Social Welfare, Relief and Resettlement

Social Welfare, Relief and Resettlement လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ သတင်းစာမျက်နှာ

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး (၁/၂၀၂၆) သို့ တက်ရောက်အမှာစ...
21/08/2026

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး (၁/၂၀၂၆) သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဩဂုတ် ၂၀

မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၆) ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် မြန်မာနိုင်ငံမသန်စွမ်းသူ များအသင်းချုပ်ဥက္ကဋ္ဌ ဦးသိန်းဟန်သူ ၊ ကော်မတီဝင် အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ ဒုတိယဝန်ကြီးများ ၊ နေပြည်တော်ကောင်စီဝင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မသန်စွမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ လူမှုရေးရာဝန်ကြီးများနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက အမှာစကားပြောကြားရာတွင်

- မသန်စွမ်းသူများသည် လူ့အဖွဲ့အစည်း၏ အရေးပါသည့် အစိတ်အပိုင်းဖြစ်ပြီး အများနှင့်နည်းတူ တူညီသည့် အခွင့်အရေးများ ရရှိခံစားပိုင်ခွင့်ရှိအောင် ဖော်ဆောင်ပေးရန် လိုအပ်ကြောင်း၊

- ထို့ကြောင့် နိုင်ငံတော်အစိုးရ အနေဖြင့် မသန်စွမ်းသူများအတွက် လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒများကို အပြည့်အဝအကောင် အထည်ဖော်ပြီး ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်နှင့် သွားလာရေးအခွင့်အလမ်းများ တူညီစွာဖန်တီးပေးနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊

- မသန်စွမ်းမှုအမျိုးအစားအလိုက် ကွဲပြားနေသည့် မသန်စွမ်း သူများနှင့် ၎င်းတို့ကိုပြုစုစောင့်ရှောက်ပေးနေကြသည့် မိဘဆွေမျိုးများ သိရှိထားသင့်သည့် အချက်အလက် များနှင့် အကူအညီရယူရန် လိုအပ်သည့် အချက်အလက်များကို စိစစ်ဖော်ထုတ်ပြီး လူထုကိုမျှဝေနိုင်ရန် အမျိုးသားကော်မတီကတစ်ဆင့် ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။

- ထိုသို့ဆောင်ရွက်ရာတွင် မသန်စွမ်းသူများအပေါ် လှောင်ပြောင်သရော်မှုပပျောက်စေရန်နှင့် လူ့အခွင့် အရေးအပေါ်အခြေခံသည့် အမြင်ပျံ့နှံ့စေရန်ကိုလည်း ကြိုးစားဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊

- မသန်စွမ်း သူများဆိုင်ရာအရေးကိစ္စများကို ဆောင်ရွက်ရာတွင် လွယ်ကူစွာသွားလာနေထိုင်အသုံးပြုနိုင်ရေးသည် အရေးကြီးပါကြောင်း၊

- ထို့ကြောင့် ဝန်ကြီးဌာနများ၊ စည်ပင်သာယာရေးကော်မတီများအနေဖြင့် Myanmar National Building Code နှင့်အညီ သတ်မှတ်ဘတ်ဂျက်ခွင့်ပြုငွေအတွင်း ဦးစားပေးကဏ္ဍများ သတ်မှတ်ဖော်ထုတ် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊

- မသန်စွမ်းသူများ ပညာသင်ယူနိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဌာနပိုင်ကျောင်း (၉) ကျောင်း ဖွင့်လှစ်ထားရှိပြီး စနစ်တကျ ပြုစုစောင့်ရှောက်မှုပေးလျက်ရှိကြောင်း၊

- မိမိတို့အစိုးရ၏ ရက် (၁၀၀) အ တွင်း နေပြည်တော် ဥတ္တရသီရိမြို့နယ်၌ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (၁) ကျောင်းကို ထပ်မံ ဖွင့်လှစ်ပေးခဲ့ပြီး မသန်စွမ်းကလေးငယ်များကို စတင်စောင့်ရှောက်ပေးနေပြီဖြစ်ကြောင်း။

- မသန်စွမ်းသူများ မှီခိုမှုအနည်းဆုံးဖြင့် ရှင်သန်ရပ်တည်နိုင်ရန် ပညာသင်ယူမှုအပါအဝင် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးချိန်တွင် လက်တွေ့လုပ်ငန်းခွင်ထဲ ဝင်ရောက်နိုင်ရန် နိုင်ငံတော်နှင့်အတူ ပုဂ္ဂလိက ကဏ္ဍကပါပူးပေါင်း ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊

- မတူညီသည့်မသန်စွမ်းမှုများအလိုက် သာလွန်စွမ်း ဆောင်နိုင်မှုအရ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရန် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊

- မသန်စွမ်းသူများကို စီးပွားရေးလုပ်ငန်းအပြင် လူမှုအသိုက်အဝန်း၊ ယဉ်ကျေးမှု၊ အားကစားနှင့် အနုပညာနယ် ပယ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရန် ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

- ကျန်းမာရေးကဏ္ဍအနေဖြင့် မသန်စွမ်းသူများကို ဆေးရုံဆေးခန်းများတွင် တန်းစီစောင့်ဆိုင်းစရာ မလိုဘဲပြသနိုင်ရန်နှင့် ဦးစားပေးအစီအစဉ်ဖြင့်ကုသပေးရန် ၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများ၊ ဓာတ်ခွဲ စမ်းသပ်မှုများ၊ ပုံရိပ်ဖော်နည်းပညာဖြင့် ရောဂါရှာဖွေသည့်အခါတွင် ဦးစားပေးအုပ်စုအနေဖြင့် အခမဲ့ဆောင်ရွက် ပေးရန် ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားပြီးဖြစ်ကြောင်း၊

- မသန်စွမ်းသူများသည် သဘာဝဘေးနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါ ပိုမိုထိခိုက်ခံစားရနိုင်ခြေ မြင့်မားသူများဖြစ်ကြသောကြောင့် သဘာဝဘေးလျော့ ပါးရေးလုပ်ငန်းစဉ်များတွင် မသန်စွမ်းသူများအတွက် ထည့်သွင်းစဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း။

-မသန်စွမ်းသူများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရန်အတွက် အကောင်အထည် ဖော်ဆောင်ရွက်ကြရာတွင် ပြည်ထောင်စုအစိုးရနှင့်အတူ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူ များက တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း၊

- ထို့ပြင် မသန်စွမ်းသူများ၏ အခွင့်အရေးကို အားပေးခြင်းသည် လူမှုတရားမျှတမှုအတွက် အခြေခံတာဝန်အဖြစ် မှတ်ယူပြီး နိုင်ငံတော်၏ ဦးဆောင်မှုတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ယနေ့အစည်းအဝေးတွင် မသန်စွမ်းသူများအတွက် ထိရောက် အကျိုးရှိစေမည့် အကြံပြုချက်များကို ဆွေးနွေးပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ အမျိုးသားကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက မသန်စွမ်းသူများ၏ အခွင့်အရေးများ နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို လည်းကောင်း၊ ကော်မတီဝင် မသန်းစွမ်း ကိုယ်စားလှယ်များက ဆောင်ရွက်ပေးစေလိုသည့်အချက်များကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယသမ္မတက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေး၍ နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ (သတင်းစဉ်)

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဒုက္ခ...
21/08/2026

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Barnaby Jones အား လက်ခံတွေ့ဆုံ

၂၀-၈-၂၀၂၆၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (Office of the United Nations High Commissioner for Refugee – UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Barnaby Jones အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် UNHCR တို့အကြား နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုး၍ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိမှု၊ ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ လူသားချင်းစာနာမှုအကူအညီလုပ်ငန်းများ ဆောင်ရွက် လျက်ရှိမှုများ၊ UNHCR ၏ နိုင်ငံခြားသားဝန်ထမ်းများအတွက် ဗီဇာနှင့် ပြည်တွင်းခရီးသွားလာခွင့် ရရှိရေး ဝန်ကြီးဌာနမှ ညှိနှိုင်းဆောင်ရွက်ပေးခဲ့မှုများ၊ ဝန်ကြီးဌာနနှင့် UNHCR တို့အကြား လုပ်ငန်းများ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများနှင့် UNHCR မှ ကိုယ်စားလှယ် တစ်ဦး ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

21/08/2026

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

21/08/2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်‌ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၆)သို့ တက်ရောက်

နေပြည်တော်၊ လယ်ဝေးမြို့တွင် ဆောင်ရွက်မည့် လယ်ဝေးမူလတန်းကြိုကျောင်း ဆောက်လုပ်ရေး စီမံကိန်း ပန္နက်ရိုက်အခမ်းအနားကျင်းပနေပြ...
20/08/2026

နေပြည်တော်၊ လယ်ဝေးမြို့တွင် ဆောင်ရွက်မည့် လယ်ဝေးမူလတန်းကြိုကျောင်း ဆောက်လုပ်ရေး စီမံကိန်း ပန္နက်ရိုက်အခမ်းအနားကျင်းပ

နေပြည်တော်၊ ဩဂုတ်လ ၁၉ ရက်

အိန္ဒိယ-မြန်မာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ အသေးစားဖွံ့ဖြိုးမှုစီမံကိန်းများ အကောင်အထည်ဖော်ရေးအတွက် အိန္ဒိယနိုင်ငံ၏ အကူအညီပေးရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ ဖြင့် ဆောင်ရွက်မည့် လယ်ဝေးမူလတန်းကြိုကျောင်း ဆောက်လုပ်ရေးစီမံကိန်း ပန္နက်ရိုက် အခမ်း အနားကို ၁၉-၈-၂၀၂၆ ရက်၊ နံနက်ပိုင်းတွင် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ နိုင်ငံသံအမတ်ကြီး H.E Mr.Abhay Thakur ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
ဒုတိယဝန်ကြီးက ကလေးသူငယ်များဟာ နောင်တစ်ချိန်မှာ အနာဂတ် နိုင်ငံတော်ကို ပခုံးပြောင်းတာဝန်ယူ ထမ်းဆောင်ကြမည့်သူများဖြစ်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ် အသက်အပိုင်းအခြားဖြစ်သည့် မွေးစမှ အသက် ၈ နှစ်အရွယ်အထိ အချိန်ဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ၊ လူမှုဆက်ဆံရေးနှင့် ဦးနှောက်ဖွံ့ဖြိုးမှုတို့ အလျင်မြန်ဆုံး ဖြစ်ပေါ်သည့်ကာလဖြစ်ပါ ကြောင်း၊ လူ့ဘဝတစ်လျောက်သင်ယူနိုင်မှုစွမ်းအား အကောင်းဆုံးအချိန်ဖြစ်တာနှင့်အညီ ဖွံ့ဖြိုးမှု အတွက် အရေးပါသောကာလဖြစ်ပါကြောင်း၊ ထိုကာလအတွင်း ကလေးသူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်ခံစားမှု၊ အာဟာရနှင့် ကျန်းမာရေးစသည့် ဘက်စုံဖွံ့ဖြိုး တိုးတက်မှုများ ရရှိစေရန် မိသားစု၊ ရပ်ရွာနှင့် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ အားလုံးက ပူးပေါင်း ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ အိန္ဒိယ-မြန်မာပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ လယ်ဝေးမူလတန်းကြိုကျောင်းဆောက်လုပ်ပေးခြင်းအတွက် အိန္ဒိယနိုင်ငံအစိုးရနှင့် ပြည်သူများ အားလုံးအား ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့်အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး အဓွန့်ရှည် တည်တံ့ခိုင်မြဲစေရေးအတွက် ဆုတောင်းမေတ္တာပို့သပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးက စီမံကိန်းဆိုင်ရာ အကူအညီ ပေးရေး အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကလေးငယ်များ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာသူများက လယ်ဝေးမူလတန်းကြိုကျောင်း ဆောက်လုပ်မည့် မြေနေရာတွင် ပန္နက် ရိုက်ခြင်းနှင့် အမွှေးနံ့သာရည်များ ပက်ဖြန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ လယ်ဝေး မူလတန်းကြိုကျောင်း ဆောက်လုပ်ခြင်း စီမံကိန်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယနိုင်ငံ အစိုးရ၏ ထောက်ပံ့ငွေ ကျပ် ၁၀၉၁.၄၇၅ သန်းဖြင့် ၉၀ ပေ × ၃၀ ပေ × ၂၄ ပေ Steel Structure နှစ်ထပ်အဆောက်ဦ ၂ လုံးကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

20/08/2026

၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အသိပညာပေး(၄)မိနစ်စာ ကာတွန်း Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

20/08/2026

နေပြည်တော်၊ လယ်ဝေးမြို့တွင် ဆောင်ရွက်မည့် လယ်ဝေးမူလတန်းကြိုကျောင်း ဆောက်လုပ်ရေး စီမံကိန်း ပန္နက်ရိုက်အခမ်းအနားကျင်းပ

20/08/2026

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး လှိုင်းဘွဲ့မြို့နယ် ယာယီရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင် ပြည်သူများအား အားပေးစကားပြောကြားပြီး စားသောက်ကုန်များ ထောက်ပံ့ပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက လှိုင်းဘွဲမြို့နယ် ယာယီရေဘေးရှ...
18/08/2026

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက လှိုင်းဘွဲမြို့နယ် ယာယီရေဘေးရှောင်စခန်းရှိ ရေဘေးရှောင်ပြည်သူများအား အားပေးစကားပြောကြားပြီး စားသောက်ကုန်များ ထောက်ပံ့ပေးအပ်

လှိုင်းဘွဲ ၊ ဩဂုတ် ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းကာ သံလွင်မြစ် ရေကြီးရေလျှံမှုဖြစ်ပွားပြီး မြေနိမ့်ပိုင်းရှိ လူနေအိမ်များသို့ ရေများဝင်ရောက်လာခဲ့မှုကြောင့် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကြိုတင်စီမံဆောင်ရွက်ထားရှိသည့် ရွှေဂွန်းကျေးရွာအထက် ဘုန်းတော်ကြီးကျောင်းရှိ ယာယီရေဘေးရှောင်စခန်းသို့ ပြည်သူများ သွားရောက်နေထိုင်လျက်ရှိရာ ၎င်းတို့၏ စားသောက်နေထိုင်မှု အဆင်ပြေစေရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက ဩဂုတ်(၁၈)ရက် နံနက်(၉)နာရီခွဲအချိန်တွင် ယာယီရေဘေးရှောင်စခန်းရှိ ရေဘေးရှောင်ပြည်များကို အားပေးစကားပြောကြားခြင်းနှင့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေဘေးရှောင်စခန်းသို့ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်၊ စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်တို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါပြီး ရွှေဂွန်းကျေးရွာအထက် ဘုန်းတော်ကြီးကျောင်း ဆရာတော်ဥူးသောမနအား ဖူးမျှော်ကန်တော့၍ ဝထ္တုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့သည်။
ရွှေဂွန်းကျေးရွာအထက် ဘုန်းတော်ကြီးကျောင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်ပြည်သူများအား ဒုတိယဝန်ကြီးမှ အားပေးစကားပြောကြားပြီး နှာစေးချောင်းဆိုးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါများ မဖြစ်ပွားစေရေး အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရေဘေးရှောင်ပြည်သူ အိမ်ထောင်စု (၂၅)စု၊ လူဦးရေ (၁၀၃)ဦးအတွက် ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာဘူးများအား ထောက်ပံ့ပေးအပ်ခဲ့သည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ရေဘေးဖြစ်ပွားသည့်ကာလမှ ယနေ့အချိန်အထိ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရေဘေးရှောင်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေ ကျပ်(၅၁၅,၀၀၀/-)၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာဘူး တန်ဖိုးငွေကျပ်(၂၆၅,၂၇၀/-)အား ထောက်ပံ့ပေးအပ်ခဲ့သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ကရင်ပြည်နယ်အတွင်း ရေဘေးဖြစ်ပွားသည့်ကာလမှ ယနေ့အချိန်အထိ ရေဘေးရှောင်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေ (၁၄,၃၀၅,၀၀၀/-)ကျပ်၊ စားသောက်ကုန်ပစ္စည်း တန်ဖိုးငွေ (၂,၅၇၄,၀၇၀/-)ကျပ် စုစုပေါင်း(၁၆,၈၇၉,၀၇၀/-)ကျပ်တိတိအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

#ဘားအံသတင်းဌာနခွဲ

18/08/2026

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့နှင့် မကွေးတိုင်းဒေသကြီး၊ သရက်မြို့တို့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

Address

Naypyidaw

Alerts

Be the first to know and let us send you an email when Social Welfare, Relief and Resettlement posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Social Welfare, Relief and Resettlement:

Shortcuts

Share