သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

  • Home
  • Myanmar
  • Naypyidaw
  • သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သနပ္ပင်မြို့နယ်၌ စနစ်ကျသောစိုက်ပျိုးရေးစနစ် ဆောင်ရွက်မည့်တောင်သူများနှင့်တွေ့ဆုံ========================================...
31/08/2026

သနပ္ပင်မြို့နယ်၌ စနစ်ကျသောစိုက်ပျိုးရေးစနစ် ဆောင်ရွက်မည့်တောင်သူများနှင့်တွေ့ဆုံ
=================================================
သနပ္ပင် ဩဂုတ် ၃၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး နှင့်တာဝန်ရှိသူများသည် သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်း ဆောင်ရွက်သည့် စနစ်ကျသောစိုက်ပျိုးရေးစနစ် စီမံကိန်းဆောင်ရွက်ရန်အတွက် ယမန်နေ့က သနပ္ပင်မြို့နယ် ကမာဖရံကျေးရွာ၌ ဆောင်ရွက်သည်။

ဦးစွာ ကမာဖရံကျေးရွာရှိ မြစိမ်းရောင် စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ စနစ်တကျလယ်ယာမြေ ဖော်ဆောင်ရန်အတွက် တစ်ဆက်တစ်စပ်တည်း ဧက ၃၀၀ ရှိသည့် အသင်းသားတောင်သူ ၈၀ ဦးနှင့်တွေ့ဆုံပြီး လက်ထောက်ညွှန်ကြားရေးမှူးက သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသောစိုက်ပျိုးရေးစနစ်ကို ဆောင်ရွက် ခြင်းဖြင့် သီးနှံများ စုပေါင်းဝယ်ယူ၊ စုပေါင်းရောင်းချခြင်းများသည် တောင်သူများအနေဖြင့် ကုန်ကျစရိတ် သက်သာမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

စေတနာရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ရွေးချယ်တင်မြှောက်ပွဲ အခမ်းအ...
31/08/2026

စေတနာရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနား ကျင်းပ
=======================================================================================
သထုံ ဩဂုတ် ၃၁

မွန်ပြည်နယ် သထုံမြို့နယ် စေတနာရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အသစ် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ဩဂုတ် ၂၈ ရက်က အဆိုပါ အသင်းရုံး၌ ကျင်းပသည်။

ဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန္တာစိုးက အမှာစကားပြောကြားပြီး အသင်း တာဝန်ရှိသူတို့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းတို့ကို ကဏ္ဍအလိုက် ဆွေးနွေးသည်။

ဆက်လက်၍ ပြင်ဆင်သည့် သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေအရ စေတနာရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်မှစတင်ကာ ၅ နှစ်တာ ဆက်လက်တာဝန်ယူ ဆောင်ရွက်ကြမည့် အမှုဆောင်သစ်များကို မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိမှ ဦးဆောင်၍ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ရွေးချယ်ကြကာ အသင်းသားအားလုံးတို့၏ အတည်ပြုချက်ရယူ၍ ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။

လှိုင်မာလာရောင်းဝယ်ရေးသမဝါယမအသင်းလီမီတက် အစည်းအဝေးနှင့် အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲ ကျင်းပ==========================...
31/08/2026

လှိုင်မာလာရောင်းဝယ်ရေးသမဝါယမအသင်းလီမီတက် အစည်းအဝေးနှင့် အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲ ကျင်းပ
===================================================================
လှိုင် ဩဂုတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် လှိုင်မာလာရောင်းဝယ်ရေးသမဝါယမအသင်းလီမီတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်များအတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယမန်နေ့က မြို့နယ်သမဝါယမ ဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

ဦးစွာ လှိုင်မာလာရောင်းဝယ်ရေးသမဝါယမအသင်းလီမီတက်အသင်းဥက္ကဋ္ဌ ဒေါ်စန်းစန်းအေးနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမင်းသန့်က အမှာစကားပြောကြားပြီး အသင်းတာဝန်ရှိသူ များက ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ကဏ္ဍအလိုက်ဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမင်းသန့်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေနှင့်အညီ စိစစ်ရွေးချယ်ကာ အသင်းသားအားလုံး၏ အတည်ပြုချက်ရယူ၍ အမှုဆောင်များကို ရွေးချယ်တင်မြှောက်ခဲ့သည်။ ထို့နောက် အသင်းသား ၁၂၀ ဦးတို့ အား အစုပေါ်အမြတ်များနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့နယ်၊ ရှားချောင်းစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း၏ စနစ်တကျ မိုးစပါး စုပေါင်း စိုက်ပျိုးထားရှိမှုအား ကွင်းဆင်း...
31/08/2026

လယ်ဝေးမြို့နယ်၊ ရှားချောင်းစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း၏ စနစ်တကျ မိုးစပါး စုပေါင်း စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှု
================================================================================
နေပြည်တော် ဩဂုတ် ၃၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ပြည့်စိုးသည် ဌာနတာဝန်ရှိသူများ၊ အသင်းတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က လယ်ဝေးမြို့နယ် ရှားချောင်းကျေးရွာ ရှားချောင်းစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း(လီမိတက်) တောင်သူ ၁၀ ဦး၏ မိုးစပါးတစ်ကွင်းတစ်စပ်တည်း ၆၄.၇၂ ဧကတွင် ထိုင်းနှံကောက်မိုးစပါးစိုက်ပျိုး ထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က ယခုရက်ပိုင်း မိုးရွာသွန်းမှုများ ပြားသဖြင့် လယ်မြေများရေဝင်ကာ စိုက်ပျိုးချိန်အမီ မစိုက်နိုင်သည်ကို တွေ့ရှိရသဖြင့် ပျိုးသက်ရပြီးသော ရက် ၉၀ စပါးမျိုးများအား သတ်မှတ်ရက်အမီ ပျိုးထောင်လက်စိုက်စနစ်ဖြင့် အချိန်မီစိုက်ပျိုးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဓနသိဒ္ဓိရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ရွေးချယ်တင်မြှောက်ပွဲအခမ်း...
31/08/2026

ဓနသိဒ္ဓိရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ရွေးချယ်တင်မြှောက်ပွဲအခမ်းအနား ကျင်းပပြုလုပ်
======================================================================================
သထုံ ဩဂုတ် ၃၁

မွန်ပြည်နယ် သထုံမြို့နယ် ဓနသိဒ္ဓိ‎ရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အသစ် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါအသင်းရုံး၌ ကျင်းပသည်။

ဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူး ဒေါ်သင်းသင်းက အမှာစကားပြောကြားပြီး အသင်းတာဝန်ရှိသူတို့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ချက်များနှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းတို့ကို ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပြင်ဆင်သည့်သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေအရ ဓနသိဒ္ဓိရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်မှစတင်ကာ ၅ နှစ်တာ ဆက်လက်တာဝန်ယူ ဆောင်ရွက်ကြမည့် အမှုဆောင်သစ်များကို မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူးမှ ဦးဆောင်၍ သမဝါယမ အသင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ရွေးချယ်ကြကာ အသင်းသားအားလုံးတို့၏ အတည်ပြုချက် ရယူ၍ ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။‎

ပေါက်ခေါင်းမြို့နယ်၌ သမဝါယမစနစ်ဖြင့် စုပေါင်းစိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်======================================...
31/08/2026

ပေါက်ခေါင်းမြို့နယ်၌ သမဝါယမစနစ်ဖြင့် စုပေါင်းစိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
==================================================
ပေါက်‌ခေါင်း ဩဂုတ် ၃၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် တိုင်း‌ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ပေါက်ခေါင်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌတို့နှင့်အတူ တောင်သူများစုပေါင်း၍ ဆက်စပ်ကုမ္ပဏီများနှင့် ပေါင်းစပ်ပြီး တစ်ကွင်းတစ်ဆက်တည်း လယ်ယာမြေများ၌ သမဝါယမ စနစ်ဖြင့် စုပေါင်းစိုက်ပျိုးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့နယ် ရွာထောင်အုပ်စု ဥသျှစ်ကုန်းကျေးရွာသို့လည်းကောင်း၊ ဝက်တိုးကျေးရွာအုပ်စု ဝက်တိုးကျေးရွာသို့လည်းကောင်း သွားရောက်၍ ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်း ဆောင်ရွက်သည့် စနစ်ကျသောစိုက်ပျိုးရေး၊ စနစ်ကျသောမွေးမြူရေးနှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း များအား ကွင်းဆင်းညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်လံမြို့နယ်၌ ‌ဒေသဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ==========================...
31/08/2026

အောင်လံမြို့နယ်၌ ‌ဒေသဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
========================================================

‎အောင်လံ ဩဂုတ် ၃၁

‎‎သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊မကွေးတိုင်း‌ဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကာလတို၊ ကာလလတ်၊ ကာလရှည်နှင့် နှစ်ရှည်စီမံကိန်းများရေးဆွဲခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဩဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက အောင်လံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

‎‎ရှေးဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်နှင့် အောင်လံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးသက်လွင်တို့က အဖွင့်အမှာစကားပြောကြားပြီး အောင်လံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းနိုင်က ဒေသဖွံ့ဖြိုးရေးလုပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

‎‎ဆက်လက်၍ အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက် နိုင်ရန်အတွက် နှစ်အလိုက် လုပ်ငန်းများ လျာထားမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

‎‎ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှုအခြေအနေများ၊ ကာလတို၊ ကာလလတ်နှင့် ကာလရှည်စီမံကိန်းများ ရေးဆွဲထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

‎‎ထို့နောက် ဌာနဆိုင်ရာများ၏ ရှင်းလင်းတင်ပြချက်များအ‌ပေါ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

‎‎အဆိုပါအစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ အောင်လံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌ၊ ခရိုင်နှင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကော့မှူးမြို့နယ်တွင် သမဝါယမကဏ္ဍမှဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများတွေ့ဆုံ ဆွေးနွေးပွဲကျင်းပ=========================...
31/08/2026

ကော့မှူးမြို့နယ်တွင် သမဝါယမကဏ္ဍမှဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများတွေ့ဆုံ ဆွေးနွေးပွဲကျင်းပ
============================================================
ကော့မှူး သြဂုတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်သမဝါယမဦးစီးဌာနတွင် လွှတ်တော် ကိုယ်စားလှယ်များနှင့် သမဝါယမလုပ်ငန်းများဆောင်ရွက်မှု တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို တောင်ပိုင်းရပ်ကွက် မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးသန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စုစုထွေးက သမဝါယမကဏ္ဍမှ ဆောင်ရွက် လျက်ရှိသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း​​​၊ သက်တန့်ရောင်စီမံကိန်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုတို့နှင့် သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေး စနစ်(CBFP)စီမံကိန်း ဆောင်ရွက်မည့်လုပ်ငန်းစဥ်များအား ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာ‌သော အသင်းသားတောင်သူများမှ (CBFP)စီမံကိန်းနှင့်ပတ်သက်၍ သိလိုသည်များကို‌ မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြ‌ပြီး အခမ်းအနားသို့ အသင်းသား တောင်သူ ၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားခရိုင် ဝန်ထမ်းပေါင်းစုံ (ဂျီအီးစီ) သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအ...
31/08/2026

မြစ်ကြီးနားခရိုင် ဝန်ထမ်းပေါင်းစုံ (ဂျီအီးစီ) သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
======================================================================================
မြစ်ကြီးနား သြဂုတ် ၃၁

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဝန်ထမ်းပေါင်းစုံ (ဂျီအီးစီ) သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့က ပြည်နယ်သမဝါယမ ဦးစီးဌာနရုံး ဆွတ်ဂျာအိန်ခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးတွင် အသင်းစားကိုယ်စား ၁၅၀ ဦးတို့ တက်ရောက်ခဲ့ကြပြီး ကချင်ပြည်နယ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှမြင့်က ဝန်ထမ်းပေါင်းစုံငွေစုငွေချေး ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ငွေစုတတ်သည့် အလေ့အကျင့်ကောင်းများကြောင့် ဝန်ထမ်းများ စားဝတ်နေရေး၊ လူမှုရေးလုပ်ငန်းများတွင် အကျိုးပြုသည့်အချက်များကို ရှင်းလင်းပြောကြားပြီး သဘာဝပတိနှင့် သမဝါယမအသင်းသားများက အမှုဆောင်အသစ်များ ရွေးချယ်တာဝန်ပေးခြင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်အတွက် အမှုဆောင်အဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးနှစ် နှစ်ချုပ်စာရင်း စစ်ဆေးချက် အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်း၊ အသင်းသားများမှ အကြုံပြုဆွေးနွေးခြင်းနှင့် အမှုဆောင်အဖွဲ့၏ အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများကို အတည်ပြုခဲ့ကြကြောင်း သိရသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် အခြားကုန်ထုတ်လုပ်ငန်းဆောင်ရွက်သည့် တောင်သူများထံသို့...
31/08/2026

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် အခြားကုန်ထုတ်လုပ်ငန်းဆောင်ရွက်သည့် တောင်သူများထံသို့ မတည်ချေးငွေ ကျပ် ၂၂၅၀ သိန်း လွှဲပြောင်းပေးအပ်
======================================================================================
မိုးကောင်း ဩဂုတ် ၃၁

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် အခြားကုန်ထုတ်လုပ်ငန်းဆောင်ရွက်သည့် တောင်သူများထံသို့ မတည်ချေးငွေလွှဲပြောင်းပေးအပ်ပွဲကို ဩဂုတ် ၂၈ ရက်က မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပသည်။

အဆိုပါမတည်ထောက်ပံ့ငွေပေးအပ်ပွဲတွင် ကုန်တန်းကြီးကျေးရွာ လင်းလက်ကြယ် စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ စိုက်ဧက ၁၈၅ ဧကအတွက် ကျပ်သိန်း ၃၀၀၊ ဘောဂသိဒ္ဒိ သမဝါယမအသင်း၏ လယ်ယာလုပ်ငန်း ၁၀.၄၂ ဧကအတွက် ကျပ်သိန်း ၅၀၊ တောင်နီကျေးရွာ ထွန်းတောက်ကြယ်သမဝါယမအသင်း၏ စိုက်ဧက ၁၃၅ ဧကအတွက် ကျပ်သိန်း ၃၀၀၊ ပင်လုံကျေးရွာ ခေတ်သစ်သမဝါယမအသင်း၏ စိုက်ဧက ၁၁၀ အတွက် ကျပ်သိန်း ၃၀၀၊ နန့်ခွင်ကျေးရွာ ဖွံ့ဖြိုး‌ရေးကြယ် သမဝါယမအသင်း၏ စိုက်ဧက ၁၂၇ ဧကအတွက် ကျပ်သိန်း ၃၀၀၊ ပင်းကြိုင်း‌ကျေးရွာ အောင်ဇမ္ဗူ သမဝါယမအသင်း၏ စိုက်ဧက ၂၀၀ အတွက် ကျပ်သိန်း ၅၀၀ နှင့် ကျွန်းတောရပ်ကွက် မြို့နယ် သမဝါယမအသင်းစု၏ ဆီစက်လုပ်ငန်းအတွက် ကျပ်သိန်း ၅၀၀၊ မတည်ချေးငွေစုစုပေါင်း ကျပ် ၂၂၅၀ သိန်းကို မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးကြီးကြပ်မှုကော်မတီဝင်များက အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

Address

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ရုံးအမှတ် (၁၆)၊ နေပြည်တော်
Naypyidaw
15015

Alerts

Be the first to know and let us send you an email when သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန:

Shortcuts

Share