26/09/2025
" Long Live NLD "
ပုဂံညောင်ဦးမြို့နယ်nldလူငယ်လုပ်ငန်းအဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၃၇ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားပြုလုပ်မည်
၂၆ စက်တင်ဘာလ ၂၀၂၅ခုနှစ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လာမည့်စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျရောက်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၃၇ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားတစ်ရပ်ကို Zoom မှတဆင့် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၈၈ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ကြီးမှ ပေါက်ဖွားလာခဲ့သောလူထုတပ်ဦးကြီး ဖြစ်ပြီး ယခုအခါ ၃၇ နှစ် တိုင်ခဲ့ပြီဖြစ်သည်။ ယခုနှစ်တွင်ကျရောက်မည့် ၃၇ နှစ်မြောက်အခမ်းအနားကို ‘နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး’ ကို နိုင်ငံရေးရည်မှန်းချက်ထားပြီးကျင်းပမည်ဖြစ်ပါသည်။
အဆိုပါအခမ်းအနားကို National League for Democracy ဖေ့စ်ဘုတ်စာမျက်နှာ, Radio NUG, PVTV, Khit Thit, Mizzima, DVB , Voice of Spring, People’s Spring, D Lann, D Day, Thanlwin Time, Red Peacock, Red News Agency, သံလွင်ခက် သတင်းဌာနတွေများမှတိုက်ရိုက်ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။