Ministry of Sports and Youth Affairs,အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

  • Home
  • Myanmar
  • Naypyidaw
  • Ministry of Sports and Youth Affairs,အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Ministry of Sports and Youth Affairs,အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန Ministry of Sports Affairs, Myanmar
အားကစားရေးရာဝန်ကြီးဌာန

03/09/2026

အားကစားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲသို့ တက်ရောက်သည့်သတင်း MWD HD တွင်ထုတ်လွင့်ပါရှိမှု

03/09/2026

အားကစားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲသို့ တက်ရောက်သည့်သတင်း MRTV NEWS Channel တွင်ထုတ်လွင့်ပါရှိမှု

03/09/2026

အားကစားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲသို့ တက်ရောက်သည့်သတင်းMRTV HD တွင်ထုတ်လွင့်ပါရှိမှု

၂၀၂၆  ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပနေပြည်တော်၊ စက်တင်ဘာ ၃ ဝန်ကြီးဌာနအဖွဲ့...
03/09/2026

၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ စက်တင်ဘာ ၃
ဝန်ကြီးဌာနအဖွဲ့အစည်းများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိလာစေရေး၊ ပြည်သူလူထုအတွင်း ပိုက်ကျော်ခြင်း အားကစားနည်းကို တစ်နှစ်ထက်တစ်နှစ် စိမ့်ဝင်ပြန့်ပွားလာစေရေး၊ အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ မြန်မာ့ပိုက်ကျော်ခြင်းအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မား လာစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ အားကစား ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်နှင့် ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ကျင်းပခဲ့သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ဦးသန်းမောင်၊ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဝန်ကြီးများ၊ အားကစားရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။
ဦးစွာ ဝန်ကြီးဌာနကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ ကွင်းအတွင်းနေရာယူခဲ့ပြီး နောက် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ပိုက်ကျော်ခြင်းအားကစားနည်းသည် မြန်မာ့ရိုးရာ ခြင်းလုံးကစားလေ့ရှိကြသည့် မြန်မာလူမျိုးများအတွက် ရင်းနှီးကျွမ်းဝင်နေပြီးသား အားကစားနည်းဖြစ်ပြီး နေရာအကျယ်အဝန်းများများ မလိုအပ်ဘဲ ခြင်းလုံးနှင့်ပိုက်ရှိလျှင် အလွယ်တကူကစားနိုင်သည့် အားကစားနည်းဖြစ်၍ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူလူထုတစ်ရပ်လုံး စိတ်ဝင်တစားကစားနေကြသည့် အားကစားနည်းတစ်ခုလည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်၏ “အဖိုးနည်းဝန်ပါ သင်ကျန်းမာ၊ ပိုက်ကျော်ခြင်းကို ကစားပါ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျန်းမာရေးအတွက်သာမက အားကစားအတွက်ပါ လေ့ကျင့်ယှဉ်ပြိုင်ကစားနိုင်သည့် အားကစားနည်းလည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်အနေဖြင့် အပြည်ပြည်ဆိုင်ရာဖိတ်ခေါ်ပြိုင်ပွဲများ၊ အရှေ့တောင်အာရှအကြို ဖိတ်ခေါ်ပြိုင်ပွဲနှင့် ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် (၃)ခု၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၂)ခု၊
၂၀၂၆ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ကျင်းပခဲ့သည့် လန်ချန်း-မဲခေါင် ချစ်ကြည်ရေးအလွတ်တန်း ပိုက်ကျော်ခြင်း ပြိုင်ပွဲနှင့် ထိုင်းဘုရင့်ဖလား ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၈)ခုနှင့် ကြေးတံဆိပ် (၁၅)ခုတို့ကို ဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး အစဉ်အလာကောင်းများဖြင့် ရပ်တည်နိုင်ခဲ့ပါကြောင်း၊ အလားတူ အာရှအားကစားပြိုင်ပွဲများ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာအားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ် (၃၅) ခု၊ ငွေတံဆိပ် (၄၁) ခု၊ ကြေးတံဆိပ် (၅၅)ခု၊ စုစုပေါင်း ဆုတံဆိပ် (၁၃၁) ခုတို့ကို မြန်မာနိုင်ငံအတွက် ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင် ပေးနိုင်ခဲ့သည့် အစဉ်အလာကောင်းသော အားကစားနည်းတစ်ခုလည်းဖြစ်ပါကြောင်း၊ နောင်ကျင်းပမည့် အာရှအဆင့်နှင့် အရှေ့တောင်အာရှအဆင့် အားကစားပြိုင်ပွဲများတွင် ယခုလို အောင်မြင်မှု အစဉ်အလာ ကောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားလိုပါကြောင်း၊ ယနေ့ပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်ကြသည့် ဝန်ကြီးဌာနကိုယ်စားပြုအသင်းများမှ အားကစားသမား မောင်/မယ်များအနေဖြင့် မိမိတို့ ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်သည့် ဝန်ကြီးဌာန အသင်းအောင်နိုင်ရေးအတွက် မိမိတို့၏ အစွမ်းအစနှင့် အရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် အနိုင်မခံ အရှုံးမပေးဘဲ အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်သွားကြ စေလိုကြောင်း၊ ယခုပြိုင်ပွဲမှတဆင့် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းကို အင်အားဖြည့်တင်း ပေးနိုင်မည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားအားထုတ်လေ့ကျင့်သွားရန် တိုက်တွန်းမှာကြားခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်ပြီး အစီအစဉ်အရ ပြိုင်ပွဲဝင်အားကစားသမားများ အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုခဲ့ပြီးနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲမြင့်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးသည် ပြိုင်ပွဲတွင် ပါဝင်ကူညီအားပေးဖြည့်ပေးခဲ့သည့် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၃ သိန်း ပေးအပ်ချီးမြှင့်၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ပိုက်ကျော်ခြင်း အမျိုးသား (၃) ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း တို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲများကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့မှ စက်တင်ဘာလ ၉ ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ပြိုင်ပွဲကာလ (၇) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဝန်ကြီးဌာနများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၂၇ သင်း၊ စုစုပေါင်း ပြိုင်ပွဲဝင်အင်အား ၂၆၄ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင် ကြောင်း သိရသည်။

၂၀၂၆  ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းအမျိုးသား(၃)ယောက်တွဲပြိုင်ပွဲအုပ်စုပတ်လည်ပွဲစဉ်များ စတင်ကျင်းပနေပြည်တော...
03/09/2026

၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းအမျိုးသား(၃)ယောက်တွဲပြိုင်ပွဲ
အုပ်စုပတ်လည်ပွဲစဉ်များ စတင်ကျင်းပ
နေပြည်တော်၊ စက်တင်ဘာ ၃
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ကျင်းပခဲ့သည်။
ယနေ့ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား) (၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်း ကို(၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းက လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့်စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပို့ဆောင်ရေးဝန်ကြီး ဌာနအသင်းက အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအသင်းက ဥပဒေရေးရာဝန်ကြီးဌာနအသင်းကို (၂)ပွဲ ပြတ်ဖြင့်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းက သာသနာရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းက ဒီဂျစ်တယ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ အားကစားရေးရာ ဝန်ကြီးဌာနအသင်းက လူငယ်ရေးရာဝန်ကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီး ဌာနအသင်းက စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနအသင်းက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ အမျိုးသား စီမံကိန်း၊ ရင်းနှီးမြှပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက အလုပ်သမားဝန်ကြီးဌာန အသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအသင်းက ဥပဒေရေးရာဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက ပြည်ထောင်စုရာထူးဝန် အဖွဲ့အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းက ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ ပိုက်ကျော်ခြင်း(အမျိုးသား) (၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ အုပ်စုပတ်လည်နောက်ဆုံးပွဲစဉ်များနှင့် ပထမအဆင့်ရှုံးထွက်ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
အုပ်စုပတ်လည်နောက်ဆုံးပွဲစဉ်များအဖြစ် အားကစားရေးရာဝန်ကြီးဌာနအသင်းနှင့် ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်း၊ စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်း၊ ပြည်ထဲရေး ဝန်ကြီးဌာနအသင်းနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်း၊ အလုပ်သမားဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနအသင်း၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအသင်းနှင့် ဥပဒေရေးရာဝန်ကြီးဌာနအသင်း၊ ကျန်းမာရေးဝန်ကြီးဌာနအသင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းနှင့် သာသနာရေးဝန်ကြီးဌာနအသင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနအသင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်း၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့အသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအသင်းနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ခတ်ကစားသွားမည်ပြီး အုပ်စုပတ်လည်နောက်ဆုံးပွဲစဉ်များအပြီးတွင် ပထမအဆင့်ရှုံးထွက်ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင် ခတ်ကစားသွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

အားကစားရေးရာဝန်ကြီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျပ်သန်း ၁၀၀၀ အောက်...
03/09/2026

အားကစားရေးရာဝန်ကြီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျပ်သန်း ၁၀၀၀ အောက် တည်ဆောက်ရေးလုပ်ငန်း ၄၅ ခု၏ မြေပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ စက်တင်ဘာလ ၃

အားကစားရေးရာဝန်ကြီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျပ်သန်း ၁၀၀၀ အောက် တည်ဆောက်ရေးလုပ်ငန်း ၄၅ ခု၏ မြေပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)ရှိ၊ အားကစားရေးရာဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက အဖွင့်အမှာစကားပြောကြား ရာတွင် ကျပ်သန်း ၁၀၀၀ အောက် တည်ဆောက်ရေးလုပ်ငန်းများအား ၁၇-၆-၂၀၂၆ ရက်နေ့တွင် လုပ်ငန်းအပ်နှံစာချုပ်ချုပ်ဆိုဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ မြေပြင်၌ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန်အတွက် မိမိတို့ဝန်ကြီးဌာန အနေဖြင့် အရည်အသွေးစစ်ဆေးရေးနှင့် လုပ်ငန်းပြီးစီးမှုစစ်ဆေးရေးအဖွဲ့များကို ဖွဲ့စည်း၍ တာဝန် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာကုမ္ပဏီများမှ လုပ်ငန်းတိုးတက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြပေးနိုင်ရန် ခေါ်ယူတွေ့ဆုံရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းအခက်အခဲ များရှိပါကလည်း ယခုအစည်းအဝေးတွင် တင်ပြဆွေးနွေးနိုင်ကြောင်း၊ လုပ်ငန်းများအရည်အသွေး ကောင်းမွန်စေရန် QA/QC ကုမ္ပဏီများမှ တင်ပြထားသည့် Structure Design များအတိုင်း စနစ်တကျ စစ်ဆေးကြပ်မတ်ဆောင်ရွက်ပေးသွားစေလိုကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီလကုန်တွင် ၁၀၀ ရာခိုင်နှုန်း ပြီးစီးအောင် အပြီးသတ်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများအား ဝန်ကြီးဌာန၏ စိတ်ချယုံကြည်မှုအပေါ် အလေးအနက်ထားပြီး အရည်အသွေးပိုင်းအပြင် သတ်မှတ်စံချိန်/စံညွှန်းများ ပြည့်မီအောင် အဓိကထားဆောင်ရွက်ပေးစေလိုကြောင်း၊ QA/QC ကုမ္ပဏီများအနေဖြင့်လည်း သတ်မှတ်ထားသည့် စံချိန်/စံညွှန်းများအတိုင်း အရည်အသွေး ပြည့်မီမှု ရှိ/မရှိ စစ်ဆေးကြပ်မတ် ဆောင်ရွက်ပေးသွားစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကျပ်သန်း ၁၀၀၀ အောက် တည်ဆောက်ရေးလုပ်ငန်း ၄၅ ခုအား တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်း တင်ပြခဲ့ကြရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက လိုအပ်သည်များကို ဖြည့်စွက်ပြောကြားခဲ့ပြီးနောက် ဒုတိယဝန်ကြီးက အဆောက်အဦများ ရေရှည် တည်တံ့ပြီး သတ်မှတ်အရည်အသွေးများ၊ စံချိန်/စံညွှန်းများနှင့်ကိုက်ညီအောင် လုပ်ငန်းများ ဆောင်ရွက်ရာတွင် စေတနာထားဆောင်ရွက်ပေးသွားရန် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ အားကစားကွင်း/အားကစားရုံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမင်းမင်းထွန်းနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

၂၀၂၆  ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အမျိုးသမီးတံခွန်စိုက်ဆုဖလားကို မွန်ပြည်နယ်အသင်းနှင့...
03/09/2026

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အမျိုးသမီးတံခွန်စိုက်ဆုဖလားကို မွန်ပြည်နယ်အသင်းနှင့် အမျိုးသားတံခွန်စိုက်ဆုဖလားကို ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ဆွတ်ခူးရရှိသည့်သတင်း (၃-၉-၂၀၂၆)ရက်နေ့ထုတ် မြန်မာ့အလင်း၊ ကြေးမုံနှင့် မြဝတီသတင်းစာတို့တွင် ထုတ်လွှင့်ပါရှိမှု

03/09/2026

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အမျိုးသမီးတံခွန်စိုက်ဆုဖလားကို မွန်ပြည်နယ်အသင်းနှင့် အမျိုးသားတံခွန်စိုက်ဆုဖလားကို ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ဆွတ်ခူးရရှိသည့်သတင်း MWD HD တွင် ထုတ်လွှင့်ပါရှိမှု

03/09/2026

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အမျိုးသမီးတံခွန်စိုက်ဆုဖလားကို မွန်ပြည်နယ်အသင်းနှင့် အမျိုးသားတံခွန်စိုက်ဆုဖလားကို ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ဆွတ်ခူးရရှိသည့်သတင်း MRTV News Channel တွင် ထုတ်လွှင့်ပါရှိမှု

03/09/2026

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အမျိုးသမီးတံခွန်စိုက်ဆုဖလားကို မွန်ပြည်နယ်အသင်းနှင့် အမျိုးသားတံခွန်စိုက်ဆုဖလားကို ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ဆွတ်ခူးရရှိသည့်သတင်း MRTV HD တွင် ထုတ်လွှင့်ပါရှိမှု

Address

Office (31), Ottarathiri Township
Naypyidaw
15015

Alerts

Be the first to know and let us send you an email when Ministry of Sports and Youth Affairs,အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Ministry of Sports and Youth Affairs,အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန:

Shortcuts

Share