PDF - Tatkon "Battalion 803"

PDF - Tatkon "Battalion 803" To fight military junta Let's donate NUG & PDF

ဒီနှစ်က စစ်တိုက်ဖို့ထက်စားဝတ်နေရေးအတွက် ရုန်းကန်ရတဲ့နှစ်တစ်နှစ်ပဲ။  #ထောက်ပို့ထီတစ်စောင်2000ကျပ်
23/08/2026

ဒီနှစ်က စစ်တိုက်ဖို့ထက်
စားဝတ်နေရေးအတွက် ရုန်းကန်ရတဲ့နှစ်တစ်နှစ်ပဲ။


#ထောက်ပို့ထီတစ်စောင်2000ကျပ်

(၃၁)ကြိမ်မြောက် ထောက်ပို့ထီ ကံစမ်းပွဲလေးမှာ ကျွန်တော်တို့တပ်ရင်းအမှတ် (၈၀၃) မှရောင်းချသော ထီအဆောင်ရေများထဲမှ တစ်သောင်းဆု...
03/08/2026

(၃၁)ကြိမ်မြောက် ထောက်ပို့ထီ ကံစမ်းပွဲလေးမှာ ကျွန်တော်တို့တပ်ရင်းအမှတ် (၈၀၃) မှရောင်းချသော ထီအဆောင်ရေများထဲမှ တစ်သောင်းဆု (၉) ဆု နှစ်သောင်းဆု (၄)ဆု ငါးသောင်းဆု (၁)ဆု ကံထူးသွားပါတယ် ။
(၃၁)ကြိမ်မြောက် ထောက်ပို့ထီ လေးမှာ ပထမဆုရှင်အဖြစ်ကံမထူးသေးသော်လည်း (၃၂)ကြိမ်မြောက်မှာ ဆက်လက်ကံစမ်းရင်း တော်လှန်ရေးရဲ့အရွေ့တစ်ခုမှာ သူဌေး လောင်းလဲ ဖြစ်နိုင် မြေပြင်ရဲဘော်တွေရဲ့ အ​ထွေထွေ လိုအပ်ချက်များစွာကိုလည်းဖြည့်တင်းနိုင်တာမို့ ဆက်လက်ကံစမ်းရင်းဝန်းရံပေးကြ ပါအုံးခင်မျာ။
#နေပြည်တော်pdf_battalion_803

‼️အသိပေး အကြောင်းကြားခြင်း‼️ မိဘပြည်သူ ညီအစ်ကို မောင်နှမများခင်ဗျာယခု Page " Ragnar Column Logistics "သည်ပြည်သူ့ကာကွယ်ရေ...
01/08/2026

‼️အသိပေး အကြောင်းကြားခြင်း‼️

မိဘပြည်သူ ညီအစ်ကို မောင်နှမများခင်ဗျာ
ယခု Page " Ragnar Column Logistics "သည်
ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းအမှတ် (803)မှ အသုံးပြုနေသော
page ဖြစ်ကြောင်း Fundraising Team မှ တရားဝင် အသိပေး အကြောင်းကြားအပ် ပါသည်။
တပ်ရင်းအမှတ် (803)

‼️အသိပေး အကြောင်းကြားခြင်း‼️

မိဘပြည်သူ ညီအစ်ကို မောင်နှမများခင်ဗျာ
ယခု Page " Ragnar Column Logistics "သည်
ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းအမှတ် (803)မှ အသုံးပြုနေသော
page ဖြစ်ကြောင်း Fundraising Team မှ တရားဝင် အသိပေး အကြောင်းကြားအပ် ပါသည်။

27/07/2026

ဒီနေ့ ဒီရက် 27.7.2026 နေ့သည် နေပြည်တော်တိုင်းစစ်ဌာန နေပြည်တော် PDF တပ်ရင်းအမှတ် (၈၀၃) ၏ တပ်ရင်းမှုးဖြစ်သော ရဲဘော်ရက် (ဂ်)နာ (ခ) ရဲဘော်C Jade ၏ ကျဆုံးခြင်း ၁၀ လ ပြည့်နေ့ ဖြစ်သည့်အတွက် လွမ်းဆွတ် သတိရခြင်းအနေဖြင့် ဂုဏ်ပြုအလေးပြုခြင်း အခမ်းအနားကို ရှေ့တမ်းတစ်နေရာတွင် ပြုလုပ်ခဲ့ပါတယ်။
"အာဇာနည်မျိုးသေရိုးမရှိ " ဆိုတဲ့အတိုင်း၊အချိန်တိုင်း ကျွန်တော်တို့ ရဲ့ စိတ်နှလုံးသားထဲမှာ အမြဲရှင်သန်လျက်ပါ။
#နေပြည်တော်pdf_battalion_803

19/07/2026

(၇၉)နှစ်မြောက်အာဇာနည်နေ့ ဂုဏ်ပြုအလေးပြုခြင်း

(၇၉) နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၊ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြသောအာဇာနည် ရဲဘော်အပေါင်းတို့အား နေပြည်တော် PDF တပ်ရင်းအမှတ် (၈၀၃)ရှိရဲဘော်/ရဲမေများမှ ဂုဏ်ပြုအလေးပြုအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
#နေပြည်တော်တိုင်းစစ်ဋ္ဌာန
#ဗျူဟာအမှတ် (၁၈)
#တပ်ရင်းအမှတ် (၈၀၃)

18/07/2026

တော်လှန် ထောက်ပို့ထီ များကို နေပြည်တော်တပ်ရင်းအမှတ် (၈၀၃)တွင် ရောင်းချ နေပါပြီ
ထောက်ပို့ထီဆိုတာ ပေါက်ရင်ယူ မပေါက်ရင် ကူ ဆိုတဲ့အတိုင်း တော်လှန်ရေးအတွက်အုတ်တစ်ချပ် သဲတစ်ပွင့်စာပါဝင်ရင်း ပထမဆုကြီးဖြစ်တဲ့ ကျပ်သိန်းတစ်ထောင် ဆုကြီးကိုလဲ စွပ်ခူးနိုင်ပါတယ် ။
ရဲဘော်များရဲ့ အ​ထွေထွေ လိုအပ်ချပ်များကိုလဲ ဖြည့် တင်းနိုင်ပါတယ် ။ တော်လှန်ထောက်ပို့ထီ များကို တပ်ရင်း Page မှသော်လည်းကောင်း တပ်ရင်းရဲ့ ရဲဘော်၊ရဲမေများမှ လည်း ပါဝင်ကံစမ်းရင်းထောက်ပို့နိုင်ပါတယ် ခင်မျာ။
#နေပြည်တော်pdf_battalion_803

11/07/2026

အမျိုးသားညီညွှတ်ရေးအစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန
ပြည်သူ့ကာကွယ်ရေးတပ်မတော်
နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းအမှတ်(၈၀၃)
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်သားသစ်များခေါ်ယူခြင်း
သတ်မှတ်ချက်များ
၁။ အသက်(၁၈)နှစ်မှ(၃၀)နှစ်အတွင်းဖြစ်ပြီးကျန်းမာရေး(အထူး)ကောင်းမွန်သူဖြစ်ရမည်။
၂။ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒ/ဉပဒေ/
အမိန့်/ညွှန်ကြားချက်နှင့် လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်နိုင်ရမည်။
၃။ တော်လှန်ရေးကို ပြီးဆုံးသည်အထိ အတူတကွ တိုက်ပွဲဝင်နိုင်ရမည်။
၄။ မိမိအပေါ်ပေးအပ်လာသော မည်သည့်တာဝန်ကိုမဆို အချိန်မရွေး၊ နေရာဒေသမရွေး၊
ကျေပွန်စွာထမ်းဆောင်နိုင်ရမည်။
၅။ အမိန့်နှင့် စစ်စည်းကမ်းကို နာခံတတ်သူဖြစ်ရမည်။
၆။ ပြည်သူလူထုနှင့် တော်လှန်ရေးအပေါ် သစ္စာစောင့်သိ၍ တိုင်းပြည်နှင့် လူမျိုးအတွက်
စွန့်လွှတ်အနစ်နာခံနိုင်ပြီး စွန့်စားဝံ့သူဖြစ်ရမည်။

အထက်ပါအချက်များနှင့်ကိုက်ညီသူ ကျား/မ မရွေးလျှောက်ထားနိုင်ပြီး လျှောက်ထားသူများထဲမှ
တာဝန်ထမ်းဆောင်ရန် သင့်တော်မည့်သူများကို စိစစ်ရွေးချယ်သွားမည်ဖြစ်သည်။

ဆက်သွယ်ရန်
၁။နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းအမှတ်(၈၀၃)၏ Facebook စာမျက်နှာ
(Page Link – https://www.facebook.com/PDF.TK)

တိုက်ပွဲတစ်ခုထဲမှာ အတူတူဖြတ်သန်းခဲ့ရတဲ့ရဲဘော်တွေကြားက သံယောဇဥ်နဲ့သစ္စာရှိမှုဟာပြည်သူတွေနားလည်ရခက်လောက်အောင်ကိုနက်ရှိုင်း...
08/07/2026

တိုက်ပွဲတစ်ခုထဲမှာ
အတူတူဖြတ်သန်းခဲ့ရတဲ့
ရဲဘော်တွေကြားက
သံယောဇဥ်နဲ့သစ္စာရှိမှုဟာ
ပြည်သူတွေနားလည်ရ
ခက်လောက်အောင်ကိုနက်ရှိုင်းလွန်းပါတယ်။
ရာသီဥတုဒဏ်၊ ဆာလောင်ငတ်မွတ်မှု၊ ကြောက်ရွံ့မှု၊ ပင်ပန်းနွမ်းနယ်မှုနဲ့သေကွဲ ရှင်ကွဲ ကွဲကွာရတဲ့ဝေဒနာတွေ၊ ငါတို့ဘေးနားက ထိခိုက်ဒဏ်ရာရသွားတဲ့ရဲဘော်ရဲဘက်ညီအစ်ကိုတွေ ရဲ့ သွေးစက်တွေကိုလည်း အတူတကွ ရင်းစီးခံစားကြရတယ်။

စစ်မြေပြင်က
တိုက်ပွဲရဲ့ကြောက်မက်ဖွယ်ရာ ရိုက်ခတ်သံတွေရဲ့
ခံစားချက်တွေကို စစ်မြေပြင်မှာအတူတူရှိခဲ့တဲ့
ရဲဘော်ရဲဘက်အချင်းချင်းပဲ နားလည်နိုင်ပါတယ်။
ဒါဟာ ငါတို့ကြားက အခိုင်မာဆုံးနဲ့အသန့်ရှင်းဆုံး
သံယောဇဥ်ရှိမှုတစ်ခုပါပဲ...

တပ်သားသစ်များ စိစစ်ခေါ်ယူနေပါပြီ။
ဆက်သွယ်ရန် - နေပြည်တော်တပ်ရင်းအမှတ် (၈၀၃)
တပ်ရင်း page သို့ ဆက်သွယ် နိုင်ပါသည်။
#နေပြည်တော်pdf_battalion_803

07/07/2026

ကျွန်တော် တို့တပ်ရင်းအမှတ် (၈၀၃) အတွက် Revolution Youths Of Myanmar [RYOM] မှ ထောက်ပံ့ကူညီပေးပါသော ထောက်ပို့ငွေ 4,653,000 ကျပ် တိတိကို လက်ခံရရှိပါတယ်ခင်မျာ ။
ခုလို ပါဝင် ထောက်ပံ့ပေးပါသော Revolution Youths Of Myanmar [RYOM] နှင့်တော်လှန် မိဘပြည်သူများအား ဤဗီဒီယိုဖြင့် ဂုဏ်ပြုလေးစားဦးညွတ်အပ်ပါတယ် ခင်မျာ။
#နေပြည်တော်pdf_battalion_803

Address

Naypyidaw

Website

Alerts

Be the first to know and let us send you an email when PDF - Tatkon "Battalion 803" posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share