12/06/2022
အရင်လက တင်ထားတဲ့ Fire alarm system ရဲ့အဆက်ပါ။
🔥➡Detector/MCP( manual call point )➡FA Panel➡Alarm🔊/Fire fighting 💦💦➡🔥
Fire alarm system တွေအကြောင်းမပြောခင် system မှာပါဝင်တဲ့
device, control device and out put device ၃ ပိုင်းခွဲပီးတစ်ခုခြင်းစီရဲ့ လုပ်ဆောင်ချက်တွေလိုအပ်ချက် တွေကိုအရင်ဖော်ပြပေးပါမယ်။
device ( smoke detector and heat detector ,manual call point,sprinkler flow switch,tamper switch ,etc..)
1. call point
Manual call point ကိုတပ်ဆင်တဲ့အခါမှာ ကြမ်းခင်းရဲ့ FFL မှ #1.4 meter အမြင့်ရှိပါမယ်။ Manual call point ကိုထားရှိရမဲ့နေရာတွေက ကောင်းစွာမြင်နိုင်သည့်နေရာ ၊ အလွယ်တကူးအသုံးပြုနိုင်သည့်နေရာ၊ exist ထွက်ပေါက်နေရာတွေ ၊ လှေကားအထွက်နေရာတွေ၊ Hose reel ပါရှိပါက Hose reel ဘေးနေရာတွေ ဖြစ်ရပါမယ်။ နောက်ပီး Manual call point တစ်ခုနဲ့တစ်ခုအကွာဝေးက travel distance 25-45 Meter အတွင်းရှိရပါမယ်။
2. Detector
Two type of heat detector
a. Fix temperature detector (သတ်မှတ်ပေးထားသော အပူချိန်ရောက်လာရင် activate လုပ်ခြင်း )
b. Rate-of-rise temperature detector ( အခန်းအပူချိန်က 1 မိနစ်တွင် 10ံ C မြင့်တက်လာပါက activate လုပ်ခြင်း )
Heat detector တွေကိုတပ်ဆင်တဲ့အခါ အခန်းတွေ (open area, Hall type) တွေမှာ ဆိုရင် တစ်ခုနဲ့တစ်ခုကို 7.2 meters ထိထားရှိနိုင်ပါသည်။ ဝရန်တာ (corridor) တွေမှာဆိုရင်တော့ တစ်ခုနဲ့တစ်ခု အကွာ10.2 meters အထိထားရှိတပ်ဆင်နိုင်ပါတယ်။ အဆောက်အအုံ ရဲ့ beam size က slab အောက် 300 mm ကျော်ခဲ့ရင် heat detector ကို beam ရဲ့အောက်မှာပဲတပ်ဆင်ရပါမယ်။
Heat detector တွေကိုများသောအားဖြင့် machine room,kitchen room,car parking,etc စသည့်အခန်းများတပ်ဆင်ကြပါတယ်
3. detector
Two type of smoke detector
a. Ionisation ( အတွင်းမှာရှိတဲ့ positive ions နဲ့ negative ions နှစ်ခုကြား မီးခိုမှဝင်ရောက်လာတဲ့အခါ activate လုပ်ခြင်း )
b. Photoelectric ( အတွင်းမှာရှိတဲ့ photocell ကိုပစ်ထားတဲ့အလင်းတန်းကြားထဲသို့မီးခိုးဝင်ရောက်တဲ့အခါ activate လုပ်ခြင်း ) # like beam detector
Smoke Detector တွေကိုတပ်ဆင်တဲ့အခါ အခန်းတွေရော ဝရန်တာတွေရောမှာ တစ်ခုနဲ့တစ်ခုအကွာဝေး 10.2 meters အထိထားရှိပီးတပ်ဆင်နိုင်ပါတယ်။ smoke detector တပ်ဆင်မည့် ceiling hight သို့မဟုတ် slab ရဲ့အမြင့်ဆုံးက 4 meters ထက်မပိုရပါဘူး။ smoke detector တွေကိုတော့ living room,office room,corridor,etc..စသည့်အခန်းတွေမှာ တပ်ဆင်ကြပါတယ်။
4. pipe line flow switch
Fire fighting system တွေမှာပါတဲ့ zone control valve, alarm gong valve, valve assembly အစရှိသည့် valve တွေရဲ့ ရေအစုန်ဘက်မှာ floor switch တွေကိုတပ်ဆင်ပီး fire alarm နဲ့ချိတ်ဆက်ထားရပါမယ်။ အဆောက်အအုံ အတွင်းထဲရှိ sprinkler head တစ်ခုခုဟာ အပူကြောင့် ကွဲကြေသွားပီး မီးငြိမ်းသတ်တဲ့အခါ စီးဆင်းသွားတဲ့ရေရဲ့ flow ကြောင့် flow switch က activate လုပ်ပီး fire alarm panel ကို မီးလောင်နေကြောင်းသတင်ပို့တဲ့ input device ဖြစ်ပါတယ်
4. switch
Tamper switch ကတော့ fire fighting စနစ်ရဲ့ security လို့ပြောလို့ရပါတယ်။ Tamper switch ကို fire fighting control valve တွေမှာ တပ်ဆင်ပီး လူတစ်ဦးတစ်ယောက်က normally open ဖြစ်ရမဲ့ control valve ကို ပိတ်လိုက်တာနဲ့ tamper switch က valve ပိတ်သွားကြောင်းကို fire alarm panel သို့ သတင်းပို့ပေးတဲ့ input device ဖြစ်ပါတယ်။
အသေးစိတ် လိုအပ်ချက်တွေတော့ရှိအုံးပါမည်🙏🙏🙏
#စာတွေအများသွားမှာဆိုးလို့ input device အကြောင်းပဲအရင်ဖော်ပြလိုက်ပါတယ်။
#နောက်ထပ် control device နဲ့ output device အကြောင်းတွေကိုထပ်ရေးသွားပါအုံးမယ်။ 🙏🙏🙏