အနာဂတ်အလင်းတန်းစာကြည့်တိုက်၊ မင်းကုန်းကျောင်း၊ မြစ်သားမြို့

  • Home
  • Myanmar
  • Myittha
  • အနာဂတ်အလင်းတန်းစာကြည့်တိုက်၊ မင်းကုန်းကျောင်း၊ မြစ်သားမြို့

အနာဂတ်အလင်းတန်းစာကြည့်တိုက်၊ မင်းကုန်းကျောင်း၊ မြစ်သားမြို့ အသင်းဝင်စည်းကမ်းများနှင့်အညီ
အသင်းဝင်ပြီး စာအုပ်6000ကျော်ကို ဖတ်ရှုနိုင်။

စာကြည့်တိုက် စည်းကမ်းချက်များ

၁။ တစ်နှစ်လျှင် အသင်းဝင်ကြေး (၁၀၀၀)ကျပ် ပေးဆောင်ရမည်။
၂။ (၁)ကြိမ်ငှါးလျှင် (၅)အုပ်အထိ ငှါးရမ်းနိုင်သည်။
၃။ (၁)ကြိမ်လျှင် (၇)ရက်ကြာအောင် ဖတ်ရှုနိုင်သည်။
၄။ စာအုပ် ရေစို/စုတ်ပြဲ/ပျက်စီး/ ပျောက်ဆုံးလျှင် စာအုပ်တန်ဖိုး ပေးလျော်ရမည်။
၅။ စည်းကမ်းမလိုက်နာသူများအား အသင်းဝင်အဖြစ်မှ ထုတ်ပယ်မည်ဖြစ်သည်။

မေလရှင်းတမ်း
04/06/2026

မေလရှင်းတမ်း

ကျိုက်ထီးရိုးဘုရားရောက်အမှတ်တရ
25/05/2026

ကျိုက်ထီးရိုးဘုရားရောက်အမှတ်တရ

23/05/2026
သုတစာအုပ်များ🍂
17/05/2026

သုတစာအုပ်များ🍂

■ နွေဦးကာလ မြူထသောအခါ■ မောင်မောင်ဖြူ■ တန်ဖိုး / ၁၆၅၀၀ ကျပ်■ စာမျက်မှာ - ၄၁၀ဒီဝတ္ထုဟာ မြန်မာ့ကျေးလက်ဒေသ၊ အထူးသဖြင့် အညာဒေ...
16/05/2026

■ နွေဦးကာလ မြူထသောအခါ
■ မောင်မောင်ဖြူ
■ တန်ဖိုး / ၁၆၅၀၀ ကျပ်
■ စာမျက်မှာ - ၄၁၀

ဒီဝတ္ထုဟာ မြန်မာ့ကျေးလက်ဒေသ၊ အထူးသဖြင့် အညာဒေသရဲ့ သဘာဝအလှတရားနဲ့ လူမှုဘဝကို အပီပြင်ဆုံး သရုပ်ဖော်ထားတဲ့ ဂန္ထဝင်မြောက် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
အညာဓလေ့ထန်းတက်သမားတို့ရဲ့ ဘဝ၊ အညာနွေရဲ့ အပူရှိန်နဲ့ မြူထသောကာလရဲ့ လွမ်းမောဖွယ် မြင်ကွင်းတွေကို စာဖတ်သူ မျက်စိထဲမြင်ယောင်လာအောင် စာပန်းချီ ရေးထိုးထားပါတယ်။

လူမှုဘဝနှင့် မေတ္တာတရားရိုးသားဖြူစင်တဲ့ ကျေးလက်နေပြည်သူတို့ရဲ့ စိတ်နေစိတ်ထား၊ အချစ်၊ အလွမ်းနဲ့ ဘဝရုန်းကန်မှုတွေကို ပဟေဠိဆန်ဆန် မဟုတ်ဘဲ ရိုးရိုးရှင်းရှင်းနဲ့ ရင်ထဲရောက်အောင် တင်ပြထားပါတယ်။

ဆရာမောင်မောင်ဖြူရဲ့ အရေးအသားဟာ မြန်မာစာအသုံးအနှုန်း ကြွယ်ဝပြီး ကျေးလက်သုံး စကားလုံးတွေကို အသက်ဝင်အောင် သုံးနှုန်းထားတာကြောင့် စာဖတ်သူကို အညာမြေဆီ ခေါ်ဆောင်သွားသလို ခံစားရစေမှာပါ။

အညာမြေကို ချစ်မြတ်နိုးသူတွေ၊ မိမိတို့ရဲ့ ဇာတိမြေကို လွမ်းဆွတ်တတ်သူတွေအတွက် ဒီစာအုပ်က အဖော်မွန်ကောင်း ဖြစ်ပါလိမ့်မယ်။

မြို့ပြရဲ့ ရုန်းရင်းဆန်ခတ်မှုတွေကြားကနေ ခေတ္တခဏ ရုန်းထွက်ပြီး ရိုးသားအေးချမ်းတဲ့ ကျေးလက်ရနံ့ကို ခံစားချင်သူတွေအတွက် အထူးသင့်လျော်ပါတယ်။

ဤဝတ္ထုသည် မြန်မာ့စာပေလောကတွင် ထင်ရှားပြီးသား လက်ရာတစ်ခုဖြစ်သလို၊ တတိယအကြိမ်အထိ ထပ်မံရိုက်နှိပ်ရလောက်အောင် စာဖတ်သူတွေကြား ရေပန်းစားတဲ့ စာအုပ်ဖြစ်ပါတယ်။

နွေဦးရဲ့ အငွေ့အသက်တွေ၊ ထန်းတောရဲ့ အလှတွေနဲ့အတူ အညာသားတို့ရဲ့ ဘဝကို ထိထိရှရှ ခံစားချင်ရင်တော့ ဒီစာအုပ်ကို မဖြစ်မနေ ဖတ်ရှုသင့်ပါတယ်။
Credit #

🌿၂၀၂၆-၂၀၂၇စာသင်နှစ်🌿မင်းကုန်းဓမ္မစကူးလ်ကျောင်းအတွက်ဆရာ(၆)ယောက်မွေးထုတ်ပေးနိုင်ခဲ့☺️
15/05/2026

🌿၂၀၂၆-၂၀၂၇စာသင်နှစ်🌿
မင်းကုန်းဓမ္မစကူးလ်ကျောင်းအတွက်
ဆရာ(၆)ယောက်မွေးထုတ်ပေးနိုင်ခဲ့☺️

03/05/2026

#မွေးနေ့အလှူတော်_မုဒိတာ(3-5-2026)

မြစ်သားမြို့၊ စံပြရွှေသူဌေးရပ်ကွက်
မဝမ်းဝမ်းထက် (Thailand)၏( ၂၆ )နှစ်ပြည့်
မွေးနေ့ပညာပါရမီကုသိုလ်အဖြစ်

စာကြည့်တိုက်အတွက်
#၁၀၀၀၀ဝိ/ #တစ်သိန်းကျပ်ကို
လှူဒါန်းပါသည်။

အလှူရှင်နှင့်တကွ မိသားစုအားလုံး

#အသက်ရှည်ကြပါစေ
#စိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ
#ဘေးဘယာဝေးကွာကြပါစေ
#ဘုန်းတန်ခိုးကြီးကြပါစေ
#ပညာပါရမီဖြစ်ပေါ်စေ၍
#လိုရာဆန္ဒပြည့်ကြပါစေ

3-5-2026

ဧပြီလရှင်းတမ်း
01/05/2026

ဧပြီလရှင်းတမ်း

မြစ်သားမြို့ဝန်ထမ်းကွက်သစ်ရပ်နေမကျော်စန္ဒီဦး မှလှူဒါန်းသောစာအုပ်များ
13/04/2026

မြစ်သားမြို့
ဝန်ထမ်းကွက်သစ်ရပ်နေ
မကျော်စန္ဒီဦး မှ
လှူဒါန်းသောစာအုပ်များ

🌿၁၃.၄.၂၀၂၆(သင်္ကြန်အကြိုနေ့) မှစ၍၁၇.၄.၂၀၂၆(နှစ်ဆန်းတစ်ရက်)နေ့ထိ၅ရက်ပိတ်ပါဦးမည်🌿🌿
12/04/2026

🌿၁၃.၄.၂၀၂၆
(သင်္ကြန်အကြိုနေ့) မှစ၍
၁၇.၄.၂၀၂၆
(နှစ်ဆန်းတစ်ရက်)
နေ့ထိ
၅ရက်ပိတ်ပါဦးမည်🌿🌿

Address

Myittha

Website

Alerts

Be the first to know and let us send you an email when အနာဂတ်အလင်းတန်းစာကြည့်တိုက်၊ မင်းကုန်းကျောင်း၊ မြစ်သားမြို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category