05/07/2025
အင်းလေး မြကေလာရွာတွင်
Inle Youth Volunteer Network နှင့်ကျနော်တို့
သလဲဉီး ခွဲခြမ်း ပရဟိတ လူငယ်များ အဖွဲ့ တို့
အတူပူးပေါင်းဆောက်လောက်ပေးမည့်
ဝါးအိမ် ၁၄အိမ် အတွက် ၇/၈ရက် အတွင်း
၁၄အိမ်စာ ဝါးများကို ဖောက်လုပ်မှုအပိုင်း
ပြီးစီး သွားခဲ့ပြီး
ဖြစ်ပါတယ်ဗျာ
လုပ်ငန်း စီစဉ်မှု
(၁)မြကေလာရွာတွင် အိမ်ဆောက်လုပ်ရန်အတွက်ဆိုရင်
အိမ်များအမြန်ပြီးဖို့၊အကောင်အထည်ဖော်နိုင်ဖို့
ဝါးများ ဖောက်လုပ်ရန် နေရာ အခက်အခဲတွေ ရှိနေသောကြောင့် IYVN အဖွဲ့နှင့် ရွာသူရွာသားများ၊လက်သမားများနှင့်အတူ စုဝေးပြီးတစ်အိမ်ကုန်ကျမှူတွေ စသဖြင့်ကို
တိုင်ပင်ဆွေး ခဲ့ပြီးတော့
(၂) ၁၄အိမ်လုံးရဲ့ တစ်အိမ်ချင်းစီ အတွက်
ဝါးများအကုန်လုံးကို မှာယူ၊ချခဲ့ကြပြီး
ကျနော်တို့ သလဲဦး ခွဲခြမ်းမွေတော်ကျောင်း
အတွင်းတွင် သလဲဦးအင်းရွာ အိမ်ဆောက်
လက်သမားများတို့ကို ခေါ်ယူ
ဆောက်လုပ်ပေးခဲ့ ကြပါတယ်ဗျာ
(၃)အကာသွပ်၊အမိုး သွပ်များကိုလည်း အေးသာယာစက်မှုစုံရှိ စက်ရုံတိုက်ရိုက် ဝယ်ယူပြီး သွားရောက် သယ်ယူပေးခဲ့ပါသည်
(၄)ပြီးသွားတဲ့ ဝါးအိမ် တစ်အိမ် ချင်းစီကိုလဲ
သယ်ယူရန်အတွက် လှေဆိပ်အထိ အရောက် ဆက်တိုက်
တင် ပို့ဆောင်ပေးနေပါတယ်ဗျာ
(၅)အိမ်တည်ဆောက်မှု အပိုင်းကို မြကေလာရွာမှ
လက်သမားများ ပြန်လည် ဆောက်လုပ်ပေးသွားမည် ဖြစ်ပါတယ်ဗျာ
အားလုံး အမြန်ဆုံးအဆင်ပြေကြပါစေဗျာ…
အထူးကျေးဇူးတင်ပါတယ်…
#သလဲဦးခွဲခြမ်းပရဟိတလူငယ်အဖွဲ့
#အင်းလေးဒေသပြန်လည်ထူထောင်ရေး