Mahn Taw Pantanaw

Mahn Taw Pantanaw Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mahn Taw Pantanaw, Library, No-81, Pantanaw.

ဖဒိုမန်းရှာလားဖန်း သို့မဟုတ် ချစ်ရွှေ မိန်းမ မခိုးခဲ့ပါ************************************************ဆရာဦးလော်ကယ်က မန...
14/02/2026

ဖဒိုမန်းရှာလားဖန်း သို့မဟုတ် ချစ်ရွှေ မိန်းမ မခိုးခဲ့ပါ
************************************************
ဆရာဦးလော်ကယ်က မနက်ဘုရားရှိခိုးပြီး
ကလေးတွေ အိပ်ယာက ထတာမတွေ့သေး၍
ကလေးတွေကို သွားနိူးသောအခါ
ချစ်ရွှေနှင့် သန်းမြင့်ကပျောက်နေသည်။

ဒီကလေးတွေ ဘယ်သွားကြပါလိမ့်
လမ်းထွက်လျှောက်နေကြသည်လား
မနက်ဝေလီဝေလင်း ထွက်ရှာတော့
ဆရာတော်နှင့်တွေ့သည်

"ဆရာဦးလော်ကယ်ပါလား စောစောစီးစီး
ဘယ်သွားမလို့တုန်း"
"တင်ပါဘုရား စောစီးဆို ကလေးနှစ်ယောက်
တပည့်တော်အိမ်ကပျောက်သွားလို့ဘုရား "

"ဟေ ဟုတ်လား ယောကျ်ားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်မလား ဆရာတော်တောင် မျက်နှာသစ်ရင်း လှမ်းတွေ့လိုက်သေး အထုတ်တွေနဲ့ကွဲ့"

"ဘယ်ဘက်ကို ထွက်သွားတာ တွေ့လဲဘုရား "

" ဒေါင့်ကြီးဘက်ကို ထွက်သွားတာတွေ့တာပဲကွဲ့
တောကျောင်းပဲ ပြန်ကြမလား ဘယ်ကိုဆက်မလဲ
မသိရဘူး"

"တင်ပါဘုရား ဦးတင်ပါတယ်ဘုရား"

ဆရာဦးလော်ကယ် လမ်းစရသွားသည်
မနေသာတော့ အကိုဖြစ်သူ ဦးနန်းခေါ့လည်း ရောက်နေ၍ တောကျောင်းကိုပြန်ပြီးချစ်ရွှေနှင့် သန်းမြင့်ကို ရွာရောက်နေလား ပြန်စုံစမ်းခိုင်းရတော့သည်။

" ဟဲ့သန်းမြင့် နင်ဘာလို့ငိုတာလဲ "

ညဆယ့်တစ်နာရီလောက် ရှိမည်ထင်သည်
ရှိုက်သံသဲ့သဲ့ကြားရ၍ ချစ်ရွှေထကြည့်ရာမှ
သန်းမြင့်ငိုတာတွေ့၍ မေးလိုက်ခြင်းဖြစ်သည်

"ဆရာရိုက်လို့"

"ဘာ ဘာဖြစ်လို့ရိုက်တာလဲ"

"အင်္ကျီပြဲလို့"

"အင်္ကျီပြဲတာနဲ့ နင့်ကိုရိုက်ရလား ငါ့ကို အပြည့်အစုံပြောစမ်း"

" ဘိုဒီ မင်းဂရုက ပို့ပေးလိုက်တဲ့အင်္ကျီ
မနေ့တစ်နေ့ကမှရောက်တာ ငါ့မှာမဝတ်ရက် မထိရက်လို့ မဝတ်သေးပဲထားတာ အဲဒါ ခင်ယုံက ပြဇတ်ကတာမှာ အင်္ကျီမရှိလို့ ငါ့ဆီလာငှါးတာ ငါမပေးတာကို ဆရာကပေးလ်ိုက်ဆ်ိုတာနဲ့ ငါပေးလိုက်ရော သူက ငါ့အင်္ကျီနဲ့ပြဇတ်ကရင်း ဝါးဆစ်ချွန်နဲ့ခြစ်မိပြီး ပြဲသွားလို့ငိုတာကို
ဆရာက ပြဲတာကိုချုပ်လိုက်ရင်ပြီးတာကို ငိုရလားဆိုပြီး ငါ့ကို ရိုက်တာ"

သန်းမြင့်က ငိုရင်း ချစ်ရွှေကိုပြောသည်
ချစ်ရွှေက ဘာမှပြန်မပြော နားထောင်ရင်းနဲ့မှ
" အိပ်တော့ " ဟုဆိုကာ ပြန်သွားသည်

( ဘိုဒီမှာ သန်းမြင့်၏အဒေါ်ဖြစ်ပြီး ထိုချိန်က မင်းဂရုတွင် ဆရာမလုပ်နေရာမှာ တူမဖြစ်သူ သန်းမြင့်အတွက် အင်္ကျီချုပ်ပြီး ပို့လိုက်ခြင်းဖြစ်သည်)

ချစ်ရွှေ၏ "အိပ်တော့" အသံသည် ဆရာထက်ပင်
ပိုကြောက်စရာကောင်းနေ၍ သန်းမြင့်မှာ
အသံမထွက်ရဲတော့ပဲ တရှုံ့ရှုံ့ဝမ်းနည်းရင်းသာ
အိပ်ပျော်သွားတော့သည်။

မနက်လေးနာရီကျော်အချိန် ဆရာဘုရားရှိခိုးနေစဥ်
ချစ်ရွှေက အသံတိုးတိုးဖြင့်
" သန်းမြင့် ထ နင့်အဝတ်အစားတွေထည့်
မြန်မြန်လုပ်" ဟုပြောပြီး သန်းမြင့်ကို ခေါ်နိုးသည်

" နင်ဘာလုပ်မလို့လဲ "

"စကားမများနဲ့ မြန်မြန်ထ အဝတ်အစားတွေထည့် " ဟု လေသံမာမာနှင့် ချစ်ရွှေထပ်ပြောသောအခါ သန်းမြင့်မှာ အတွန့်အတက်ရဲတော့ပဲ ကဗျာကယာ အဝတ်တွေကို
အိပ်ထဲထည့်ကာ မျက်နှာပင် မသစ်အားတော့ပဲ
ဆရာ မသိအောင် အိမ်ပေါ်မှ ဆင်းလာခဲ့ကြသည်။

ဒေါင့်ကြီးရောက်သောအခါ မိုးပင်မလင်းသေး ဦးလေးအိမ်တံခါးကို ခေါက်ပြီး တံခါးလာဖွင့်ပေးသည်နှင့်
ချစ်ရွှေက
" ဦးလေးရေ သန်းမြင့်ကို ဒီမှာထားခဲ့မယ်
ဘယ်သူလာခေါ်ခေါ် ကျတော်မပါပဲ မထည့်ပေးနဲ့ဗျာ
ကျတော်နံဂတ်သွားအုံးမယ်" ဟုဆိုကာ သန်းမြင့်ကို
ဦးလေးအိမ်မှာ ထားခဲ့ပြီး နံဂတ်ရွာသို့ ထွက်လာခဲ့တော့သည်

ကလေးပျောက်သည်ဆို၍ ဦးနန့်ခေါ့က
တောကျောင်းရွာသို့ ပြန်ရောက်ပီး ချစ်ရွှေနှင့်သန်းမြင့် ပြန်ရောက်လာလား တွေ့ကြသေးလား လိုက်မေးသော်လည်း ဘယ်သူမှမတွေ့မိပါ အိမ်သို့ပြန်မလာကြပါ သိရသဖြင့် ဘယ်သူမှမနေသာတော့ပဲ ထွက်ရှာကြသောအခါ သန်းမြင့်က ဒေါင့်ကြီး ဦးလေးအိမ်တွင် ရောက်နေကြောင်း သိရသဖြင့်
ဦးနန့်ခေါ့နှင့် ဦးစမစ်လည်း ဒေါင့်ကြီးသို့
လိုက်သွားရလေသည်။

ဒေါင့်ကြီးတွင် သန်းမြင့်ကို တွေ့သဖြင့် ပြန်ခေါ်သွားလိုသော်လည်း ချစ်ရွှေက သူမပါ ဘယ်သူမှခေါ်မသွားခိုင်းဟု ပြောထားသဖြင့် သန်းမြင့်လည်း ပြန်မလိုက်ရဲ ဦးလေးလည်း ပြန်မထည့်လိုက်ရဲဖြစ်နေတော့သည်

ဤသို့နှင့်ပင် ဆရာဦးလော်ကယ်ကို ကလေးများကိုတွေ့ပြီး ကိုယ်တိုင်လာခေါ်ပါဟု ဆရာဦးလော်ကယ်ကို
တစ်ယောက်က အခေါ်လွတ်သလို နံဂတ်ရွာတွင်
ရောက်နေသော ချစ်ရွှေကိုလည်း တစ်ယောက်က
အခေါ်လွတ်လေသည်

အားလုံးစုံသောအခါ ဆရာက ချစ်‌ရွှေကို
မေးမြန်းတော့သည်

" ဘာလို့ဒီလိုထွက်ရတာလဲ ချစ်ရွှေ "

" ဆရာက မတရားလို့ထွက်လာလိုက်တာ"

" ဟေ ဆရာက ဘာမတရားလို့လဲကွဲ့ "

" သန်းမြင့်ကို ညက ရိုက်တဲ့ကိစ္စ မတရားဘူးမြင်လို့ပါ ဆရာစဥ်းစားကြည့်လေ သန်းမြင့်အင်္ကျီက
အသစ်ကလေး သူလည်းတစ်ခါမှ မဝတ်ရသေး ဒါကို ဆရာက သူများကို ငှါးခိုင်းလ်ိုက်တယ် ငှါးလိုက်တော့ အင်္ကျီကပြဲ အင်္ကျီပြဲလို့ ဝမ်းနည်းပြီး ငိုတာကို ဆရာက သန်းမြင့်ကို ဆူပြီး ရိုက်တာ တရားသလား ဆရာ "ဟု
ပြောချလိုက်သောအခါ ဆရာဦးလော်ကယ်အပါအဝင် လူကြီးများမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကုန်ကြတော့သည်။

ထိုအခါတွင်မှ ဆရာဦးလော်ကယ်နှင့် လူကြီးများမှာ ကလေးတွေ ခိုးပြေးကြတာ မဟုတ်ပဲ မတရားဘူးဟု
ထင်သောကြောင့် ထွက်လာခြင်းဖြစ်ကြောင်း သိရပြီး သက်ပြင်းချနိုင်ကာ ဆရာဦးလော်ကယ်က
နောက်တွင် မတရားဘူးထင်လျှင် ပြောပါ
ရိုက်လည်းမရိုက်တော့ပါ ခု ပြန်လိုက်လာခဲ့ပါဟု
ကတိပေးပြောဆိုမှသာ ချစ်ရွှေနှင့် သန်းမြင့်လည်း
ဆရာနောက်ပြန်လိုက်သွားကြတော့သည်။

ဆရာဦးလော်ကယ်သည် တကယ်ပင် ကတိပေးသည့်အချိန်ကစပြီး ကလေးများကို ဒုတ်ဖြင့် ဆိုဆုံးမခြင်းမရှိတော့သည်မှာ ဆရာဘဝက ပင်စင်ယူပြီး ဆုံးသွားသည့်အထိပင် ဖြစ်လေသည်။

ထိုအချိန်က ချစ်ရွှေမှာ ၆ တန်းကျောင်းသားဘဝ
၁၆.၁၇ အရွယ်
သန်းမြင့်မှာ ငါးတန်းကျောင်းသူဘဝ
၁၄.၁၅ အရွယ်ပင် ရှိနေပါသေးသည်

ကိုတီးက စည်းကမ်းတအားရှိတာ သူ့ကို
နဲနဲမှကြည့်မရဘူး
အိမ်ဘေးနားမှာ ကြံခင်းရှိတယ်
ကြံပိုင်ရှင်က မိန်းမမရှိတော့ဘူး ကြံပိုင်ရှင် ဦးလေးက
ကြံစားချင်ရင် ခုတ်စားပါပြောလို့ ကြံခုတ်စားရင်လည်း ကိုတီးက ရိုက်တယ် သူများ ဘယ်လိုပြောထား ပြောထား
စားချင်ရင် ခွင့်တောင်းရတယ်ဆိုပြီး ရိုက်တာ

ထမင်းစားပြီးရင်လည်း ဆေးပြီးသားပန်းကန်တွေကို
ကိုတီးက လက်နဲ့ပွတ်ကြည့်တယ် ပြီး နမ်းကြည့်တယ် ဆပ်ပြာစော်မနံရင် ပန်းကန်က ကျစ် ကျစ် အသံမမြည်ရင်လည်း ရိုက်တာပဲ ပန်းကန်ကို ဆေးရင် ဆပ်ပြနဲ့ ဆေးရတယ်

မနက်လေးနာရီဆို သူကလာခေါ်နိုးပြီး
ထပြီး ဘုရားရှိခိုး စာကျက်ရတယ် စာကျက်ပြီးရင် ရေချိုးရတယ် ဆောင်းတွင်းဆိုတော့ အေးတာကို
မချိုးရင်လည်းရိုက်တယ်

ယောကျ်ားလေးတွေနဲ့ စကားမပြောရဘူး
စကားပြောရင်လည်း ရိုက်တယ်

အားရပါးရတအားရယ်ရင်လည်း ရိုက်တယ်
မိန်းကလေးဆိုတာ အဲလိုအားရပါးရ မရယ်ရဘူး
ငါးခူပြုံး ပြုံးရတယ် ဆိုပြီး ရိုက်တာ

တပလ္လင်ခွေထိုင်ရင်လည်း ရိုက်တာပဲ
မိန်းကလေးဆိုတာ လူရှေ့သူရှေ့မှာ ပုဆစ်တုတ်
ထိုင်ရတယ် တပလ္လင်ခွေထိုင်တာ
ဒူးထောင်ပြီး ထိုင်တာ မလုပ်ရဘူး ဆိုပြီတော့ရိုက်တာ

သူကဝါတော်၈၀ရ လို ဣန္ဒြေသိက္ခာရှိရှိနေစေချင်တာ
သူကိုယ်တိုင်လည်း အဲလိုနေတယ်

ထမင်းစားရင်လည်း ဘယ်သူမှ ဟင်းကို ပိုမစားရဘူး အကုန်လုံးကို မျှမျှတတ စားရတယ် နဲနဲမှ ပိုစားလို့မရဘူး ပိုစားမိရင်လည်း ရိုက်တာ

ငါကလည်း အရိုက်ခံရတိုင်း ပြန်ပြောတယ်
နင်ရိုက်ထားသိလား နင့်သားသမီးတွေကျမှ
ငါပြန်ရိုက်မယ် ဆိုပြီးတော့ အဲခါကျရင်
သူက ပြုံးစိ ပြုံးစိနဲ့ ဟု ချစ်ရွေနဲ့ပတ်သက်သော အကြောင်းအရာများကို ဖီသန်းမြင့်က အောက်မေ့သတိရရင်း တမ်းတမ်းတတ အိပ်ယာပေါ်ကလဲပြီး ပြောပြနေရှာသည်ကို ကိုယ်တိုင် ခံစားမိရင်း နားထောင်နေမိပါတော့သည်။

ငယ်ဘဝကပင် မတရားဘူးထင်လျှင်
ရဲရဲရင့်ရင့်တုန့်ပြန်တွန်းလှန်တတ်သော
မိမိထက်ငယ်သောအတန်းဖော်များကို
အကိုတစ်ယောက်ပမာ ခေါင်းဆောင်ကောင်းတို့၏
ကြင်အင်နှင့် စောင့်ရှောက်တတ်သော
စိတ်ဆတ်သော်လည်း စိတ်ထားကောင်းကာ အနစ်နာခံတတ်သောချစ်ရွှေခေါ် ကိုတီးသည်ကား
အခြားသူမဟုတ်ပါ

14.2.2026 ခုယ‌နေ့တွင် မသမာသူတို့၏
လုပ်ကြံမှုကြောင့် ကျဆုံးသွားရသည်မှာ
ဆယ့်ရှစ်နှစ်ပြည့်ပြီးဖြစ်သော ကရင်လူမျိုးများအတွက် အတုယူထိုက်သောကရင်ခေါင်းဆောင်
ဖဒိုမန်းရှာလားဖန်း ပင်ဖြစ်ပါတော့သည်။

အမျိုးများအားလုံးကျန်းမာချမ်းသာကြပါစေ

မန်းတောပြောတဲ့ ကရင်ပုံပြင်များ ( ၁ )ဒဏ္ဍာရီထဲက ကရင်တို့ရဲ့ စာအုပ်မြို့တော်********************************************တစ...
04/02/2026

မန်းတောပြောတဲ့ ကရင်ပုံပြင်များ ( ၁ )

ဒဏ္ဍာရီထဲက ကရင်တို့ရဲ့ စာအုပ်မြို့တော်

********************************************

တစ်ခါတုန်းက မုဆိုးမတစ်ဦးရှိတယ်။ သူ့မှာ သားတစ်ယောက်ရှိတယ်။ လင်က ငယ်ငယ်ထဲကသေပေမဲ့ မုဆိုးမက အားမငယ်ဘူး။ သူ့မှာအားကိုးစရာ သားလေးတစ်ယောက် ရှိနေတာကိုး။

ခက်တာက သားက လူပျင်း။ ပျင်းတာတောင် ပျင်းရမှာ ပျင်းတယ်ဆိုတဲ့ လူမျိုး။ အသက်က ၁၆ ၁၇ ရှိနေပြီ။ ထမင်းဆို အမိုးက ခွံ့ကျွေးမှစားတာ။ ကိုယ်တိုင်စားရမှာပျင်းလို့တဲ့။ ရေတောင်မှ အမေကလာတိုက်မှသောက်တာ။ လာမတိုက်ရင် ဘာမှမစား၊ ဘာမှမသောက်ဘူး။ အငတ်ခံပြီးနေတာ။ စားရသောက်ရမှာတောင် ပျင်းတာတဲ့။

ဒီက အမိုးလေ သားကိုခနတာပစ်ထားပေမဲ့ မိခင်မေတ္တာ ဘယ်မှာနေနိုင်လို့တုန်း။ ပျင်းနေတဲ့သား ထမင်းဆာမှာစိုးလို့ ခွံ့ကျွေးတာ၊ ရေငတ်မှာစိုးလို့ ခပ်တိုက်ရတာပေါ့။ သားက ပျင်းသာပျင်းတာ ရှက်တတ်သေးတော့ အီးအီးကုန်းပေးစရာတော့မလိုဘူးဆိုပဲ။

သူအမိုးက တစ်ခုခုခိုင်းလိုက်ပြီးဆို

" ဟာ အမိုးကလည်း လုပ်ရတာပျင်းတယ်။ မလုပ်ချင်ပါဘူးဗျာ။ ဒီမှာ ချမ်းသာမဲ့အရေး တွေးနေကြံနေတာ။ ခုတော့ ထမင်းမငတ်နိုင်ရုံအောင် အမိုးပဲ ခုလုပ်ကိုင်ရှာဖွေပေးနော် " တဲ့။ ဒါက ငပျင်းရဲ့လက်သုံးစကားပေါ့။

တစ်နေ့တော့ ဘုရင်ဆီကနေ ကြေငြာသံတစ်ခု လာပါလေရော။ ဒီကြေငြာချက်က လှေကြီးနဲ့ ကုန်ကူးနေတဲ့ လှေကုန်သည်ဆီက ဖြစ်လာတာ။ လှေတွေနဲ့ ကုန်ကူးနေတဲ့ လှေကုန်သည်တွေဟာ သူတို့လှေနဲ့ကူးခတ်နေတုန်း ရေလယ်ခေါင်က ကျွန်းလေးတစ်ကျွန်းကိုတွေ့ပြီး စပ်စုကြည့်တော့

အဲဒီကျွန်းမှာ တောင်အသေးစားတစ်လုံးစာနီးပါးလောက်ရှိတဲ့ ညောင်ပင်ကြီးတစ်ပင်ရှိတယ်။ အဲဒီညောင်ပင်ကို ဘီးလူးတစ်ကောင်က စောင့်တယ်။ ဘီးလူးဆီမှာလည်း စာအုပ်ကြီးတစ်အုပ်ရှိတယ်တဲ့။ အဲဒီစာအုပ်ကို ဖွင့်လိုက်ပြီဆို စာအုပ်ထဲမှာ မြို့ကြီးရေးဆွဲထားတဲ့ပုံတွေ ဘာတွေ ညာတွေ ရှိတာပေါ့လေ။ အဲဒီစာအုပ်က တန်ဖိုးတအားရှိတယ်လို့ ကုန်သယ်တွေက ဘုရင်ကို ပြန်ပြောတာ။

ဘီးလူးဆီက စာအုပ်ဘယ်လိုရှိတာ၊ စာအုပ်ထဲမှာ ဘာပုံတွေပါတာ၊ တန်ဖိုးတအားရှိတာ စတဲ့အကြောင်းတွေကိုတော့ ကုန်သယ်တွေ ဘယ်လိုသိလဲဆိုတာ ပုံပြောဆရာက မရေးထားတော့ မသိဘူး။ နောင်လမ်းကြုံမှပဲ ကုန်သည်ကိုတွေ့ရင် မေးပေးထားမယ်နော်။ ထားတော့ ဆက်ပြောမယ်။

ဘုရင်က အဲလိုလည်းကြားရော စာအုပ်ကို လိုချင်နေတော့တာလေ။ ဒါနဲ့ ဒီစာအုပ်ကို ရအောင်ယူပေးနိုင်သူ အိမ်ရှေ့မင်း ရာထူးပေးအပ်မယ်။ သွားယူမဲ့သူရှိရင် နန်းတော်ကိုလာဆက်သွယ်ဆိုပြီ ကြေငြာသံက မောင်းခတ်ပြီ လာတော့တာပေါ့။

ဒီအသံလည်းကြားရော ငပျင်းက အိပ်ယာထဲကနေ လူးလဲထပြီ

" အမိုး အမိုးကြားလား ကြေညာသံကြားလား "

" ဟဲ့ ငါနားမပင်းဘူး ကြားတယ် "

" အဲဒါပဲ အမိုးရေ အဲဒါပဲ။ သားသွားမယ်။ အမိုးအထုတ်တွေပြင်ထား။ ပြန်လာတဲ့အခါ အမိုး အိမ်ရှေ့မင်းရဲ့ အမေဖြစ်ဖို့လုပ်ထား "

" ဟဲ့ဟဲ့ ပေါက်တီးပေါက်ရှာ။ နင်ဘယ်သွားမှာတုန်း။ ဘာအိမ်ရှေ့မင်းတုန်း "

" ဟာ အမိုးကလည်း။ သားဘီလူးဆီသွားပြီ ဘီလူးဆီက စာအုပ်ကိုယူမယ်လေ။ ပြီရင် ဘုရင်ကိုပေးအပ်။ ဘုရင်က သားကို အိမ်ရှေ့မင်းရာထူးပေး။ အမိုးက အိမ်ရှေ့မင်းသားရဲ့ အမေဖြစ်လေ "

" အမလေးလေး ပြောသွားလိုက်တာ။ ငှက်ပျောသီးအခွံခွါတာထက်ကို လွယ်နေပါလား။ ဒီမှာ ဖိုခွါရေ သွားမဲ့သူမရှိလို့ ခက်ခဲလွန်းလို့ အသက်ကို ဖက်နဲ့ထုတ်ထားရလို့ ခုလိုလိုက်ကြေငြာနေတာ။ သေဖော်သေဘက်ရှာတာ။ အဟုတ်မထင်နဲ့။ စိတ်ကူးကလွယ်တယ်။ လက်တွေ့ကစိတ်ကူးလောက်မလွယ်ဘူး ဖိုခွါရေ "

" အဲဒါကြောင့် လူတွေမချမ်းသာတာအမိုးရာ။ လွယ်နေတဲ့စိတ်ကူးကို စိတ်ကူးယဉ်စရာအဖြစ်ပဲထားတာကိုး။ လက်တွေ့မှ မလုပ်ကြပဲ။ ဘယ်ချမ်းသာပါ့မလဲ။ ထောင်မြင်ရင် ရာစွန့်တဲ့။ ဒီလောက်ကောင်းတဲ့အခွင့်အရေး သားလက်လွတ်မခံနိုင်ဘူး အမိုးရေ။ သားနန်းတော်ဆီသွားပြီး ဘုရင်ကြီးကို သွားတွေ့မယ်။ ပြီရင် ဘီလူးဆီကို ခရီးထွက်မယ်။ အမိုးဒီကနေပဲစောင့်နေနော် " ဆိုပြီ ငပျင်းက သူ့အမိုးကို ရှိခိုးပြီ ဘုရင်ကြီးကို သွားတွေ့တော့တာပဲ

ငပျင်းရဲ့အဖြစ်က

သေချင်တဲ့ကျားမို့ တောပြောင်းတာလား

ထောင်မြင်လို့ ရာစွန့်ခဲ့တာလား

ဘယ်လိုဆက်ဖြစ်မလဲ။ ဆက်ပြီ နားထောင်ကြည့်ပေါ့။

ဘုရင်ဆီရောက်သွားတော့ သူလိုချင်တဲ့ ပစ္စည်းတွေကို ဘုရင်ဆီတောင်းတယ်။ တောင်းတာကလည်း များများစားစားမဟုတ်ဘူး။ လှေတစ်စီး၊ နောက် လှေထိုးသား၊ သူအတွက် ဝေယျာဝေစ္စ ကူဖော်ကူဖက်လုပ်ပေးမဲ့သူနဲ့ စားစရာသောက်စရာတွေပေါ့။

အားလုံးရလာတော့ ခရီးစထွက်တော့တာပဲ။ တစ်ရက်ပြီးတစ်ရက် သွားလိုက်တာ သူတို့သွားချင်တဲ့ ဘီလူးရှိတဲ့နေရာမရောက်သေးဘူး။ တစ်ရက်ကနေ နှစ်ရက်၊ နှစ်ရက်ကနေ သုံးရက် ငပျင်းကတော့ အေးဆေးပဲ။

" ဟေ ဟိုကောင် ပလံကူး လာစမ်းကွာ။ ငါ့ကို ရေနွေးတစ်ခွက်လောက် ငှဲ့ပေးစမ်းပါ "

" ထလူးသာ ငါ့ခြေထောက်ကို နှိပ်ပေးပါအုံး "

" အင်း ယမ်းဆိုင်သာရေ နေရင်းနဲ့ခံတွင်းချဉ်လာလို့ကွာ။ ကွမ်းတစ်ယာလောက်ယာစမ်းပါ "

ခုမှ ငပျင်းဟန်ကျနေတော့တာ။ အိမ်မှာနေတုန်းက အမေတစ်ယောက်ထဲ သူ့ဝေယျာဝေစ္စကို လုပ်ပေးတာလေ။ ခုတော့ အားပါးပါး ဘာမှလိုလေသေးမရှိ။ လုပ်ပေးမဲ့သူတွေက အဆင်သင့်ကိုး။ မလုပ်ပေးလို့မှမရတာ။ ဘုရင်က ငပျင်း ခိုင်းတာမှန်သမျှ အကုန်လုပ်ပေး လို့ တစ်ချက်လွတ်အမိန့်ပေးထားခဲ့တာလေ။

၇ ရက်မြောက်နေ့ရောက်တော့ မြစ်ထဲမှာ သောင်ထွန်းနေတဲ့ ကုန်းလေးတစ်ကုန်းကို တွေ့တာနဲ့ ငပျင်းက အဲဒီကုန်းပေါ်ကို လှေရပ်ခိုင်းလိုက်ပြီ သူကိုယ်တိုင်ပဲ လှေပေါ်ကဆင်း၊ ကုန်းပေါ်ကို တက်တာပေါ့။ ဘယ်သူ့ကိုမှမခေါ်ဘူး။ နောက်လိုက်တွေလည်း မလိုက်ချင်ဘူး။

တော်ကြာ ဘီလူးနဲ့တွေ့မှ သေနေမယ်။ လှေပေါ်ကပဲ အရိပ်အကဲကြည့်ပြီ အခြေမဟန်ရင် ပြေးလို့ရအောင် စောင့်မယ်ဆိုပြီ အဆင်သင့်ပြင်ထားတာ။

ငပျင်းက သောင်ပေါ်မှာ ဟိုကြည့် ဒီကြည့် ကြည့်ရင်း တစ်နေရာမှာ ဒဏ်ရာရနေတဲ့ ငါးတစ်ကောင်ကိုတွေ့တယ်။



" ဒီငါးတော်တော်ကံကောင်းတယ်။ ငါနဲ့မတွေ့ရင်သေမှာပဲ " လို့ ငပျင်းက ရေရွတ်လိုက်ပြီ လှေပေါ်ကလူတွေကို လှမ်းခေါ်လိုက်တယ်။

" လာကြအုံးဟေ့၊ ဒီမှာ ငါးတစ်ကောင်ဒဏ်ရာရထားတယ်။ အဲဒါထမ်းပြီး လှေပေါ်တင်လိုက်စမ်းကွာ "

လှေပေါ်ကလူတွေလည်း ပြေးဆင်းလာတယ်။ ငါးကိုလှေပေါ်ထမ်းတင်သွားတယ်။

" ဟန်တော့ကျပြီ ဒီနေ့တော့ ငါးဟင်း စားရပြီး " လို့ တစ်ယောက်ကပြောတာကို ငပျင်းက ကြားတော့

" စားဖို့လှေပေါ်တင်ခိုင်းတာမဟုတ်ဘူး။ ဒဏ်ရာကို ဆေးထည့်ပေးဖို့ လှေပေါ်တင်ခိုင်းတာ သူ့ဒဏ်ရာကို သေချာဆေးကြောပေးပြီ ဆေးထည့်ပေးလိုက်ကွာ လို့ ပြောလိုက်တယ်။

လှေပေါ်ကလူတွေလည်း ငါးကို ပေစောင်းပေစောင်းကြည့်လိုက် ငပျင်းကို ကြည့်လိုက်နဲ့ ခုမှသူတော်ကောင်းကြီးနဲ့ လာတွေ့ရတယ်လို့ သူတို့စိတ်ထဲမှာ ပြောနေပါလိမ့်မယ်။

ဆက်သွားတဲ့အခါ နောက်နေ့မှာလည်း သောင်ထွန်းနေတဲ့ကုန်းကို တွေ့ပြန်တယ်။ ခါတိုင်းလိုပဲ ငပျင်းက တစ်ယောက်ထဲတက်သွားတယ်။ ဒီတစ်ခါ ဒဏ်ရာရနေတဲ့ မိကျောင်းကို သူတွေ့တာ။ မိကျောင်းကိုလည်း လှေပေါ်ဆယ်တင်ခိုင်းပြီး ဆေးကုပေးတယ်။

ဒဏ်ရာတွေသက်သာလာတဲ့အခါ ငါးရော မိကျောင်းရော နှစ်ကောင်လုံးကို ရေပေါ်ချပြီ

" မင်းတို့အလိုရှိရာ စိတ်ချမ်းသာစရာ မင်းတို့နေရာဆီသွားကြတော့ " ဆိုပြီ လွတ်လိုက်တာ။ ဒါပေမဲ့ ငါးနဲ့ မိကျောင်းက မသွားသေးပဲ ငပျင်းကို လှမ်းပြောတယ်

" ကျေးဇူးရှင်ရေ မင်းကယ်လို့ မင်းပေးတဲ့အသက်နဲ့ ငါတို့အသက်ရှင်ခွင့်ရသွားပြီး။ ဒီအတွက် အထူးပဲကျေးဇူးတင်ပါတယ်။ တကယ်လို့ ကူညီခွင့်ရဖို့ အခွင့်အလမ်းကြုံခဲ့မယ်ဆို အခက်အခဲရှိလာရင် ငါတို့ကို တမ်းတလိုက်ပါ " လို့ ပြောပြီးမှ ငါးနဲ့ မိကျောင်းက ရေထဲကို ငုတ်သွားတော့တယ်တဲ့၊

ငါးနဲ့မိကျောင်း စကားပြောတတ်လားလို့ အဓွန့်တက်မနေနဲ့အုံး။ စကားပြောတတ် မပြောတတ် ကာတွန်းကားအမြဲကြည့်တဲ့ ကလေးတွေကို မေးကြည့်ပေါ့ကွယ်။

ဒီလိုဆက်သွားရင်း ဆယ်ရက်မြောက်မှာ ကျွန်းတစ်ကျွန်းကို တွေ့ပါရော။ ဒီကျွန်းကတော်တော်ကြီးတယ်။ သစ်ပင်တွေ ပန်းပင်တွေ မြက်ပင်တွေနဲ့ ဘီလူးနေတဲ့ကျွန်း ဖြစ်နိုင်တယ်လို့တွေးတယ်။ တကယ်လို့ ဘီလူးနေတဲ့ကျွန်းမဟုတ်ရင်လည်း လိုအပ်တဲ့ရိက္ခာတွေ ထပ်တင်ပြီ ခရီးဆက်မယ်လို့ စိတ်ကူးပြီ လှေကို အဲဒီကျွန်းဆီရပ်ခိုင်းလိုက်တယ်။

လှေရပ်တဲ့အခါ ကျွန်းပေါ်ကို ငပျင်းတစ်ယောက်ထဲ အရင်ဆင်းသွားပြီ သူအချက်ပြမှ ကျွန်းပေါ်ကို လိုက်လာခဲ့ပါလို့ လူတွေကို မှာကြားထားခဲ့တယ်။ သူတို့ကျွန်းကို ရောက်သွားချိန်ဟာ နေ့လည်မွန်းတည့်အချိန်ပဲ။

ငပျင်းဟာ ကျွန်းကိုလှည့်ပတ်ကြည့်ရင်း မမျှော်လင့်ပဲ သာယာလှပပြီ ပန်းတွေနဲ့ဝေဆာလှတဲ့ ဥယျာဉ်တစ်ခုကို တအံ့တဩတွေ့လိုက်ရတော့တယ်။ ဥယျာဉ်ရဲ့အလယ်မှာတော့ အိမ်လေးတစ်လုံးပေါ့။

အိမ်ထဲကို သူချည်းကပ်သွားတယ်။ အိမ်ထဲမှာ ဘယ်သူရှိမလဲ။ ရန်သူဖြစ်မလား၊ မိတ်ဆွေဖြစ်မလား။ လူမနီးသူမနီး ဘယ်သူမှမရှိတဲ့ ဒီကျွန်းလေးမှာ ဥယျာဉ်က ဘာလို့ရှိနေရတာလဲ။ တွေးရင်း တွေးရင်း အိမ်တံခါးကို တိုးဖွင့်ပြီ ဝင်သွားလိုက်တဲ့အခါ ငပျင်းတစ်ယောက် အသက်ရှူရပ်မတက်ဖြစ်သွားပါတော့တယ်။

ငပျင်းတွေ့လိုက်ရတာကတော့ လဲလျောင်းအိပ်စက်နေတဲ့ မိန်းကလေးတစ်ဦးပါပဲ။

ဒီလောက်လှပတဲ့ မိန်းကလေးကို သူ့ဘဝတစ်သက်မှာ မမြင်ဖူးဘူး။ အိပ်စက်နေတာလေးက အရမ်းတော်တဲ့ ပန်းချီဆရာတစ်ဦးရဲ့ လက်ရာလေးတစ်ခုလို ငေးမောကြည့်လို့ မဝအောင် ဖြစ်ရတယ်တဲ့။

" သူရဲကောင်းတို့ပြောဘူးတဲ့စကား

ရန်သူထောင်ချီ ရင်ဆိုင်တွေ့လည်း

တုန်လှုပ်ခြောက်ခြား မဖြစ်မိပါ

အားအင်နွဲ့လျှ မိန်းမလှကြောင့်

ကြက်သီးဖျန်းဖျန်း ထရသည် " ဆိုသလိုလား။

ငပျင်းအတွက် မိန်းမလေးတစ်ယောက်ကို မြင်မိတာကြောင့် ရင်ထဲက တုန်လှုပ်မှု ကြက်သီးထမှုတွေ ဖြစ်ခဲ့ရတယ်။

မိန်းကလေးအနားကို တိုးကပ်သွားချိန်မှာတော့ သူထင်သလို မိန်းကလေးဟာ အိပ်စက်နေတာ မဟုတ်ပဲ သေနေတာကို တွေ့လိုက်ရတယ်တဲ့။

အိုး မိန်းကလေးရယ် မင်းငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလို့သေရတာလဲ။ မင်းရဲ့ မိဘဆွေမျိုးတွေလည်း တစ်ယောက်မှ မတွေ့ရပါလား။ လူသားစစ်စစ်မှဟုတ်ရဲ့လား။ သူယောင်မယ်လား၊ နတ်သမီးလား။ ငပျင်းရဲ့အတွေးမှာ ပလုံစီ။ တကယ်သေတာဟုတ်မဟုတ် နှာခေါင်းနား လက်ကလေးတို့ထိတာတောင် လေရှူထုတ်သွင်းသံကို မရတော့ပေမဲ့ မိန်းကလေးရဲ့ ကိုယ်သင်းနံ့လေးက မွေးပျံ့နေဆဲ။

ဟိုဟိုဒီဒီ သူကြည့်လိုက်တော့ မိန်းကလေးရဲ့အနားမှာ ဒုတ်ကလေးတစ်ချောင်း။ ဒုတ်ပေါ်မှာ " လစ်ချေသိ လစ်ချေမန့် " လို့ ရေးထားတယ်။

" လစ်ချေသိ လစ်ချေမန့်၊ လစ်ချေသိ လစ်ချေမန့် "

ငပျင်းတိုးတိုးလေးရေရွတ်ရင်း ဒုတ်လေးကို ယူလိုက်တယ်။ ဒီဒုတ်ဟာ လူသေ လူရှင် ဒုတ်လေးပါလား။ သေသူကို ရှင်စေ၊ ရှင်သူကို သေစေ ဒုတ်ပါလား။ ဒုတ်လေးရဲ့ အရင်းနဲ့အဖျားမှာ အရင်းနဲ့ထိုးရင် ရှင်နေသူက ချက်ချင်းသေပြီ၊ ဒုတ်ရဲ့ အဖျားနဲ့ထိုးလိုက်တဲ့အခါ သေတဲ့သူက အသက်ပြန်ရှင်စေနိုင်တယ်တဲ့။

အစွမ်းထက်လိုက်တဲ့ဒုတ် ဟုတ်မဟုတ် လက်တွေ့စမ်းရအောင်။ ဒုတ်ကလေးကို ယူပြီ သေသူကို ရှင်စေဘက်ကနေပြီ မိန်းကလေးကို တို့ထိလိုက်တဲ့အခါ သေနေတဲ့ မိန်းကလေးဟာ လူးလွန့်လာပြီ အသက်ရှင် ထလာပါတော့တယ်။

" ဟင် နင် နင် ဘယ်သူလဲ။ ဘယ်လိုလုပ် ငါ့အနားကို ရောက်လာရတာလဲ "

တအံ့တဩနဲ့ မိန်းကလေးက ငပျင်းကို မေးပါတယ်။

ငပျင်းက မဖြေပဲ မိန်းကလေးကိုပဲ မေးခွန်းတွေ ပြန်မေးမိတယ်။

" မိန်းကလေး မင်းဘယ်သူလဲ။ ဘာကြောင့် ဒီမှာတစ်ယောက်ထဲ မင်းနေရတာလဲ။ ငါလာတဲ့အချိန် မင်းသေနေလို့ ဒီ ရှင်စေ သေစေ ဒုတ်နဲ့ တို့ထိလိုက်လို့ မင်းရှင်လာတာပါ "

" ငါလား၊ ငါက ဘုရင်တစ်ပါးရဲ့သမီးပါ။ ငါငယ်ငယ်ထဲက စုန်းမကြီးက ငါ့ကို ခိုးလာပြီ ဒီမှာထားတာ။ သမီးအဖြစ်မွေးထားတာ။ သူစားစရာ သောက်စရာ ထွက်ရှာတဲ့အခါ ငါပျင်းမှာစိုးလို့၊ ငါထွက်ပြေးမှာစိုးလို့ ဒီဒုတ်နဲ့ထိုးပြီ ငါ့ကိုသေခိုင်းတယ်။ သူပြန်လာမှ ငါ့ကိုရှင်စေတာ။ နင်ကကော ဒီကို ဘယ်လိုရောက်လာတာလဲ "

" ငါက ဘီလူးဆီက ထူးဆန်းတဲ့ စာအုပ်ကို ယူဖို့လာတာ။ ခုထိ ဘီလူးဆီကို ငါမရောက်သေးဘူး။ ဘီးလူးရှိတဲ့ကျွန်းကို ငါရှာနေတုန်းပဲ "

" ဘီလူးဆီက ထူးဆန်းတဲ့စာအုပ် ဟုတ်လား။ ငါကြားဖူးတယ်။ စုန်းမကြီးပြောတာ ကြားဖူးတယ် "

" တကယ်၊ ပြောစမ်းပါဟာ။ ဘီလူးက ဘယ်မှာရှိတာလဲ။ စာအုပ်ကို ဘယ်လိုယူရမလဲ။ မင်းသိရင်ပြောစမ်းပါ "

" ဒီကနေ အနောက်စူးစူးဘက်ကို နင်ဆက်သွားရင် သုံးရက်လောက်အကြာမှာ ကျွန်းတစ်ကျွန်းတွေ့လိမ့်မယ်။ အဝေးကနေကြည့်ရင် ညို့ညို့မှိုင်းမှိုင်းနဲ့ တောင်တစ်လုံးနီးပါးလောက်ရှိတဲ့ ညောင်ပင်တစ်ပင်ကို တွေ့ရမယ်။ အဲဒီညောင်ပင်ပေါ်မှာ ဘီးလူးကနေတာ "

" နေ့လည်ဘက်ဆို ဘီလူးဟာ ညောင်ကိုင်းတစ်ခုပေါ်မှာ စာအုပ်ကို ခေါင်းအုံး အုံးပြီ အိပ်တာ။ ညဘက်ရောက်တဲ့အခါမှ စာအုပ်ကိုဖွင့်၊ စာအုပ်ထဲက နတ်သမီးတွေနဲ့ပျော်ပါး၊ စားစရာသောက်စရာတွေနဲ့ စည်းစိမ်ယစ်ပြီးနေတာ "

" နင်တကယ်လို့ စာအုပ်ကိုလိုချင်ရင် နေ့လည်ဘက် ဘီးလူးအိပ်တဲ့အခါ သူအုံးတဲ့စာအုပ်ကိုယူပြီ စာအုပ်အစား တခြားတစ်ခုခု ထားလိုက်ပါ။ ပြီးရင် နင်ပြန်ပြေးလာတော့။ နင်ပြန်ပြေးလာတဲ့အချိန် ဘီလူးနိုးလာခဲ့ရင် ဘီလူးက နင်ပြေးလို့မရအောင် မြေကြီးရှုံ့ထားလိမ့်မယ်။ နင်ဘယ်လိုပြေးပြေး လှေကြီးဆီကို မရောက်တော့ပါဘူး။ အဲဒီခါကျရင် နင်ဒီဆေးလုံးကို ဘီလူးဘက်လှည့်ပြီ မြေကြီးပေါ်ကို ပစ်ချလိုက်ပါ။ မြေကြီးက ကွဲအက်ပြီ မြစ်ကြီးပေါ်လာလိမ့်မယ် ဒါဆို ဘီလူးနင့်ကို ပြေးလိုက်လို့မရတော့ဘူး "

" ကျေးဇူးတင်လိုက်တာဟာ။ ဒါနဲ့ နင်ဒီမှာနေရတာ ပျော်ရဲ့လား။ နင့်မိဘဆီ မပြန်ချင်ဘူးလား "

" ငါ ငါလေ၊ နင် ဒီမှာတစ်ယောက်ထဲနေရတာကို သနားတယ်ဟာ။ မမြင်ရက်ဘူး။ ငါစာအုပ်ယူပြီ ပြန်လာတဲ့အခါ နင့်ကိုငါခေါ်သွားချင်တယ်။ ငါ့နောက်ကို လိုက်မလားဟင် ''

" နင်ဘယ်လိုပြောလိုက်တာလဲ။ နေ့စဉ်နေ့တိုင်း ငါမိဘတွေကို လွမ်းဆွတ်လို့ ငိုနေရတာ ဒီမှာနေရတာ ပျော်မလား တွေးကြည့်ပါကွယ်။ ငါဒီကနေ လွတ်မြောက်ချင်နေပြီ။ နင်ပြန်တဲ့အခါ ငါ့ကို ခေါ်သွားပါ။ လူတွေရှိတဲ့နေရာကိုပေါ့။ တစ်ယောက်ထဲ အထီးကျန်ဆန်လာခဲ့တာလည်း လွတ်မြောက်ဖို့အချိန်တန်ပြီ ထင်ပါတယ် "

" ငါကတိပေးတယ်။ ဘီလူးဆီက ငါစာအုပ်ယူပြီတဲ့အခါ နင့်ကို ငါဝင်ခေါ်မယ်နော်။ ငါ့ကိုစောင့်နေပါနော်။ ငါသွားတော့မယ် "

" နင်ပြန်လာခေါ်မဲ့ရက်ကို ငါမျှော်နေမယ်။ ခုတော့ စုန်းမကြီးမရိပ်မိအောင် ငါ့ကို သေအောင် ပြန်လုပ်ပေးနော် "

သူတို့နှစ်ဦးဟာ ခနတာ တွေ့ရပေမဲ့ တဒင်္ဂအတွင်းမှာပဲ သံယောဇဉ်တွယ်သွားတာ။ ခွဲရမှာတောင် မခွဲချင်ပေမဲ့ လုပ်စရာမပြီသေးတာကြောင့် ငပျင်းဟာ မိန်းကလေးကို သေစေ ဘက်ခြမ်းက ဒုတ်ကလေးနဲ့ တို့လိုက်တဲ့အခါ မိန်းကလေးလည်း တစ်ခါသေသွားရပါတော့တယ်။

ငပျင်းက ဘီလူးဆီကို ဆက်ထွက်လာတယ်။ သုံးရက်အကြာမှာပဲ ဘီလူးနေရာကျွန်းကို ရောက်ပါတယ်။ ဒါပေမဲ့လို့ ငပျင်းက ကျွန်းပေါ်ကို တက်မသွားသေးပါဘူး။ သူ့လူတွေကိုခေါ်ပြီ နေ့လည်အချိန်မှာ ကျွန်းပေါ်ကို တက်မယ်။ ခပ်လှမ်းလှမ်းကနေ စောင့်နေ။ ဘီလူးအခြေအနေကြည့်ပြီ ဘီလူးဆီသွားမယ်လို့ ပြောပါတယ်။

နေ့လည်မွန်းတက်ချိန်လောက်မှာ ငပျင်းနဲ့ သူ့လူတွေဟာ ကျွန်းပေါ်ကိုတက်လာပြီ ညောင်ပင်ကြီးဆီ ချဉ်းကပ်ပါတယ်။ ဘီလူးကတော့ စာအုပ်ကို ခေါင်းအုံး အုံးပြီ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေပါပြီ။ ငပျင်းဟာ သေတ္တာတစ်လုံးယူဆောင်ပြီ ညောင်ပင်ပေါ်ကို တက်ပါတယ်။ ဘီလူးအိပ်တဲ့ညောင်ကိုင်းဆီသွားပြီ စာအုပ်ကိုယူ၊ စာအုပ်အစား သေတ္တာကို အစားထိုးကာ ညောင်ပင်ပေါ်ကနေ အမြန်ပြေးဆင်းလာပြီ လှေကြီးဆီ ပြန်ပြေးပါတော့တယ်။

လှေကြီးဆီ မရောက်သေးခင်မှာပဲ ဘီလူးကြီး နိုးလာပါတယ်။ ငပျင်းတို့မပြေးနိုင်အောင် မြေကြီးကို ရှုံ့ဖို့ လုပ်ပေမဲ့ ငပျင်းက မိန်းကလေးပေးလိုက်တဲ့ ဆေးလုံးကို ဘီလူးဆီလှည့်ပြီ မြေကြီးပေါ် ပစ်ချလိုက်တာကြောင့် မြေကြီးဟာ ကွဲအက်ပြီ မြစ်ဖြစ်သွားလို့ ဘီးလူးဆက်မလိုက်နိုင်တော့ပဲ ငပျင်းတို့ ဘေးကင်းစွာ ပြန်ထွက်လာနိုင်ခဲ့ပါတော့တယ်။

ငပျင်းဟာ သူ့ကတိအတိုင်း မိန်းကလေးကို ဝင်ခေါ်ပြီ ပြန်လာခဲ့ပါတယ်။ လှေကြီးပေါ်မှာပဲ မိန်းကလေးနဲ့ ချစ်သူဖြစ်သွားပါတယ်။ ဒါပေမဲ့လို့ စာအုပ်ရရင် အိမ်ရှေ့မင်းဖြစ်မယ်ဆိုတာ သိတဲ့ ငပျင်းနဲ့လိုက်ပါလာတဲ့ အမတ်တစ်ယောက်ဟာ အိမ်ရှေ့မင်း ဖြစ်လိုတာကြောင့် သူ့ရဲ့လူယုံတပည့်တွေနဲ့ တိုင်ပင်ပြီ ငပျင်းတစ်ယောက်ထဲ ရှိတဲ့ချိန် ငပျင်းကို ဝိုင်းဖမ်းချုပ်ပြီ လှေကြီးပေါ်ကနေ မြစ်ထဲကို ပစ်ချလိုက်ပါတော့တယ်။

ကူရာမဲ့နေတဲ့ငပျင်းသေပြီပေါ့။ ရေနစ်နေတဲ့ငပျင်း အားကိုးရာရှာ ဘာမှမမြင်ဘူး။ ကောက်ရိုးတစ်မြင်တောင်မတွေ့ရ။ မျက်လုံးထဲမှာ အမိုးပုံရိပ်၊ မိန်းကလေးပုံရိပ် ရစ်ဝဲရင်း မူးမေ့ခါနီးလေးမှာပဲ ငါးနဲ့မိကျောင်းကို သတိယမိလို့ ငါးနဲ့ မိချောင်းနာမည်ကို ရေရွတ်ရင်း ရေထဲစုန်စုန် နစ်မြုတ်သွားရှာပါတော့တယ်။

မိကျောင်းနဲ့ငါးဟာ သူတို့ရဲ့ကျေးဇူးရှင် သူတို့နာမည်ကို တ လိုက်တာကို ကြားမိတယ်ဆိုပဲ အလျှင်အမြန်နဲ့ ကူးခပ်လာပြီ ငပျင်းကို ကုန်းစပ်ပေါ်သယ်သွားပါတယ်။ ဒါပေမဲ့လို့ ငပျင်းက ရေနစ်လို့ သေနေပြီလေ။

ဘယ်လိုလုပ်ရမလဲ။ သူတို့ရဲ့ကျေးဇူးရှင်၊ သူတို့အသက်ကို ကယ်ခဲ့သူ၊ ခုသူအသက်ကို မကယ်နိုင်ပဲ ပစ်သွားရမလား။ ဟင့်အင်း မရရအောင် ပြန်ကယ်မယ်။ အသက်ရှင်အောင် ပြန်လုပ်မယ်။ မသေဆေး၊ သေသူကို ရှင်အောင်လုပ်နိုင်တဲ့ဆေး ဘယ်မှာရှိမလဲ။ ရှာစမ်း တွေးစမ်း စဉ်းစားစမ်း။ မိကျောင်းနဲ့ငါး ခေါင်းချင်းဆိုင်ရင်း တိုင်ပင်တုန်း မိကျောင်းက

" ဟုတ်ပြီ၊ ငါသိပြီ သူငယ်ချင်း။ မင်းကရေကူးမြန်တယ်။ ပင်လယ်အောက်မှာ " လုံမေ့သာချ " လို့ခေါ်တဲ့ ကျောက်တုံး နှစ်တုံးရှိတယ်။ ဒီကျောက်တုံး နှစ်တုံး အချင်းချင်း ပွတ်တိုက်ပြီနေတယ်။ သူတို့ပွတ်တိုက်တာကြောင့် ရေထဲမှာဖြစ်ပေမဲ့ မီးတောင်ပွင့်တယ်တဲ့။ အဲဒီကျောက်တုံး နှစ်တုံးကြားက ရေဟာ သေသူကို ပက်ဖျန်းရင် အသက်ပြန်ပြီရှင်တယ်လို့ ကြားရတယ်။ အဲဒီရေကို မင်းသွားယူကွာ " လို့ ပြောတော့ ငါးကလည်း ချက်ချင်းပဲ သွားပါတော့တယ်။

ကံကောင်းတာက ငါးရောက်သွားချိန်မှာ ကျောက်တုံးနှစ်တုံးက ငြိမ်နေတာနဲ့ တိုးတာနဲ့ ကျောက်တုံးနှစ်တုံးကြားကရေကို ပါးစပ်နဲ့ ငုံပြီ ပြန်ထွက်လာတဲ့အခါ ကျောက်တုံးနှစ်တုံးက အချင်းချင်း ပြန်ပွတ်နေလို့ ငါးရဲ့အမြီးက မလွတ်ပဲ ကျောက်တုံးနှစ်တုံးကြား ညပ်သွားလို့ ငါးအမြီးဟာ အနီကွက်လေး ထင်ကျန်ရစ်ခဲ့တယ်တဲ့။ အဲချိန်ကစပြီ အဲဒီငါးရဲ့မျိုးဆက်တွေအားလုံးဟာ အမြီးမှာ အနီကွက်လေးနဲ့ ဖြစ်တော့တာပဲလို့ဆိုပါတယ်။ ကရင်လိုတော့ အဲဒီငါးကို " ယာဒေါင်း ယားဒွန် " လို့ခေါ်ကြပါတယ်။

ငါးဟာ ရေကိုယူဆောင်လာပြီ ငပျင်းရဲ့ ကိုယ်ပေါ်ကို ဖျန်းလိုက်တယ်ဆို ငပျင်းကသေတာကနေ ပြန်ရှင်လာပါတော့တယ်။

အသက်သေရာက ရှင်လာတဲ့ငပျင်းကို မိကျောင်းက ကျောပေါ်တင်ပြီ သူနေတဲ့ မြို့ဆိပ်ကမ်းရောက်တဲ့အထိ ပို့ပေးပါတယ်။ ငပျင်းဟာ ပြန်ရောက်တဲ့အခါ ဘုရင်ကို အကျိုးအကြောင်းပြောပြတော့ ဘုရင်လည်း ငပျင်းကိုလုပ်ကြံတဲ့အမတ်ကို သေဒဏ်ပေးပြီ ငပျင်းကို အိမ်ရှေ့မင်းသာအဖြစ်ပေးအပ်သလို ကျွန်းပေါ်မှာတွေ့ခဲ့တဲ့ မိန်းကလေးဟာလည်း ဘုရင်ကြီးရဲ့ ငယ်ငယ်က ပျောက်ဆုံးသွားတဲ့ သမီးတော် ဖြစ်တာကြောင့် ဘုရင်က ငပျင်းကို သမီးနဲ့ ပေးစားလိုက်ပါတယ်။

အဲဒီနောက်မှာ ငပျင်းဟာ ဘုရင်ဖြစ်လာတဲ့အခါ မြို့သူမြို့သား ရွာသူရွာသားတွေကို အကုန်ခေါ်ပြီ စာအုပ်ကို ယူကာ လူသူမနီးတဲ့နေရာရောက်တဲ့အခါ စာအုပ်ကို ဖွင့်လို့ စာအုပ်ထဲက ကြီးကျယ်တဲ့ မြို့တော်ထဲမှာပဲ နေထိုင်ကြပါတော့တယ်တဲ့။

အဲဒီကစပြီ မူလ မြို့နိုင်ငံကလည်း ပျောက်ချင်းမလှပျောက်သွားပြီ ခုတိုင် လူတွေ ရှာတွေ့လို့ မရတော့ဘူးလို့ ဆိုပါတယ်။

ပုံပြင်ကဆုံးသွားပါပြီ။ ပုံပြင်ဆုံးသွားပေမဲ့ ဘုရင်ငပျင်းပြောင်းရွှေ့သွားတဲ့ စာအုပ်ထဲက မြို့တော်ဟာ ဘယ်မှာရှိမလဲလို့ မေးစရာရှိလာပါတယ်။

ဒါနဲ့ပါတ်သက်ပြီ ယခုထိ ကရင်လူကြီးတစ်ချို့ဟာ ကော့ကရိတ်မြို့ရဲ့ မိုင်လေးဆယ်လောက်အကွာ ကရင်ပြည်နယ်ထဲက အမြင့်ဆုံးတောင်ဖြစ်တဲ့ မုလအိတောင်ပေါ်ကနေ တက်ကြည့်လျှင် တစ်ချို့ကံထူးတဲ့သူတွေဟာ ဝေးလံလှတဲ့ တောင်ခြေတစ်ခုရဲ့ တောင်ကြားမှာ ရေးရေးသာ မြင်ရတဲ့ ကြက်ပျံမကျ စည်ကားလှတဲ့ မြို့ကြီးတစ်မြို့ကို တွေ့ရတတ်ပါတယ်လို့ ဆိုလေ့ရှိပါတယ်။ အဲဒီမြို့ဟာ ဘုရင်ငပျင်းရဲ့ စာအုပ်ထဲက မြို့တော်ဖြစ်တယ်လို့ ယူဆကြပါတယ်။

စာအုပ်ထဲက မြို့တော်ကို အဲဒီမှာရှိကြတဲ့ ကရင်တွေက " ဒုံထရောက် " လို့ ခေါ်လေ့ရှိကြပါတော့တယ်။

ငပျင်းကို ကရင်လို ဖကြုံး စကျော် လို့ ခေါ်ကြပါတယ်။

အမျိုးများအားလုံးကျန်းမာချမ်းသာကြပါစေ။

လူထုဦးလှရေး ကရင်ပုံပြင်စာအုပ်မှ ဖကြုံး ပုံပြင်ကို ပြောပြခြင်း ဖြစ်ပါသည်။

လွန်ခဲ့သည့် ဆယ်နှစ်ဝန်းကျင်ကရေးခဲ့သော
ပုံပြင်ဖြစ်ပါသည်။

ကျတော် ဘာကရင်လဲ*********************ကျတော်ဘာကရင်လဲဒီအမေးကို ဖြေပေးဖို့က မိဘတွေ ပြန်မေးခိုင်းပါတလိုင်းကရင် မွန်ကရင် လို့ ...
27/01/2026

ကျတော် ဘာကရင်လဲ
*********************
ကျတော်ဘာကရင်လဲ
ဒီအမေးကို ဖြေပေးဖို့က
မိဘတွေ ပြန်မေးခိုင်းပါ
တလိုင်းကရင် မွန်ကရင် လို့ မိဘများဖြေပါက
ပိုးကရင်ဟု မှတ်ပါ
ဗမာကရင် ဟု ပြောပါက စကောကရင်ဟု မှတ်ပါ

ပိုးကရင် စကောကရင် ဟု တွယ်ကျယ်လာသည်က
နှစ်အားဖြင့် မကြာသေးပါ
အသက်ခြောက်ဆယ်ကျော် အထက်
ကရင်လူကြီးများကို မေးကြည့်လျင်ပင်
အများစုက တလိုင်းကရင် မွန်ကရင် ဗမာကရင်ဟုသာ
ဖြေလေ့ရှိပါသည်။

ဘယ်ကြောင့်ဆိုသော်
‌‌ရှေးကရင်အများစု က မိမိကိုယ်ကို
ဖလုံး ဖလုံ ပွာကညော ရှောင် မို့ထိပ် ဖထိပ် ဟုသာ
သုံးနုန်းကြသောကြောင့်ဖြစ်ပါသည်။

ထိုသို့သုံးနုန်းနေသည်ကို ဘာကရင်လည်းဟု
ဗမာလိုမေးလာသည့်ခါ တခြားလူမျိုးများ ခေါ်သံကို
လိုက်ပီး တလိုင်းကရင် ဗမာကရင် ဟုသာ နားလည်သလို ဖြေခြင်းသာ ဖြစ်ပါသည်။

ထို့ကြောင့် ငါဘာကရင်လည်း မေးလာခဲ့လျင်
ပိုးကရင် စကောကရင် ခွဲခြားနိုင်ရန်
လူကြီးများကို ပြန်မေးခိုင်းပြီး အထက်ပါအတိုင်း အတည်ပြုပေးလို့ရပါသည်။

အမျိုးများအားလုံးကျန်းမာချမ်းသာကြပါစေ။

ကရင်စကား တကယ်ပြောတတ်လိုသော်**************************************ဟဲလို မန်း သမီးအားပြီးမွဲ ယခေါင်ယုတ် စပွီးယသပ်မားဒိတ်ယခ...
25/01/2026

ကရင်စကား တကယ်ပြောတတ်လိုသော်
**************************************
ဟဲလို မန်း သမီးအားပြီး
မွဲ ယခေါင်ယုတ်
စပွီးယသပ်မားဒိတ်
ယခို့သွေလန်းအာမတ်
လားလုပ်ရောယကစိုင်လန်ဝိပ်စမား
ယမားနောင်းလိုင်းအေ့
ဝိုက်စောင်းရေ ယမောင်ဘာနား ယကသီလော်
ယမို့အောင်လေ နဝီလပ်ဖောင်း
ယအန်မင်းအွီအေ့
ယသွာဆာ
ယမေ့ခိတ်သောင်

ဖုန်းလာသည်နှင့် ပါးစပ်ထဲရှိရာ ကရင်စကားကိုပြောသည် ပြောသည့်အတိုင်းလိုက်ပြောခိုင်းသည်
ဘာပြောမှန်းလည်းသူမသိ မမေးနဲ့ ပြောသည့်အတိုင်းလိုက်ပြောဆို၍ မဝံ့မရဲ လိုက်ပြောသည်

တစ်ရက်က နှစ်ရက် နှစ်ရက်က သုံးရက်
တစ်ပတ်လောက်ကြာသောအခါ
လိုက်ပြောခိုင်းသော စကားတွေက
နားထောင်လို့ အဆင်ပြေလာသည်
ထိုမှစ နှစ်လနီးပါး ကြာသောအခါ

မန်းရေ သမီးက ကရင်မဟုတ်ဘူး အညာသူစစ်စစ် အညာသူလေးပါ သမီးကောင်လေးက ကရင်မို့
ကရင်စကားသင်နေတာပါ ခု သမီးကောင်လေးနဲ့
ကရင်လို ပြောလို့ရပြီး မန်းကို ကျေးဇူးတအားတင်တယ်
တစ်နေ့ကျ သမီးကောင်လေးနဲ့အတူ မန်းဆီ လာခဲ့မယ်နော်
( ဤပို့စ်ကို မြင်ခဲ့ရင် မန်းတောဆီ အရောက်လာခဲ့ပါအုံး )

စကားကို သင်သည့်အခါ နားလည်ဖို့ထက်
နုတ်ကို အရင်လေ့ကျင့်ပေးရ၏။

ကရင်စကားကို အသံထွက်ပြောရ၏

ထပ်ခါထပ်ခါ ပြောရ၏

ဘာပြောသည်ဆိုတာထက် နုတ်ရဲအောင် ပြောပေးရ၏

သူများကရင်လိုပြောတိုင်း ကိုယ်က အတုလိုက်ပြီး ချက်ချင်းပြောဆိုရဲသည့်အထိ အရင်သင်ပေးရ၏
နှုတ်လည်းရဲပြီး ပြောလို့လည်း သွက်ပြီးဆိုမှ
ကရင်စကားတစ်ခွန်းရဲ့ အဓိပ္ပါယ်ကို သင်သင့်ပါသည်

နှုတ်မရဲသေးပဲ
ကရင်လိုပြောလိုက် မြန်မာလို အဓိပ္ပါယ်ပြောလိုက်
သင်ပါမူ သင်ယူသူအနေဖြင့် သူများပြောသည်ကို နားလည်ကောင်းနားလည်မည်ဖြစ်သော်လည်း
ဆယ်ယောက်တွင် ရှစ်ယောက်လောက်
ကရင်စကားသာနားလည်ပြီ ကရင်စကားမပြောတတ်သော ကရင်သာဖြစ်နေပါအုံးမည်ဖြစ်ကြောင်း
ကရင်စကားသင် ကိုယ်တွေ့မှတ်တမ်းလေးကို
မျှဝေပေးလိုက်ရပါသည်။

အမျိုးများအားလုံးကျန်းမာချမ်းသာကြပါစေ။

မှတ်ချက်။ ။ စာပို့လိုက ဤ အကောင့် မက်ဆင်ဂျာကနေ ပို့ပေးပါ

https://m.facebook.com/story.php?story_fbid=122143357490419347&id=61562580429213&mibextid=Nif5oz

ဓာတ်ပုံ
ယားကျိ
နန့်နောင်းခါရီမင်းသမီးလေး

ကရင်လူမျိုးတစ်မျိုးသာရှိသည်******************************မြန်မာနိုင်ငံမှာနေ မြန်မာပြက္ခဒိန်ကိုသုံး၍မြန်မာလ မြန်မာရက်ကို ...
20/12/2025

ကရင်လူမျိုးတစ်မျိုးသာရှိသည်
******************************
မြန်မာနိုင်ငံမှာနေ မြန်မာပြက္ခဒိန်ကိုသုံး၍
မြန်မာလ မြန်မာရက်ကို ပုံသေယူပြီး
နှစ်ကူးသော လူမျိုးသည် ကရင်လူမျိုးသာ
ရှိသည်။

ကရင်လူမျိုးများသည်
နှစ်စဥ်
ပြာသိုလ်လဆန်းတစ်ရက်တွင်လည်းကောင်း
တပို့တွဲလဆန်း တစ်ရက်တွင်လည်းကောင်း
ကဆုန်လဆန်း ဆယ့်လေးရက်နေ့တွင်လည်းကောင်း
သူ့နေရာ သူ့ဒေသအလိုက် နှစ်ကူးကြလေ့ရှိသည်
နှစ်ကူးပုံ လ ရက်မတူသော်လည်း ယူသောလ
ယူသောရက်ကား မြန်မာလ မြန်မာရက်သာ ဖြစ်သည်။

ဗမာလူမျိုးများ နှစ်ကူးသော မြန်မာလဆန်းတစ်ရက်သည်ပင် လွတ်လပ်ရေး ရပြီးနောက်ပိုင်း
ဧပြီလ ၁၇ ရက်သည်
မြန်မာနှစ်ဆန်းတစ်ရက် ဖြစ်ရမည်ဟု
သတ်မှတ်ပြီးချိန်ကစပြီး အင်္ဂလိပ်ရက်ကို
ပုံသေယူကာ မြန်မာနှစ်ဆန်းတစ်ရက်ကို
နှစ်ကူးကြလေသည်။

ထို့ကြောင့်လည်း
တစ်ချို့နှစ်များတွင် ကဆုန်လတွင် မြန်မာနှစ်ဆန်းတစ်ရက် ကျရောက်ခြင်းဖြစ်လေသည်။
များသောအားဖြင့် ဝါထပ်သော နှစ်များတွင် ကဆုန်လတွင် မြန်မာနှစ်ဆန်းကျလေသည်။

တကယ်တွင်မူ ဝါထပ်၍ ဂြိုလ် တာရာ နက်ခကြောင့်မဟုတ်ပဲ ဧပြီ ၁၇ ရက်ဖြင့် အင်္ဂလိပ်ရက်ကို ပုံသေယူလိုက်သောကြောင့် မြန်မာနှစ်ဆန်းတစ်ရက်က
တန်ခူးရောက်လိုက် ကဆုန်ရောက်လိုက် ဖြစ်ခြင်းသာ ဖြစ်သည်။

ထူးခြားသည်မှာ ကရင်နှစ်ကူးကို
အင်္ဂလိပ်အစိုးရထံတောင်းယူပြီး
အင်္ဂလိပ်လ ရက်ကို ပုံသေမယူပဲ
မြန်မာ လ ရက်ကို ပုံသေယူကာ နှစ်ကူးခြင်းက
ထူးခြားချက်ပင် ဖြစ်လေသည်။

အမျိုးတို့ရဲ့အားကို လိုအပ်ပါ၏******************************ဆင်ရိုင်းနှင်းခံခြင်းကြောင့်အရေးပေါ် ဆေးရုံကုသရန် ခက်ခဲနေသော ...
09/05/2025

အမျိုးတို့ရဲ့အားကို လိုအပ်ပါ၏
******************************

ဆင်ရိုင်းနှင်းခံခြင်းကြောင့်အရေးပေါ် ဆေးရုံကုသရန် ခက်ခဲနေသော ကရင်လူမျိုး မိသားစုအား ကူညီလှူဒါန်းပေးခြင်း
~~~~~~~~~~~~~~~~~~~~~

ပုသိမ်မြို့နယ်၊တတန်ကူးကျေးရွာမှာ နေထိုင်တဲ့ စောအောင်မျိုးသူနှင့် နမ့်စီစီ တို့ ဟာ မိသားစုလိုက် ဆင်းနှင်းခံရခြင်းကြောင့် အဖေဖြစ်သူ နှင့် မောင်လေး နှစ်ယောက်ဟာ အခင်းဖြစ်ရာနေရာမှာပင် သေဆုံးခဲ့ပါသည်။

ဦးလေးနှင့် မောင်လေးတစ်ယောက်မှာလည်း ပုသိမ်ဆေးရုံမှာ ခွဲစိတ်ကုသခဲ့ရပါတယ်။ အမေဖြစ်သူမှာ တင်ပါးဆုံရိုးကျိုး၍ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ အရေးပေါ် လွဲပြောင်းကာ ဆေးရုံကုသ ရန် ငွေ ကြေးအခက်အခဲ့ရှိခြင်းကြောင့် ထီးထာကလုန်း ကရင်လူငယ်များပရဟိတအဖွဲ့ မှ အလှူငွေ (၅) သိန်းကျပ်ကို လှူဒါန်းပေးခဲ့ပါသည်။

အကြီးစား ခွဲစိတ်ကုသရန် အလွန်ပင်အရေးပေါ်လိုအပ်နေပြီး မိသားစုမှ အကူအညီ တောင်းခံသဖြင့် ပါဝင်လှူဒါန်းလိုသူများ ကူညီလှူဒါန်းပေးနိုင်ရန် တိုက်တွန်းနိုးဆော်အပ်ပါသည်။

ပုံများ Massager တွင်လာရောက်ကြည့်ရှုနိုင်ပါသည်။

ဆက်သွယ်လှူဒါန်းလိုပါက
ထီးထာကလုန်း ကရင်လူငယ်များတာဝန်ခံ ဖြစ်ကြသော

စအိုင်ထီခန့်
09795955812
နမ့်ဖူးငယ်ငယ်
09260205290
စဝိုက်
09693901062

တို့အား ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

#ထီးထာကလုန်းကရင်လူငယ်များပရဟိတအသင်း

သိဖွယ်စုံရာ ပိုးကရင် ဖလုံး အသီးအရွက် အမည်များ*******************************************  ဖလုံး                      အသံ...
03/05/2025

သိဖွယ်စုံရာ ပိုးကရင် ဖလုံး အသီးအရွက် အမည်များ
*******************************************
ဖလုံး အသံထွက် မြန်မာ
==== ========= =======

ဘၪဘီၪ့ခိၪ ဘာဘောင်ခို ဂေါ်ဘီ

ဘၩခိၪဖီၫ ဘာခိုဖောင် ပန်းဂေါ်ဘီ

ဂိးဒိၭ ဝုန့်ဒို့ ကန်ဇွန်းရွက်

ဟီၪ့ပီၩ့ဒိၭ ဟောင်ပေါင်းဒို့ နံနံပင်

ထၭပိၪ့ဎွံၬဒိၭ ထပ်ပုံဟွိတ်ဒို့ မြင်းခွါရွက်

နၪ့ဘဲၩ့ဆဲၪ့ဒိၭ နန်ဘိုင်းဆိုင်ဒို့ ချဥ်ပေါင်ရွက်

ဖၧၩ့ဆဲၪ့ဒိၭ ဖောင်းဆိုင်ဒို့ ကင်ပွန်းချဥ်ရွက်

ဘၪဒိၭ ဘာဒို့ မုန်လာရွက်

ကမၫဘၩ့ ကမာဘမ်း ထိကရုန်း

မၩ့ချီၩ့ဒိၭ မန်းခလောင်းဒို့ မန်ကျည်းရွက်

ဎွံဒိၭ ဟွိဒို့ ယင်းတိုက်ရွက်

ဆက်လက်ဖော်ပြပါမည်

အမျိုးများအားလုံး ကျန်းမာချမ်းသာကြပါစေ။

ဓာတ်ပုံ

ထီထာကလုန်း ကရင်လူငယ်

သိဖွယ်စုံရာ ပိုးကရင် ဖလုံး အသီး အမည်များ*******************************************ဖလုံ.                         အသံထွက်...
01/05/2025

သိဖွယ်စုံရာ ပိုးကရင် ဖလုံး အသီး အမည်များ
*******************************************

ဖလုံ. အသံထွက်. မြန်မာ
===. =========. ======
ဖီၫ၁ၪ ဖောင်သာ. ပန်းသီး

စဘံၭ၁ၪ. စဘိတ်သာ. . စပျစ်သီး

လိၫ့မိၩ့၁ၪ. လုံမုန်းသာ. လိမ္မော်သီး

၁ၭ၁ွံၪ၁ၪ သပ်သွီသာ, ရှောက်သီး

ဂီဆူၪ၁ၪ. ဝေါ့ဆူသာ. ဒူးရင်းသီး

ဖိၩ့၁ၪ ဖုန်းသာ. ကြက်မောက်သီး

ယုၩဂၪ့၁ၪ ယူးဂန်သာ. ဩဇာသီး

ယူဂၪ့၁ၪ ယုဂန်သာ. မင်းဂွတ်သီး

ခဲၫ့ခီၩ့၁ၪ ခိုင်ခေါင်းသာ စောင်းလျားသီး.

တဲၪ့တီၩ၁ၪ တိုင်တောသာ. ဖရဲသီး

နၩရၩ၁ၪ နားရားသာ. နာနတ်သီး

နးကၩ၁ၪ နန့်ကားသယ. မာလကားသီး

ဖဲၩရၫ၁ၪ ဖဲရာသာ သစ်တော်သီး

စၩ့ပြၩ၁ၪ စန်းပရားသာ သံပုရာသီး

၁ီၪ့အိၩ၁ၪ သောင်အိုးသာ. ကျွဲကောသီး

ရှီၩ့ထံး၁ၪ ရှောင်းထိတ်သာ. နဂါးမောက်သီး

အမျိုးများအားလုံး ကျန်းမာချမ်းသာကြပါစေ။

Ps. မက်ဆင်ဂျာသို့ စာပို့ပါက tag ထားသောအကောင့်
မက်ဆင်ဂျာကိုသာ စာပို့ပေးပေးစေချင်ပါသည် page မက်ဆင်ဂျာ ၀င်ရခက်လို့ပါ။

ဓာတ်ပုံ

ပန်းဖြူ ကရင်ရိုးရာအထည်ဆိုင်

ရန်ကုန် /ပုသိမ်= ph=5201026

28/04/2025

ပိုးကရင်ဖလုံး အခေါ်အဝေါ်များ
ပို၍ စနစ်တစ်ကျ လေ့လာနိုင်ဖို့
တင်ထားပြီးသော ငှက်အမည်များကို
ဖလုံးစာဖြင့်ပါ ထပ်မှန် ပြင်ဆင်ထားပါသည်
အားနည်းချက် လိုအပ်ချက်များကို မန့်တွင်
အကြံပေးကြပါရန်

မန်းတော ပန်းတနော်

သိဖွယ်စုံရာ ပိုးကရင် ဖလုံး ငှက်အမည်များ****************************************ဖလုံ.                    အသံထွက်.        ...
27/04/2025

သိဖွယ်စုံရာ ပိုးကရင် ဖလုံး ငှက်အမည်များ
****************************************
ဖလုံ. အသံထွက်. မြန်မာ
===. =========. ======
ထိၪ ထို. ငှက်

ထိၪၥနူၬ. ထိုနုတ်. . ဟင်္သာငှက်

ထိၪပူၩ. ထိုပူး. ဇီးကွက်ငှက်

ထိၪထၭဂ့ၬ ထိုထပ်ဂေ့, ခရုစုပ်ငှက်

ထိၪလဲၩ့. ထိုလိုင်း. သာလိကာငှက်

ထိၪမးလံၫ့ ထိုမန့်လိန်. ဆက်ရက်

ထိၪဝံၫ ထိုဝီ. . ငုံးငှက်

ထိၪလွံ ထိုလွိ. ချိုးငှက်

ထိၪလွံလၫ ထိုလွိလာ. . ချိုးပြာငှက်

ထိၪယီၩ့ ထိုယောင်း. ကြိုးကြာငှက်

ထိၪၡၬ ထိုရှာ့. ဒေါင်း

ထိၪကိၭ ထိုကို့. အောက်ချင်းငှက်

ထိၪတ့ၩတဝံၬ ထိုတေးတဝိပ် တစ်တီတူးငှက်

ထိၪကျုၪ=ထိုကလူ.............ငှက်တော်

(ကလူ.ကိုဖတ်သည့်ခါ တစ်ပြိုင်ထဲ အသံစုံထွက်ရန် )

လံၬနၪ လိပ်နာ. ငှက်ဆိုး

လံၬၥံၫ့ လိပ်သိမ်. သိမ်းငှက်

ထိၪဎွံၭ ထိုဟွိတ်. စာကလေး

ထိၪခီၩ့ခူၭ ထိုခေါင်းခုတ်. ဘုတ်ငှက်

ထိၪၥၫ့ဂီၩ သန်ဝေါင်း. ဥဩငှက်

ထိၪလဲၫၥွ့ၫ ထိုလိုင်သွေ. ဗျိုင်းအောက်

ထိၪလဲၫဘွၩ ထိုလိုင်ဘွား. ဗျိုင်း

အမျိုးများအားလုံး ကျန်းမာချမ်းသာကြပါစေ။

ကရင်စာ စာစီ=နန့်ပိုးလေးလန်းအိုင်

ဓာတ်ပုံ
ပန်းဖြူ ကရင်ရိုးရာအထည်ဆိုင်

ရန်ကုန် /ပုသိမ်= ph=5201026

Address

No-81
Pantanaw

Website

Alerts

Be the first to know and let us send you an email when Mahn Taw Pantanaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category