စာအုပ်ရဲ့မှတ်စု

စာအုပ်ရဲ့မှတ်စု Book's Diary၊ ဖတ်​ခဲ့​သောစာများကို မျှ​ဝေပ?

I have....
15/03/2017

I have....

Saveထားတာ​လေး...ညအိမ်​မရ​တော့ ​မွှေ​နှောက်​ကြည့်​ရင်းဆရာမကြီးကြည်​​အေးရဲ့ တ​စ္ဆေကဗျာ​လေး​တွေ့မိ..​နေ့ခင်း​တွေ မှာအိပ်​ချ...
13/03/2017

Saveထားတာ​လေး...
ညအိမ်​မရ​တော့ ​မွှေ​နှောက်​ကြည့်​ရင်း
ဆရာမကြီးကြည်​​အေးရဲ့ တ​စ္ဆေကဗျာ​လေး​တွေ့မိ..

နေ့ခင်း​တွေ မှာအိပ်​ချင်​ပြီး ညကျရင်​ ဇီးကွက်​​လေးဖြစ်​​နေပြီ..

ရွက်​​ဟောင်း​ကြွေလို့ ရွက်​သစ်​​ဝေ အတာကူးသည့်​ လတန်​ခူး​ရောက်​​တော့မည်​.....သကြန်​ကာလကို နှစ်​တိုင်းလိုပဲ ဦးဇင်းဝတ်​...
13/03/2017

ရွက်​​ဟောင်း​ကြွေလို့ ရွက်​သစ်​​ဝေ အတာကူးသည့်​ လတန်​ခူး​ရောက်​​တော့မည်​.....သကြန်​ကာလကို နှစ်​တိုင်းလိုပဲ ဦးဇင်းဝတ်​နဲ့ ကုန်​ဆုံးအုံးမည်​....ဖတ်​စရာ မှတ်​စရာ​တွေအတွက်​ စာအုပ်​​တွေလိုက်​ဝယ်​ရင်း....ကဗျာ​လေး​တွေ ပြန်​အမှတ်​ရမိ..

“အတာရေ” (မင်းသုဝဏ်)

အတာ အတာ၊ ရေသီဒါ ကို
သဟာ အပေါင်း၊ သွန်ကာ လောင်းအံ့
အကြောင်းသို့  ညွှန်၊ ကျွန်ုပ် ကျွန်ကို
လိုက်ရန် သူတို့  ခေါ်ဘိ၏။ ။

သဟာ သဟာ၊ မခေါ်လှာနှင့်
သံသာ လောက၊ ကျွန့်  ဘဝ ၌
ချမ်းမြ ကြည်လင်၊ ကျွန့်  ရေစင် ကို
သွန်းချင် တယောက်တည်း ရှိ၏။ ။

ဘဇာ ဘဇာ၊ မေး သောခါဝယ်
ဝေးမှာ စံနေ၊ ကျွန့်  သက်ဝေ ဟု
အဖြေ ပေးမည်၊ တွေးကြံစည် စဉ်
မတည် နှစ်ခွ၊ ကျွန့်  ကြမ္မကြောင့်
နှုတ် အ ၍သာ နေမိ၏။ ။

မင်းသုဝဏ်
---------------------------------------------------------------------------------------------------------------

“သင်္ကြန် လက်ဆောင်” (ဇော်ဂျီ)

သင်္ကြန်တော် ခါတန်ခူးမို့
တိမ်ဦးက သံဝါ၀ါ
မိုးဖြောက်ဖြောက်ရွာ။
ကိုယ်တို့ဆီမှာ၊ ရွာပါစ မေး။
မရွာလျှင် ရွှေလွန်ပွဲကို
နွှဲလိုက်ပါလေး။

ငွေမိုးရေ ချိုချိုသောက်လို့
ပိတောက်က ပင်ပေါ်မှာ
ဝင်းထိန်လို့ဝါ။
ကိုယ်တို့ဆီမှာ၊ ၀ါပါစ မေး။
မ၀ါလျှင် ရွှေတွေပိန်းအောင်
လိမ်းလိုက်ပါလေး။

ပိတောက်တွေ ရွှေဝါလူးတော့
ရွာဦးက ညံစာစာ
မောင်းဗုံကသာ။
ကိုယ်တို့ဆီမှာ၊ သာပါစ မေး။
မသာလျှင် ဗုံသမားကို
အားကူပါ့လေး။

ငွေမိုးရေ ချိုချိုသောက်လို့
ပိတောက်က ရွှေမျက်နှာ
မောင်းဗုံကသာ။
ကိုယ်တို့ဆီမှာ၊ မာပါစ မေး။
မောင်မာအောင် စေတီဦးက
မယ်မာအောင် စေတီဦးက
နှစ်ကူးချိန် တာရေသွန်း
လွမ်းပါ့မယ်လေး။ ။

ဇော်ဂျီ

----------------------------------------------------------------------------------------------------------------------

“တစ်ခုသော သင်္ကြန်အခါ” (ဇော်ဂျီ)

လာလာလေ လိုက်ခဲ့တော့
တို့စရိုက် တို့ဘာသာ
နှစ်ဆန်းခါ ပိတောက်ကြွားချိန်မို့
ကစားကာ ရေကြည်ကြည်နဲ့
ပီပေသည် မြန်မာမျိုးကိုလ
တိုးဆင့်၍ ချစ်ခဲ့တာ ။

လာဟေ့ လာဟေ့
ဘုရားကုန်းက၊ တအုန်းအုန်းနဲ့၊ တရုန်းရုန်းလာကြ
ဘယ့်နှာပါလိမ့်
ထိန့်လိုက် တဲ့အိုးစည်၊ နှဲကလဲ ပီသနဲ့
သီသူက သီကြ၊ ကသူက က လာ
နွားကြီးလည်း ပါသဟေ့
ကျောပေါ်မှာ ကော်ဇော၊ အမွှေးရော သနပ်ခါး
ချိုဖျားမှာ ပိတောက်ပန်းတွေက
တလျှမ်းလျှမ်း ရွှေအဆင်
နွားစိတ်ထဲ အခဲသားဝင်လိုက်ရ
ရွှင်လိုက်မည့်ဖြစ်ခြင်း။

ဝဋ်မကင်းသူကိုဖြင့်
လွှတ်ခြင်းမှာ ၀ါသနာပါတဲ့
ရွှေမြန်မာ သည်လူမျိုးမှာလ
အကျိုး သည်လိုတူလိုက်ပါ့
ရွှေမဉ္ဇူ နှုတ်ချိုခွန်းရယ်နဲ့
သွန်းလိုက်မိပါ ။

နှစ်သစ်ကူးတဲ့၊ တန်ခူးခါမှာ
ဒါနက တဝေေ၀၊ ရေတွေက တရွှဲရွှဲ
ပျော်ပွဲက တ၀င့်ဝင့်၊ ကဲလို့သာ ဆင့်ရော့
အရွယ်သင့် အရွယ်ငယ်
မြန်မာတွေ ထယ်လိုက်ကြ ။

ဘယ်မြေဟာ စေတီပေါမယ်လဲ့
ဘယ်ပြေဟာ အပျော်ကြောမယ်လဲ့
စိတ်ဇော မြန်ဗမာမှာဖြင့်
သံသရာ ဂရုထားသူမို့
ပါးလိုက်ကြ ပျော်ပျော်သာ
အခါက နှစ်ဆန်း ။

လကလဲ ရွှင်လန်း
ရွက်ဟောင်းကြွေ၊ ရွက်သစ်ကယ်ဝေ
လေပြေဖျန်းပြန်တော့
လွမ်းစရာပေါ့ ။

ဥသြငယ် သာ
ပင်မြင့်မှာ သံဝါ၀ါနဲ့
သင်္ကြန်ခါ သူက ညှင်းလေတော့
မလေးမောင် သည်ရင်တွင်းဆီသို့
သီချင်း သူဝင်လာ၍
ဖြူစင်စွာ ဂူဆင်၍သာပါ့
အောင်းမွေ့ရွှင်လန်း ။ ။

ဇော်ဂျီ

----------------------------------------------------------------------------------------------------------------

“နှစ်သစ် မင်္ဂလာ” (ငွေတာရီ)

ပင် အပေါင်းလည်း
ရွက်ညောင်းချွေလှစ် ညှာနုသစ်နှင့်။

ဥသြပျို လည်း
တေးချိုခွန်းလှစ် လင်္ကာသစ်နှင့်။

အချိန်မှာ လည်း
အတာကူးလှစ် အခါသစ်တည့်။

ပြည်သစ် စိတ်သစ်၊ ဗမာသစ် တို့ 
အသစ် သည်ချိန်၊ သစ် အရှိန်နှင့်
တည်ငြိမ်ဖို့  တွေး၊ လွတ်လပ်ရေး ကို
ကူပေး ထူကြ၊ ဝိုင်းဝန်းကြ မှ
ပြည်မ အောင်ချာ၊ မင်္ဂလာ နှင့်
ဖြာဖြာ ငြိမ့်ရွှန်း၊ သရေထွန်း ၍
မော်ကွန်း တည်လိမ့်မည် တကား။

ငွေတာရီ
----------------------------------------------------------------------------------------------------------------

ပန်းချီ ပေါ်ဦးသက်
Credit..

အချစ်​ဦးကနာကြည်းခြင်းနဲ့မုန်းတီးခြင်းကိုသင်​​ပေးခဲ့တယ်​...အချစ်​ဆုံးကမြတ်​နိုးခြင်းနဲ့​ပေးဆပ်​ခြင်းကိုသင်​​ပေးခဲ...
04/03/2017

အချစ်​ဦးက
နာကြည်းခြင်းနဲ့
မုန်းတီးခြင်းကို
သင်​​ပေးခဲ့တယ်​...
အချစ်​ဆုံးက
မြတ်​နိုးခြင်းနဲ့
ပေးဆပ်​ခြင်းကို
သင်​​ပေးခဲ့တယ်​...
နှစ်​​ယောက်​စလုံးပေးခဲ့တဲ့
အလွမ်း ဒါဏ်​ရာ​တွေက
ခုထိ​ခြောက်​လှန့်​​နေဆဲပဲ...

အချစ်​ဆိုတာဘုရားက​ပေးတဲ့ဆုလာဒ်​လား...ငါရဲ့ဘဝနဲ့မထိုက်​တန်​တာငါ့ရင်​ထဲ ​စောင့်​စားခဲ့ရတဲ့​တေးသံ​လေး..ခုထိလဲကြားခွင့်​ မရန...
04/03/2017

အချစ်​ဆိုတာ
ဘုရားက​ပေးတဲ့ဆုလာဒ်​လား...
ငါရဲ့ဘဝနဲ့မထိုက်​တန်​တာ
ငါ့ရင်​ထဲ ​စောင့်​စားခဲ့ရတဲ့​တေးသံ​လေး..
ခုထိလဲကြားခွင့်​ မရနိုင်​ပါ..
အလင်းနှစ်​သန်း​ပေါင်းများစွာ
ဝေးလွန်းတယ်
ဘယ်​​တော့များအချစ်​စစ်​​တွေ့ရမယ်​...

(အကြိုက်​ဆုံးသီချင်း)

ကျွန်​​တော်​gameသမားပါ..ဘိန်းစားမဟုတ်​ပါဘူး...မိန်​မသားတစ်​​ယောက်​ရဲ့စိမ်းကားမှုကြောင့်အသည်းနှလုံး တိမ်းပါးသွားမှာစိ...
01/03/2017

ကျွန်​​တော်​gameသမားပါ..
ဘိန်းစားမဟုတ်​ပါဘူး...
မိန်​မသားတစ်​​ယောက်​ရဲ့စိမ်းကားမှုကြောင့်
အသည်းနှလုံး တိမ်းပါးသွားမှာစိုးလို့
Gameကစား​နေတာပါဗျာ..

ဆောင်း    ကြွင်းရက်ကျန်နှင်း    စက်ချန်ရင်လက်ပံ    ကပွင့်နွေ     အဖွင့်မို့ လေပွေ  ဆင့်ကာပင့် တိုက်ပါလျှင်မြေသလ္လာထဲလက်ပံ...
28/02/2017

ဆောင်း ကြွင်းရက်ကျန်
နှင်း စက်ချန်ရင်
လက်ပံ ကပွင့်
နွေ အဖွင့်မို့ 
လေပွေ ဆင့်ကာ
ပင့် တိုက်ပါလျှင်
မြေသလ္လာထဲ
လက်ပံဝဲကာ
မဝေ၏သို့  ကြွေ၏သို့ နှင့် ။ ။
လက်ပံ ပင်ဘေး
လယ်စောင့်တဲလေး
ကြင်သူဝေး လို့ 
မျှော်ငေးနေရှာ
နွေကန္တာလယ်
ပြန်လာမယ် စကား
ချစ်သူ ထားရစ်
ပန်းပွင့် ရာသီ
အလွမ်းသင့်ပန်းချီဖြစ်
ပင့်သက်ခြွေ မော
လက်ပံ တောဝယ်
မျှော်သူ ရင်မှာ မောမိတယ်။ ။
Silver Moon

(ကဗျာ​တွေလိုက်​ဖတ်​ရင်းကြိုက်​မိလို့
ရေးသားသူက Silver Moonပါ)

အခုခေတ်စားနေတဲ့ ကမ္ဘာ ၂ ခြမ်းကွဲ တဲ့ ကဗျာကိုရေးတဲ့ ဆရာ မောင်လှမျိုး (ချင်းချောင်းခြံ) ရဲ့ကဗျာကို တစ်ပုဒ်လုံး မဖတ်ရသေးသူမျ...
28/02/2017

အခုခေတ်စားနေတဲ့ ကမ္ဘာ ၂ ခြမ်းကွဲ တဲ့ ကဗျာကိုရေးတဲ့ ဆရာ မောင်လှမျိုး (ချင်းချောင်းခြံ) ရဲ့ကဗျာကို
တစ်ပုဒ်လုံး မဖတ်ရသေးသူများအတွက်...

ဘဝအတွက်မှတ်စု မှ ကူးယူဖေါ်ပြပါသည်

"ချစ်တယ် ... လို့
ပြောလိုက်ကတည်းက၊
ကမ္ဘာတစ်ဝှမ်းလုံးမှာ ရှိတဲ့
မြတ်နိုးစရာ အလုံးစုံကို
မင်းအတွက်
ပေးဆပ်လိုက်တာပါ။

ဘယ်သူ့ဆီမှာမှ
ဦးမညွှတ်ခဲ့တဲ့ ... ချစ်ခြင်း၊
ဘယ်သူ့ထံမှာမှ
မတောင်းခံခဲ့တဲ့ ... မျှော်လင့်ခြင်း
ဘယ်သူ့အတွက်မှ
မထွင်းထုခဲ့တဲ့ ... ကြိုးပမ်းခြင်း ...
အားလုံးရဲ့အစုအစည်းနဲ့၊
မင်းကို ပေးအပ်ခဲ့တာပါ။

ကမ္ဘာနှစ်ခြမ်း ကွဲသွားခဲ့ရင်တောင်
မင်းရှိတဲ့ ဘက်ခြမ်းမှာသာ
ငါ ... ရှင်သန်ပါရစေ ... ။

သစ်ရွက်မကြွေဖို့ နွေကို တားဆီးလို့မရ
မိုးစက်မခြွေဖို့ ကောင်းကင်ကို တားဆီးလို့ မရ
နှင်းပွင့်မဝေဖို့ ဆောင်းကိုတားဆီးလို့ မရ
ရနံ့မသင်းဖို့ ပန်းကိုပိတ်ပင်လို့ မရသလိုမျိုး၊
မြတ်နိုးလွန်းတဲ့ ... ငါ့ချစ်ခြင်း
ဘာနဲ့ ပစ်ခွင်းမလဲ ... မင်း။

ကမ္ဘာပျက်သုဉ်းခဲ့ရင်တောင်
ချစ်ခြင်းရဲ့
အငွေ့အသက် ... အရှိန်အဟုန်နဲ့၊
နောက်ထပ် ကမ္ဘာသစ်တစ်ခု
( သဘာဝတရားက )
အလိုလို ထွင်းထုနိုင်ဦးမယ်။

ယုံပါ
အချစ်နဲ့လွတ်ကင်းတဲ့ ... လူ့ကမ္ဘာ
ဘယ်ဆီမှာမှ ... မရှိ ... ။ ။ "

ကိုယ်ရည်သွေး || မောင်လှမျိုး ( ချင်းချောင်းခြံ )

28/02/2017

နှင်းဆီပွင့်

လယ်တောကအပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့ 
မောင်ခူးကာပေး။

မနက်တုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူ့ ဆံပင် နှင်းဆီပွင့်တွေနဲ့ 
ဂုဏ်တင့်တယ်လေး။
မင်းသုဝဏ်​.

(ကြားဖူး​နေတာကြာ​ပေမဲ့
တိုက်​ဆိုင်​တဲ့အခါ အဓိပ္ပာယ်​ ပိုနားလည်​သွားမိလို့)

တလွဲ​ကောင်​ရဲ့ကဗျာ..
28/02/2017

တလွဲ​ကောင်​ရဲ့ကဗျာ..

အသဲကွဲမှာ​ကြောက်​လို့ ငြိမ်​ငြိမ်​​လေး​နေတဲ့ငါ့ရင်​ဘတ်​ထဲကိုအမှတ်​မထင်​ ဝင်​လာပြီးအလွမ်း​တွေလာ​ပေးသွားတဲ့မိန်းက​လေးရယ်...
09/12/2016

အသဲကွဲမှာ​ကြောက်​လို့
ငြိမ်​ငြိမ်​​လေး​နေတဲ့
ငါ့ရင်​ဘတ်​ထဲကို
အမှတ်​မထင်​ ဝင်​လာပြီး
အလွမ်း​တွေလာ​ပေးသွားတဲ့
မိန်းက​လေးရယ်​...

နင်​က..​စေတန်​ရဲ့
Black magic witchများလားကွယ်...

မိတ်​​ဆွေ..မနက်​ဖြန်​မနက်​ကျရင်​လည်း ဒီပြတင်း​ပေါက်​​လေးကနေငါမြင်​​နေရသမျှတွေကိုပြောပြမယ်လေကွ ။အခုတော့မှောင်နေပြီကွ၊ င...
17/11/2016

မိတ်​​ဆွေ..

မနက်​ဖြန်​မနက်​ကျရင်​လည်း ဒီပြတင်း​ပေါက်​​လေးကနေ
ငါမြင်​​နေရသမျှတွေကိုပြောပြမယ်လေကွ ။အခုတော့မှောင်နေပြီကွ၊ ငါလည်းဘာမှမမြင်​ရ​တော့ဘူး၊
မင်းသိတဲ့အတိုင်းပဲ၊ခနနေကျရင်အန်တီတွေက ငါတို့ပြတင်း​ပေါက်​​လေးကို လာပိတ်​ကြ​တော့မှာ၊ဘာလဲ မင်းကလည်းညတိုင်းပဲ ပြတင်း​ပေါက်​ပိတ်​လိုက်​ရင်​မင်းစိတ်​ညစ်​တာပဲလား၊မညစ်နဲ့ကွ မနက်​ကျရင်​ပြန်​ဖွင့်​​ပေးမှာပဲဟာ
အန်​တီ​တွေက သ​ဘော​ကောင်းတယ်​​လေကွာ၊ ဘဘကြီးလဲသ​ဘော​ကောင်းတာပဲ၊ ဟာ...မင်း​ချောင်း​တွေဆိုး​နေပြန်​ဘီ မင်းကား​လေးကိုကိုင်​ထားလိုက်​​လေကွ.
မင်းကား​လေးငါ့ ခန​ပေး​ဆော့ကွာ ၊မနက်ကျရင်ငါတို့ပြတင်းပေါက်လေးကို ပြန်​ဖွင့်​ပေးကြ
မှာ​လေကွာ၊ ခါတိုင်းလိုပဲငါမြင်​​နေရတာ​တွေမင်းကို​ပြောပြမယ်​​လေ၊ မင်းကုတင်​က​နေ အပြင်​ကို မမြင်​ရတာမနီပ်​ဘူးကွ ၊ဒါ​ပေမဲ့ငါတို့က ​ဆေးရုံမှာ​လေကွာ
စည်းကမ်းရှိရတယ်​ကွ ရင်​ဘတ်​ထဲလည်းနာလိုက်​တာကွာ
နေဦး..ဒီ​နေ့လည်းငါမြင်​ရတာ ခါတိုင်းလိုပဲကွ၊ မင်းသိတယ်​​လေကွာ၊ ပြတင်း​ပေါက်​က​နေကြည့်​ရင်​စိန်​ပန်းပင်​ကြီးရှိတယ်​​လေ၊ မြက်​ခင်းနဲ့ပန်းအိုး​တွေ ရှိတယ်​ကွ၊နောက်ပြီးမင်းမှတ်မိတယ်မလား၊လမ်းလေးနဲ့အဝတ်လှန်းတဲ့ကြိုးတန်းရှိတယ်လေ မင်းသိပြီးသားပါကွာ...
ဒီ​နေ့လည်းပြတင်းပေါက်လေးက ခါတိုင်းလိုပဲကွ။

စိန်ပန်းပင်ကြီးကနီနေတာပဲ၊သူကအကြာကြီးပွင့်တယ်နော်ကွာ၊ မြက်​ခင်းကြီးကစိမ်း​နေတာပဲ၊ ပန်းအိုး​တွေကမပွင့်​ဘူးကွ၊ သူတို့နည်းနည်းဆိုးတယ်​ထင်​တယ်​၊ ငါမင်းကို​ပြောဖူးတဲ့ အဖြူ​ရောင်​နဲ့ကုလားကြီး ​နေ့တိုင်း​ရေပိုက်​နဲ့
လာ​လောင်း​နေတာ​တောင်​ သူတို့ကမပွင့်​ကြဘူးကွ၊

မနက်​ကလည်းခါတိုင်းလိုပဲကွ။
ခါတိုင်းလိုပဲငါတို့နဲ့ရွယ်​တူ​တွေ လမ်း​ပေါ်က​နေ​ကျောင်းသွားကြတယ်​ကွ၊ ​နေပူ​ပေမဲ့သူတို့မပူဘူး၊လမ်း​လေးမှာသစ်​ပင်​​တွေအများကြီးကွ၊ ငါ​ပြောဖူးတယ်​​လေကွာ မင်းမှတ်​မိတယ်​မဟုတ်​လား၊ မင်းဒီည​ချောင်း​တွေအရမ်းဆိုးတယ်နော်၊ ကား​လေးကိုကိုင်​ထားကွ။

သူတို့​တွေထွက်​သွားကြပြီးခါတိုင်းလို ကုလားကြီးလာတယ်​ကွ၊ပန်းအိုး​တွေနဲ့မြက်​ခင်းကို​ရေ​လောင်းတယ်​၊ သူပြန်​သွားတာနဲ့ ငါ​ပြော​ပြော​နေသလို အဝတ်​ဖြူကြီး​တွေကို ကြိုးတန်းမှာလာလှန်းကြပြန်​​ရောကွ၊ မြက်​ခင်းစိမ်းစိမ်း​ပေါ်မှာအဝတ်​ဖြူဖြူကြီး​တွေလွင့်​​နေတာလှတယ်​ကွာ၊
မြက်​ခင်းကအကျယ်​ကြီးကွ၊ မင်းနဲ့ငါ​နေ​ကောင်းရင်​ အဲ့မြက်​ခင်း​ပေါ်မှာ​ပြေးလို့ရမှာကွ၊ ရင်​ဘတ်​ထဲကလည်းနာလိုက်​တာကွာ....။

ဟေ့ဒီ​နေ့ငါ​ပြောတဲ့​ဈေးသည်​ကြီးလာတယ်​ကွ၊
ငါတို့​ဆေးထိုးပြီးစက​လေကွာ၊ ​ဈေးသည်​ကြီးက လမ်း​လေး​ပေါ်မှာထိုင်​ပြီးထမင်းစားတယ်​ကွ၊ ခါတိုင်းလိုပဲ သူ့ဆီကဘာမှ ဘယ်​သူမှမဝယ်​ကြဘူးကွ၊ ထမင်းစားပြီး​တော့ပြန်​သွား​ရော
ည​နေကျလှတယ်​ကွ...။

နေ​ရောင်​ကစိန်​ပန်းပင်​ကြီး​ပေါ်ထိုး​နေတာ၊ ငါတို့နဲ့ရွယ်​တူ​တွေ​ကျောင်းကပြန်​လာကြတယ်​ကွ၊ ထုံးစံအတိုင်းခါတိုင်းလိုပဲ သူတို့ညစ်​ပတ်​​နေပြီကွ၊
တချို့ဆို​ပြေးလာကြတယ်​၊ တချို့ကတို့မစားဖူးတဲ့မုန့်​​တွေကိုင်​လာကြတယ်​ကွ၊ မင်းအိပ်​ချင်​​နေပြီလား၊ငါလည်းအိပ်တော့မယ်၊ အိပ်​​တော့ကွ၊ မနက်​ကျရင်​ပြတင်း​ပေါက်​​လေးကမြင်​ရတာ​တွေငါ​ပြောပြမယ်​​လေကွာ၊ ဒီ​နေ့ရင်​ဘတ်​ထဲကနာလိုက်​တာကွာ...
ဟေ့​နေဦး...မနက်​ကျရင်​မင်းကား​လေးငါကို​ပေး​ဆော့အုံးကွ။

မနက်​ကျွန်​​တော်​နိုးလာချိန်​တွင်​ ကျွန်​​တော့်​သူငယ်​ချင်းကိုကုတင်​​ပေါ်တွင်​မ​တွေ့ရ​တော့ပါ၊ သူမြက်​ခင်းကြီး​ပေါ်သွား​ပြေး​နေပြီလား...။အန်​တီ​တွေငို​နေကြတယ်​။

နေ့လည်​ကျ​တော့ ကျွန်​​တော့်​သူငယ်​ချင်း ကုတင်​​ပေါ်ကို ကျွန်​​တော့်​ကို ​ပြောင်း​ပေးကြတယ်​ ၊ ကျွန်​​တော်​သိပ်​ဝမ်းသာသွားတယ်​၊ ကျွန်​​တော်​ကုတင်​​ပေါ်က အနိုင်​နိုင်​ထပြီး
ပြတင်း​ပေါက်​​လေးက​နေကြည့်​လိုက်​တယ်​။

ပြတင်း​ပေါက်​​လေးရဲ့အပြင်​မှာဘာမှမရှိဘူး။
ရေညှိတက်​​နေတဲ့နံရံ​ဟောင်းကြီးတစ်​ခုက ပြတင်း​ပေါက်​​လေးကိုပိတ်​ကာလို့........။

အရိုး...​ဝေ​နေယSketchများမှ...

Address

Pathein
7784

Website

Alerts

Be the first to know and let us send you an email when စာအုပ်ရဲ့မှတ်စု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category