ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

  • Home
  • Myanmar
  • Pakokku
  • ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့, Government Organization, Pakokku.

ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်စီဒီအမ်များတွေ့ဆုံခြင်း အခမ်းအနား     ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ...
01/01/2026

ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်စီဒီအမ်များတွေ့ဆုံခြင်း အခမ်းအနား
ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်စီဒီအမ်များတွေ့ဆုံခြင်း အခမ်းအနားအား(31.12.2025) ရက်နေ့ ညနေ(3)နာရီမှာ online ဖြင့် CDM ပြည်သူ့ဝန်ထမ်းသူရဲကောင်းများနှင့်တွေ့ဆုံကာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် မိတ်ဆက်ပေးခြင်း၊ cdm သူရဲကောင်းများအား အားပေးစကားများပြောကြားခြင်းနှင့် နှစ်ကူးလက်ဆောင်အဖြစ် ကံစမ်းမဲများဖောက်ပေးခြင်းများကို ညနေ (6:30) အချိန်အထိ CDM များ၏ လှိုက်လှဲသောအပြုံးများနှင့်အတူ အခမ်းအနားကျင်းပခဲ့ပါသည်။

ဆုမဲများအနေဖြင့်

ငါးသိန်း ဆု1 ဆု
သုံးသိန်း ဆု1ဆု
နှစ်သိန်း ဆု1ဆု
တစ်သိန်း ဆု5ဆု
ငါးသောင်း ဆု20ဆု
သုံးသောင်း ဆု30ဆု
နှစ်သောင်း ဆု30ဆု
များ ကံစမ်းမဲဖောက်ပေးခဲ့ပါသည်။
*ကံစမ်းမဲမပေါက်သူများကို ဒေတာကြေး(၅၀၀၀) ကျပ်ကိုချီးမြှင့်ခဲ့ပါသည်။*

#ကံစမ်းမဲ
#ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ပခုက္ကူမြို့နယ် ကြားကာလပညာရေးကျောင်း၌ ကျောင်းသူ၊ကျောင်းသားများနှင့်ရပ်ရွာရှိပြည်သူများအား ပခုက္ကူမြို့နယ် MOWYCAတာဝန်ခံန...
27/11/2025

ပခုက္ကူမြို့နယ် ကြားကာလပညာရေးကျောင်း၌ ကျောင်းသူ၊ကျောင်းသားများနှင့်ရပ်ရွာရှိပြည်သူများအား ပခုက္ကူမြို့နယ် MOWYCAတာဝန်ခံနှင့် ခရိုင်အတွင်းရှိ ပေါက်၊ ဆိပ်ဖြူ၊ ရေစကြို၊ မြိုင် MOWYCA တာဝန်ခံများပူးပေါင်း၍ GBVအသိပညာပေးဟောပြောပွဲနှင့် 16Days Activism ပြုလုပ်ကျင်းပခဲ့ပြီး ကလေးများအတွက် အဟာရမုန့်များဝေငှခဲ့ပါသည်။

အသိပညာပေး ဟောပြောပွဲ

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ရက်၊အင်္ဂါနေ့ ။ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး...
25/11/2025

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ရက်၊အင်္ဂါနေ့ ။

ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၁/၂၀၂၅) ကျင်းပခြင်း။
ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂၁/၂၀၂၅)အား online ဖြင့်ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် မြို့နယ်နာယကလူကြီးများနှင့် ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များမှ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းကိစ္စများနှင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့်လုပ်ငန်းကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖြစ်ခဲ့ပါသည်။

#ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
#လုပ်ငန်းညှိနှိုင်းအစည်းအဝေး

တန်ဆောင်တိုင် နေ့ထူးနေ့မြတ် ဆုမွန်ခြွေလွှာသာသနာနှစ် - ၂၅၆၉ ၊ ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ် ၊ တန်ဆောင်မုန်း လပြည့် ၊ အင်္ဂါနေ...
04/11/2025

တန်ဆောင်တိုင် နေ့ထူးနေ့မြတ် ဆုမွန်ခြွေလွှာ
သာသနာနှစ် - ၂၅၆၉ ၊ ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ် ၊ တန်ဆောင်မုန်း လပြည့် ၊ အင်္ဂါနေ့တွင် ကျရောက်သော ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ တန်ဆောင်တိုင် နေ့ထူးနေ့မြတ် အခါသမယ
တန်ဆောင်တိုင် လပြည့်နေ့မှာ တော်လှန်ပြည်သူများနှင့် ရဲဘော်ရဲဘက်များအားလုံး ဘေးအန္တရာယ် အသွယ်သွယ်မှ ကင်းဝေးကြပါစေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဆုမွန်ခြွေအပ်ပါသည်။

ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

#ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
#တဆောင်တိုင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနပခုက္ကူမြို့နယ် ပြည...
27/10/2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန

ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ကြေညာချက်အမှတ် (ဝ၁/၂၀၂၅)

(၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ၂၆ ရက်)



မြို့နယ်အတွင်းရှိ လက်နက်ကိုင်/ပြင်ပအဖွဲ့အစည်းများအနေဖြင့် ပြည်သူ့အုပ်ချုပ်ရေးယန္တရားတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုလုပ်ရန် ကြေညာချက်

ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် မြို့နယ်၏ အုပ်ချုပ်ရေးယန္တရားကိုဖော်ဆောင်နေပြီး ပြည်သူ့ဝန်‌ဆောင်မှုများကို ဆောင်ရွက်လျက်ရှိပါသည်။ မြို့နယ်အတွင်း လက်နက်ကိုင်/ပြင်ပ အဖွဲ့အစည်းများအနေဖြင့် ပြည်သူ့အုပ်ချုပ်ရေးယန္တရားတွင် ဝင်ရောက်စွက်ဖက်ခြင်းများ မပြုလုပ်ရန် အသိပေးကြေညာလိုက်သည်။

သို့ဖြစ်ပါ၍ မည်သည့်အဖွဲ့အစည်းမဆို ဝင်ရောက်စွက်ဖက်ခြင်းများပြုလုပ်ပါက မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

#ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
#ကြေငြာချက်

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၅ရက်၊စ‌နေနေ့ ။ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး...
25/10/2025

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၅ရက်၊စ‌နေနေ့ ။

ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၉/၂၀၂၅) ကျင်းပခြင်း။
ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၉/၂၀၂၅)အား online ဖြင့်ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် မြို့နယ်နာယကလူကြီးများနှင့် ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များမှ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းကိစ္စများနှင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့်လုပ်ငန်းကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖြစ်ခဲ့ပါသည်။

#ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
#လုပ်ငန်းညှိနှိုင်းအစည်းအဝေး

ပခုက္ကူမြို့နယ် ကျန်းမာရေးအဖွဲ့၏ မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်း16.10.2025 ရက်နေ့တွင် ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး...
21/10/2025

ပခုက္ကူမြို့နယ် ကျန်းမာရေးအဖွဲ့၏ မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်း
16.10.2025 ရက်နေ့တွင် ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကျန်းမာရေးတာဝန်ခံနှင့်အဖွဲ့ဝင်များသည် နယ်မြေ ၁ အတွင်းရှိ (အမြဲတမ်း) စစ်ရှောင်ပြည်သူများအား ကျန်းမာရေးစောက်ရှောက်မှုလုပ်ငန်းများ သွားရောက်လုပ်ဆောင်ခဲ့ပြီး အားပေးစကားများအပြန်အလှန်ပြောကြားခဲ့ကြပါသည်။
#ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
#ကျန်းမာရေး

ပခုက္ကူမြို့နယ်မှ ဆိပ်ဖြူမြို့နယ်အတွင်း စစ်ဘေးရှောင်နေသောနယ်မြေ(၁)အတွင်းမှ စစ်ဘေးရှောင်များအားသွားရောက်တွေ့ဆုံ၍ အလှူရှင်...
16/10/2025

ပခုက္ကူမြို့နယ်မှ ဆိပ်ဖြူမြို့နယ်အတွင်း စစ်ဘေးရှောင်နေသောနယ်မြေ(၁)အတွင်းမှ စစ်ဘေးရှောင်များအားသွားရောက်တွေ့ဆုံ၍ အလှူရှင်များမှတဆင့် စစ်ဘေးရှောင်နို့တိုက်မိခင်နှင့် မွေးဖွားခါနီးနို့မိခင် တဦးလျှင် (၁သိန်း)ကျပ်နှုန်းဖြင့် ( ၂ )ဦးအား ဆိပ်ဖြူမြို့နယ် MOWYCA တာဝန်ခံနှင့်ပူးပေါင်း၍ ထောက်ပံ့လှူတန်းခဲ့ပါသည် ။
#ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ပခုက္ကူမြို့နယ် အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာ (MOWYCA) ဩဂုတ်လအခွန်၃% မှ နယ်မြေ(၁)နှင့်နယ်မြေ(၂)အတွင်း GBV Caseများ...
10/10/2025

ပခုက္ကူမြို့နယ် အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာ (MOWYCA) ဩဂုတ်လအခွန်၃% မှ နယ်မြေ(၁)နှင့်နယ်မြေ(၂)အတွင်း GBV Caseများနှင့် နို့တိုက်မိခင်များအား တဦးလျှင် (၁သိန်း)ကျပ်ဖြင့် (၂)ဦး ထောက်ပံ့လှူတန်းခဲ့ပါသည် ။
#ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၅ရက်၊တနင်္ဂ‌နွေနေ့ ။ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်...
05/10/2025

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၅ရက်၊တနင်္ဂ‌နွေနေ့ ။

ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၈/၂၀၂၅) ကျင်းပခြင်း။
ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၈/၂၀၂၅)အား online ဖြင့်ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် မြို့နယ်နာယကလူကြီးများနှင့် ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များမှ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းကိစ္စများနှင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့်လုပ်ငန်းကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖြစ်ခဲ့ပါသည်။

#ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

စက်တင်ဘာလအတွင်းက ပခုက္ကူမြို့နယ် MOWYCA ဩဂုတ်လအခွန်၃% မှ နယ်မြေ(၂)အတွင်း GBV Caseများနှင့် နို့တိုက်မိခင်များအား တဦးလျှင...
03/10/2025

စက်တင်ဘာလအတွင်းက ပခုက္ကူမြို့နယ် MOWYCA ဩဂုတ်လအခွန်၃% မှ နယ်မြေ(၂)အတွင်း GBV Caseများနှင့် နို့တိုက်မိခင်များအား တဦးလျှင် (၁သိန်း)ကျပ်ဖြင့် (၄)ဦး ထောက်ပံ့လှူတန်းခဲ့ပါသည် ။
#ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၇/၂၀၂၅) ကျင်းပခြင်း။၂၀၂၅ ခုနှစ်၊ စက်တ...
25/09/2025

ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၇/၂၀၂၅) ကျင်းပခြင်း။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ရက်၊ကြာသပ‌တေးနေ့ ။

ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၇/၂၀၂၅)အား online ဖြင့်ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် မြို့နယ်နာယကလူကြီးများနှင့် ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များမှ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းကိစ္စများနှင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့်လုပ်ငန်းကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖြစ်ခဲ့ပါသည်။

#ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

Address

Pakokku
04201

Website

Alerts

Be the first to know and let us send you an email when ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share