သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄

  • Home
  • Myanmar
  • Othegon
  • သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ သာယာ၀တီခရိုင်၊တပ်ရင်း၃၈၀၂၊တပ်ခွဲ-၄ ၏ သတင်းထုတ်ပြန်ရေး စာမျက်နှာဖြစ်သည်။

"တော်လှန်ရေးခရီး ၅ နှစ်တာ ရပ်တည်ခဲ့ကြသူများသို့"ရဲဘော်တို့—ဒီတော်လှန်ရေးခရီးဟာ လွယ်ကူတဲ့ခရီးမဟုတ်ခဲ့ပါဘူး။ အခက်အခဲတွေ၊ ဆ...
09/09/2026

"တော်လှန်ရေးခရီး ၅ နှစ်တာ ရပ်တည်ခဲ့ကြသူများသို့"

ရဲဘော်တို့—ဒီတော်လှန်ရေးခရီးဟာ လွယ်ကူတဲ့ခရီးမဟုတ်ခဲ့ပါဘူး။ အခက်အခဲတွေ၊ ဆုံးရှုံးမှုတွေ၊ စိတ်ပျက်စရာတွေကြားကနေ ကျွန်တော်တို့အားလုံးဟာ ကိုယ်ယုံကြည်တဲ့ အမှန်တရားဘက်မှာ မယိမ်းမယိုင် ရပ်တည်လာခဲ့ကြပါတယ်။

ဒီနေ့ ၅ နှစ်တာကာလအထိ ရောက်ရှိလာတဲ့အချိန်မှာ ကျွန်တော်အနေနဲ့ မိမိကိုယ်ကိုလည်း ဂုဏ်ယူပါတယ်။ အထူးသဖြင့် အခက်အခဲတွေကြားကနေ ယုံကြည်ချက်မပျောက်ဘဲ အတူတကွ ရပ်တည်ပေးခဲ့ကြတဲ့ ရဲဘော်တစ်ဦးချင်းစီကို ပိုပြီးဂုဏ်ယူမိပါတယ်။

ကျွန်တော်တို့ရဲ့ တန်ဖိုးဟာ ဘယ်လောက်မြန်မြန် အောင်မြင်ခဲ့သလဲဆိုတာနဲ့ မတိုင်းတာပါဘူး။ ယုံကြည်ချက်ကို ဘယ်လောက်ကြာကြာ ထိန်းသိမ်းနိုင်ခဲ့သလဲ၊ အခက်အခဲတွေကြားမှာ ဘယ်လောက်တည်ကြည်ခဲ့သလဲ ဆိုတာနဲ့ တိုင်းတာရမှာပါ။
၅ နှစ်တာ ဖြတ်သန်းလာခဲ့တဲ့ ဒီနေ့မှာ—မိမိကိုယ်ကို ဂုဏ်ယူပါ။

မိမိဘေးမှာ ရပ်တည်ပေးခဲ့တဲ့ ရဲဘော်တွေကို ဂုဏ်ယူပါ။

ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ ခရီးကိုလည်း တန်ဖိုးထားပါ။

ရှေ့ခရီးမှာ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ ကြုံရပါစေ၊ အမှန်တရားကို တန်ဖိုးထားတဲ့ စိတ်ဓာတ်ကို ဆက်လက်ထိန်းသိမ်းထားကြပါရဲဘော်တို့။

"၅ နှစ်တာ ရပ်တည်နိုင်ခဲ့တဲ့ နွေဦးတော်လှန်ရေးရဲဘော်အားလုံးကိုလေးစားဂုဏ်ယူပါတယ်"။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄

တာ၀န်ခံ-ဗိုလ်တောက်တဲ့

အများပြည်သူသို့ အသိပေးထုတ်ပြန်ချက်ရက်စွဲ — [ 6.9.2026 ]ကျွန်ုပ်တို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ ၏ အမည်နှင့် Logo...
06/09/2026

အများပြည်သူသို့ အသိပေးထုတ်ပြန်ချက်

ရက်စွဲ — [ 6.9.2026 ]

ကျွန်ုပ်တို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ ၏ အမည်နှင့် Logo အမှတ်အသားကို အသုံးပြု၍ အလှူငွေများ လိုက်လံကောက်ခံနေကြောင်း သိရှိရပါသည်။
ထိုသို့ အလှူငွေကောက်ခံနေမှုများနှင့်ပတ်သက်၍ အများပြည်သူများအနေဖြင့် အထင်အမြင်လွဲမှားမှု မဖြစ်ပေါ်စေရန် အသိပေးရှင်းလင်းအပ်ပါသည်။

ကျွန်ုပ်တို့ တပ်ခွဲ အနေဖြင့် လက်ရှိအချိန်တွင် အထက်ဖော်ပြပါပုံစံဖြင့် လူမှုကွန်ရက်များပေါ်၌ လိုက်လံအလှူခံခြင်း၊ အလှူငွေကောက်ခံခြင်းများ ပြုလုပ်ထားခြင်း မရှိပါ။
ထို့အပြင် ကျွန်ုပ်တို့၏ **တရားဝင်တပ်ခွဲ Page မဟုတ်သော အခြား Page များ၊ Account များမှ ကျွန်ုပ်တို့တပ်ခွဲ၏ အမည်၊ Logo နှင့် အမှတ်အသားများကို အသုံးပြု၍ အလှူခံခြင်း၊ ငွေကြေးကိစ္စများ ဆောင်ရွက်ခြင်း သို့မဟုတ် အခြားမည်သည့်ကိစ္စရပ်ကိုမဆို ပြုလုပ်နေခြင်းများအပေါ် ကျွန်ုပ်တို့တပ်ခွဲအနေဖြင့် တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်း အတိအလင်း အသိပေးအပ်ပါသည်။

သို့ဖြစ်ပါ၍ အများပြည်သူများအနေဖြင့် အလှူငွေများ ထည့်ဝင်လှူဒါန်းရာတွင် မိမိတို့ယုံကြည်ရသော တရားဝင်ဆက်သွယ်ရေးလမ်းကြောင်းများမှ အတည်ပြုစစ်ဆေးပြီးမှသာ ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကျွန်ုပ်တို့တပ်ခွဲအမည်နှင့် Logo အား အလွဲသုံးစားပြု၍ အလှူခံခြင်းများကြောင့် အလှူရှင်ပြည်သူများ နစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရန်အတွက် ယခုထုတ်ပြန်ချက်ဖြင့် ကြိုတင်အသိပေးရှင်းလင်းခြင်း ဖြစ်ပါသည်။

သာယာ၀တီခရိုင်၊
တပ်ရင်း၃၈၀၂၊တပ်ခွဲ-၄

တာ၀န်ခံ-ဗိုလ်တောက်တဲ့

04/09/2026

အိပ်မက်ဆိုတဲ့ စာမျက်နှာကို
သေသေချာချာ မလှန်ဖြစ်သေးတဲ့
ဘဝတွေပေါ့ ၊

အင်းလေ
အစစအရာရာ ခက်ခဲနေကြတဲ့
ကာလဆိုတော့လည်း

ကိုယ်ဖြစ်ချင်တာတွေထက်
ဖြစ်သင့်တာတွေကိုပဲ
ဦးစားပေးနေရတာတွေက များပါတယ် !!

#ဉာဏ်

#အမျိုးသားညီညွတ်ရေးအစိုးရ
#ကာကွယ်ရေးဝန်ကြီးဌာန
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#တောင်ပိုင်းတိုင်းစစ်ဒေသ
#အမှတ်၂စစ်ဒေသခွဲ
#သာယာဝတီခရိုင်တပ်ရင်း၃၈၀၂
#တပ်ခွဲ၄

01/09/2026

ယုခုလို ထောက်ပံ့လှူဒါန်းပေးပါသော
#ဒေါင်းမင်းထောက်ပို့အဖွဲ့ အားအထူးပင်ကျေးဇူးတင်ရှိပါတယ်။

#အမျိုးသားညီညွတ်ရေးအစိုးရ
#ကာကွယ်ရေးဝန်ကြီးဌာန
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#တောင်ပိုင်းတိုင်းစစ်ဒေသ
#အမှတ်၂စစ်ဒေသခွဲ
#သာယာဝတီခရိုင်တပ်ရင်း၃၈၀၂
#တပ်ခွဲ၄

ယုခုလို ထောက်ပံ့လှူဒါန်းပေးပါသော #ဒေါင်းမင်းထောက်ပို့အဖွဲ့ အားအထူးပင်ကျေးဇူးတင်ရှိပါတယ်။ #အမျိုးသားညီညွတ်ရေးအစိုးရ  #ကာက...
29/08/2026

ယုခုလို ထောက်ပံ့လှူဒါန်းပေးပါသော
#ဒေါင်းမင်းထောက်ပို့အဖွဲ့ အားအထူးပင်ကျေးဇူးတင်ရှိပါတယ်။

#အမျိုးသားညီညွတ်ရေးအစိုးရ
#ကာကွယ်ရေးဝန်ကြီးဌာန
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#တောင်ပိုင်းတိုင်းစစ်ဒေသ
#အမှတ်၂စစ်ဒေသခွဲ
#သာယာဝတီခရိုင်တပ်ရင်း၃၈၀၂
#တပ်ခွဲ၄

ယုခုလို ထောက်ပံ့လှူဒါန်းပေးပါသော #ထိုင်းနိုင်ငံရောက်ကိုဟိန်း အားအထူးပင်ကျေးဇူးတင်ရှိပါတယ်။ #အမျိုးသားညီညွတ်ရေးအစိုးရ  #က...
29/08/2026

ယုခုလို ထောက်ပံ့လှူဒါန်းပေးပါသော
#ထိုင်းနိုင်ငံရောက်ကိုဟိန်း အားအထူးပင်ကျေးဇူးတင်ရှိပါတယ်။

#အမျိုးသားညီညွတ်ရေးအစိုးရ
#ကာကွယ်ရေးဝန်ကြီးဌာန
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#တောင်ပိုင်းတိုင်းစစ်ဒေသ
#အမှတ်၂စစ်ဒေသခွဲ
#သာယာဝတီခရိုင်တပ်ရင်း၃၈၀၂
#တပ်ခွဲ၄

တပ် မ ပြေး နဲ့ ရဲ ဘော်အိမ်ကိုတော့ လူတိုင်း ပြန်ချင်တာပေါ့။မင်းတစ်ယောက်တည်းမှ ပြန်ချင်တာ မဟုတ်ဘူးလေ။တချို့ရဲဘော်တွေဆို ပြ...
29/08/2026

တပ် မ ပြေး နဲ့ ရဲ ဘော်

အိမ်ကိုတော့ လူတိုင်း ပြန်ချင်တာပေါ့။
မင်းတစ်ယောက်တည်းမှ ပြန်ချင်တာ မဟုတ်ဘူးလေ။
တချို့ရဲဘော်တွေဆို ပြန်စရာ အိမ်တောင် မရှိရှာတော့ဘူး။
အတူတိုက်ခဲ့တာချင်းအတူတူ မင်းက ပြန်စရာ အိမ်ရှိတာနဲ့ပဲ တန်းပြန်တော့မှာလား။
မင်းရဲဘော်ကို ပြန်စရာအိမ်ကလေးရှိလာအောင် အဆုံးထိ တိုက်ပေးသွားဦးလေ။
မင်း သူငယ်ချင်းကောင်း မပီသချင်ဘူးလား။
မင်း ပြောခဲ့တယ်၊ တို့ဟာ သွေးသောက်ညီအစ်ကိုတွေ၊ ရဲဘော်ရဲဘက်တွေဆို။
တို့ခရီးတွေ မပြီးဆုံးသေးဘူး။
လမ်းတစ်ဝက်မှာတင် ရပ်တန့်ပစ်လိုက်ရင် မင်း ဘယ်ယောကျ်ားပီသတော့မှာလဲ။
မင်း ဝင်လာတုန်းကတော့ ဝင်လာခဲ့ပြီး မင်းဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် နောင်တ မရနဲ့လေ။
ဝင်လာပြီးမှ ထွက်ချင်တိုင်း ထွက်ရအောင်ကလည်း ငါတို့တပ်ဖွဲ့ကြီးဟာ မင်းအမေအိမ် မဟုတ်ဘူးလေကွာ။
စည်းကမ်းနဲ့ တည်ဆောက်ထားတဲ့နေရာမှာ စည်းကမ်းနဲ့ နေရမှာ။
အိမ်ပြန်ချင်ရင် ခွင့်တောင်းပေါ့ရဲဘော်။
ခွင့်ပြုချက် ရရင် ပေးပြန်လိမ့်မယ်လေ။
ခွင့်မပြုသေးရင် ခွင့်ပြုချက်ပေးတဲ့အထိ စောင့်ဆိုင်းပေါ့။
မစောင့်ဆိုင်းဘဲ တပ်ပြေးရင် မင်း (၂) ပြစ် ကျူးလွန်မိတာပဲ။
တပ်ပြေးချင်ရုံသက်သက်လို့ မယူဆဘဲ သူလျှိုလုပ်ဖို့ တပ်ပြေးတယ်လို့လည်း တွေးကြမှာကို မင်းမတွေးမိဘူးလား။
မင်းကို မဆုံးရှုံးချင်ဘူးရဲဘော်။
မင်းဟာ ရဲဘော်ကောင်း ပီသခဲ့သူပါ။
အများအကျိုးအတွက် မင်းလည်း စွမ်းဆောင်ခဲ့သူပါ။
ရှေ့တန်းမှာ မင်းလည်း ရွပ်ရွပ်ချွံချွံ တိုက်ခဲ့ပါတယ်။
မင်းလုပ်ရပ်တွေ ဆက်လက်ရှင်သန်နေပြီး ပျောက်ကွယ်မသွားစေချင်ဘူး။

Crd.
#အမျိုးသားညီညွတ်ရေးအစိုးရ
#ကာကွယ်ရေးဝန်ကြီးဌာန
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#တောင်ပိုင်းတိုင်းစစ်ဒေသ
#အမှတ်၂စစ်ဒေသခွဲ
#သာယာဝတီခရိုင်တပ်ရင်း၃၈၀၂
#တပ်ခွဲ၄

11/08/2026

တစ်ယောက် တစ်ပေါက်ဆိုပေမဲ့
အားလုံး စုစည်းသွားတဲ့ အခါ
မိုးဟာ သည်းတော့တာပါပဲ။

#အမျိုးသားညီညွတ်ရေးအစိုးရ
#ကာကွယ်ရေးဝန်ကြီးဌာန
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#တောင်ပိုင်းတိုင်းစစ်ဒေသ
#အမှတ်၂စစ်ဒေသခွဲ
#သာယာဝတီခရိုင်တပ်ရင်း၃၈၀၂
#တပ်ခွဲ၄

07/08/2026

တာဝန်နဲ့ခရီးသွားခြင်းဆိုတာ အပန်းဖြေခရီး မဟုတ်ဘူး...။
လှပတဲ့ရှုခင်းတွေကို ကြည့်ဖို့မဟုတ်၊ ပေးအပ်ထားတဲ့တာဝန်ကို အချိန်မီ၊ တာဝန်ကျေစွာ ထမ်းဆောင်နိုင်ဖို့ ခရီးထွက်ရတာပါ။
လမ်းခရီးဘယ်လောက်ဝေးဝေး၊ အခက်အခဲဘယ်လောက်များများ တာဝန်က အရင်၊ ကိုယ်ရေးကိုယ်တာက နောက် ဆိုတဲ့စိတ်နဲ့ ဆက်လက်လျှောက်လှမ်းရတယ်။
ခရီးတစ်ကြိမ်စီဟာ အတွေ့အကြုံတစ်ခု၊ တာဝန်တစ်ခုစီဟာ တန်ဖိုးရှိတဲ့ သင်ခန်းစာတစ်ခု ဖြစ်လာတယ်။
တာဝန်ရှိရာအရပ်သည် ကိုယ့်အတွက် ဂုဏ်ယူစရာနေရာဖြစ်ပြီး၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်းက အကောင်းဆုံးအောင်မြင်မှုပါ။
#တာဝန်နှင့်ခရီးသွားခြင်း #ခရီးတိုင်းမှာတာဝန်ရှိတယ် ゚viralシ

သူ့ကိုယ်သူ သမတ တဲ့လား။သူ့နိုင်ငံသား အနည်းဆုံး ၆ သန်း အထက် ရှိတဲ့နိုင်ငံကို ကော်ဇောနီခင်းကြိုပေးမယ်ဆိုတာနဲ့ သွားလည်တယ်။နိ...
07/08/2026

သူ့ကိုယ်သူ သမတ တဲ့လား။
သူ့နိုင်ငံသား အနည်းဆုံး ၆ သန်း အထက် ရှိတဲ့
နိုင်ငံကို ကော်ဇောနီခင်းကြိုပေးမယ်ဆိုတာနဲ့
သွားလည်တယ်။

နိုင်ငံသား ၆ ယောက်တောင်မှ ကြိုဆိုသူမရှိဘူး။
ကန့်ကွက် ဆန္ဒပြမှာစိုးလို့ သံရုံးရှေ့တောင် လုံခြုံရေး အပြည့်နဲ့။

အမေစု ထိုင်းကို လာတုန်းက မြင်ကွင်းတွေနဲ့ ယှဉ်ကြည့်။
နံ့သာဆီ နဲ့ ခွေးချေး လို ကွာတယ်။

ဒါလား သမတ ၊

လားသမဒီး။

Address

Othegon

Website

Alerts

Be the first to know and let us send you an email when သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share