Okesh*tpin City

Okesh*tpin City ဥသျှစ်​ပင်​မြို့သတင်း

ပန်းတောင်းမြို့နယ်အတွင်းရှိ အစိုးရဘဏ်များ၏ တည်နေရာနှင့်ဖုန်းနံပါက်များ"အစိုးရဘဏ်များ"===========မြန်မာ့စီးပွားရေးဘဏ်ပန်း...
13/03/2023

ပန်းတောင်းမြို့နယ်အတွင်းရှိ အစိုးရဘဏ်များ၏ တည်နေရာနှင့်ဖုန်းနံပါက်များ

"အစိုးရဘဏ်များ"
===========
မြန်မာ့စီးပွားရေးဘဏ်
ပန်းတောင်း-တောင်ကုတ်လမ်း၊ ဝန်လိုရပ်ကွက်၊
ပန်းတောင်း၊ပဲခူးတိုင်းဒေသကြီး
053-40022, 053-40254

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်
ပန်းတောင်း-တောင်ကုတ်လမ်း၊ မင်းရဲရပ်ကွက်၊
ပန်းတောင်း၊ပဲခူးတိုင်းဒေသကြီး
053-40093

==============================
================================

ဥသျှစ်ပင်မြို့အကြောင်း---------------------------------------------ဥသျှစ်ပင်မြို့သည် ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပန်းေ...
19/01/2023

ဥသျှစ်ပင်မြို့အကြောင်း
---------------------------------------------
ဥသျှစ်ပင်မြို့သည် ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်အတွင်းရှိသည့် မြို့(၂)မြို့အနက် ၂၀၁၃ခုနှစ်တွင် မြို့နယ်ခွဲအနေဖြင့်ဖွင့်လှစ်ထားသည့် စည်ကားသော မြို့တစ်မြို့ဖြစ်ပါသည်။

၁။တည်နေရာအကျယ်အဝန်း
ပထဝီအနေအထား၊ထိစပ်မှု

ဥသျှစ်ပင်မြို့သည် မြောက်လတ္တီတွဒ် ၁၈ဒီဂရီ ၄၁မိနစ်၁၂စက္ကန့်နှင့် အရှေ့လောင်တီတွဒ် ၉၅ဒီဂရီ ၀၀မိနစ်၅၂စက္ကန့်ကြားတွင်တည်ရှိသည်။

ဥသျှစ်ပင်မြို့သည် ပဲခူးတိုင်းဒေသကြီး၏ အနောက်ဘက် အစွန်ဆုံးမြို့ ဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်ဟူ၍ တိုင်း(၃)တိုင်းနှင့် ပြည်နယ်(၁)ခုတို့ ဆုံရာနယ်စပ်မြို့ဖြစ်သည့်အပြင် ပုသိမ်-မုံရွာ အဝေးပြေးလမ်းမကြီးနှင့် ပြည်-တောင်ကုတ်ပြည်ထောင်စုလမ်းမကြီးတို့၏ အပေါင်းလက္ခဏာသဏ္ဍန် ဆုံစည်းရာ မဟာဗျူဟာကျကျ လမ်းဆုံမြို့လည်း ဖြစ်သည့်အတွက် စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး လွန်စွာ အချက်အချာကျသော ကုန်စည်စီးဆင်းမှုကောင်းမွန်သည့် မြို့တစ်မြို့လည်း ဖြစ်ပါသည်။မြို့ပြဧရိယာအကျယ်အဝန်းမှာ (၂.၆၅)စတုရန်းမိုင်ကျယ်ဝန်းပါသည်။

ယခုအခါတွင် လမ်းဆုံသည် အဝေးပြေးကားများ၊ဆိုင်ကယ်များ ရှုပ်ထွေးသည်ဖြစ်သောကြောင့် ယာဉ်အန္တရာယ်မဖြစ်ပေါ်စေရန်လမ်းလေးခွဆုံတွင် မီးပွိုင့်တပ်ဆင် အသုံးပြုလျက် ရှိပြီ ဖြစ်သော်လည်းအနာဂတ်တွင် မြို့ခံလူထုမှ လမ်းဆုံကို အဝိုင်းပတ်သဏ္ဍန်ပြုလုပ်၍ ဗိုလ်ချုပ်ကြေးရုပ် ထားရှိ အကောင်အထည်ဖော်ရန် ဆန္ဒရှိကြပေသည်။
ထို့အတူ ၂၀၀၆ ခုနှစ်တွင် ဖောက်လုပ်ခဲ့သော ကြံခင်း-ပခုက္ကူရထားလမ်းသည် မြို့အတွင်း ဖြတ်သန်းသွားရာ ရထားဘူတာရှိသည့် မြို့လေးလည်း ဖြစ်သည်။ယင်းဘူတာနှင့်အပြိုင် မြန်မာ့မီးရထားမှ ဥသျှစ်ပင် ကွန်ကရစ်ဇလီဖားတုံးစက်ရုံလည်း တည်ဆောက်ခဲ့ရာ ယခုအချိန်ထိ လည်ပတ်လျက်ရှိသည်။သို့ရာတွင် ရထားလမ်းအား နှစ်အနည်းငယ်သာ အသုံးပြုပြေးဆွဲခဲ့ရာ ယခုအချိန်တွင် ရံဖန်ရံခါမှ လွဲ၍ ရထားပြေးဆွဲခြင်း မရှိတော့ပေ။

ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်မြို့နှင့် ဥသျှစ်ပင်မြို့တို့ကို မြို့ပြဖွံ့ဖြိုးမှုပုံစံ ရေးဆွဲခြင်းနှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဆိုင်ရာ မျှော်မှန်းချက်များ ဆွေးနွေးကြရာ လာမည့် အနာဂတ်တွင် ဥသျှစ်ပင်မြို့သို့ မြန်မာတစ်နိုင်ငံလုံးရှိ ကုန်စည်များ စီးဆင်းမှုကောင်းမွန်ရေး၊ စနစ်ကျသော မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ၊ကုန်စည်ဒိုင်များတိုးချဲ့ရေး၊ကုန်တင်ကားကြီးများ သွားလာရန် မြို့ရှောင်လမ်းဖောက်လုပ်ပေးရေးသာမကတိုင်း(၃)တိုင်းနှင့် ပြည်နယ်(၁)ခု ဆုံရာ လမ်းဆုံကိုအထိမ်းအမှတ် အမှတ်အသားတစ်ခု ထားရှိရေးစသည့်ဦးစားပေးအစီအစဉ်များကို နှစ်စဉ်ဆောင်ရွက်သွားမည်ဟု သိရသည်။

ဥသျှစ်ပင်မြို့သည် မြို့နယ်ရုံးစိုက်ရာ ဖြစ်သောပန်းတောင်းမြို့နှင့် (၁၀)မိုင်သာဝေး၍ ပြည်မြို့နှင့် မိုင်(၂၀)မျှကွာဝေးပြီး ရန်ကုန်မြို့နှင့် (၁၉၉)မိုင် ကွာဝေးပါသည်။ပန်းတောင်းမြို့သည် ကုန်းဘောင်ခေတ်မှ အစပြု၍ ဧရာဝတီမြစ်ကူးနဝဒေးတံတား မရှိခင်ကာလဆီအထိ ရေလမ်းခရီး တွင်ကျယ်ခဲ့ရာ ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွင် ထင်ရှားခဲ့ဖူးပြီး မြို့နယ်ရုံးစိုက်ရာ မြို့ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင်မူ မစည်ကားတော့ချေ။

Address

Padaung

Website

Alerts

Be the first to know and let us send you an email when Okesh*tpin City posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share