National Unity Party : NUP Ayeyarwady

National Unity Party : NUP Ayeyarwady Welcome to New people and New Business

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ  ဧရာဝတီတိုင်း‌ဒေသကြီး၊ မြန်အောင်မြို့နယ်ပါတီ‌ေကာ်မတီ သို့ ရုံးအ‌ဆောက်အဦး လှုဒါန်းခြင်...
13/07/2025

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဧရာဝတီတိုင်း‌ဒေသကြီး၊ မြန်အောင်မြို့နယ်ပါတီ‌ေကာ်မတီ သို့ ရုံးအ‌ဆောက်အဦး လှုဒါန်းခြင်း နှင့် ဂုဏ်ပြုပွဲ ကျင်းပခြင်း။
ပါတီသို့ မြေနှင့် အဆောက်အဦး လှုဒါန်းပွဲအခမ်းအနားကို နေ့လည်(၂)နာရီတွင် မြန်အောင်မြို့နယ် ပါတီရုံးတွင် ကျင်းပခဲ့ပြီး အလှုရှင် ဆရာမကြီးဒေါ်ခင်ယုံက ပါတီသို့ မြေနှင့် အဆောက်အဦးကို လှုဒါန်းခဲ့ပါသည်။ ပါတီမှလည်း ဆရာမကြီး ဒေါ်ခင်ယုံ၏ ပါတီအပေါ် ချစ်ခင်လေးစားကြည်ညိုမှုအပေါ် ပြန်လည်ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။
ထို အခမ်းအနားသို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ ဗဟိုကော်မတီ ဌာနချုပ်မှ အထွေ‌ထွေအတွင်းရေးမှုး ဦးထွန်းရီ၊ စည်းရုံးရေးကော်မတီကြီး တာဝန်ခံ၊ ဗဟိုအလုပ်အမူဆောင်ကော်မတီဝင် ဦးတင်အောင် ၊ ဧရာဝတီတိုင်းစည်ရုံးလှုပ်ရှားရေးခေါင်းဆောင်၊ တောင်သူလယ်သမားကော်မတီကြီးတာဝန်ခံ ၊ ဗဟိုအလုပ်အမူ​​ေဆာင်​​ေကာ်မတီဝင် ဦးမြင်သိန်း၊ လူငယ်ကော်မတီကြီး ကော်မတီဝင် ဦးကျော်ဇေယျာဝင်း၊ ဧရာဝတီတိုင်းဥက္ကဋ္ဌ ဦးသိန်းလွင် တိုင်းအတွင်းရေးမှုး ဦးအုန်သောင်း၊ မြန်အောင်မြို့နယ်ဥက္ကဋ္ဌ ဦးရဲဆွေနှင့် မြိုနယ်ကော်မတီဝင်များ တက်ရောက်ကြပါသည်။ အခမ်းအနားမှူးအဖြစ် ကြံခင်းမြိုနယ် အမျိုးသမီးတာဝန်ခံ ဒေါ်မော်မော်ဆွေမှ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို ညနေ (၄း၃၀)နာရီတွင် ရပ်နားခဲ့ပါသည်။

တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီဌာနချုပ်တွင် ယနေ့ ဇူလိုင်လ (၃)ရက်နေ့ ၊ မြန်မာအမျိုးသ​​မီးများနေ့ အခမ်းအနားကျင်းပပြုလု...
03/07/2025

တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီဌာနချုပ်တွင် ယနေ့ ဇူလိုင်လ (၃)ရက်နေ့ ၊ မြန်မာအမျိုးသ​​မီးများနေ့ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#တိုင်းရင်းသား #တစည

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ  ဗဟိုကော်မတီဌာနချုပ်တွင် လူငယ်၊ အမျိုး သမီး ပါတီဝင်များနှင့် ပါတီ ဥက္ကဋ္ဌကြီး ဦးဟန်ရ...
12/06/2025

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုကော်မတီဌာနချုပ်တွင် လူငယ်၊ အမျိုး သမီး ပါတီဝင်များနှင့် ပါတီ ဥက္ကဋ္ဌကြီး ဦးဟန်ရွှေ တွေ့ဆုံပွဲ ကျင်းပ။
🔹🔹🔹🔹🔹🔹
ယနေ့ ဇွန်လ (၁၁)ရက် နံနက် (၁၀း၃၀)နာရီတွင် လူငယ် ၊ အမျိုးသမီးပါတီဝင်များနှင့်ပါတီဥက္ကဋ္ဌကြီး ဦးဟန်ရွှေ တွေ့ဆုံပွဲကို ဗဟိုကော်မတီဌာနချုပ်တွင် ကျင်းပခဲ့ပါသည်
အခမ်းအနားသို့ ပါတီဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်း၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းရီ၊ တွဲဖက်အတွင်းရေးမှူး ဦးနေဝင်း ၊ကော်မတီကြီးအသီးသီးမှ တာဝန်ခံများ နှင့်အတွင်းရေးမှူးများ ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီ ဥက္ကဌ နှင့် ကော်မတီဝင်များ၊ မြိုနယ်အသီးသီးမှ လူငယ်ခေါင်းဆောင်များနှင့် အမျိုးသမီးခေါင်းဆောင်များ၊ ပါတီဝင်များတက်ရောက်ကြပါသည်။
ပါတီဥက္ကဋ္ဌကြီး ဦးဟန်ရွှေမှ အဖွင့်အမှာစကားမြွတ်ကြားပြီး လူငယ်ကော်မတီကြီးတာဝန်ခံ နှင့် အမျိုးသမီးကော်မတီကြီးတာဝန်ခံတို့မှ ရွေးကောက်ပွဲနှ့င် စပ်လျဥ်း၍ ဆောင်ရွက်ထားမူများ ဆွေးနွေးတင်ပြကြပါသည်။
ယနေ့တွေဆုံပွဲကို ပါတီဥက္ကဋ္ဌ မှ နိဂုံးချုပ် အမှာစကားပြောကြားပြီးနောက် ဇာတိမာန်သီချင်း သီဆိုကာ နေ့လည် (၁းဝဝ)နာရီတွင် အခမ်းအနား အောင်မြင်စွာ ပြီး‌မြောက်ခဲ့ပါသည်။
#တစည #တိုင်းရင်းသား

ပါတီအထွေ‌ထွေအတွင်းရေးမှူး ဦးထွန်းရီ နှင့် အဖွဲ့ဝင်များ ဧရာဝတီတိုင်းဒေသကြီးခရီးစဉ် သွားရောက်ခြင်း။🔹🔹🔹🔹🔹တိုင်းရင်းသားစည်း...
27/05/2025

ပါတီအထွေ‌ထွေအတွင်းရေးမှူး ဦးထွန်းရီ နှင့် အဖွဲ့ဝင်များ ဧရာဝတီတိုင်းဒေသကြီးခရီးစဉ် သွားရောက်ခြင်း။
🔹🔹🔹🔹🔹
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းရီ သည် ဧရာဝတီတိုင်းစည်းရုံးလှုပ်ရှားရေးအဖွဲ့ခေါင်းဆောင်၊ လယ်သမားကော်မတီကြီး တာဝန်ခံ ဦးမြင့်သိန်း၊ စည်းရုံးရေးကော်မတီကြီး အတွင်းရေးမှူး ဦးသန်းထွေး နှင့် အလုပ်သမားကော်မတီကြီးအတွင်းရေးမှူး ဦးငွေစိုး တို့ လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး တိုင်းကိုယ်စားပြု ၂၀၂၅ ခုနှစ်၊ အလုပ်သမားနေ့အထိမ်းအမှတ်အခမ်းအနား တက်ရောက်ရန် နှင့် (၆)လပါတ် စုံညီအစည်းအဝေးမှ​ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် (၁၂) ရပ်တို့အား ရှင်းလင်း ဆွေးနွေးရန်အတွက် မေလ (၂၄) ရက်နေ့မှ မေလ(၂၆) ရက်နေ့ အထိ ဧရာဝတီတိုင်း ဒေသကြီးသို့ စည်းရုံးရေးခရီးစဉ် သွားရောက်ခဲ့ပါသည်။
ပါတီအထွေထွေအတွင်းရေးမှူးနှင့် အဖွဲ့သည် မေလ(၂၄) ရက်နေ့ နေ့လည်ပိုင်းတွင် ပုသိမ်မြို့သို့ ရောက်ရှိခဲ့ပြီး ညနေပိုင်းတွင် ပုသိမ်မြို့နယ်ပါတီကော်မတီရုံး၌ ဧရာဝတီတိုင်း‌ဒေသကြီးပါတီကော်မတီနှင့် ခရိုင် မြို့နယ်များမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် တွေ့ဆုံခဲ့ပြီး ပါတီအောင်နိုင်ရေးနှင့် (၆) လပါတ်ညှိနှိုင်း အစည်းအဝေးမှ ချမှတ်လိုက်သည့် ရှေ့လုပ်ငန်းစဥ်များအားရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ မေလ (၂၅) ရက်နေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့နယ်ပါတီကော်မတီရုံး၌ ကျင်းပသည့် ဧရာဝတီတိုင်းကိုယ်စားပြု ၂၀၂၅ ခုနှစ်၊ အလုပ်သမားနေ့အထိမ်းအမှတ် အခန်းအနားကို တက်ရောက်ခဲ့ပြီးနောက် နေ့လည်ပိုင်းတွင် ပါတီအထွေထွေအတွင်းရေးမှူးဦးထွန်းရီ သည် ငပုတောမြို့နယ် ပါတီကော်မတီရုံး နှင့် သာပေါင်းမြို့နယ် ပါတီကော်မတီရုံး တို့ကို သွားရောက် စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာပါတီကော်မတီဝင်များနှင့် တွေ့ဆုံကာ ပါတီအောင်နိုင်ရေးနှင့် ပါတီ စီမံရေးရာကိစ္စရပ်များအပေါ် လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပါတီ အထွေထွေအတွင်းရေးမှူးဦးထွန်းရီ နှင့် အဖွဲ့သည် မေလ (၂၆) ရက်နေ့တွင် ပုသိမ်မြို့ မှ ပြန်လည်ထွက်ခွာလာပြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်ကော်မတီရုံးသို့ ရောက်ရှိကာ ဖျာပုံခရိုင်ပါတီကော်မတီ နှင့် ဖျာပုံမြို့နယ် ကျိုက်လတ်မြို့နယ် ဒေးဒရဲ မြို့နယ် ဘိုကလေးမြို့နယ်တို့မှ ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ၍ ပါတီအောင်နိုင်ရေးနှင့် စီမံရေးကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် မအူပင်မြို့နယ်ပါတီကော်မတီရုံးသို့ သွားရောက်ခဲ့ပြီး မအူပင်မြို့နယ်ပါတီကော်မတီနှင့် တွေ့ဆုံကာ ပါတီအောင်နိုင်ရေးနှင့် စီမံရေးကိစ္စရပ်များအားရှင်းလင်းဆွေးနွေးခဲ့ပြီး မအူပင်မြို့မှ ပြန်လည်ထွက်ခွါလာရာ ရန်ကုန်မြို့သို့ ညနေပိုင်းတွင်ပြန်လည် ရောက်ရှိပါသည်။

#တစည #တိုင်းရင်းသား

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အထွေထွေအတွင်းရေးမှူး ဦးထွန်းရီ နှင့် ဧရာဝတီတိုင်းဒေသကြီး ‌ဖျာပုံခရိုင်၊ မြို့နယ် ဥက္...
27/05/2025

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အထွေထွေအတွင်းရေးမှူး ဦးထွန်းရီ နှင့် ဧရာဝတီတိုင်းဒေသကြီး ‌ဖျာပုံခရိုင်၊ မြို့နယ် ဥက္ကဌ၊ အတွင်း‌ရေးမှူး ၊ ကော်မတီဝင်များတွေ့ဆုံခြင်း။
မေလ(၂၆)ရက်၊ တနင်္လာနေ့။
🔹🔹🔹🔹🔹🔹🔹
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အထွေထွေအတွင်းရေးမှူး ဦးထွန်းရီ နှင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်နှင့် မြို့နယ် ဥက္ကဌ၊ အတွင်း‌ရေးမှူး ၊ ကော်မတီဝင်များ တွေ့ဆုံပွဲကို မေလ(၂၆)ရက် ၊ နေ့လယ် ၁၂း၃၀ နာရီ မှ ညနေ ၃း၀၀ နာရီ အထိ ကျိုက်လတ်မြို့နယ်ကော်မတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ အထွေထွေအတွင်းရေးမှူး ဦးထွန်းရီ ၊ တောင်သူလယ်သမားကော်မတီကြီး တာဝန်ခံ ၊ ဧရာဝတီတိုင်းဒေသကြီး ပါတီစည်းရုံးလှုပ်ရှားရေးအဖွဲ့ ခေါင်းဆောင် ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးမြင့်သိန်း ၊ ပါတီစည်းရုံးရေးကော်မတီကြီး အတွင်းရေးမှူး ၊ ဗဟိုကော်မတီဝင် ဦးသန်းထွေး ၊ ပါတီအလုပ်သမားကော်မတီကြီး အတွင်းရေးမှူး ၊ ဗဟိုကော်မတီဝင် ဦးငွေစိုး နှင့် တိုင်းပါတီ‌ကော်မတီ ဥက္ကဌ ၊ ဗဟိုကော်မတီဝင် ဦးသိန်းလွင် ၊ တိုင်းတွဲဖက် အတွင်းရေးမှူး ၊ ဗဟိုကော်မတီဝင် ဦးမောင်မောင်ဦး ၊ ဖျာပုံခရိုင်နှင့် မြို့နယ်အသီးသီးမှ ဥက္ကဌ အတွင်းရေးမှူးများ ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစီအစဉ်အရ အထွေထွေအတွင်းရေးမှူး ဦးထွန်းရီ က အမှာစကားပြောကြားပြီး၊ တိုင်းစည်း/ရှားခေါင်းဆောင် နှင့် လယ်သမားကော်မတီကြီး တာဝန်ခံ ဦးမြင့်သိန်း ၊ တိုင်းပါတီ ဥက္ကဌ ဦးသိန်းလွင် ၊ တိုင်းတွဲဖက်အတွင်းရေးမှူး ဦးမောင်မောင်ဦး တို့က ကဏ္ဍအသီးသီး အလိုက် ဆွေးနွေးကြပါသည်။

ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းရီ က ပါတီအဖွဲ့အစည့်အဆင့်ဆင့်က လိုက်ပါ ဆောင်ရွက်သင့်သည့်ကိစ္စရပ်များ၊ ရွေးကောက်ပွဲကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။ လယ်သမားကော်မတီကြီး တာဝန်ခံ၊ တိုင်း စည်းရုံးလှုပ်ရှားရေးခေါင်းဆောင် ဦးမြင့်သိန်း က ပါတီ ရွေးကောက်ပွဲလုပ်ငန်းစဥ်များကိုလည်းကောင်း၊ တိုင်း ဥက္ကဋ္ဌ ဦးသိန်းလွင် က တိုင်းစည်းရုံးလှုပ်ရှားမှုအခြေအနေများကို လည်းကောင်း တိုင်းတွဲဖက်အတွင်းရေးမှူး ဦးမောင်မောင်ဦး က ဆန်စပါး နှင့် လူငယ်စွန့်ဦးတီထွင်သင်တန်းကိစ္စရပ် အသီးသီးကို ဆွေးနွေးခဲ့ကြပါသည်။ အခန်းအနားသို့ ဖျာပုံခရိုင်ပါတီ ဥက္ကဌ၊ ဖျာပုံမြို့နယ်၊ ဒေးဒရဲမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ကျိုက်လတ်မြို့နယ်တို့မှ ပါတီ ဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များ စုံညီတက်ရောက်ခဲ့ကြပါသည်။
ပါတီဝင်များ၏ ပြန်လည်ဆွေးနွေး‌မေးမြန်းချက်များကို ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းရီ က ပြန်လည် ဖြေကြားပေးခဲ့ပြီး နိဂုံးချုပ် စကားပြောကြားကာ မွန်းလွဲ ၃:၀၀ နာရီတွင် အခန်းအနားအောင်မြင်စွာ ပြီးစီးခဲ့ပါသည်။

#တစည #တိုင်းရင်းသား #ပါတီ

ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) [ National Unity Party (NUP) ] က ၂၀၂၅ ခုနှစ် မေလ (၁)ရက်နေ့တ...
25/05/2025

ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) [ National Unity Party (NUP) ] က ၂၀၂၅ ခုနှစ် မေလ (၁)ရက်နေ့တွင် ကျရောက်ခဲ့သော အလုပ်သမားနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်း။
🔹🔹🔹🔹🔹🔹🔹🔹
ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) [ National Unity Party (NUP) ] ၏ ၂၀၂၅ခုနှစ် အလုပ်သမားနေ့ အထိမ်းအမှတ် အခမ်းအနားကို ပုသိမ်မြို့နယ်ကော်မတီရုံးတွင် မေလ (၂၅)ရက်နေ့ ၊ နံနက်(၈) နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ပါတီ ဗဟိုကော်မတီ အ‌ထွေထွေအတွင်းရေးမှူး ဦးထွန်းရီ ၊ တိုင်းစည်းရုံးလှုပ်ရှား‌ရေးအဖွဲ့ ခေါင်းဆောင် ၊ လယ်သမား‌ကော်မတီကြီး တာဝန်ခံ ဦးမြင့်သိန်း၊ စည်းရုံးရေးကော်မတီကြီး အတွင်းရေးမှူး ဦးသန်းထွေး၊ အလုပ်သမားကော်မတီကြီး အတွင်းရေးမှူး ဦးငွေစိုး၊ တိုင်းဒေသကြီးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းလွင်၊ အတွင်းရေးမှူး ဦးအုန်းသောင်း ၊ တွဲဖက်အတွင်း ရေးမှူး ဦးမောင်မောင်ဦး ၊ တိုင်းကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်ကော်မတီ ဥက္ကဌ များ ၊ ကော်မတီဝင်များ၊ ပါတီဝင်များ ၊အလုပ်သမား ဧည်သည်တော်များ စုစုပေါင်း (၁၃၅)ဦး ကျော် တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် သဘာပတိ အဖြစ် ပါတီ ဗဟိုကော်မတီ အ‌ထွေထွေအတွင်းရေးမှူး ဦးထွန်းရီ ၊ သဘာပတိအဖွဲ့ဝင်များ အဖြစ် တိုင်းစည်းရုံးလှုပ်ရှား‌ရေးအဖွဲ့ ခေါင်းဆောင် ၊ လယ်သမား‌ေကာ်မတီကြီး တာဝန်ခံ ဦးမြင့်သိန်း၊ တိုင်းကော်မတီ ဥက္ကဋ္ဌ ဦးသိန်းလွင် တို့က ဆောင်ရွက်ကြပါသည်။
အခန်းအနားမှူး အဖြစ် တိုင်းအမျိုးသမီး‌‌ကော်မတီ ဥက္ကဌ ဒေါ် နော်ဘေဘီလေး နှင့် ကော်မတီဝင် ဒေါ်သန်းသန်း‌ဆွေ တို့ က ဆောင်ရွက်ကြပါသည်။
အခန်းအနားတွင် သဘာပတိအဖြစ် ပါတီ ဗဟိုကော်မတီ အ‌ထွေထွေအတွင်းရေးမှူး ဦးထွန်းရီ က အမှာစကားပြောကြားပြီး တိုင်းပါတီကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးမောင်မောင်ဦး က အလုပ်သမားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပါတီ ဥက္ကဋ္ဌကြီး ဦးဟန်ရွှေ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားတင်ပြပါသည်။ ထို့နောက် အလုပ်သမားကော်မတီကြီး အတွင်းရေးမှူး ဦးငွေစိုး က အလုပ်သမားရေးရာများကို ဆွေးနွေးတင်ပြပါသည်။ ထိုနောက် သဘာပတိ ပါတီ ဗဟိုကော်မတီ အ‌ထွေထွေအတွင်းရေးမှူး ဦးထွန်းရီ က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသူများက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၏ အလုပ်သမားနေ့ ကြွေးကြော်သံများဖြင့် အခန်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။
ပါတီ ဥက္ကဌကြီး ၏ သဝဏ်လွှာတွင် ပါတီဝင်များနှင့်အလုပ်သမားထုတို့အား အခြေပြုပြီ နိုင်ငံတော်နှင့် တိုင်းရင်းသား လုပ်သားပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားကို ရှေ့ရှု့၍ အလုပ်သမားများ၏ ဘဝဘေးကင်းလုံခြုံရေး၊ ကုန်ထုတ်လုပ်မှုတိုးတက်ရေး ၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံခိုင်မြဲရေး၊ ပြည်ထောင်စုကြီး အဓွန့်ရှည်ကြာ ရှင်သန်ရေး၊ နိုင်ငံတစ်ဝှန်း ငြိမ်းချမ်းရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ဘဝ တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံတော်နှင့် ပြည်သူတို့၏ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ပါတီဝင်များက အလုပ်သမားများ၊ ပြည်သူများနှင့်အတူ ပူးပေါင်းကြိုးပမ်း စွမ်းဆောင်ကြရန် တိုက်တွန်း နိူးဆော်ထားပါသည်။
အခန်းအနားအပြီးတွင် တက်ရောက်လာသူများအား နေ့လည်စာများ ဝေငှဧည့်ခံခဲ့ကြပါသည်။

#တစည #ဧရာဝတီ #သတင်း

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ဗဟိုအလုပ်ကော်မတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းရီ နှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်း ရှိ...
25/05/2025

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ဗဟိုအလုပ်ကော်မတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းရီ နှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်း ရှိ တိုင်း၊ ခရိုင် ၊ မြို့နယ် ဥက္ကဌ၊ အတွင်း‌ရေးမှူး ၊ ကော်မတီဝင်များ တွေ့ဆုံပွဲ ကျင်းပခြင်း။
မေလ(၂၄)ရက်၊ စနေနေ့။
🔹🔹🔹🔹🔹🔹🔹🔹🔹
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းရီ နှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တိုင်း၊ ခရိုင် ၊ မြို့နယ် ဥက္ကဌ၊ အတွင်း‌ရေးမှူး ၊ ကော်မတီဝင်များ တွေ့ဆုံပွဲကို မေလ(၂၄)ရက် ၊ နေ့လယ် ၃း၃၀ နာရီ မှ ညနေ ၆း၃၀ နာရီ အထိ ပုသိမ်မြို့နယ်ကော်မတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် အထွေထွေအတွင်းရေးမှူး ဦးထွန်းရီက သဘာပတိအဖြစ်ဆောင်ရွက်ပြီး သဘာပတိ အဖွဲ့ဝင်များအဖြစ် ဧရာဝတီတိုင်းဒေသကြီးပါတီစည်းရုံးလှုပ်ရှားရေးအဖွဲ့ ခေါင်းဆောင် ၊ လယ်သမားကော်မတီကြီး တာဝန်ခံ ဦးမြင့်သိန်း နှင့် တိုင်းပါတီ‌ကော်မတီ ဥက္ကဌ ဦးသိန်းလွင် ၊ အခမ်းအနားမှူးအဖြစ် တိုင်းဒေသကြီးကော်မတီကြီး အတွင်းရေးမှူး ဦးအုန်းသောင်း တို့ က ဆောင်ရွက်ကြပါသည်။
အခန်းအနားသို့ ဗဟိုကော်မတီ စည်းရုံးရေးကော်မတီကြီး အတွင်းရေးမှူး ဦးသန်းထွေး ၊ အလုပ်သမားကော်မတီကြီး အတွင်းရေးမှူး ဦးငွေစိုး တို့နှင့် ဧရာဝတီတိုင်းဒေသကြီးကော်မတီဝင်များ၊ ခရိုင် ၊ မြို့နယ်အသီးသီးမှ ဥက္ကဌ အတွင်းရေးမှူးများ ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစီအစဉ်အရ သဘာပတိအထွေထွေအတွင်းရေးမှူး ဦးထွန်းရီ က အမှာစကားပြောကြားပြီး၊ တိုင်းစည်း/ရှားခေါင်းဆောင် နှင့် လယ်သမားကော်မတီကြီး တာဝန်ခံ ဦးမြင့်သိန်း ၊ ပါတီဗဟို စည်းရုံးရေးကော်မတီ အတွင်းရေးမှူး ဦးသန်း‌ထွေး ၊ တိုင်းပါတီ ဥက္ကဌ ဦးသိန်းလွင် တို့က ကဏ္ဍအသီးသီး အလိုက်အကျယ်တဝင့်ဆွေးနွေးကြပါသည်။

ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းရီ က ဗဟိုအလုပ်အမှုဆောင် ကော်မတီ(၆)လပါတ်အစည်းအဝေးမှ ဆွေးနွေးချက်များနှင့် ပါတီအဖွဲ့အစည့်အဆင့်ဆင့်က လိုက်ပါ ဆောင်ရွက်သင့်သည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။ တိုင်း စည်းရုံးလှုပ်ရှားရေးခေါင်းဆောင်ဦးမြင့်သိန်း က ဗဟိုကော်မတီ (၆) လပါတ် အစည်းအဝေး၏ ရှေ့လုပ်ငန်းစဥ်(၁၂) ရပ်ကိုလည်းကောင်း၊ စည်းရုံးရေးကော်မတီကြီး အတွင်းရေးမှူး ဦးသန်းထွေး က ရွေးကောက်ပွဲအကြိုလုပ်ငန်းစဥ်များကိုလည်းကောင်း၊ တိုင်း ဥက္ကဋ္ဌ ဦးသိန်းလွင် က တိုင်းစည်းရုံးလှုပ်ရှားမှုအခြေအနေများကို လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပါသည်။

ပါတီဝင်များ၏ ပြန်လည်ဆွေးနွေး‌မေးမြန်းချက်များကို ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းရီ က ပြန်လည် ဖြေကြားပေးခဲ့ပြီး နိဂုံးချုပ် စကားပြောကြားကာ ညနေ ၆:၃၀ နာရီတွင် အခန်းအနားအောင်မြင်စွာ ပြီးစီးခဲ့ပါသည်။

#တစည #တိုင်းရင်းသား #သတင်း

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP)မန္တလေးတိုင်းဒေသကြီး‌ကော်မတီ က ငလျှင်ဘေးဒဏ် ခံစားနေရသော ပြည်သူများအတွက် ထောက်ပံ့...
21/05/2025

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP)မန္တလေးတိုင်းဒေသကြီး‌ကော်မတီ က ငလျှင်ဘေးဒဏ် ခံစားနေရသော ပြည်သူများအတွက် ထောက်ပံ့ကူညီမှုများ ဆက်လက် လုပ်ဆောင်ပေးလျှက်ရှိ။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP) မန္တလေးတိုင်းဒေသကြီး‌ကော်မတီ ၏ ဦးဆောင် လမ်းညွှန်မှုနှင့် အညီ မဟာအောင်မြေ မြို့နယ်ကော်မတီသည်မတ်လ(၂၃)ရက်နေ့က လှုပ်ခတ်ခဲ့သော အင်အား ပြင်ထန်သည့် ငလျင်ဘေးဒါဏ် ခံစားကြရသော အိမ်ထောင်စု ဦးရေ (၆၀၀) တို့ အား ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ကြက်ဥ စသော အခြေခံ စားသောက်ကုန်များကို ကူညီ ထောက်ပံ့လှူဒါန်းခဲ့​ကြပါသည်။
တိုင်းသတင်းပြန်ကြားရေး၊ မန္တလေးတိုင်းဒေသကြီး။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ဗဟိုအလုပ်အမှုဆောင်ကော်မတီ နှင့် တိုင်းဒေသကြီး/ပြည်နယ်ဥက္ကဌများညှိနှိုင်းအစည်းအဝေးကျင်...
16/05/2025

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ဗဟိုအလုပ်အမှုဆောင်ကော်မတီ နှင့် တိုင်းဒေသကြီး/ပြည်နယ်ဥက္ကဌများညှိနှိုင်းအစည်းအဝေးကျင်းပခြင်း။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ဗဟိုကော်မတီဌာနချုပ်တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ နှင့် တိုင်းဒေသကြီး/ပြည်နယ်ဥက္ကဌများ ညှိနှိုင်းအစည်းအဝေးကို မေလ(၁၄)ရက် ၊ (၁၅)ရက်နေ့များတွင် နံနက် ၉:၀၀နာရီ မှ ညနေ ၄:၀၀နာရီအထိ နှစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ပါတီဥက္ကဌကြီး ဦးဟန်ရွှေက သဘာပတိအဖြစ်ဆောင်ရွက်ပြီးသဘာပတိ အဖွဲ့ဝင်များအဖြစ် ပါတီဒုတိယဥက္ကဌ ဦးသိန်းထွန်း နှင့် ပါတီအထွေထွေ အတွင်းရေးမှူး ဦးထွန်းရီတို့က ဆောင်ရွက်ကြပါသည်။

ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး ဦးနေဝင်း၊ နိုင်ငံရေးကော်မတီကြီးတာဝန်ခံ ဦးခင်မောင်သိန်း၊စည်းရုံးရေးကော်မတီကြီးတာဝန်ခံ ဦးတင်အောင်၊ လယ်သမား
ကော်မတီကြီးတာဝန်ခံ ဦးမြင့်သိန်း၊အလုပ်သမားကော်မတီကြီးတာဝန်ခံ ဦးဝင်းထိန်၊ လူငယ်ကော်မတီကြီးတာဝန်ခံ ဒေါ်စောစောဦး၊ အမျိုးသမီးကော်မတီကြီးတာဝန်ခံ ဒေါ်တင်တင်ထွေး၊ ကော်မတီကြီးအတွင်းရေးမှူးများ၊တိုင်းဒေသကြီး/ပြည်နယ် ဥက္ကဌ/အတွင်းရေးမှူးများနှင့် ပါတီသတင်းနှင့်စာနယ်ဇင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစီအစဉ်အရ ပါတီဥက္ကဌကြီး ဦးဟန်ရွှေက သဘာပတိအမှာစကားပြောကြားခြင်း၊ပါတီဒုတိယဥက္ကဌ ဦးသိန်းထွန်းက နိုင်ငံတကာဖြစ်စဉ်များနှင့် မြန်မာ့နိုင်ငံရေး ဆက်နွယ်မှုများကို သုံးသပ်တင်ပြခြင်း၊ ပါတီ (၃၆)နှစ်မြောက် လမ်းညွှန်မှုများအား ဆက်လက် အကောင်အထည်ဖေါ်ရေး၊ လုပ်ငန်းများကို တင်ပြဆွေးနွေးခြင်းနှင့်ယာယီပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့မှု အခြေအနေများကို အကျယ်တဝင့်ဆွေးနွေးပါသည်။

ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းရီက ခိုင်မာတောင့်တင်းသည့် ပါတီတစ်ရပ်အဖြစ် ရှင်သန်ရပ်တည်ရေးအတွက် ဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးခြင်းနှင့် ဗဟိုအောင်နိုင်ရေးအဖွဲ့ ဖွဲ့စည်းခြင်းများကို တင်ပြဆွေးနွေးပါသည်။

ဘဏ္ဍာရေးနှင့်စီမံရေးဆိုင်ရာများကို ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး ဦးနေဝင်းက ရှင်းလင်းဆွေးနွေးပါသည်။

တိုင်းဒေသကြီး/ပြည်နယ်ဥက္ကဌများက မိမိတို့‌ဒေသအတွင်း စည်းရုံးရေး၊ဖွဲ့စည်းရေး၊စီမံပိုင်းဆိုင်ရာများနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရမည့် အစီရင်ခံစာများတင်သွင်းကြပြီး လိုအပ်သည်များကို ဆွေးနွေးကြပါသည်။

ဆွေးနွေးချက်များကို ပါတီဒုတိယဥက္ကဌနှင့်ပါတီအထွေထွေအတွင်းရေးမှူးတို့က ပြန်လည်ဖြေကြားခဲ့ပါသည်။

အခမ်းအနားတွင် ညှိနှိုင်းဆုံးဖြတ်ခဲ့ကြသည့်နိုင်ငံရေး(၄)ချက်၊စည်းရုံးရေး(၄)ချက်နှင့်ဘဏ္ဍာရေးနှင့်စီမံခန့်ခွဲရေး(၄) စုစုပေါင်း (၁၂)ချက်အား သဘာပတိရှေ့‌တွင်ကတိသစ္စာပြုသကဲ့သို့ ခိုင်မြဲစွာ ခံယူပြီး အကောင်အထည်ဖေါ်ကြရန် သဘောတူညီကြပါသည်။
အခမ်းအနားမှူးအဖြစ် စည်းရုံးရေး ကော်မတီကြီး တာဝန်ခံ ဦးတင်အောင်က ဆောင်ရွက်ပြီး သဘာပတိ ပါတီဥက္ကဌကြီး ဦးဟန်ရွှေက နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ညနေ ၅:၃၀ နာရီတွင် အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။

တစညပါတီ
သတင်းစဉ်

03/05/2025

တိုင်းရင်းသားစည်းလုံးညီညွှတ်ရေပါတီ (ဗဟို) တွင် ဗဟိုတောင်သူလယ်သမား​ကော်မတီကြီးနှင့် တောင်သူလယ်သမားများ တွေ့ဆုံပွဲ ကျင်းပ
========================
မေလ ၃ ရက်
DAILY
://t.me/skydailymedia

03/05/2025

၂၀၂၅ခုနှစ်၊မေလ ၁ ရက်နေ့တွင်ကျရောက်သောအပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ဂုဏ်ပြုထောက်ခံသောအားဖြင့်အလုပ်သမားနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ
=====================
မေလ ၁ ရက်
DAILY
://t.me/skydailymedia

Address

Pathein
10011

Telephone

09422515713

Website

Alerts

Be the first to know and let us send you an email when National Unity Party : NUP Ayeyarwady posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share