Department of Traditional Medicine, Myanmar

Department of Traditional Medicine, Myanmar Office No.(4-C), Department of Traditional Medicine, Ministry Zone, Nay Pyi Taw, Myanmar

ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် ခေတ်များတိုင်အောင် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက လူသားတို့နေထိုင်ရာ သမိုင်းတစ််လျှောက်တွင် တိုင်းရင်းဆေးဝါးများကို အသုံးပြုခဲ့ကြပါသည်။ တိုင်းရင်းဆေးဝါးများ အသုံးပြုပုံတို့သည် ဆရာဇီဝက လက်ထက်မှစ၍ ခေတ်အဆက်ဆက်တွင် စကားလုံးများဖြင့် လက်ဆင့်ကမ်း တည်ရှိလာခဲ့ပါသည်။ ပုဂံခေတ်သို့ရောက်လာသောအခါ တိုင်းရင်းဆေးဝါးများဖြင့် ဆေးကုသမှု အထောက် အထားများကို တွေ့ရှိလာခဲ့ရပြီး ဗု

ဒ္ဓရဟန်းတော်များ၏ အသုံးအဆောင် လေးမျိုးတွင် ဆေးဝါးကို ထည့်သွင်းဖော်ပြခြင်းအား တွေ့ရှိရပါသည်။ အင်းဝ ခေတ် (အေဒီ ၁၃၆၄ -၁၅၅၅) တွင် တိုင်းရင်းဆေးဝါးများနှင့်ပတ်သက်၍ ခိုင်မာသည့် အထောက်အထားများကို ထပ်မံတွေ့ရှိရပါသည်။ ကိုလိုနီခေတ် (၁၈၈၅ - ၁၉၄၈) အင်္ဂလိပ်အစိုးရလက်ထက်တွင် တိုင်းရင်းဆေးပညာသည် ခေတ္တမှေးမှိန်ခဲ့ရပါသည်။ သို့သော် ရှေးတိုင်းရင်းဆေး သမားတော်သည် နီးစပ်ရာ တိုင်းရင်းဆေးဝါး များကို ဖော်စပ်အသုံးပြု၍ တိုင်းရင်းဆေးပညာအား ဆက်လက်ထိန်းသိမ်း ခဲ့ကြပါသည်။
ဒုတိယကမ္ဘာစစ်အတွင်း ဆေးဝါးရှားပါးမှုများ ကြုံလာရသောအခါတွင် တိုင်းရင်းဆေးပညာ သည် တစ်ဖန် အရေးပါလာခဲ့ပါသည်။ ထိုအချိန်တွင် တိုင်းရင်းဆေးဝါးများ၏ အကျိုးအာနိသင် ထိရောက်မှုနှင့်အတူ ကျန်းမာရေးတွင် အသုံးတည့်မှုများကို ပြည်သူလူထုက ပိုမိုလက်ခံ ယုံကြည် ခဲ့ကြပါသည်။
ဤသို့ဖြင့် တိုင်းရင်းဆေးပညာသည် ပြည်သူလူထုအကြား အသုံးပြုမှု ပိုမိုကျယ်ပြန့်လာခဲ့ပြီး တစ်ဖက်တွင်လည်း မြန်မာ့တိုင်းရင်းဆေးပညာသည် တဖြည်းဖြည်းတိုးတက်လာခဲ့ပါသည်။ နိုင်ငံတော်အစိုးရ အဆင့်ဆင့်မှလည်း တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖက်ဖက်မှ အားပေးအားမြှောက်ပြုခဲ့ပါသည်။ တိုင်းရင်းဆေးပညာရှေ့ပြေးကော်မတီကို ၁၉၅၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ အခမဲ့ဆေးခန်းများအနေဖြင့် ရန်ကုန်တွင် တိုင်းရင်းဆေးကုခန်း(၉) ခန်းနှင့် မန္တလေးတွင် တိုင်းရင်းဆေးကုခန်း (၇) ခန်းတို့ကို ၁၉၅၃ ခုနှစ်တွင် ဖွင့်လှစ်ပြီး ပြည်သူ လူထုအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ပါသည်။
တိုင်းရင်းဆေးဆရာအဖွဲ့ အက်ဥပဒေနှင့် နည်းဥပဒေတို့ကို ၁၉၅၅ ခုနှစ်တွင် စတင်အတည်ပြုခဲ့ ပါသည်။
တိုင်းရင်းဆေးသိပ္ပံကျောင်းကို (၃၁-၁-၇၆) မှ (၂၀၀၈) ထိ ဖွင့်လှစ်ခဲ့ပြီး မြန်မာ့တိုင်းရင်းဆေးပညာ ဒီပလိုမာလက်မှတ်ရ တိုင်းရင်းဆေးပညာရှင်များကို မွေးထုတ်ခဲ့ပါသည်။
ထို့နောက် ပြည်သူ့ဆေးရုံတိုင်းရင်းဆေးရုံ (မန္တလေး) ကို (၄-၁၀-၁၉၇၆) နေ့တွင် စတင်ဖွင့်လှစ်ခဲ့ ပါသည်။
တိုင်းရင်းဆေးပညာဦးစီးဌာနကို ၁၉၈၉ ခုနှစ် သြဂုတ်လ ၃ ရက်နေ့တွင် စတင်ထူထောင်ခဲ့ပြီး အဆင့်(၁) ဦးစီးဌာနအဖြစ် ၁၉၉၈ ခုနှစ်တွင် တိုးမြှင့်ဖွဲ့စည်းခဲ့ပါသည်။
တိုင်းရင်းဆေးတက္ကသိုလ် ကို ၂၀၀၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ရ များကို စတင်မွေးထုတ်ခဲ့ပါသည်။

25/10/2025

ရေကျောက်ရောဂါနှင့်
တိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာ

24/10/2025
19/10/2025

ဆေးဖက်ဝင်ငရုတ်ကောင်းပင်အကြောင်း

19/10/2025

ကျန်းမာရေးအတွက် တိုင်းရင်းဆေးပညာအစီအစဉ်

VIEW OF TM/ TELEGRAM CHANNEL တွင် တိုင်းရင်းဆေးဆိုင်ရာ သတင်းများအား ဝင်ရောက်ကြည့်ရှုနိုင်ပါရန် အသိပေးခြင်း==============...
01/04/2022

VIEW OF TM/ TELEGRAM CHANNEL တွင် တိုင်းရင်းဆေးဆိုင်ရာ သတင်းများအား ဝင်ရောက်ကြည့်ရှုနိုင်ပါရန် အသိပေးခြင်း
======================
DTM website တွင်ဖော်ပြသော သတင်း၊ အကြောင်းအရာများအား ၁-၄-၂၀၂၂ သောကြာနေ့မှ စတင်ပြီး View of TM/ Telegram Channel ၌ တစ်ပြိုင်တည်း ထုတ်လွှင့်ဖော်ပြပေးမည့်အကြောင်း အသိပေးအပ်ပါသည်။

Link: https://t.me/viewofTM

You can view and join right away.

Online System ဖြင့်လျှောက်ထားသည့် တိုင်းရင်းဆေးဝါးမှတ်ပုံတင် (သက်တမ်းတိုး) (၃၉) စောင်အား ထုတ်ပြန်ကြော်ငြာခြင်း၂၀၂၁ ခုနှစ...
29/01/2021

Online System ဖြင့်လျှောက်ထားသည့် တိုင်းရင်းဆေးဝါးမှတ်ပုံတင် (သက်တမ်းတိုး) (၃၉) စောင်အား ထုတ်ပြန်ကြော်ငြာခြင်း

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်

တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်စိစစ်ရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၄/၂၀၂၀)၊ (၂၅/၂၀၂၀) တို့၏ ခွင့်ပြုချက်အရ အတည်ပြုလက်မှတ်ရေး ထိုးပြီးသော Online System ဖြင့်လျှောက်ထားသည့် တိုင်းရင်းဆေးဝါး မှတ်ပုံတင်(သက်တမ်းတိုး) (၃၉) စောင်အား ထုတ်ပြန်ကြော်ငြာအပ်ပါသည်။

ခွင့်ပြုကတ်ပြားထုတ်ယူခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များက ကတ်ပြားထုတ်ယူရန် အကြောင်းကြားစာ ထုတ်ပြန်သည့်နေ့မှစ၍ (၃)လအတွင်း တိုင်းရင်းဆေးဝါး မှတ်ပုံတင်(သက်တမ်းတိုး) လက်မှတ်များကို ထုတ်ယူရမည်ဖြစ်ကြောင်းနှင့် ခွင့်ပြုကတ်ပြားများ လာရောက်ထုတ်ယူရာတွင် သက်တမ်းကုန် မှတ်ပုံတင်မူရင်းနှင့် တံဆိပ်(၃)စုံစီ တပါတည်း ယူဆောင် လာရမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

https://www.dtm.gov.mm/node/1926/

တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး)-(၁၁၅)စောင်အား ထုတ်ပြန်ကြော်ငြာခြင်း၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်တိုင်းရင်းဆေးဝါးမ...
25/01/2021

တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး)-(၁၁၅)စောင်အား ထုတ်ပြန်ကြော်ငြာခြင်း

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်

တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်စိစစ်ရေးအဖွဲ့အစည်းအဝေးများနှင့် ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေးများ၏
ဆုံးဖြတ်ချက်များအရ (၁-၁၂-၂၀၂၀)ရက်နေ့မှ (၃၁-၁၂-၂၀၂၀) ရက်နေ့အတွင်း ခွင့်ပြုခဲ့သည့် တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး)-(၁၁၅)စောင်အား ထုတ်ပြန် ကြော်ငြာအပ်ပါသည်-

https://www.dtm.gov.mm/node/1925/

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၃ ရက် ကရင်ပြည်နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာနသို့ တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်)ကတ်ပြား (၁)စောင် ...
23/01/2021

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်

ကရင်ပြည်နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာနသို့ တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်)ကတ်ပြား (၁)စောင် / တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး) ကတ်ပြား (၁၈)‌စောင်/ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင် (အထွေထွေခွင့်ပြု)ကတ်ပြား- (၁) စောင် တို့အား လွှဲပြောင်းပေးပို့ခြင်း

https://www.dtm.gov.mm/node/1924/

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၃ ရက် ရှမ်းပြည်နယ်(လားရှိုးခရိုင်) တိုင်းရင်းဆေးပညာဦးစီးဌာနသို့ တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်...
23/01/2021

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်

ရှမ်းပြည်နယ်(လားရှိုးခရိုင်) တိုင်းရင်းဆေးပညာဦးစီးဌာနသို့ တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး) ကတ်ပြား (၆)‌စောင်/ တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(သက်တမ်းတိုး) ကတ်ပြား (၁)‌စောင်အား လွှဲပြောင်းပေးပို့ခြင်း

https://www.dtm.gov.mm/node/1923/

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၃ ရက် ရှမ်းပြည်နယ် (တောင်ကြီး)၊ တိုင်းရင်းဆေးပညာဦးစီးဌာနသို့ တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိ...
23/01/2021

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်

ရှမ်းပြည်နယ် (တောင်ကြီး)၊ တိုင်းရင်းဆေးပညာဦးစီးဌာနသို့ တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး) ကတ်ပြား (၁၆)‌စောင်/ တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(သက်တမ်းတိုး) ကတ်ပြား (၆)‌စောင်/ တို့အား လွှဲပြောင်းပေးပို့ခြင်း

https://www.dtm.gov.mm/node/1922/

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၃ ရက် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနသို့ တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်)ကတ်ပြား ...
23/01/2021

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်

ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနသို့ တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်)ကတ်ပြား (၁၁)စောင် / တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး) ကတ်ပြား (၉၈)‌စောင်/
တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(အသစ်) ကတ်ပြား (၁)‌စောင်/
တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(သက်တမ်းတိုး) ကတ်ပြား (၅၂)‌စောင်/ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင် (ဖြည့်စွက်)ကတ်ပြား- (၃) စောင်/
တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင် (အထွေထွေခွင့်ပြု)ကတ်ပြား- (၃၁) စောင် တို့အား လွှဲပြောင်းပေးပို့ခြင်း

https://www.dtm.gov.mm/node/1921/

Address

Office No. (4-C), Department Of Traditional Medicine, Ministry Zone
Nay Pyi Taw
15011

Alerts

Be the first to know and let us send you an email when Department of Traditional Medicine, Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Department of Traditional Medicine, Myanmar:

Share