အားကစားနှင့်လူငယ်ရေးရာ Sports & Youth Affairs, Myanmar

  • Home
  • Myanmar
  • Naypyidaw
  • အားကစားနှင့်လူငယ်ရေးရာ Sports & Youth Affairs, Myanmar

အားကစားနှင့်လူငယ်ရေးရာ Sports & Youth Affairs, Myanmar The Ministry of Sports and Youth Affairs

(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီကိုယ်စားလှယ်အဖွဲ့ပြန်လည်ထွက်ခွာရန်ကုန်၊ဧပြီလ(၂၂)ရက်။ ...
22/04/2023

(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီကိုယ်စားလှယ်အဖွဲ့ပြန်လည်ထွက်ခွာ

ရန်ကုန်၊ဧပြီလ(၂၂)ရက်။

(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီကိုယ်စားလှယ်၊ကမ္ဘောဒီးယားနိင်ငံဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်H.E Mr.HOR Sarunနှင့်အဖွဲ.ဝင်များသည် ယနေ့နံနက်(၁၁:၂၀)နာရီ က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှလာအိုနိုင်ငံသို့ထွက်ခွာသွားရာ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E Mr.CHUM Angvichetနှင့်သံရုံးမှတာဝန်ရှိသူများ၊ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဌ၊ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ဦးဌေးအောင်နှင့်ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးအောင်မိုးတို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်းသိရှိရသည်။

21/04/2023

(၃၂) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအပြီးတွင်ကျင်းပမည့် ၁၂ ကြိမ်မြောက်အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲအထိမ်းအမှတ် မီးရှူးတိုင်လက်ဆင့်ကမ်းသယ်ယူခြင်းအခမ်းအနားကျင်းပ
သည့်သတင်း MRTV New တွင်ပါရှိမှု

(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲ အထိမ်းအမှတ် မ...
21/04/2023

(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲ အထိမ်းအမှတ် မီးရှူးတိုင်သယ်ယူခြင်း အခမ်းအနားကျင်းပ

ရန်ကုန်၊ ဧပြီလ(၂၁)ရက်။

၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယား နိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အဆိုပါပြိုင်ပွဲ အပြီး ဇွန်လ(၃)ရက်နေ့မှ (၉)ရက်နေ့အထိ ဆက်လက်ကျင်းပမည့် (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲ အထိမ်းအမှတ် မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ယူခြင်း အခမ်းအနားကို ၂၁.၄.၂၀၂၃ ရက် ေန့ နံနက်(၇)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး တက္ကသိုလ် ရိပ်သာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံရုံး၌ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် တိုင်းေဒသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ (၃၂)ကြိမ် ေမြာက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် H.E Mr.HOR Sarun ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E Mr. CHUM Angvichet ၊ မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ယူရေး အစီအစဉ်အတွက် အထူးဖိတ်ကြားထားသော တီမောလက်စတေနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဒေါက်တာသန်းသန်းဌေး၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ အားကစားသမားများ၊ ကျောင်းသား/ ကျောင်းသူများ၊ မိဘပြည်သူများ စုစုပေါင်းအင်အား (၁၈၀၀)ခန့် တက်ရောက် ဆင်နွှဲကြပါသည်။

အဆိုပါ အခမ်းအနားအစီအစဉ်အရ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး H.E Mr. CHUM Angvichet က အမှတ်တရ စကားပြောကြားရာတွင် ကမ္ဘောဒီးယားနိုင်ငံ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီ၏ ကိုယ်စားလှယ် ဦးဆောင်သည့် အဖွဲ့ဝင် (၉)ဦး အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံမှ စတင်၍ ခရီးရှည်ထွက်ခဲ့ကြပြီး ယခုဆို မြန်မာပြည်သို့ ရောက်ရှိလာပြီဖြစ် ကြောင်း၊ ၂၀၂၃ ခုနှစ် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ၏ ကြီးကျယ်ခမ်းနားမှုသည် ကမ္ဘောဒီးယား ပြည်သူ/ ပြည်သား အားလုံးအတွက် အရေးကြီးသော သမိုင်းဝင်ဖြစ်စဉ်တစ်ခုဖြစ်ပြီး ပထမဆုံး အကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပရခြင်းကို များစွာဂုဏ်ယူဝမ်းမြောက် ပီတိဖြစ်ရပါကြောင်းနှင့် ယနေ့ အခမ်းအနား စည်ကားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးသော မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့တို့အား ကျေးဇူးတင်ရှိကြောင်း ပြောကြားပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါက်တာ သန်းသန်းဌေးက (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပြိုင်ပွဲဝင် နိုင်ငံများအားလုံး စိတ်အားတတ်ကြွပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေး အတွက် အိမ်ရှင်ကမ္ဘောဒီးယားနိုင်ငံ၏ အားစိုက်ထုတ်လုပ်ကိုင်ဆောင်ရွက်နေမှုများကို များစွာ အသိအမှတ်ပြု ဂုဏ်ပြုမိပါကြောင်း နှင့်မသန်စွမ်းအားကစားသမားများ အပါအဝင် ပြိုင်ပွဲဝင် အားကစားသမားများအားလုံး ပျော်ရွှင်ကြမှာအမှန်ပင်ဖြစ်ပါကြောင်း အမှတ်တရပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ပထမဆုံး အကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခြင်းနှင့် ပြိုင်ပွဲဝင်နိုင်ငံများအပေါ် တစ်ကြိမ် တစ်ခါမှ မကြုံဖူးသော အိမ်ရှင်နိုင်ငံ၏ ဧည့်ဝတ်ကျေပွန်မှုနှင့် စီစဉ်ဆောင်ရွက်ထားရှိမှုကို သိရှိရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကြီးသည် အရှေ့တောင်အာရှနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု ၊ ငြိမ်းချမ်းရေးနှင့် ညီညွတ်မှု မြှင့်တင်ရေးကို အပြည့်အဝကိုယ်စားပြုမည်ဟု ယုံကြည်ပါကြောင်း အမှတ်တရပြောကြားခဲ့ပါသည်။

၄င်းနောက် ကမ္ဘောဒီးယားနိုင်ငံ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ကော်မတီ၏ ကိုယ်စားလှယ် H.E Mr.HOR Sarun က ယနေ့အခမ်းအနားသည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ပုံရိပ်ကို မြှင့်တင်ရန်အတွက် အထူးအရေးပါပြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးသော မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တက်ရောက်ပေးသော အားကစားသမားများ၊ ကျောင်းသား/ကျောင်းသူများ၊ တိုင်းသူ ပြည်သားများကို အထူးကျေးဇူးတင်ရှိကြောင်းနှင့် မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ဆောင်ခြင်း အခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံရှိ ကမ္ဘာ့အံ့ဖွယ် အန်းကောဝပ် ဘုရားကျောင်းမှ စတင်၍ အာဆီယံ(၁၀)နိုင်ငံသို့ အစီအစဉ်တကျ ဆက်လက်ထွက်ခွာပြီး ၊ ဧပြီလ(၂၇)ရက်နေ့တွင် ကမ္ဘောဒီးယား နိုင်ငံသို့ ပြန်လည် ရောက်ရှိမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီးနောက် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ အထိမ်းအမှတ်မီးရှူးတိုင်ကို ကမ္ဘောဒီးယားနိုင်ငံအရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပရေး ကော်မတီ ကိုယ်စားလှယ် H.E Mr.HOR Sarun က မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံရုံး မှ စတင်သယ်ဆောင်လာပြီး ၎င်းမှတစ်ဆင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး H.E Mr. CHUM Angvichet သို့ လည်းကောင်း ၊ ၄င်းနောက် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသို့ လက်ဆင့်ကမ်း လွှဲပြောင်းပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါက်တာသန်းသန်းဌေးထံသို့ လည်းကောင်း၊ ၎င်းမှတစ်ဆင့် မသန်စွမ်း အားကစားသမားနှင့် လှေလှော်အားကစားသမားတို့က လက်ဆင့်ကမ်းသယ်ဆောင်၍ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးထံ ပေးအပ်၍ ၎င်းမှတစ်ဆင့် ကမ္ဘောဒီးယားနိုင်ငံ အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ကိုယ်စားလှယ်သို့ လွှဲပြောင်းပေးအပ်ပြီး ၎င်းမှ ကမ္ဘောဒီးယားနိုင်ငံသံရုံးအတွင်းသို့ ပြန်လည်သယ်ဆောင်၍ ထွန်းညှိသိမ်းဆည်းခဲ့ပါေကြာင်းနှင့် စုစုပေါင်း (၁.၅)ကီလိုမီတာ အကွာအဝေးကို သယ်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ကိုယ်စားလှယ်တော် H.E Mr.HOR Sarun အား အမှတ်တရ လက်ဆောင် ပစ္စည်းပေးအပ်ခဲ့ပြီး အဆိုပါ အထိမ်းအမှတ် မီးရှူးတိုင်သည် မြန်မာနိုင်ငံမှ လာအိုနိုင်ငံသို့ ဧပြီလ(၂၂)ရက်နေ့တွင် ဆက်လက် ထွက်ခွာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

20/04/2023

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အနေဖြင့် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကြိုတင်လေ့ကျင့်ပြင်ဆင်နေမှုများနှင့် ပတ်သက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူထုအားကစားနှင့်ပညာပေးဌာနခွဲ မှ ညွှန်ကြားရေးမှူး ဦးဌေးအောင်အား မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တွေ့ဆုံမေးမြန်းခြင်း
၂၀.၄.၂၀၂၃ရက်နေ့

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ သည် Deputy Secretary General of World Vovinam Federati...
18/04/2023

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ သည် Deputy Secretary General of World Vovinam Federation (WVVF), Deputy Secretary General of South East Asian Vovinam Federation(SEAVF) Mr.Nguyen Binh Dinh အားလက်ခံတွေ့ဆုံ
နေပြည်တော်၊ ဧပြီ(၁၈)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ သည် ယနေ့နံနက် (၁၁)နာရီတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ ဝန်ကြီးရုံး Call ခန်းမ၌ Deputy Secretary General of World Vovinam Federation (WVVF), Deputy Secretary General of South East Asian Vovinam Federation(SEAVF), Secretary General of Vietnam Vovinam Federation (VVF), Deputy President /General Secretary of Ho Chi Minh City Voviam Viet Vo Dao Federation (HVVF), Head of Vovinam Section of Ho Chi Minh City Department of Culture and Sport Mr.Nguyen Binh Dinh အား လက်ခံတွေ့ဆုံခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက Mr.Nguyen Binh Dinh အား Deputy Secretary General of World Vovinam Federation (WVVF), Deputy Secretary General of South East Asian Vovinam Federation(SEAVF) ၏ အတွင်းရေးမှူးအဖြစ် ထပ်မံရွေးကောက်တင်မြှောက်ခြင်း/ရွေးချယ် ခြင်းခံရသည့်အတွက် အထူးဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဗိုဗီနမ်အားကစားနည်းအတွက် မြန်မာနိုင်ငံမှ နည်းပြများနှင့် အားကစားမားများအား ယခုလိုလာရောက်တွေ့ဆုံအားပေးသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ဗိုဗီနမ်အားကစားနည်းဆက်လက်ပြန့်ပွားအောင် မြန်မာနိုင်ငံအနေဖြင့်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာသိုင်းပညာရပ်ဖြစ်သည့် (ဗန်တို) အားကစားနည်းကိုလည်း အရှေိ့တောင်အာရှတွင်သာမက အာရှနိုင်ငံများအထိပြန့်ပွားပြီး ပြိုင်ပွဲများတွင် ထည့်သွင်းကျင်းပနိုင်အောင် ပေါင်းစပ်ကူညီဆောင်ရွက်ပေးသွားရန် ညှိနှိုင်းဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်ပြီး Mr.Nguyen Binh Dinh က ယခုလိုလက်ခံတွေ့ဆုံခွင့်ပေးသည့် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဗိုဗီနမ်အားကစားနည်းကို အရှေ့တောင်အာရှအားကစားပြိုင်ပွဲများနှင့် အခြားနိုင်ငံတကာ အားကစား ပြိုင်ပွဲများတွင်ပါ (၁၀)စုနှစ်တစ်ခုထိ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အိမ်ရှင် SEA Games တွင်လည်း ထည့်သွင်း၍ လက်ခံကျင်းပပေးခဲ့သည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်ပြီး ဗိုဗီနမ်အားကစား နည်းဖြင့် မြန်မာအသင်း အောင်မြင်မှုများရရှိအောင် ဆက်လက်ကူညီ၍ ပေါင်းစပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် မြန်မာ့ရိုးရာသိုင်းပညာရပ်ဖြစ်သည့် (ဗန်တို)အားကစားနည်းကိုလည်း အရှေိ့တောင်အာရှတွင်သာမက အာရှနိုင်ငံများအထိပြန့်ပွားပြီး ပြိုင်ပွဲများထည့်သွင်းကျင်းပနိုင်အောင် ပေါင်းစပ်ကူညီဆောင်ရွက်ပေးသွားမည်ဟုပြောကြားခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲမြင့်က ဗိုဗီနမ်အားကစားနည်းတိုးတက် ပြန့်ပွားအောင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အရှေ့တောင်အာရှအားကစား ပြိုင်ပွဲ၊ အခြားနိုင်ငံတကာအားကစားပြိုင်ပွဲများနှင့် အာဆီယံ ကျောင်းသားအားကစားပြိုင်ပွဲတို့တွင် ဗိုဗီနမ်အားကစားနည်းထည့်သွင်းကျင်းပနိုင်ရေးအတွက် လက်ခံကျင်းပမည့်အိမ်ရှင်နိုင်ငံများမှ တာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီး နှင့်တာဝန်ရှိသူများသည် Mr.Nguyen Binh Dinh အား အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြောင်းသိရသည်။

Deputy Secretary General of World Vovinam Federation (WVVF), Deputy Secretary General of South East Asian Vovinam Federa...
18/04/2023

Deputy Secretary General of World Vovinam Federation (WVVF), Deputy Secretary General of South East Asian Vovinam Federation(SEAVF) Mr.Nguyen Binh Dinh သည် ဗိုဗီနမ်အားကစားအဖွဲ့မှ နည်းပြများနှင့်အားကစားသမားများအား နှစ်သစ်အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်
နေပြည်တော်၊ ဧပြီ(၁၈)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ Deputy Secretary General of World Vovinam Federation (WVVF), Deputy Secretary General of South East Asian Vovinam Federation(SEAVF) ဗီယက်နမ်နိုင်ငံမှ Mr.Nguyen Binh Dinh ၊ မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲမြင့်နှင့်တာဝန်ရှိသူများသည် ယနေ့ နေ့လည်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ၌ မြန်မာနိုင်ငံ ဗိုဗီနမ်အားကစားအဖွဲ့မှ အုပ်ချုပ်/နည်းပြများနှင့် မြန်မာ့လက်ရွေးစင် အားကစားသမားများ အားတွေ့ဆုံ၍ လာမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာဗိုဗီနမ် အသင်းအနေဖြင့် အောင်မြင်မှုဆုတံဆိပ်များ ရရှိစေရန်အတွက် ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်း၊ နည်းဥပဒေ များနှင့် အမှတ်ပေးနည်းစနစ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဆုတံဆိပ်များရရှိအောင် ကြိုးစား လေ့ကျင့်သွားကြရန် အားပေးစကားပြောကြားခဲ့ပြီးနောက် Mr.Nguyen Binh Dinh နှင့်တာဝန်ရှိသူများ သည် အုပ်ချုပ်/နည်းပြများနှင့် မြန်မာ့လက်ရွေးစင် အားကစားသမားများအား နှစ်သစ်အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။

16/04/2023

အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မဟာသင်္ကြန် အတက်နေ့ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစု လမ်းလျှောက်သင်္ကြန်နှင့် အရာထမ်း၊ အမှုထမ်းများအား ကံစမ်းမဲဖောက်ခြင်း အခမ်းအနားသို့ တက်ရောက်သည့်သတင်း ည (၈)နာရီ MRTV သတင်းတွင်ပါရှိမှု

မြန်မာ့ရိုးရာမဟာသင်္ကြန် (အတက်နေ့) အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစု လမ်းလျှောက်သင်္ကြန်နှင့် အရာထမ်း/အမှု...
16/04/2023

မြန်မာ့ရိုးရာမဟာသင်္ကြန် (အတက်နေ့) အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစု လမ်းလျှောက်သင်္ကြန်နှင့် အရာထမ်း/အမှုထမ်းများအား ကံစမ်းမဲဖောက်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီ(၁၆)။

၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်(အတက်နေ့)၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုလမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် ဗလာမပါ ကံစမ်းမဲဖောက်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒိ္ဓအားကစားကွင်း၌ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်ဇနီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမျိုးလှိုင်နှင့်ဇနီး၊ ဒေါက်တာစိုးဝင်းနှင့်ဇနီး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှတာဝန်ရှိသူများသည် အရာထမ်း/ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များနှင့်အတူ ဌာနခွဲအသီးသီးမှ စတုဒီသာကျွေးမွေးဧည့်ခံသည့် မြန်မာ့ရိုးရာအစားအစာများအား ပျော်ပျော်ပါးပါး စားသောက်ပြီး မြန်မာ့ရိုးရာမဟာသင်္ကြန် (အတက်နေ့)အား ပါဝင်ကာ စည်းကားသိုက်မြိုက်စွာ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲခဲ့သည်။

ထို့နောက် ဌာနခွဲများမှဝန်ထမ်းများက သင်္ကြန်တေးသီချင်းများ၊ မြန်မာ့ရိုးရာ သင်္ကြန်အကအလှ များနှင့် Fitness Dance များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့မှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် ဖျော်ဖြေရေး အဖွဲ့များအား ဆုကြေးငွေများပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်ဇနီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများအား ဗလာမပါကံစမ်းမဲများ ဖောက်ပေးပြီး ဆုများအသီးသီး ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၊ အားကစားမောင်မယ်များအတာသင်္ကြန်မဏ္ဍပ်၌ မြန်မာ့လက်ရွေးစင်အားကစားမောင်မယ်များနှင့် လူငယ် အားကစားလေ့ကျင့်ရေးစခန်းမှ အားကစားမောင်မယ်များ၏ ပျော်ပျော်ရွှင်ရွှင် ရေပတ်ကစားနေမှုများနှင့် အားကစားအဖွဲ့များမှ အားကစားမောင်မယ်များ၏ သင်္ကြန်တေးသီချင်းများ၊ မြန်မာ့ရိုးရာသင်္ကြန် အကအလှများဖြင့်ဖျော်ဖြေတင်ဆက်ခဲ့မှုများအား ကြည့်ရှုအားပေးခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးဇနီး၊ ဒုတိယဝန်ကြီးများ၏ဇနီးများနှင့်အဖွဲ့ဝင်များသည် အားကစားမောင်မယ်များနှင့်အတူ မြန်မာ့ရိုးရာ တေးသီချင်း၊ သင်္ကြန်အကများဖြင့် ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲခဲ့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးက ဖျော်ဖြေရေးအဖွဲ့များအား ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

16/04/2023

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန မိသားစုလမ်းလျှောက်သင်္ကြန် ပွဲတော်နှင့် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း အားကစားမောင်မယ်များ၏ အတာသင်္ကြန်ပွဲတော်တို့သို့ တက်ရောက်သည့်သတင်း ည(၈)နာရီ MRTVသတင်းပါရှိမှု

သင်္ကြန်အကြတ်နေ့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမိသားစု လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန...
15/04/2023

သင်္ကြန်အကြတ်နေ့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမိသားစု လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း အားကစားမောင်မယ်များ၏ အတာသင်္ကြန်ပွဲတော်ကျင်းပ

နေပြည်တော်၊ ဧပြီ(၁၅)။

၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မိသားစု လမ်းလျှောက်သင်္ကြန်နှင့် စတုဒီသာကျွေးမွေးခြင်းတို့ကို နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း အားကစားမောင်မယ်များ အတာသင်္ကြန်ပွဲတော်အခမ်းအနားကို ယနေ့(သင်္ကြန် အကြတ်နေ့) နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒိ္ဓအားကစားကွင်းနှင့် အားကစားလေ့ကျင့်ရေး စခန်းတို့၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်ဇနီးသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဌာနခွဲအသီးသီးမှ စတုဒီသာကျွေးမွေးသည့် မြန်မာ့ရိုးရာ အစားအစာများကို ပျော်ပျော်ပါးပါး စားသောက်ပြီး လမ်းလျှောက်သင်္ကြန်(အကြတ်နေ့)အား ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနေမှုများကို လှည့်လည်ကြည့်ရှုခဲ့သည်။

ဆက်လက်ပြီး ဌာနခွဲများမှ ဝန်ထမ်းများက မြန်မာ့ရိုးရာသင်္ကြန်သီချင်းများ၊ သင်္ကြန်အကများနှင့် Fitness Dance များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့မှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဖျော်ဖြေရေးအဖွဲ့များအား ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၊ အားကစား မောင်မယ်များ အတာသင်္ကြန်မဏ္ဍပ်၌ ကမ္ဘောဒီးယားနိုင်ငံမှ ခြင်းလုံးအားကစားမောင်မယ်များ၊ မြန်မာ့ လက်ရွေးစင်အားကစားမောင်မယ်များနှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်းမှ အားကစားမောင်မယ် များ၏ ရခိုင်ရိုးရာသင်္ကြန် ရေပတ်ကစားနေမှုများအားလည်းကောင်း၊ ဂျူဒိုအားကစားနည်းမှ ဂျပန်နည်းပြ YAMATO HIRANUMA က မြန်မာသီချင်းဖြင့်လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံမှ ခြင်းလုံးအားကစားမောင်မယ်များက ကမ္ဘောဒီးယားသီချင်းဖြင့်လည်းကောင်း၊ အားကစားအဖွဲ့များမှ အားကစားမောင်မယ်များ၏ သင်္ကြန်သီချင်း၊ သင်္ကြန်အကများဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်မှု များအား ကြည့်ရှုအားပေးခဲ့ပြီးနောက် ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က ဖျော်ဖြေရေးအဖွဲ့ များအတွက် ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး မြန်မာ့ရိုးရာ အတာသင်္ကြန်(အကြတ်နေ့)အား ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့သည်။

အဆိုပါ သင်္ကြန်အကြတ်နေ့ မိသားစုလမ်းလျှောက်သင်္ကြန်အခမ်းအနားနှင့် အားကစားမောင်မယ် များ၏ အတာသင်္ကြန်ပွဲတော်အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် များဖြစ်ကြသော ဦးထွန်းမြင့်ဦးနှင့် ဦးနေဝင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့်ဇနီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲခဲ့ကြသည်။

ဧပြီလ(၁၆)ရက်နေ့(သင်္ကြန်အတက်နေ့) အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မိသားစု လမ်းလျှောက် သင်္ကြန်ပွဲတော်အခမ်းအနားနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် အရာထမ်း/အမှုထမ်းများကို ပြည်ထောင်စုဝန်ကြီးက အမှတ်တရကံစမ်းမဲ ဖောက်ပေးခြင်းများနှင့် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း အားကစားမောင်မယ်များ၏ အတာသင်္ကြန်မဏ္ဍပ်၌ မြန်မာ့လက်ရွေးစင် အားကစားမောင်မယ်များနှင့် လူငယ်အားကစားလေ့ကျင့်ရေး စခန်းမှ အားကစားမောင်မယ်များ၏ ရေပတ်ကစားနေမှုများအား ပျော်ပျော်ပါးပါးဆက်လက်ဆင်နွှဲ သွားမည် ဖြစ်ကြောင်းသိရသည်။

အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည့် အားက...
15/04/2023

အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန မိသားစု လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း အားကစားမောင်မယ်များ အတာသင်္ကြန်ပွဲတော်သို့ တက်ရောက်သည့်သတင်းအား(၁၅.၄.၂၀၂၃)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမျက်နှာ(၇)တွင်ဖော်ပြပါရှိမှု

Address

Naypyitaw
Naypyidaw
095

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00

Telephone

+6738104336

Alerts

Be the first to know and let us send you an email when အားကစားနှင့်လူငယ်ရေးရာ Sports & Youth Affairs, Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to အားကစားနှင့်လူငယ်ရေးရာ Sports & Youth Affairs, Myanmar:

Share