17/01/2026
#တံခါးတစ်ချပ်ပွင့်သွားစေရုံ (ပုဂံအတွက်)
ToRi Tour Tori Travel ရဲ့ ပင်တိုင် ပုဂံပဲ့ကိုင်ရှင် Ko Thet Naung ကနေ 13 Jan 2026 ရက်နေ့ HalfDay Sightseeing Gruop Tour မှာ ကိုကြီးနောင်နဲ့အတူ ပါဝင်ကူညီဖို့ အခွင့်အရေးပေးတဲ့အတွက် အများကြီးကျေးဇူးတင်ရပါတယ်။ ပုဂံကို ပုဂံလိုချစ်တဲ့ အကိုကြီးနဲ့ အတူလက်တွဲရတာ ကျနော်အတွက်တော့ တန်ဖိုးကြီးလက်ဆောင် 💙 ပါ။ ကျနော်ရဲ့ #ပုဂံဧည့်သည်အမှတ်_၂၂၀ မြောက် အဖွဲ့လဲဖြစ်ပါတယ်။
▪️ဒီထက်ပိုအရေးကြီးတာက နေ့တဝက်ပဲလည်မယ် Group Tour ကလဲဖြစ်နေတဲ့အတွက် #ပုဂံ ဆိုတာကို စစ်မှန်တဲ့လမ်းကနေ သိမြင်တွေးချင့်နိုင်စေဖို့က မလွယ်ကူပါဘူး။ တသက်လုံးလေ့လာလို့ တောင်မှ ဃဃနနသိဖို့ မှန်မှန်ကန်ကန်မြင်ဖို့ ခက်ခဲတဲ့ အဝန်းဝိုင်းကြီး။ များသောအားဖြင့် Group Tour တွေ Day 1 Day 2 Day 3 အထိ လည်တဲ့အခါမျိုးဆိုရင်တောင် ပုဂံကို ခရေစေ့တွင်းကျ စေ့စေ့စပ်စပ် ပေးစွမ်းနိုင်ဖို့ခက်ပါတယ်။ နေရာစုံအောင် အရသာစုံအောင် အကြောင်းအရာစုံ အများစုအဆင်ပြေအောင်ကို အဓိကထားသွားလာလည်ပတ်ရတာမျိုးပါ။ Bus ပေါ်မှာပါတဲ့ ဧည့်သည် တစ်ယောက်ချင်းစီတိုင်း သိစေကြားစေစိတ်ပါဝင်စားစေဖို့မဖြစ်နိုင်ပါ Overall ခြုံငုံပြီး အားလုံးဆီ တတ်နိုင်သမျှရောက်စေရစေဖို့ အဓိကထား ပြောပြရှင်းပြတဲ့နည်းလမ်းကနေချဥ်းကပ်ယူရပါတယ်။ Private ဆန်ဆန် တစ်ဦးတစ်ယောက်မျိုး၊ မိသားစုတွေ၊ လူနည်းနည်း၊ တစုတစိတ်တဖွဲ့မျိုးတွေကတော့ သူနဲ့ကိုယ်နဲ့ညှိနှိုင်းဆွေးနွေးပြီး ဦးတည်ရည်ရွယ်ချက်ရောက်အောင် ပုဂံကို အဓိပ္ပါယ်ကောင်းကောင်း ဖွင့်ဆိုနိုင်သလို လေ့လာလိုသူ့ထံသို့လဲ အပြည့်အဝရောက်စေဖို့ ပိုနီးစပ်ပါတယ်။ ဒါတောင် ပုဂံကိုသိချင်တဲ့စိတ် ချစ်ခင်တဲ့စိတ်ရှိမှ မဟုတ်ရင် လူနည်းလဲ မထားပါဘူး။
▪️အခုလည်ခဲ့ရတာက ပိုခက်ပါတယ်။ ဒီ Gruop က သူတို့ Company ဆိုင်ရာ Meeting တွေ Project တွေ Planning တွေ့အပြည့်နဲ့မို့ ပုဂံကို နေ့တဝက်ပဲအချိန်ရပါတယ်။ Bus နှစ်စီး Guide နှစ်ယောက်။ ဘုရားလည်မယ် မြင်းလှည်းစီးမယ် အညာထန်းရည်သောက်မယ် စျေးဝယ်ထွက်မယ် ညစာစားရင်း မြန်မာ့ရိုးရာရုပ်သေးကြည့်မယ် ကျနော်တို့အတွက် ပုဂံကိုခင်းကျင်းပြဖို့ ဘုရားနှစ်ဆူ နဲ့ ကားပေါ်မှာပြောပြရမယ့် အချိန်လေးအနည်းငယ်ကနေ ပုဂံကို #အလင်းရောင် တွေနဲ့မြင်အောင် တံခါးဖွင့်ပြပေးရမယ်ဆိုတော့ စဥ်းစားကြည့်ပေါ့။
▪️အကိုကြီးနောင်က လမ်းမှာ Tour Plan နဲ့ပတ်သက်ပြီး အချိန်ဘယ်လောက်ပဲရမယ်၊ ဘာတွေပြောကြမယ်ဆိုပြီး ညှိနှိုင်းညွှန်ကြားလမ်းပြ ပါတယ်။ မှတ်မှတ်ရရ Aureum Palace Hotel & Resort Bagan Bagan ကိုသွားတဲ့ #ဆိုက်ကလုံး 😜 ပေါ်မှာဖြစ်ပါတယ်။ ဘာလို့ ဆိုက်ကလုံးနဲ့သွားရသလဲဆိုရင် ညစာအချိန်ပြီးလို့ ပြန်တဲ့အခါ မြို့ထဲလမ်းမှာကျနော်တို့ ဆင်းနေခဲ့မှာမို့ပါ ( အခြေအနေအရ) ။
▪️ည Dinner ကို Nanda Restaurant Bagan မှာ ကျွေးပါတယ်။ ဒီအချိန်မှာ ကျနော်တို့ ခရီးစဥ်ကို သုံးသပ်လို့ရပါပြီ။ မျှော်လင့်ထားတဲ့အတိုင်း ရည်ရွယ်ချက်အောင်မြင်တဲ့အပြင် မမျှော်လင့်ထားတဲ့ Feedback တွေပါ ရပါတယ်။ သူတို့ပုဂံကို ခဏခဏလာပါတယ်တဲ့ ဒါပေမယ် အခုလိုမျိုးတွေ မကြားဘူးခဲ့ဘူးတဲ့ မေးချင်တဲ့မေးခွန်တွေကိုလဲ မေးရသလို ရှင်းလင်းတဲ့အဖြေတွေလဲရတယ်တဲ့။ ဒါဆို သူတို့သိသွားတဲ့အကြောင်းတွေက ပုဂံကိုလိုက်ရှာတဲ့အခါ လမ်းမှန်ကနေသွားလို့ရတဲ့ တခါးလေးတစ်ချပ်ပွင့်သွားတာပါပဲ။ ဒီအချိန်လေးနဲ့ ဒီအခိုက်အတန့်မှာ #ဒီတံခါးတစ်ချပ် ဆိုတာလေးကြားရတာ ပြောပြလို့မဝတဲ့ ကျေနပ်ခြင်းပီတိပါပဲခင်မျာ။
🎭 BAGAN Ko Gyi Kyaw - ပုဂံကိုကြီးကျော် ✍️