နွေဦးစာကြည့်တိုက် - Spring Library

နွေဦးစာကြည့်တိုက် - Spring Library Our three libraries are helping the at risk youth in remote areas of Karenni State.

“နွေဦးစာကြည့်တိုက်(၃)၏ ၂၀၂၄ အောက်တိုဘာလအတွင်း လှုပ်ရှားမှုများ”၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းတွင် နွေဦးစာကြည့်တိုက်အမှတ်...
31/05/2025

“နွေဦးစာကြည့်တိုက်(၃)၏ ၂၀၂၄ အောက်တိုဘာလအတွင်း လှုပ်ရှားမှုများ”

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းတွင် နွေဦးစာကြည့်တိုက်အမှတ်(၃)၌ လှုပ်ရှားမှု (၂)ခု ပြုလုပ်ခဲ့ပါသည်။

📚စာဖတ်ခြင်းနှင့် မျှဝေခြင်း
- အောက်တိုဘာ ၁၉၊ ၂၀၂၄
- ပါဝင်သူဦးရေ: (၁၄) ဦး

စာဖတ်ကျင့်ရှိစေရန်နှင့် အများရှေ့ပြန်မျှဝေနိုင်စေရန်ရည်ရွယ်၍ စာဖတ်ချိန်ပေးပြီး ဖတ်ထားသောစာအကြောင်း ပြန်လည်မျှဝေစေပါသည်။

📚ပုံပြင်ပြောခြင်း
- အောက်တိုဘာ ၂၆၊၂၀၂၄
- ပါဝင်သူဦးရေ: (၉)ဦး

ကလေးများအား ပုံပြင်စာအုပ်ဖတ်ရန်အချိန်ပေးပြီး အလှည့်ကျ ပြန်လည်ဖတ်ပြစေပါသည်။

#နွေဦးစာကြည့်တိုက်

“နွေဦးစာကြည့်တိုက်(၂)၏ ၂၀၂၄ အောက်တိုဘာအတွင်း လှုပ်ရှားမှုများ”၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းတွင် နွေဦးစာကြည့်တိုက်အမှတ်(...
31/05/2025

“နွေဦးစာကြည့်တိုက်(၂)၏ ၂၀၂၄ အောက်တိုဘာအတွင်း လှုပ်ရှားမှုများ”

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းတွင် နွေဦးစာကြည့်တိုက်အမှတ်(၂)၌ လှုပ်ရှားမှု (၃) ပြုလုပ်ခဲ့ပါသည်။

📚သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးခြင်း
- အောက်တိုဘာ ၆၊ ၂၀၂၄
- ပါဝင်သူဦးရေ: (၇)ဦး

‘ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ်’ စာအုပ်မှ မုန်တိုင်းနှင့်မိုးကြိုးအန္တရာယ်ကာကွယ်ခြင်း၊ မြေပြိုတောင်ပြိုခါနည်း လက္ခဏာများ၊ မြေငလျင်အန္တရာယ်၊ ရေဘေးနောက်ဆက်တွဲအန္တရာယ်များ၊ မီးဘေးအန္တရာယ်ကာကွယ်ခြင်း စသည်တို့အကြောင်းကို အသိပညာပေးပါသည်။

📚ပုံပြင်ဖတ်ရှုခြင်းနှင့်နားထောင်ခြင်း
- အောက်တိုဘာ ၁၃၊ ၂၀၂၄
- ပါဝင်သူဦးရေ: (၆)ဦး

ကလေးများအား ကျေးညီနောင်စာအုပ်ကို ဖတ်ရှုနားထောင်စေပြီး တစ်ဦးချင်းဆွေးနွေးစေပါသည်။

📚စာဖတ်ဝိုင်းပြုလုပ်ခြင်း
- အောက်တိုဘာ ၂၀၊ ၂၀၂၄
- ပါဝင်သူဦးရေ: (၁၀)ဦး

စာပေလေ့လာမှု အားကောင်းလာစေရန်နှင့် ကိုယ့်အားကိုယ်ကိုးနိုင်စေရန်ရည်ရွယ်၍ ကျောင်းသူကျောင်းသားများအား ခွန်အားရှိသော စာပေအမျိုးအစားများအား ဖတ်ရှုစေပါသည်။

#နွေဦးစာကြည့်တိုက်

“နွေဦးစာကြည့်တိုက်(၁)၏ ၂၀၂၄ အောက်တိုဘာလအတွင်း လှုပ်ရှားမှုများ”၂၀၂၄ အောက်တိုအတွင်းတွင် နွေဦးစာကြည့်တိုက်အမှတ် (၁) ၌ လှုပ...
31/05/2025

“နွေဦးစာကြည့်တိုက်(၁)၏ ၂၀၂၄ အောက်တိုဘာလအတွင်း လှုပ်ရှားမှုများ”

၂၀၂၄ အောက်တိုအတွင်းတွင် နွေဦးစာကြည့်တိုက်အမှတ် (၁) ၌ လှုပ်ရှားမှု(၂)ခု ပြုလုပ်ခဲ့ပါသည်။

📚ပန်းချီဆွဲပြိုင်ခြင်း
- အောက်တိုဘာ ၁၈၊၂၀၂၄
- ပါဝင်သူဦးရေ: (၁၃) ဦး

ကလေးများအားဖိတ်ခေါ်၍ နှစ်သက်ရာပန်းချီရေးဆွဲအရောင်ခြယ်စေပါသည်။

📚ဉာဏ်စွမ်းပြိုင်ခြင်း
- အောက်တိုဘာ ၃၀၊ ၂၀၂၄
- ပါဝင်သူဦးရေ: (၂၀)ဦး

ကလေးများအား ဖိတ်ခေါ်၍ အုပ်စုဖွဲ့ ဉာဏ်စွမ်းမေးခွန်းများ ပြိုင်ဆိုင်စေပါသည်။

#နွေဦးစာကြည့်တိုက်

“နွေဦးစာကြည့်တိုက်(၃)၏ ၂၀၂၄ စက်တင်ဘာလအတွင်း လှုပ်ရှားမှုများ”၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်းတွင် နွေဦးစာကြည့်တိုက်အမှတ်(၃)၌...
28/05/2025

“နွေဦးစာကြည့်တိုက်(၃)၏ ၂၀၂၄ စက်တင်ဘာလအတွင်း လှုပ်ရှားမှုများ”

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်းတွင် နွေဦးစာကြည့်တိုက်အမှတ်(၃)၌ လှုပ်ရှားမှု (၂)ခု ပြုလုပ်ခဲ့ပါသည်။

📚စာဖတ်ဝိုင်းပြုလုပ်ခြင်း
- စက်တင်ဘာ ၁၄၊ ၂၀၂၄
- ပါဝင်သူဦးရေ: (၂၄)ဦး

စာဖတ်ကျင့်ရရှိစေရန်၊ ဖတ်ထားသောစာကို ပြန်လည်မျှဝေတတ်စေရန်နှင့် အများရှေ့တွင် စကားပြောရဲစေရန်ရည်ရွယ်၍ ကလေးများကို ဖိတ်ခေါ်ကာ စာဖတ်ဝိုင်းငယ်ပြုလုပ်ခဲ့ပါသည်။ နှစ်သက်ရာစာအုပ်ကို ဖတ်ရှုစေပြီး အခြားသူများကို မျှဝေဆွေးနွေးစေပါသည်။

📚ပုံပြင်နားထောင်ပြီး ဇာတ်ကောင်နေရာဝင်ခံစားခြင်း
- စက်တင်ဘာ ၂၀၊၂၀၂၄
- ပါဝင်သူဦးရေ: (၅)ဦး

ပုံပြင်တွင်ပါဝင်သော ဇာတ်ကောင်များအလိုက် ပါဝင်ခံစားစေပြီး မည်သို့ပြုမူမည်ကို သုံးသပ်ပြောဆိုစေကါသည်။

#နွေဦးစာကြည့်တိုက်

“နွေဦးစာကြည့်တိုက်(၂)၏ ၂၀၂၄ စက်တင်ဘာလအတွင်း လှုပ်ရှားမှုများ”၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်းတွင် နွေဦးစာကြည့်တိုက်အမှတ်(၂)၌...
28/05/2025

“နွေဦးစာကြည့်တိုက်(၂)၏ ၂၀၂၄ စက်တင်ဘာလအတွင်း လှုပ်ရှားမှုများ”

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်းတွင် နွေဦးစာကြည့်တိုက်အမှတ်(၂)၌ လှုပ်ရှားမှု (၂) ပြုလုပ်ခဲ့ပါသည်။

📚စာဖတ်ဝိုင်းပြုလုပ်ခြင်းနှင့် ဂိမ်းဆော့ကစားခြင်း
- စက်တင်ဘာ ၁၊ ၂၀၂၄
- ပါဝင်သူဦးရေ: (၁၃)ဦး

ကလေးများအားဖိတ်ခေါ်၍ နှစ်သက်ရာစာအုပ်ကို လေ့လာစေပြီး အချင်းချင်းမျှဝေစေပါသည်။ ထို့နောက် အုပ်စုခွဲဂိမ်းဆော့ကစားကြပါသည်။

📚ကာတွန်းပုံတူပန်းချီရေးဆွဲခြင်း
- စက်တင်ဘာ ၁၅၊ ၂၀၂၄
- ပါဝင်သူဦးရေ: (၆)ဦး

ကလေးများတွေးခေါ်ဖန်တီးနိုင်စွမ်း တိုးတက်စေရန် ရည်ရွယ်၍ နှစ်သက်ရာ ကာတွန်းပုံစံတူ ရွေးချယ်ရေးဆွဲစေပါသည်။

#နွေဦးစာကြည့်တိုက်

“နွေဦးစာကြည့်တိုက်(၁)၏ ၂၀၂၄ စက်တင်ဘာလအတွင်း လှုပ်ရှားမှုများ”၂၀၂၄ စက်တင်ဘာလအတွင်းတွင် နွေဦးစာကြည့်တိုက်အမှတ် (၁) ၌ လှုပ်...
28/05/2025

“နွေဦးစာကြည့်တိုက်(၁)၏ ၂၀၂၄ စက်တင်ဘာလအတွင်း လှုပ်ရှားမှုများ”

၂၀၂၄ စက်တင်ဘာလအတွင်းတွင် နွေဦးစာကြည့်တိုက်အမှတ် (၁) ၌ လှုပ်ရှားမှု(၂)ခု ပြုလုပ်ခဲ့ပါသည်။

📚ပုံပြင်ပြောပြိုင်ခြင်း
- စက်တင်ဘာ ၁၃၊ ၂၀၂၄
- ပါဝင်သူဦးရေ: (၁၁) ဦး

ကလေးများအား စကားပြောမှန်ကန် ရဲရင့်စေရန် ရည်ရွယ်၍ ပုံပြင်စာအုပ်များမှ နှစ်သက်ရာပုံပြင်ကို ရွေးချယ်၍ အများရှေ့တွင် ရွတ်ဖတ်ပြစေပါသည်။

📚ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန် အသိပညာပေးခြင်း
- စက်တင်ဘာ ၁၉၊ ၂၀၂၄
- ပါဝင်သူဦးရေ: (၁၇)ဦး

ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကြုံတွေ့လာပါက ရင်ဆိုင်နိုင်စေရန်ရည်ရွယ်၍ ကလေးများအား အသိပညာပေးပါသည်။

#နွေဦးစာကြည့်တိုက်

“နွေဦးစာကြည့်တိုက်(၃)၏ ၂၀၂၄ ဩဂုတ်လအတွင်း လှုပ်ရှားမှုများ”၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်းတွင် နွေဦးစာကြည့်တိုက်အမှတ်(၃)၌ လှုပ်...
23/05/2025

“နွေဦးစာကြည့်တိုက်(၃)၏ ၂၀၂၄ ဩဂုတ်လအတွင်း လှုပ်ရှားမှုများ”

၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်းတွင် နွေဦးစာကြည့်တိုက်အမှတ်(၃)၌ လှုပ်ရှားမှု (၂)ခု ပြုလုပ်ခဲ့ပါသည်။

📚စာရေးခြင်းဖြင့်မျှဝေပေးခြင်း
- ဩဂုတ် ၁၀၊ ၂၀၂၄
- ပါဝင်သူဦးရေ: (၁၂)ဦး

ဖတ်ရှုရာစာအုပ်မှ နှစ်သက်သော အကြောင်းအရာ၊ စကားစုများ၊ စာကြောင်းများကို ချရေးမှတ်သားသေပြီး နံရံတွင် စာရွက်များကပ်ချိတ်ဖတ်ရှုစေပါသည်။

📚စာဖတ်ဝိုင်းနှင့် အမြင်မျှဝေခြင်း
- ဩဂုတ် ၁၇၊ ၂၀၂၄
- ပါဝင်သူဦးရေ: (၈)ဦး

ကြိုက်နှစ်သက်ရာ စာအုပ်ကို ဖတ်ရန် အချိန်ပေးပြီး သုံးသပ်ဆွေးနွေးစေပါသည်။ ထို့နောက် အမြင်များကို အပြန်အလှန် အပြုသဘောဖြင့် သုံးသပ်ဆွေးနွေးစေပါသည်။

#နွေဦးစာကြည့်တိုက်

“နွေဦးစာကြည့်တိုက်(၂)၏ ၂၀၂၄ ဩဂုတ်လအတွင်း လှုပ်ရှားမှုများ”၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းတွင် နွေဦးစာကြည့်တိုက်အမှတ်(၂)၌ လှု...
23/05/2025

“နွေဦးစာကြည့်တိုက်(၂)၏ ၂၀၂၄ ဩဂုတ်လအတွင်း လှုပ်ရှားမှုများ”

၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းတွင် နွေဦးစာကြည့်တိုက်အမှတ်(၂)၌ လှုပ်ရှားမှု (၃) ပြုလုပ်ခဲ့ပါသည်။

📚စကားပုံ
- ဩဂုတ် ၄၊ ၂၀၂၄
- ပါဝင်သူဦးရေ: (၉)ဦး

ကျောင်းသူကျောင်းသားများအား စပါးပုံအလင်းပြကျမ်း စာအုပ်ကို ကြိုတင်ဖတ်ရှုထားစေပါသည်။ ထို့နောက်အုပ်စု သုံးဖွဲ့ခွဲ၍ ကြိုက်နှစ်သက်ရာ စကားပုံ(၅)ခုစီ၏ ဆင်းသက်ပုံအကြောင်း၊ အဓိပ္ပါယ်နှင့် အသုံးပြုပုံအကြောင်း ရှင်းလင်းပြောကြားစေပါသည်။

📚ပုံပြင်ဖတ်ရှုခြင်းနှင့်ပြန်လည်မျှဝေခြင်း
- ဩဂုတ် ၁၈၊ ၂၀၂၄
- ပါဝင်သူဦးရေ: (၁၂)ဦး

ကလေးများအား လက်ရွေးစင်ပုံပြင်စာအုပ်များထဲမှ ကြိုက်နှစ်သက်ရာကို ဖတ်ရှုစေပြီး အချင်းချင်းပြန်လည်မျှဝေပြီး ရရှိသည့်သင်ခန်းစာအား ပြောကြားစေပါသည်။

📚ကလေးတို့အတွက် ကောင်းသောအကျင့်
- ဩဂုတ် ၂၈၊၂၀၂၄
- ပါဝင်သူဦးရေ: (၁၂)ဦး

‘Good Habits for Children’ စာအုပ်မှ ကလေးများ လိုက်နာဆောင်ရွက်သင့်သည့် အကျင့်ကောင်းအပြုအမူကောင်းများကို မျှဝေပေးပြီး အပြန်အလှန်ဆွေးနွေးစေပါသည်။

#နွေဦးစာကြည့်တိုက်

“နွေဦးစာကြည့်တိုက်(၁)၏ ၂၀၂၄ ဩဂုတ်လအတွင်း လှုပ်ရှားမှုများ”နွေဦးစာကြည့်တိုက်အမှတ်(၁)အား ရပ်ရွာတွင်း နေရာကိစ္စရပ်တစ်ခုကြော...
23/05/2025

“နွေဦးစာကြည့်တိုက်(၁)၏ ၂၀၂၄ ဩဂုတ်လအတွင်း လှုပ်ရှားမှုများ”

နွေဦးစာကြည့်တိုက်အမှတ်(၁)အား ရပ်ရွာတွင်း နေရာကိစ္စရပ်တစ်ခုကြောင့် ပိတ်ထားခဲ့ရပါသည်။ ရွာတွင်း နေရာပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီးနောက် ဩဂုတ်လတွင် လှုပ်ရှားမှု (၁)ခု ပြန်လည် စတင်ပြုလုပ်နိုင်ခဲ့ပါသည်။

📚စာဖတ်ဝိုင်းပြုလုပ်ခြင်း
- ဩဂုတ် ၃၀၊ ၂၀၂၄
- ပါဝင်သူဦးရေ: (၉)ဦး

ကလေးများအား စာစီစာကုံးစာအုပ်များအား ဖတ်ရှုစေပြီး စာစီစာကုံးတုပ ရေးတတ်စေရန် ရှင်းပြပါသည်။

#နွေဦးစာကြည့်တိုက်

“နွေဦးစာကြည့်တိုက်(၃)၏ ၂၀၂၄ ဇူလိုင်လအတွင်း လှုပ်ရှားမှုများ”၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းတွင် နွေဦးစာကြည့်တိုက်အမှတ်(၃)၌ လှုပ...
23/05/2025

“နွေဦးစာကြည့်တိုက်(၃)၏ ၂၀၂၄ ဇူလိုင်လအတွင်း လှုပ်ရှားမှုများ”

၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းတွင် နွေဦးစာကြည့်တိုက်အမှတ်(၃)၌ လှုပ်ရှားမှု (၂)ခု ပြုလုပ်ခဲ့ပါသည်။

📚စာဖတ်ခြင်းနှင့်ပြန်လည်မျှဝေခြင်း
- ဇူလိုင် ၁၀၊ ၂၀၂၄
- ပါဝင်သူဦးရေ: (၉)ဦး

Grade 8 ကလေးများကိုဖိတ်ခေါ်၍ နှစ်သက်ရာစာအုပ်တစ်အုပ်ကို ဖတ်ရန်အချိန်ပေးပါသည်။ ထို့နောက်ဖတ်ရှုထားသည့်အကြောင်းအရာကိုမှတ်သားစေပြီး အချင်းချင်း ပြန်လည်မျှဝေစေပါသည်။

📚စာဖတ်ခြင်းနှင့်ဂိမ်းကစားခြင်း
- ဇူလိုင် ၃၁၊ ၂၀၂၄
- ပါဝင်သူဦးရေ: (၁၃)ဦး

Grade 6 ကလေးများအားဖိတ်ခေါ်၍ နှစ်သက်ရာစာအုပ် ရွေးချယ်ကာစာဖတ်စေပါသည်။ ထို့နောက် အုပ်စုလိုက် ဂိမ်းဆော့ကစားကြပါသည်။

#နွေဦးစာကြည့်တိုက်

“နွေဦးစာကြည့်တိုက်(၂)၏ ၂၀၂၄ ဇူလိုင်လအတွင်း လှုပ်ရှားမှုများ”၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းတွင် နွေဦးစာကြည့်တိုက်အမှတ်(၂)၌ လ...
23/05/2025

“နွေဦးစာကြည့်တိုက်(၂)၏ ၂၀၂၄ ဇူလိုင်လအတွင်း လှုပ်ရှားမှုများ”

၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းတွင် နွေဦးစာကြည့်တိုက်အမှတ်(၂)၌ လှုပ်ရှားမှု (၅)ခု ပြုလုပ်ခဲ့ပါသည်။
***နွေဦးစာကြည့်တိုက်(၁)သည် ရပ်ရွာအခြေအနေတစ်ခုကြောင့် ဇူလိုင်လအတွင်း ဆက်လက်ပိတ်ထားခဲ့ရပါသည်။

📚အသီးအရွက် အင်္ဂလိပ်ဝေါဟာရများလေ့ကျင့်ခြင်း
- ဇူလိုင် ၇၊၂၀၂၄
- ပါဝင်သူဦးရေ: (၆)ဦး

ကလေးများအား အသီးအနှံများ ပုံဆွဲပြပြီး အဓိပ္ပါယ် အခေါ်အဝေါ်များ ရှင်းပြလေ့ကျင့်ပါသည်။ ထို့နောက် ကိုယ်တိုင်ကြိုက်နှစ်သက်ရာပုံဆွဲပြီး အရောင်ခြယ်စေပါသည်။

📚ပန်းပင်များစိုက်ပျိုးခြင်း
- ဇူလိုင် ၁၄၊ ၂၀၂၄
- ပါဝင်သူဦးရေ: (၃)ဦး

စာကြည့်တိုက်ဝန်းကျင်သာယာရေးအတွက် ရောင်စုံပန်းများ စိုက်ပျိုးပါသည်။

📚ရောင်စုံစက္ကူများဖြင့် ပုံဖော်ခြင်း
- ဇူလိုင် ၂၁၊ ၂၀၂၄
- ပါဝင်သူဦးရေ: (၅)ဦး

ကလေးများအား ဖိတ်ခေါ်၍ စက္ကူပန်းခေါက်နည်း ပြသကာ လေ့ကျင့်စေပါသည်။

📚စာစီစာကုံးပြိုင်ပွဲကျင်းပခြင်း
- ဇူလိုင် ၂၆၊ ၂၀၂၄
- ပါဝင်သူဦးရေ: (၉)ဦး

အလယ်တန်းနှင့် အထက်တန်းဆင့်ကျောင်းသားများကိုဖိတ်ခေါ်၍ ‘ကျေးဇူးရှင်မိခင်ဖခင်’ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ကြပါသည်။

📚ဆုလက်ဆောင်ချီးမြှင့်ခြင်းနှင့် မိဘကျေးဇူးအကြောင်းဆွေးနွေးခြင်း

ပြိုင်ပွဲဝင်သူများမှ အရေးအသားအကောင်းဆုံးသူများအား အလှူရှင်ဆရာမတစ်ဦးမှ ဆုချီးမြှင့်ပါသည်။ ထို့နောက်တက်ရောက်လာသူများနှင့် ခေါင်းစဉ်အကြောင်းဆွေးနွေး အားပေးစကားပြောကြပါသည်။

#နွေဦးစာကြည့်တိုက်

“နွေဦးစာကြည့်တိုက်(၃)၏ ၂၀၂၄ ဇွန်လအတွင်း လှုပ်ရှားမှုများ”၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းတွင် နွေဦးစာကြည့်တိုက်အမှတ်(၃)၌ လှုပ်ရှ...
21/05/2025

“နွေဦးစာကြည့်တိုက်(၃)၏ ၂၀၂၄ ဇွန်လအတွင်း လှုပ်ရှားမှုများ”

၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းတွင် နွေဦးစာကြည့်တိုက်အမှတ်(၃)၌ လှုပ်ရှားမှု (၃)ခုပြုလုပ်ခဲ့ပါသည်။

📚စာဖတ်နှုန်းလေ့ကျင့်ခြင်း
- ဇွန် ၁၅၊ ၂၀၂၄
- ပါဝင်သူဦးရေ: (၁၄)ဦး

ကလေးများအား Children Book အမျိုးအစားမှ စာအုပ်များအား အသံထွက် ဖတ်ရှုစေပါသည်။ အခက်အခဲရှိပါက ဘေးမှကလေးမှ ကူညီအဖြေရှာစေခြင်းဖြင့် တစ်ဦးချင်း သို့မဟုတ် အတွဲလိုက်လေ့ကျင့်စေပါသည်။

📚စကားလုံးဆက်ဂိမ်း
- ဇွန် ၂၂၊ ၂၀၂၄
- ပါဝင်သူဦးရေ: (၈)ဦး

ကလေးများအား အုပ်စုနှစ်စုခွဲ၍ သတ်ပုံမှန်ကန်စွာ စကားလုံးဆက်တက်စေရန် ယှဉ်ပြိုင်စေပါသည်။

📚စာဖတ်ခြင်းနှင့် ပြန်လည်မျှဝေခြင်း
- ဇွန် ၂၈၊ ၂၀၂၄
- ပါဝင်သူဦးရေ: (၁၂)ဦး

သုတစာအုပ်များထဲမှ တစ်ယောက်လျှင်တစ်အုပ် ဖတ်ရှုစေပြီး အများရှေ့တွင် ဖတ်ရှုထားသည့်အကြောင်းအရာများအား ပြန်လည်မျှဝေစေပါသည်။

#‌နွေဦးစာကြည့်တိုက်

Address

Ngwedaung

Opening Hours

Monday 09:00 - 15:00
Tuesday 09:00 - 15:00
Wednesday 09:00 - 15:00
Thursday 09:00 - 15:00
Friday 09:00 - 15:00

Website

Alerts

Be the first to know and let us send you an email when နွေဦးစာကြည့်တိုက် - Spring Library posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category