Apex 2024 Co., Ltd.

Apex 2024 Co., Ltd. Petroleum Service

25/08/2026

🚨𝐔𝐑𝐆𝐄𝐍𝐓! အလုပ်အကိုင် အခွင့်အလမ်း (ဝန်ထမ်း အမြန်ခေါ်ယူနေပါသည်)🚨

👉𝘼𝙥𝙚𝙭 𝙂𝙖𝙨 & 𝙊𝙞𝙡 𝙋𝙪𝙗𝙡𝙞𝙘 𝘾𝙤𝙢𝙥𝙖𝙣𝙮 𝙇𝙞𝙢𝙞𝙩𝙚𝙙
တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းများ အမြန်ခေါ်ယူနေပါသည် -

၁။ 𝗦𝗮𝗳𝗲𝘁𝘆 & 𝗦𝗲𝗰𝘂𝗿𝗶𝘁𝘆 (𝗠-𝟱 𝗣𝗼𝘀𝘁𝘀)
◾လိုအပ်ချက်များ:
- အလယ်တန်းအဆင့် အောင်မြင်ပြီးသူဖြစ်ရမည်။
- အသက် (၂၀ နှင့် ၃၅) အတွင်းဖြစ်သူ ဦးစားပေးမည်။
- Security လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။
- ကျန်းမာရေးကောင်းမွန်ပြီး အလုပ်တာဝန်များကို တက်ကြွစွာ ထမ်းဆောင်နိုင်ရမည်။
- ရိုးသားမှု၊ စည်ကမ်းရှိမှုနှင့် တာဝန်ယူမှုရှိရမည်။
- လူမှုဆက်ဆံရေးကောင်းမွန်ပြီး ယဉ်ကျေးစွာ ပြောဆိုဆက်ဆံနိုင်ရမည်။
- Day Duty / Night Duty ဆင်းနိုင်ရမည်။
◾ လစာ: 450,000 မှ 600,000 ကျပ်
◾ အလုပ်တည်နေရာ: သီလဝါ စက်မှုဇုန်

၂။ 𝗩𝗲𝗵𝗶𝗰𝗹𝗲 𝗔𝗱𝗺𝗶𝗻 𝗢𝗳𝗳𝗶𝗰𝗲𝗿 (𝗠-𝟯 𝗣𝗼𝘀𝘁𝘀)
◾လိုအပ်ချက်များ:
- ဘွဲ့တစ်ခုခုရရှိထားသူ ဖြစ်ရမည်။
- Vehicle Administration / Logistics ပိုင်းတွင် လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။
- E-mail အသုံးပြုနိုင်ရမည်။
- Vehicle Maintenance နှင့် Basic Vehicle Knowledge ရှိသူဖြစ်ရမည်။
- Communication နှင့် Coordination Skills ကောင်းမွန်ရမည်။
- သက်ဆိုင်ရာဌာနများ၊ ယာဉ်မောင်းများနှင့် ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရမည်။
- တာဝန်ယူမှု၊ စည်းကမ်းရှိမှုနှင့် အချိန်ကိုက်လုပ်ဆောင်နိုင်မှု ရှိရမည်။
- လိုအပ်ပါက အလုပ်ချိန်အပြင် ခရီးစဉ်များကိုလည်း စီမံဆောင်ရွက်နိုင်ရမည်။
- အသက် (၃၅ နှင့် ၄၅) ကြား ရှိသူဖြစ်ရမည်။
◾လစာ: 600,000 မှ 800,000 ကျပ်
◾အလုပ်တည်နေရာ: သီလဝါ စက်မှုဇုန်

၃။ ရုံးသန့်ရှင်းရေးဝန်ထမ်း (𝗢𝗳𝗳𝗶𝗰𝗲 𝗖𝗹𝗲𝗮𝗻𝗲𝗿) (𝗙𝗠-𝟯 𝗣𝗼𝘀𝘁𝘀)
◾လိုအပ်ချက်များ:
- ရုံးခန်းအတွင်းနှင့်အပြင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရမည်။
- ရုံးခန်း၊ အစည်းအဝေးခန်း၊ အိမ်သာနှင့် အများသုံးနေရာများကို သန့်ရှင်းသပ်ရပ်စွာ ထိန်းသိမ်းနိုင်ရမည်။
- အမှိုက်များကို စနစ်တကျ သိမ်းဆည်းစွန့်ပစ်နိုင်ရမည်။
- သန့်ရှင်းရေးပစ္စည်းများကို စနစ်တကျ အသုံးပြုနိုင်ရမည်။
- အလုပ်ချိန်မှန်ကန်ပြီး တာဝန်ယူမှု ရှိရမည်။
- သန့်ရှင်းသပ်ရပ်ပြီး ယဉ်ကျေးစွာ ပြောဆိုဆက်ဆံနိုင်ရမည်။
- သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။
- အသက် (၃၅ နှင့် ၄၅) ကြား ရှိသူဖြစ်ရမည်。
◾လစာ: 400,000 မှ 500,000 ကျပ်
◾အလုပ်တည်နေရာ: သီလဝါ စက်မှုဇုန်

၄။ 𝗙𝗲𝗿𝗿𝘆 𝗗𝗿𝗶𝘃𝗲𝗿 (𝗠-𝟯 𝗣𝗼𝘀𝘁𝘀)
◾လိုအပ်ချက်များ:
- အလယ်တန်းအဆင့် အောင်မြင်ပြီးသူဖြစ်ရမည်။
- အသက် (၃၅ နှင့် ၄၀) ကြား ရှိသူဖြစ်ရမည်။
- ယာဉ်မောင်းလိုင်စင် (အနီ) ရရှိသူဖြစ်ရမည်။
- ရန်ကုန်မြို့တွင် ကျွမ်းကျင်စွာ မောင်းနှင်နိုင်သူဖြစ်ရမည်။
◾လစာ: 600,000 မှ 700,000 ကျပ်
◾အလုပ်တည်နေရာ: သီလဝါ စက်မှုဇုန်

📩 လျှောက်ထားရန်
စိတ်ဝင်စားပြီး အလုပ်လျှောက်လိုသူများအနေဖြင့် CV Form၊ လိုင်စင်ဓာတ်ပုံ (၂) ပုံ၊ အိမ်ထောင်စုစာရင်းမိတ္တူ တို့နှင့်အတူ အောက်ပါ Email လိပ်စာများသို့ ပေးပို့ လျှောက်ထားနိုင်ပါသည် -
[email protected]
[email protected]

📞 ဆက်သွယ်စုံစမ်းရန်
သိလိုသည်များကို အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည် -
●Ph: 09-961383735, 09-780599952, 09-791661722
●Viber Ph: 09-652197727, 09-652197761, 09-652197769

မိတ်ဆွေများနှင့် လုပ်ငန်းရှင်များအားလုံးသို့ အသိပေးအကြောင်းကြားအပ်ပါသည်။ကျွန်တော်များ Anawar Hlwam Co., Ltd. ၏ ကုမ္ပဏီအမ...
20/08/2026

မိတ်ဆွေများနှင့် လုပ်ငန်းရှင်များအားလုံးသို့ အသိပေးအကြောင်းကြားအပ်ပါသည်။

ကျွန်တော်များ Anawar Hlwam Co., Ltd. ၏ ကုမ္ပဏီအမည်အား 𝗔𝗽𝗲𝘅 𝟮𝟬𝟮𝟰 𝗖𝗼., 𝗟𝘁𝗱. ဟု အမည်ပြောင်းလဲထားပြီး ဖြစ်ပါကြောင်း လေးစားစွာ အသိပေးကြေညာအပ်ပါသည်။

ကုမ္ပဏီအမည်သာ ပြောင်းလဲခြင်းဖြစ်ပြီး ယခင်ကဲ့သို့ပင် မိတ်ဖက်များ၊ Customer များနှင့်အတူ ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုများကို ဆက်လက်ပေးအပ်သွားမည် ဖြစ်ပါသည်။

ယခုကဲ့သို့ အစဉ်တစိုက် ယုံကြည်အားပေးခဲ့ကြသော မိတ်ဆွေများ၊ Customer များနှင့် Business Partners များအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

Apex 2024 Co., Ltd.

Address

No (584), Hlaing River Street, Industrial Zone (1), Part (6), Hlaing Thar Yar Township
Naypyidaw

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30

Alerts

Be the first to know and let us send you an email when Apex 2024 Co., Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share