18/08/2026
လာအိုက နံပါတ် ၃ နံမည်ကြီးဘဏ်ကို
ပြီးခဲ့တဲ့လက EU က ဆန်ရှင်ချတယ်
သိရသလောက် ရုရှားဘဏ်တွေနဲ့ ပတ်သတ်မှုရှိလို့
လုပ်တာ အဲ့နောက်ပိုင်း သူတို့ဘဏ်ရဲ့
EU နဲ့ ပတ်သတ်သမျှ Transfer Transaction တွေ
Card Transaction တွေ အကုန်ဘန်းခံရတယ်
အာရှထဲက နိုင်ငံတွေထဲက EU နဲ့ ပတ်သတ်တဲ့
ဘဏ်မှာတောင် သူတို့ ကဒ်သုံးရင်တောင် ပေးမသုံးဘူး
အကုန်ဘန်းပစ်တာ …
တနေ့ကဆို ဘယ်လောက်ဆိုးလဲဆို
အဲ့ဘဏ်ရဲ့ mobile banking ကို
IOS နဲ့ Android ကပါ ဘန်းပစ်တာ
လက်ရှိ အသုံးပြုနေတဲ့ Mobile application ကို
ဘဏ် customer တွေ အကုန် သုံးလို့မရတာ
ဘယ်လောက် အုပ်အော်သောင်းနင်း ဖြစ်မလဲဆိုတာ
စဉ်းစားကြည့် အခုဆို website ကနေ သုံးကြပါဆိုပြီး
ဘဏ်က ပြန်လုပ်နေကြရတယ်
mobile application ကို အလွယ်တကူ click
လုပ်ပြီး သုံးရတဲ့ ခေတ်ရောက်နေရာကနေ
Website ကို browser ကနေ
သက်သက်သွား ဝင်ပြီး Transaction
လုပ်ရပြီဆိုကတည်းက အဲ့ဘဏ် ဘယ်လောက်
ဂွမ်းသွားလဲဆိုတာ :3
အဲ့ဒါကို ကိုယ်တွေနိုင်ငံက ခဝေးချုပ်ကြီး
ဂုဏ်ထူးဆောင် ပါမုန့်ခကြီးက ရုရှားကိုသွားပြီ
စီးပွါးရေးတွေ ရုရှား မြန်မာပြည်အတူလုပ်ဖို့ဆိုပြီး
သွားလေသတဲ့ ဘေးကနေ ဘဏ်ခိုနီကြီးတွေပါ
ခေါ်သွားတယ်ဆိုပဲ ဟိဟိ
ချချ အားပေးတယ် အမြန်ဆုံးအကောင်ထည်ဖေါ်ပါစေ
ဆုတောင်းနေတာ 😌