ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂ

  • Home
  • Myanmar
  • Pakokku
  • ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂ

ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂ It is a Student Union for all students

08/01/2026

Unbroken Dreams Campaign

တက္ကသိုလ်ဝင်တန်းပြီးဆုံးသွားပေမယ့် တက္ကသိုလ်ဆီရောက်ဖို့ ရှေ့ဆက်ရမယ့်လမ်း ဝေဝါးနေဆဲ ကျောင်းသား၊ ကျောင်းသူများအတွက် တထောင့်တနေရာက အထောက်အပံ့ဖြစ်စေမယ့် အစီအစဉ်တခုအနေနဲ့ Unbroken Dreams Campaignကိုကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်ကနေ ပြုလုပ်ချင်ပါတယ်။

စစ်ကြောင်းထိုးတဲ့ကြားက၊ အိမ်တွေမီးရှို့ခံနေရတဲ့ကြားက၊ လေကြောင်းရန်တွေကြားကနေ အထက်တန်းပြီးမြောက်သည်အထိ ကြိုးကြိုးစားစား သင်ယူခဲ့ကြတဲ့ ကျောင်းသားတွေအတွက် တကယ့် တက္ကသိုလ်ပရဝုဏ်ထဲမှာ တက်ရောက်နိုင်မယ့် အခွင့်အရေးပေးချင်ပါတယ်။

အညာဒေသမှာရှိတဲ့ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ ကျောင်းသား၊ ကျောင်းသူ ဆယ်ဦးကို ကချင်ပြည်နယ်ပညာရပ်စုံသင်တက္ကသိုလ် မှာ သွားရောက်သင်ကြားဖို့ ပညာတော်သင်စေလွှတ်မှာပါ။

ဒီလို ကျောင်းသား၊ ကျောင်းသူတွေကို Scholarship ပေးနိုင်ဖို့အတွက် ဒီ Unbroken Dreams Campaign ကို ပြုလုပ်တာ ဖြစ်ပါတယ်။​ Campaign ကိုတော့ သိန်း သုံးရာ ရည်မှန်းထားပါတယ်။ Campaignကိုတော့ တလတိတိ ပြုလုပ်သွားမှာပါ။

စနစ်ဆိုး၊ အခြေအနေဆိုးအောက်ကနေ လွတ်ဖို့ကိုယ်တိုင်ပါဝင်နေကြတဲ့ ကျောင်းသား၊ကျောင်းသူတွေကို ပိုပြီး အထောက်အပံ့၊ တွန်းအားတွေပေးနိုင်ဖို့အတွက် အားလုံးရဲ့အကူအညီလိုအပ်ပါတယ်။ မိဘပြည်သူများအနေနဲ့ ဒီcampaignမှာ ပါဝင်ပေးကြဖို့ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ ဖိတ်ခေါ်အပ်ပါတယ်။


စစ်တွေဆန်ပြဿနာနေ့နှင့် ပက်သက်ပြီးဗကသများအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ကြေညာချက်https://www.facebook.com/share/p/1CHAnVu68f/...
13/08/2025

စစ်တွေဆန်ပြဿနာနေ့နှင့် ပက်သက်ပြီး
ဗကသများအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ကြေညာချက်

https://www.facebook.com/share/p/1CHAnVu68f/

#သတင်းနှင့်ပြန်ကြားရေး
#ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)

ရှစ်လေးလုံး လူထုအရေးတော်ပုံ(၃၇)နှစ်မြောက်အခမ်းအနားများသို့ ပေးပို့သော ဗကသများအဖွဲ့ချုပ်၏သ၀ဏ်လွှာhttps://www.facebook.com...
08/08/2025

ရှစ်လေးလုံး လူထုအရေးတော်ပုံ(၃၇)နှစ်မြောက်
အခမ်းအနားများသို့ ပေးပို့သော ဗကသများအဖွဲ့ချုပ်၏
သ၀ဏ်လွှာ

https://www.facebook.com/share/p/1B4y4wFiUM/

#သတင်းနှင့်ပြန်ကြားရေး
#ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)

ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)ပြန်လည်ဖွဲ့စည်းတည်ထောင်ခြင်း (၁၁)နှစ်ပြည့် ပန်ကြားလွှာ #သတင်းနှင့်...
06/08/2025

ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)ပြန်လည်ဖွဲ့စည်းတည်ထောင်ခြင်း (၁၁)နှစ်ပြည့် ပန်ကြားလွှာ

#သတင်းနှင့်ပြန်ကြားရေး
#ပခုက္ကူတက္ကသိုလ်ကျောင်းသားသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)

ထုတ်ပြန်ကြေညာချက် အမှတ် ၁ / ၂၀၂၅PPRC မှ နှုတ်ထွက်ကြောင်း ကြေညာချက်PPRC ကနေ နှုတ်ထွက်ရတဲ့အကြောင်းအရင်းတွေကို ကြေညာချက်အမှ...
06/08/2025

ထုတ်ပြန်ကြေညာချက် အမှတ် ၁ / ၂၀၂၅

PPRC မှ နှုတ်ထွက်ကြောင်း ကြေညာချက်

PPRC ကနေ နှုတ်ထွက်ရတဲ့အကြောင်းအရင်းတွေကို ကြေညာချက်အမှတ် ၁ / ၂၀၂၄ မှာ ရှင်းလင်းတင်ပြပြီးဖြစ်လို့ ခုကြေညာချက်မှာ ထည့်သွင်းခြင်းမရှိတော့ပါဘူး။ ( ကြေညာချက် ၁ / ၂၀၂၄ ကို ဖက်ရှုရန် https://m.facebook.com/story.php?story_fbid=821901079972181&id=100064568896864&mibextid=UyTHkb)

#သတင်းနှင့်ပြန်ကြားရေး
#ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)

26/01/2025

ဖယ်ခုံမြို့နယ်အတွင်း တာဝန်ခံကျောင်းဆရာတစ်ဦး၏ကျောင်းသားများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့် ပတ်သက်၍ ဗကသများအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ကြေညာချက်။

ကြေညာချက်အမှတ် - ၃/၂၀၂၅
ဇန်နဝါရီလ ၂၆ ရက် ၊ ၂၀၂၅

#သတင်းနှင့်ပြန်ကြားရေး
#ဗကသများအဖွဲ့ချုပ်

01/11/2024
၃၆ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်
08/08/2024

၃၆ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်

၃၆ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံသို့ ဗကသများအဖွဲ့ချုပ်၏ သဝဏ်လွှာ

16/07/2024

ဗကသရဲဘော် မြင့်မြတ်ဦး မတရားသတ်ဖြတ်ခံရခြင်းနှင့်ပတ်သက်၍ နောက်ဆက်တွဲ ဖြစ်စဥ်များ

10/07/2024

#ဗကသရဲဘော်မြင့်မြတ်ဦးလူမဆန်စွာသတ်ဖြတ်ခံရခြင်းနှင့်ပတ်သက်၍သဘောထားထုတ်ပြန်ချက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂရဲဘော်တစ်ဦးဖြစ်သူ မြင့်မြတ်ဦး(အသက် ၁၆ နှစ်) သည် ၈၊ ၇၊ ၂၀၂၄ ည(၉) နာရီအချိန်တွင် လူမဆန်စွာ လုပ်ကြံသတ်ဖြတ်ခံရသည့်အပေါ် ကျွန်ုပ်တို့ ကျောင်းသားသမဂ္ဂများတပ်ပေါင်းစု - မကွေး အနေဖြင့် လွန်စွာ စိတ်မကောင်းဖြစ်ရပါသည်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေသော ကျောင်းသားရဲဘော်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရခြင်းအပေါ် မိမိတို့အနေဖြင့်အပြင်းအထန်ရှုတ်ချသည်။ ယင်းကိစ္စ အဖြစ်မှန်အတိုင်းစုံစမ်းသိရှိနိုင်ရေး၊ ပြစ်ဒဏ်ကျူးလွန်သူအား ဖော်ထုတ်အပြစ်ပေးနိုင်ရေးနှင့် ကျဆုံးရဲဘော်အတွက် တရားမျှတမှုရရှိရေးတို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရသည် အရေးယူဆောင်ရွက်ရန် အပြည့်အဝ တာဝန်ရှိသည်။ အဖြစ်မှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမှုရရှိရေးတို့အတွက် ဗကသများအဖွဲ့ချုပ်နှင့်အတူ မိမိတို့အနေဖြင့် အပြည့်အဝ ထောက်ခံရပ်တည်သွားမည်ဖြစ်သည်။

#ကျောင်းသားသမဂ္ဂရဲဘော်မြင့်မြတ်ဦး
#ကျောင်းသားသမဂ္ဂများတပ်ပေါင်းစု-မကွေး
#မကွေးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

10/07/2024

ဗကသရဲဘော် မြင့်မြတ်ဦး လူမဆန်စွာ သတ်ဖြတ်ခံရခြင်းနှင့်ပတ်သက်၍ သဘောထား ထုတ်ပြန်ချက်

ဗကသများအဖွဲ့ချုပ်ဝင် ရဲဘော်မြင့်မြတ်ဦး မတရားသတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက်ရက်စွဲ။       ။ ဇူလိုင်လ  ...
10/07/2024

ဗကသများအဖွဲ့ချုပ်ဝင် ရဲဘော်မြင့်မြတ်ဦး
မတရားသတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက်

ရက်စွဲ။ ။ ဇူလိုင်လ ၁၀ ရက် ၊ ၂၀၂၄ခုနှစ်။

၁။ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် အသက် (၁၆) နှစ်အရွယ် ရဲဘော်မြင့်မြတ်ဦးသည် ၂၀၂၄ ခုနှစ် ၊ ဇူလိုင်လ ၈ ရက် ညပိုင်းတွင် ရက်စက်လူမဆန်စွာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည်။

၂။ ဤအဖြစ်အပျက်နှင့်ပတ်သက်၍ ကြေကွဲဝမ်းနည်းရပြီး ဝက်လက်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းလည်ပတ်မှုများအပေါ် မေးခွန်းထုတ်လိုက်သည်။

၃။ မကြာသေးမီကပင် ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်များနှင့် ဆက်စပ်သူများအပေါ် ပစ်မှတ်ထား ဖိနှိပ်မှုများရှိခဲ့ပါသည်။ ကြားကာလအမျိုးသားညီညွှတ်ရေးအစိုးရ၏ လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်ဆိုသူများ၏ ထိုကဲ့သို့သော အာဏာရှင်ဆန်သည့်လုပ်ရပ်များကို ကျွန်ုပ်တို့ ဗကသများ အဖွဲ့ချုပ်အနေဖြင့် ပြင်းပြင်းထန်ထန် ရှုံ့ချသည်။

၄။ ဤမတရားသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ မိတ်ဖက်တော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့် ဝန်းရံထောက်ခံ ကူညီကြပါရန် ဗကသများအဖွဲ့ချုပ်မှ လေးနက်စွာ တိုက်တွန်းအပ်ပါသည်။

၅။ ဗကသများအဖွဲ့ချုပ်အနေဖြင့် ဤမတရားသတ်ဖြတ်မှုကို မည်သူကျူးလွန်သည်ဖြစ်စေ တရားခံကို အပြစ်ရှိသည့် အတိုင်း အပြစ်ပေးအရေးယူကာ ရဲဘော်မြင့်မြတ်ဦးအတွက် တရားမျှတမှုရရှိရေးကို ဆောင်ရွက် သွားမည်ဖြစ်သည်။

ဗဟိုအမှုဆောင်အဖွဲ့
ဗကသများအဖွဲ့ချုပ်

Address

Pakokku

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959750623670

Website

Alerts

Be the first to know and let us send you an email when ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share