။

၃။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ မှ ၂၀၂၆ ခုနှစ်၊ သြဂုတ်လအတွင်း ပြည်သူ့စစ်မှုထမ်း(ပစ) အပတ်စဥ် (၂၇) ခု ဖွင့်လှစ်ခဲ့ပြီး အင်အား (၁၃၅,၀၈၀) ခန့်ကို အဓမ္မစုစည်းခဲ့သည်။ ယခုအခါ ၎င်းအင်အားကို အသုံးချ၍ လူလှိုင်းစစ်ဆင်ရေးများဖြင့် နိုင်ငံအနှံ့ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းများတွင် ပြည်သူ့စစ်မှုထမ်း(ပစ) အင်အား (၈၀) ရာခိုင်နှုန်းခန့်အထိ ပါဝင်နေသည်ကို တွေ့ရသည်။

၄။ အကြမ်းဖက်စစ်အုပ်စု၏ ထိုးစစ်အခြေအနေကိုကြည့်လျှင် ပြည်သူ့စစ်မှုထမ်း(ပစ) သိန်းချီ အင်အားကို အလောင်းအစားပြု၍ ကမူးရှုးထိုး ထိုးစစ်ဆင် ဆောင်ရွက်နေသော်ငြား မည်သည့် စစ်မျက်နှာတွင်မှ လိုရာမရောက်ဘဲ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိရောက်သော တိုက်ခိုက်ချေမှုန်းမှုများကြောင့် ထိခိုက်ဆုံးရှုံးမှု အလွန်များပြားလျက်ရှိသည်ကို တွေ့ရသည်။

၅။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၆ ခုနှစ်၊ သြဂုတ်လအထိ (၂) နှစ်တာ ကာလအတွင်း အကြမ်းဖက် စစ်တပ်မှ သေဆုံး (၂၀,၃၈၃) ဦး၊ ထိခိုက်ဒဏ်ရာရ (၉,၇၉၂) ဦး၊ ပြည်သူ့ရင်ခွင်ခိုလှုံသူ (၃,၈၇၄) ဦး၊ မိမိအစီအစဥ်ဖြင့် အကြမ်းဖက်စစ်တပ်ကို စွန့်ခွာထွက်ပြေးသူ(တပ်ပြေး) (၂၀,၀၀၀) ဦးခန့် ရှိခဲ့သည်ကို ကာကွယ်ရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ သိရသည်။ ၎င်းထိခိုက်ဆုံးရှုံးမှုများအနက် အများစုမှာ အဓမ္မစစ်သားစုဆောင်းခံရသူ ပြည်သူ့စစ်မှုထမ်း(ပစ)များ ဖြစ်သည်ကိုလည်း တွေ့ရသည်။ ထို့အပြင် ကာကွယ်ရေးဝန်ကြီးဌာနက ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း (၅၃၆) ဦး ထိ ရှိပါသည်။

၆။ အကြမ်းဖက်စစ်အုပ်စုထိန်းချုပ်ထားသော မြို့ပြများတွင် ပျုစောထီးများ၊ လူဆိုးလူမိုက်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ရာဇဝတ်ဂိုဏ်းများအဖြစ် နေ့စဥ်နှင့်အမျှ လူပြန်ပေးဆွဲခြင်း၊ လူမှောင်ခို ရောင်းဝယ်ခြင်း၊ ကြေးရတတ်မိသားစုများထံမှ ငွေညှစ်ခြင်းတို့ကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လျက်ရှိကာ လူငယ်တို့၏ လုံခြုံရေးအပေါ် အကြီးအကျယ် ခြိမ်းခြောက်လျက်ရှိပါသည်။ အဆိုပါ လူပြန်ပေးဆွဲ မှောင်ခိုရောင်းဝယ်မှု လုပ်ငန်းသည် ၎င်းရာဇဝတ်ဂိုဏ်းများအတွက် အရေးကြီး သော ဝင်ငွေရလမ်းဖြစ်လျက် ရှိနေသည်ကိုလည်း တွေ့ရသည်။

၇။ အဓမ္မစစ်သားစုဆောင်း၍ လူငယ်တို့၏ အသက်ကို စတေးနေသည့် အစီအစဥ်သည် အကြမ်းဖက်စစ်အုပ်စု၏ အဓိကအသက်ရှုပေါက်ဖြစ်လျက်ရှိပြီး ယခုအခါ အမျိုးသားများသာမက အမျိုးသမီးငယ်များကိုပါ ပစ်မှတ်ထားလျက်ရှိရာ အဆိုပါအစီအစဥ်ကို ပြည်သူလူထု၏ ပူးပေါင်းပါဝင် မှုဖြင့် ဆန့်ကျင်တိုက်ဖျက်ကြရမည့် အချိန်ဖြစ်ပါသည်။ အရွယ်ရောက်ပြီး လူငယ်များ အနေဖြင့်လည်း အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းခံရမည့်အရေးကို နည်းလမ်းစုံသုံး၍ ရှောင်ရှားကြရန် လိုအပ်ပါသည်။

၈။ အရွယ်ရောက်ပြီး လူငယ်များအနေဖြင့်-
(က) အဓမ္မစစ်သားစုဆောင်းခံရမည့်အခြေအနေရှိလျှင် တော်လှန်ရေးနယ်မြေများသို့ ဖြစ်စေ၊ နိုင်ငံရပ်ခြားသို့ဖြစ်စေ အမြန်ဆုံးထွက်ခွာကြရန်၊
( ခ) ပေါ်တာဆွဲဖမ်းဆီးခံရမည့်အရေးကို ရှောင်လွှဲနိုင်ရန်အတွက် တဦးတည်းသွားလာခြင်း၊ ညဘက် အပြင်ထွက်ခြင်းများကို အတတ်နိုင်ဆုံး ရှောင်ကြဥ်ကြရန်၊
( ဂ) မလွှဲမရှောင်သာ၍ အဓမ္မစစ်သားစုဆောင်းခံရလျှင် အခွင့်သာသည်နှင့် အကြမ်းဖက် စစ်တပ်ကို စွန့်ခွာထွက်ပြေးကြရန်နှင့် အခြေအနေပေးပါက လက်နက်ပါ တပါတည်း ယူဆောင်လာရန်၊
ထိုသို့ဆောင်ရွက်ရာတွင် တော်လှန်ရေးအဖွဲ့အစည်းများဖြစ်သော ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) စစ်ရုံးချုပ်နှင့် တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ-ရုံးချုပ်)နှင့် တိုင်း၊ ခရိုင်၊ မြို့နယ် ပကဖများ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) များ၊ ပြည်သူ့ လုံခြုံရေးအဖွဲ့ (ပလဖ) များ၊ ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဥ်နှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ (EROs)များအား ဆက်သွယ်ပြီး လိုအပ်သော အကူအညီ ရယူဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။

၉။ ရပ်ရွာလူထုအနေဖြင့် မိမိတို့မျက်မှောက်တွင် လူပေါ်တာဆွဲ ဖမ်းဆီးခြင်းများ ကြုံတွေ့ရပါက မျက်ကွယ်ပြုမနေဘဲ လူထုအားဖြင့် ဆန့်ကျင်တားဆီးကြရန် တိုက်တွန်းအပ်ပါသည်။

၁၀။ မိဘများ၊ ဇနီးမယားများအနေဖြင့်လည်း မိမိတို့၏ သားသမီးနှင့် ခင်ပွန်းသည်များ၏ လုံခြုံရေး အတွက် အထူးသတိဝီရိယစိုက်၍ ကူညီစောင့်ရှောက်မှုပြုကြပါရန် တိုက်တွန်းအပ်ပါသည်။

၁၁။ တော်လှန်ရေးနယ်မြေများသို့ ရောက်ရှိလာသော လူငယ်များအနေဖြင့် တဦးချင်း၏ ကျွမ်းကျင်မှု နှင့် စိတ်ဝင်စားရာအလိုက် ပညာရေး၊ ကျန်းမာရေး၊ စစ်ဘေးရှောင်ကူညီရေး၊ ဒေသဖွံ့ဖြိုးရေး၊ ကုန်ထုတ်လုပ်မှု စသော လူထုဝန်ဆောင်မှု လုပ်ငန်းများတွင် ပါဝင်ခွင့်ရရှိမည် ဖြစ်ပါသည်။ တိုက်ခိုက် ရေးတာဝန် ထမ်းဆောင်လိုသူများသည် သတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်မီပါက ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)သို့ ဝင်ရောက်ခွင့် ရရှိမည်ဖြစ်ပါ သည်။ ပညာဆက်လက် သင်ယူလိုသော လူငယ်များအနေဖြင့်လည်း ပညာသင်ယူ ခွင့်ရရှိအောင် စီမံ ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။ တော်လှန်ရေးနယ်မြေသို့ ရောက်ရှိလာသော လူငယ်များ အနေဖြင့် တော်လှန်ရေးရဲဘော်များ၊ တော်လှန်ပြည်သူများနှင့် အတူတကွ ရပ်တည် ရုန်းကန်ရှင်သန် ရမည်ဖြစ်သော်ငြား မိမိတို့၏ လူ့ဂုဏ်သိက္ခာနှင့်လုံခြုံမှုကို ရရှိခံစားနိုင်မည်ဖြစ် ပါသည်။

၁၂။ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် စစ်မြေပြင်တွင် ရန်သူကို ပြတ်သားစွာ တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်‌သော်လည်း ရန်သူ့တပ်ကို စွန့်ခွာထွက်ပြေးလာသည့် ပြည်သူ့စစ်မှုထမ်း (ပစ) များကိုမူ လိုအပ်သော ချိတ်ဆက်မှုနှင့် ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ လက်နက်နှင့်တကွ လာရောက်ပူးပေါင်းသူများအား ထိုက်တန်သော ဆုကြေးငွေ ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ပြီး နိုင်ငံရပ်ခြားသို့ ထွက်ခွာလိုသော ကြိုတင် ချိတ်ဆက်လာသူများအားလည်း ဖြစ်နိုင် သော ကူညီစောင့်ရှောက်မှုပေးနိုင်ရန် စီစဥ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၁၃။ အဓမ္မစစ်သားစုဆောင်းခံရသည့် ပြည်သူ့စစ်မှုထမ်း(ပစ)များအနေဖြင့် မိမိတို့၏ အသက် သွေးချွေးဖြင့် စစ်အာဏာရှင် သက်ဆိုးရှည်ရေး အလုပ်အကျွေးပြုနေရသည့် အခြေအနေမှ ရုန်းထွက် နိုင်ရန်အတွက် အကြမ်းဖက်စစ်တပ်ကို အမြန်ဆုံးစွန့်ခွာကြရန်နှင့် ပြည်သူ့တော်လှန်ရေး အဖွဲ့အစည်း များနှင့် ဆက်သွယ်ပူးပေါင်းကြရန် နှိုးဆော်အပ်ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

‎ဧရာဝတီတိုင်းစစ်ဌာန၏ Telegram ⏩
https://t.me/aya_info_desk

‎ #ပြည်သူ့ကာကွယ်ရေးတပ်မတော်
‎ #အမှတ်၂စစ်ဆင်ရေးနယ်မြေ
‎ #ဧရာဝတီတိုင်းစစ်ဌာန

ဧရာဝတီတိုင်းစစ်ဌာနမှ ၂၀၂၆ ခုနှစ် စစ်ဘက်ဆိုင်ရာ သူရဲကောင်း၊ ဘွဲ့၊ ဆုနှင့် တံဆိပ်ချီးမြှင့်အပ်နှင်းခံရသူများစာရင်း ထုတ်ပြန...
13/09/2026

ဧရာဝတီတိုင်းစစ်ဌာနမှ ၂၀၂၆ ခုနှစ် စစ်ဘက်ဆိုင်ရာ သူရဲကောင်း၊ ဘွဲ့၊ ဆုနှင့် တံဆိပ်
ချီးမြှင့်အပ်နှင်းခံရသူများစာရင်း ထုတ်ပြန်ခြင်း

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်

၂၀၂၆ ခုနှစ် စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆုနှင့် တံဆိပ်ချီးမြှင့်အပ်နှင်းခံရသူများအနက် ဧရာဝတီတိုင်းစစ်ဌာနမှ ပြည်သူ့သားကောင်းဆုရရှိသူ စာရင်းအား ထုတ်ပြန် အပ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ

‎ဧရာဝတီတိုင်းစစ်ဌာန၏ Telegram ⏩
https://t.me/aya_info_desk

‎ #ပြည်သူ့ကာကွယ်ရေးတပ်မတော်
‎ #အမှတ်၂စစ်ဆင်ရေးနယ်မြေ
‎ #ဧရာဝတီတိုင်းစစ်ဌာန

12/09/2026

“အောင်စိတ်နဲ့နင်းတဲ့မြေဟာအောင်မြေဖြစ်တယ်”
-ပစအရေး၊ စစ်ရေး၊ တော်လှန်ရေး အပြန်အလှန်စကားစုစည်းမှု-
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ စကားဖလှယ်ထားတဲ့ဦးမင်းကိုနိုင်တို့ နှစ်ဦး မျက်မှောက်ကာလ ပစတွေရဲ့ အခြေအနေ၊ စစ်ရေးအခြေအနေနဲ့ တော်လှန်ရေး ရဲ့ ရှေ့အလားအလာ ပြောစကားတွေကို ကြည့်ရှုနားဆင်ကြရမှာဖြစ်ပါတယ်။


#ကာကွယ်ရေးဝန်ကြီးဌာန

ဧရာဝတီတိုင်းစစ်ဌာနမှ ၂၀၂၆ ခုနှစ် စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆုနှင့် တံဆိပ်ချီးမြှင့်အပ်နှင်းခံရသူများအနက် ပြည်သူ့ဇာန...
12/09/2026

ဧရာဝတီတိုင်းစစ်ဌာနမှ ၂၀၂၆ ခုနှစ် စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆုနှင့် တံဆိပ်ချီးမြှင့်အပ်နှင်းခံရသူများအနက် ပြည်သူ့ဇာနည်ဆုရရှိသူ (၃၀၀) ဦး စာရင်းအား ထပ်မံ ထုတ်ပြန် ကြေညာအပ်ပါသည်။ ပြည်သူ့ဇာနည်ဆု၊ ပြည်သူ့သားကောင်းဆုနှင့် တော်လှန်ရေး အမှုထမ်းကောင်းတံဆိပ် ရရှိသူများ စာရင်းကို ဆက်လက် ထုတ်ပြန်ပါမည်။

ဧရာဝတီတိုင်းစစ်ဌာနမှ ၂၀၂၆ ခုနှစ် စစ်ဘက်ဆိုင်ရာ သူရဲကောင်း၊ ဘွဲ့၊ ဆုနှင့် တံဆိပ်ချီးမြှင့်အပ်နှင်းခံရသူများစာရင်း ထုတ်ပြန...
10/09/2026

ဧရာဝတီတိုင်းစစ်ဌာနမှ ၂၀၂၆ ခုနှစ် စစ်ဘက်ဆိုင်ရာ သူရဲကောင်း၊ ဘွဲ့၊ ဆုနှင့် တံဆိပ်
ချီးမြှင့်အပ်နှင်းခံရသူများစာရင်း ထုတ်ပြန်ခြင်း

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်

၂၀၂၆ ခုနှစ် စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆုနှင့် တံဆိပ်ချီးမြှင့်အပ်နှင်းခံရသူများအနက် ဧရာဝတီတိုင်းစစ်ဌာနမှ ပြည်သူ့ဇာနည်ဆုရရှိသူ စာရင်းအား ထပ်မံ ထုတ်ပြန် ကြေညာအပ်ပါသည်။ ပြည်သူ့ဇာနည်ဆု၊ ပြည်သူ့သားကောင်းဆုနှင့် တော်လှန်ရေး အမှုထမ်းကောင်းတံဆိပ် ရရှိသူများ စာရင်းကို ဆက်လက် ထုတ်ပြန်ပါမည်။

အမျိုးသားညီညွတ်ရေးအစိုးရ
‎ဧရာဝတီတိုင်းစစ်ဌာန၏ Telegram ⏩
https://t.me/aya_info_desk

‎ #ပြည်သူ့ကာကွယ်ရေးတပ်မတော်
‎ #အမှတ်၂စစ်ဆင်ရေးနယ်မြေ
‎ #ဧရာဝတီတိုင်းစစ်ဌာန

10/09/2026

" အမျိုးသားညီညွတ်ရေးအစိုးရ "
*******************************

ပြည်သူ့ကာကွယ်ရေးတပ်မတော် တည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်

စစ်ဘက်ဆိုင်ရာသူရဲကောင်းဘွဲ့၊ ဆု နှင့် တံဆိပ်ချီးမြှင့်ခြင်းအခမ်းအနားတွင်
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြားခဲ့သော ဂုဏ်ပြုစကား

၂၀၂၆ ခုနှစ် ၊ စက်တင်ဘာလ (၇) ရက်

ဧရာဝတီတိုင်းစစ်ဌာနမှ ၂၀၂၆ ခုနှစ် စစ်ဘက်ဆိုင်ရာ သူရဲကောင်း၊ ဘွဲ့၊ ဆုနှင့် တံဆိပ်ချီးမြှင့်အပ်နှင်းခံရသူများစာရင်း ထုတ်ပြန...
10/09/2026

ဧရာဝတီတိုင်းစစ်ဌာနမှ ၂၀၂၆ ခုနှစ် စစ်ဘက်ဆိုင်ရာ သူရဲကောင်း၊ ဘွဲ့၊ ဆုနှင့် တံဆိပ်
ချီးမြှင့်အပ်နှင်းခံရသူများစာရင်း ထုတ်ပြန်ခြင်း

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်

၂၀၂၆ ခုနှစ် စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆုနှင့် တံဆိပ်ချီးမြှင့်အပ်နှင်းခံရသူများအနက် ဧရာဝတီတိုင်းစစ်ဌာနမှ ပြည်သူ့ဇာနည်ဆုရရှိသူစာရင်းအား ထပ်မံ ထုတ်ပြန် ကြေညာအပ်ပါသည်။ ပြည်သူ့ဇာနည်ဆု၊ ပြည်သူ့သားကောင်းဆုနှင့် တော်လှန်ရေး အမှုထမ်းကောင်းတံဆိပ် ရရှိသူများ စာရင်းကို ဆက်လက် ထုတ်ပြန်ပါမည်။

‎ဧရာဝတီတိုင်းစစ်ဌာန၏ Telegram ⏩
https://t.me/aya_info_desk

‎ #ပြည်သူ့ကာကွယ်ရေးတပ်မတော်
‎ #အမှတ်၂စစ်ဆင်ရေးနယ်မြေ
‎ #ဧရာဝတီတိုင်းစစ်ဌာန

ဧရာဝတီတိုင်းစစ်ဌာနမှ ၂၀၂၆ ခုနှစ် စစ်ဘက်ဆိုင်ရာ သူရဲကောင်း၊ ဘွဲ့၊ ဆုနှင့် တံဆိပ်ချီးမြှင့်အပ်နှင်းခံရသူများစာရင်း ထုတ်ပြန...
08/09/2026

ဧရာဝတီတိုင်းစစ်ဌာနမှ ၂၀၂၆ ခုနှစ် စစ်ဘက်ဆိုင်ရာ သူရဲကောင်း၊ ဘွဲ့၊ ဆုနှင့် တံဆိပ်
ချီးမြှင့်အပ်နှင်းခံရသူများစာရင်း ထုတ်ပြန်ခြင်း

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်

၂၀၂၆ ခုနှစ် စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆုနှင့် တံဆိပ်ချီးမြှင့်အပ်နှင်းခံရသူများအနက် ပြည်သူ့ဇာနည်ဆုရရှိသူ (၃၀၀) ဦးထဲမှ ဧရာဝတီတိုင်းစစ်ဌာနရှိ ဆုရရှိသူ စာရင်းအား ထုတ်ပြန် ကြေညာအပ်ပါသည်။ ပြည်သူ့ဇာနည်ဆု၊ ပြည်သူ့သားကောင်းဆုနှင့် တော်လှန်ရေး အမှုထမ်းကောင်းတံဆိပ် ရရှိသူများ စာရင်းကို ဆက်လက် ထုတ်ပြန်ပါမည်။


‎ဧရာဝတီတိုင်းစစ်ဌာန၏ Telegram ⏩
https://t.me/aya_info_desk

‎ #ပြည်သူ့ကာကွယ်ရေးတပ်မတော်
‎ #အမှတ်၂စစ်ဆင်ရေးနယ်မြေ
‎ #ဧရာဝတီတိုင်းစစ်ဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရwww.nugmyanmar.org၂၀၂၆ ခုနှစ် စစ်ဘက်ဆိုင်ရာ သူရဲကောင်း၊ ဘွဲ့၊ ဆ...
08/09/2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ

www.nugmyanmar.org

၂၀၂၆ ခုနှစ် စစ်ဘက်ဆိုင်ရာ သူရဲကောင်း၊ ဘွဲ့၊ ဆုနှင့် တံဆိပ်
ချီးမြှင့်အပ်နှင်းခံရသူများစာရင်း ထုတ်ပြန်ခြင်း

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်

၂၀၂၆ ခုနှစ် စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆုနှင့် တံဆိပ်ချီးမြှင့်အပ်နှင်းခံရသူများအနက် ပြည်သူ့ဇာနည်ဆုရရှိသူ (၃၀၀) ဦး စာရင်းအား ထုတ်ပြန် ကြေညာအပ်ပါသည်။ ပြည်သူ့ဇာနည်ဆု၊ ပြည်သူ့သားကောင်းဆုနှင့် တော်လှန်ရေး အမှုထမ်းကောင်းတံဆိပ် ရရှိသူများ စာရင်းကို ဆက်လက် ထုတ်ပြန်ပါမည်။

အမျိုးသားညီညွတ်ရေးအစိုးရ

08/09/2026

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်
စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနှင့် တံဆိပ် ချီးမြှင့်ခြင်း အခမ်းအနားတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၏ ဆုတံဆိပ်ဖြစ်ပေါ်လာခြင်းနှင့် ပေးအပ်ရန် သတ်မှတ်ချက်များအား ရှင်းလင်းပြောကြားချက်

Address

Pathein

Alerts

Be the first to know and let us send you an email when ဧရာဝတီတိုင်းစစ်ဌာန posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share