NPTDC Webportal - နေပြည်တော်စည်ပင်သာယာရေးကော်မတီ

  • Home
  • Myanmar
  • Nay Pyi Taw
  • NPTDC Webportal - နေပြည်တော်စည်ပင်သာယာရေးကော်မတီ

NPTDC Webportal - နေပြည်တော်စည်ပင်သာယာရေးကော်မတီ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NPTDC Webportal - နေပြည်တော်စည်ပင်သာယာရေးကော်မတီ, Government Organization, City Hall, Nay Pyi Taw.

နေပြည်တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း မြို့​တော်အင်္ဂါရပ်နှင့် အညီ မြို့ပြဖွံ့ဖြိုးတိုးတက်​ရေး၊သန့်ရှင်းသာယာလှပစိမ်းလန်းစိုပြည်​ရေးနှင့် စည်ပင်သာယာရေး လုပ်ငန်းများ

နေပြည်တော်၊ ဇွန် ၃ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း/တံတား)မှ ၂၀၂၆-၂၀၂၇ ခု၊ ဘဏ္ဍာရေးနှစ် နေပြည်တော်ကော...
03/06/2026

နေပြည်တော်၊ ဇွန် ၃
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း/တံတား)မှ ၂၀၂၆-၂၀၂၇ ခု၊ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် တင်ဒါခေါ်ယူဆောင်ရွက်မည့် လမ်း၊ တံတားလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း------

နေပြည်တော်၊ ဇွန် ၂ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများ ဌာနမှ ၂၀၂၆-၂၀၂၇ ခု၊ ဘဏ္ဍာရေးနှစ် ငွ...
02/06/2026

နေပြည်တော်၊ ဇွန် ၂
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများ ဌာနမှ ၂၀၂၆-၂၀၂၇ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုရန်ပုံငွေဖြင့် ကော်မတီပိုင် အသား ထုတ်နယ်မြေ (လယ်ဝေး၊ တပ်ကုန်း)နှင့် (လယ်ဝေးနွားပွဲဈေး၊ သာဝတ္ထိနွားပွဲဈေး၊ တပ်ကုန်းနွားပွဲဈေး)တို့တွင် ဆောင်ရွက်မည့် လုပ်ငန်း(၁၂) ခု၊ Lot(၈)ခုအတွက် (ဒုတိယအကြိမ်) အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း------

နေပြည်တော်၊ ဇွန် ၂အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ အများပြည်သူများ သိရှိနိုင်ရန် အသိပေး ကြေညာခြင်း---------
02/06/2026

နေပြည်တော်၊ ဇွန် ၂
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ အများပြည်သူများ သိရှိနိုင်ရန် အသိပေး ကြေညာခြင်း---------

နေပြည်တော်စည်ပင်သာယာရေးကော်မတီ နှစ်(၂၀)ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပပြုလုပ်= = = = = = = = = = = =နေပြည်တော်၊ ဇွန်...
02/06/2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ နှစ်(၂၀)ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပပြုလုပ်
= = = = = = = = = = = =
နေပြည်တော်၊ ဇွန် ၂
နေပြည်တော်စည်ပင်သာယာရေးကော်မတီ နှစ်(၂၀)ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမရှိ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းနှင့် ဧည့်ပရိသတ်များက သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော အန္တရာယ်ကင်းပရိတ်တရားတော် များကို နာယူကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်ပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီ နှစ်(၂၀)ပြည့် နှစ်ပတ်လည် နေ့အထိမ်းအမှတ် ထပ်ဆင့်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို မင်္ဂလာခန်းမတွင် ဆက်လက်ကျင်းပရာ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ထူးချွန်ဝန်ထမ်းများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရ သည်။

နေပြည်တော်၊ ဇွန် ၂နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ သုခတော်ဝင်အိမ်ရာတွင် နေရာချထားပြီးသော ဦးရဲမာန်ထွဋ်ပါ(...
02/06/2026

နေပြည်တော်၊ ဇွန် ၂
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ သုခတော်ဝင်အိမ်ရာတွင် နေရာချထားပြီးသော ဦးရဲမာန်ထွဋ်ပါ(၂၁)ဦးတို့မှ တိုက်ခန်းပိုင်ရှင်အမည်ပေါက်ပြောင်းလဲခွင့်ပြုပါရန် လျှောက်ထားလာမှုအပေါ် ကန့်ကွက်ရန်ရှိပါက ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မှုမရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း---

နေပြည်တော်၊ ဇွန် ၁ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းများကို ဆန်၊ စားအုန်းဆီ၊ အသား၊ ငါးနှင့် ဟင်းသ...
01/06/2026

နေပြည်တော်၊ ဇွန် ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းများကို ဆန်၊ စားအုန်းဆီ၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်အစရှိသည့် စားသောက်ကုန်များအား ဈေးနှုန်း သက်သာပြီး လွယ်ကူအဆင်ပြေစွာ ဝယ်ယူနိုင်ရန်အတွက် (၁-၆-၂၀၂၆)ရက်နေ့တွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ ဈေးရောင်းမော်တော်ယာဉ်(၂)စီးဖြင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(နေပြည်တော်ကောင်စီဝင်း)၊ ဇမ္ဗူသီရိမြို့နယ်၊ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်(ရုံးခွဲ)နှင့် ရုံးအမှတ်(၉) နိုင်ငံခြားရေးဝန်ကြီးဌာနတို့သို့ လှည့်လည်၍ ဈေးရောင်းချ ပေးခဲ့ကြောင်း သိရှိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်း ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း လမ်းဘေး ဝဲ/ယာတွင် ရေနု...
01/06/2026

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်း
ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း လမ်းဘေး ဝဲ/ယာတွင် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုမည့် ဧည့်ရိပ်သာ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး
==============================
နေပြည်တော်၊ ဇွန် ၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းသည် သက်ဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက် နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ အိုင်စောက်ကျေးရွာမှ ကျောက်ချက်တံတားအထိ ရန်ကုန်-မန္တလေးလမ်းဟောင်း လမ်းဘေး ဝဲ/ယာတွင် ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က လုပ်ငန်းများအား အပိုင်းလိုက်အမြန်ပြီးစီးအောင် ဆောင်ရွက်ရန်၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး မိုးမကျမီ ပြုပြင်ဆောင်ရွက်သွားရန်နှင့် ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန် မှာကြားခဲ့သည်။
အဆိုပါ ရေနုတ်မြောင်းများ ပြန်လည်တူးဖော်ပေးခြင်းဖြင့် ဒေသတွင်းရှိ လယ်မြေဧက ၇၀၀ ကျော်အား ရေကြီးရေလျှံမှုဘေးမှ ကာကွယ်ပေးနိုင်မည့်အပြင် ရန်ကုန်-မန္တလေး ကားလမ်းမကြီးနှင့် ပင်လောင်းလမ်းမကြီးတို့ ရေကြီးရေလျှံမှု လျော့နည်းသက်သာစေမည်ဖြစ်သည်။
ဆက်လက်၍ မြို့တော်ဝန် ဦးကံမြင့်သန်းသည် တာဝန်ရှိသူများနှင့်အတူ နေပြည်တော်စည်ပင်ဧည့်ရိပ်သာ(၂)သို့ သွားရောက်ပြီး တတိယအကြိမ်ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ ဒုတိယပုံမှန်အစည်းအဝေးသို့ တက်ရောက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်ရန်အတွက် နေရာချထားသည့်အိပ်ဆောင်များနှင့် အဆောက်အအုံများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားကာ လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်ရန် ရောက်ရှိလာကြသည့် လွှတ်တော်ကိုယ်စားလှယ်များကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

နေပြည်တော်၊ မေ ၃၀ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းများကို ဆန်၊ စားအုန်းဆီ၊ အသား၊ ငါးနှင့် ဟင်းသီ...
30/05/2026

နေပြည်တော်၊ မေ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းများကို ဆန်၊ စားအုန်းဆီ၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်အစရှိသည့် စားသောက်ကုန်များအား ဈေးနှုန်း သက်သာပြီး လွယ်ကူအဆင်ပြေစွာ ဝယ်ယူနိုင်ရန်အတွက် (၃၀-၅-၂၀၂၆)ရက်နေ့တွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ ဈေးရောင်းမော်တော်ယာဉ်ဖြင့် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ဘောလုံးကွင်းအနီး (စုပေါင်းသန့်ရှင်းရေးလုပ်အားပေးအဖွဲ့)နှင့် ကံ့ကော်အိမ်ရာတို့သို့ လှည့်လည်၍ ဈေးရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်အတွင်း ပြီးစီးရမည့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာအသစ်များ တည်ဆောက်ခြင်းနှင့် ပျက်စ...
30/05/2026

အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်အတွင်း ပြီးစီးရမည့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာအသစ်များ တည်ဆောက်ခြင်းနှင့် ပျက်စီးမှုကြီး(အနီရောင်အဆင့်) ဝန်ထမ်းအိမ်ရာအဆောက်အဦများ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
============================
နေပြည်တော်၊ မေ ၃၀
နေပြည်တော်ကောင်စီဝင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယ မြို့တော်ဝန် ဦးဝင်းမိုးခိုင်သည် ၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက် မွန်းလွဲပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်သည့် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်အတွင်း ပြီးစီးရမည့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာအသစ်များ တည်ဆောက်ခြင်းနှင့် ပျက်စီးမှုကြီး(အနီရောင်အဆင့်) ဝန်ထမ်းအိမ်ရာအဆောက်အဦများပြန်လည် ပြုပြင်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် ဦးကျော်ကျော်အောင်၊ ဌာနကြီးမှူး ဦးတင်အောင်ငွေ၊ ဌာနမှူးနှင့် ဌာနတာဝန်ခံများ၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် (MCEF)၊ မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်(MLCA)နှင့် တည်ဆောက်ရေး ကုမ္ပဏီများမှသက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယမြို့တော်ဝန်က တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ထားသည့် အချိန်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးစေရေး အလေးထား၍ ဆောင်ရွက်ကြရန်၊ ဒီဇိုင်းပုံစံများကို သတ်မှတ်ထားသည့်အတိုင်း စနစ်တကျ ပြုပြင်ဆောင်ရွက်ရန်၊ QA/QC အဖွဲ့များကလည်း တည်ဆောက်ရေးလုပ်ငန်းများအား အရည်အသွေးစစ်ဆေးမှုများကို စနစ်တကျ ကြပ်မတ်ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများ၏ တင်ပြမှုများအပေါ် ဒုတိယ မြို့တော်ဝန်က လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြပါရန်နှင့် အခြားလိုအပ်ချက်များရှိပါက သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လုပ်ငန်းများကို သတ်မှတ်ထားသော အချိန်ကာလအတွင်း အရည်အသွေး ပြည့်မီစွာပြီးစီးစေရေး အထူးအလေးထားဆောင်ရွက်ကြရန်တို့ကို မှာကြားခဲ့ကြောင်းသိရှိရသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ ၂၀၂၆-၂၀၂၇ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း...
30/05/2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ ၂၀၂၆-၂၀၂၇ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် တင်ဒါခေါ်ယူဆောင်ရွက်သည့် လုပ်ငန်းများအတွက် နည်းပညာနှင့် ဈေးနှုန်းအဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားကျင်းပ
= = = = = = = = = = = = = = = = = = = = = = = = =
နေပြည်တော်၊ မေ ၃၀
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ ၂၀၂၆-၂၀၂၇ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် တင်ဒါခေါ်ယူဆောင်ရွက်သည့် (၂၄၀ လီတာဆံ့ အမှိုက်ပုံး ၇၅၀ လုံး ဝယ်ယူခြင်းအပါ) လုပ်ငန်း Lot (၂)ခုအတွက် နည်းပညာနှင့် ဈေးနှုန်းအဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေးခြင်းအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက် ညနေပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တင်ဒါကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင် တက်ရောက်၍ အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ကော်မတီဝင် ဦးခွန်နေထွန်းဦး၊ အမြဲတမ်းအတွင်းဝန် ဦးဇော်မြင့်ဦး၊ ဌာနကြီးမှူး ဦးအေးကိုကို၊ တင်ဒါကော်မတီအဖွဲ့ဝင် ဌာနမှူးများနှင့် အဆိုပြုလွှာတင်သွင်းသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့နောက် တင်ဒါကော်မတီ အတွင်းရေးမှူးက တင်ဒါခေါ်ယူခြင်းဆိုင်ရာ စည်းကမ်းချက်များအား ရှင်းလင်းတင်ပြပြီး ကုမ္ပဏီများမှ တင်သွင်းလာသည့် နည်းပညာနှင့်ဈေးနှုန်းအဆိုပြုလွှာ များကို ဖွင့်ဖောက်စစ်ဆေးမှတ်တမ်းတင်ခဲ့ကြောင်း သိရှိရသည်။

Address

City Hall
Nay Pyi Taw

Opening Hours

Monday 09:30 - 17:00
Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00
Saturday 12:00 - 14:00
Sunday 00:00 - 14:00

Telephone

+95673414612

Alerts

Be the first to know and let us send you an email when NPTDC Webportal - နေပြည်တော်စည်ပင်သာယာရေးကော်မတီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to NPTDC Webportal - နေပြည်တော်စည်ပင်သာယာရေးကော်မတီ:

Share