Myitkyina Basic Education Students' Union-MBESU

Myitkyina Basic Education Students' Union-MBESU MBESU-is an independent student union which emerged with the 2021pro-democracy movement.

08/05/2026
စာအမှတ် (၁/၂၀၂၆)ယွီချိန်တရုတ်စာသင်ကျောင်း၊မြစ်ကြီးနား အရည်အချင်းစစ် စာမေးပွဲ နှင့် စပ်လျဥ်း၍ ထုတ်ပြန်ကြေညာချက်။ယွီချိန်တ...
06/05/2026

စာအမှတ် (၁/၂၀၂၆)

ယွီချိန်တရုတ်စာသင်ကျောင်း၊မြစ်ကြီးနား အရည်အချင်းစစ် စာမေးပွဲ နှင့် စပ်လျဥ်း၍ ထုတ်ပြန်ကြေညာချက်။

ယွီချိန်တရုတ်စာသင်ကျောင်း၊ မြစ်ကြီးနားတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသားများသည် ထိုင်ဝမ်နိုင်ငံသို့ သွားရောက်ရန် အရည်အချင်းစစ်စာမေးပွဲများဖြင့်ဖြေဆိုရာ ၂၀၂၅ ဒီဇင်ဘာလ တွင် TOCFL အရည်းအချင်း စစ်စာမေးပွဲဖြေဆိုထားသူကျောင်းသားများနှင့် ယင်း စာမေးပွဲအား မဖြေဆိုထားသူ ကျောင်းသားများဟူ၍ရှိခဲ့ကြသည်။ယင်းစာမေးပွဲကို မဖြေဆိုထားသူကျောင်းသားများသည် သက်ဆိုင်ရာ ကျောင်းမှ ပြုလုပ်သော ရေးဖြေစာမေးပွဲနှင့် လူတွေ့ အင်တာဗျူး ပုံစံ နှစ်ရပ်ကို ဖြေဆိုခဲ့ရသည်။ TOCFL စာမေးပွဲကို ဖြေဆိုပြီးသော ကျောင်းသားများသည် လူတွေ့အင်တာဗျူးကို နှစ်ကြိမ် ပြန်လည်ဖြေဆိုခဲ့ရသည်။ ယင်း ကျောင်းသားနှစ်ရပ်လုံး၏ လူတွေ့ အင်တာဗျူး
စစ်ဆေးခြင်းနှင့်ရေဖြေစာမေးပွဲများကို
၂၀၂၆ မေလ ၅ ရက်နေ့တွင် မနက်နှင့်နေ့လည် ခွဲ၍ အချိန်နှစ်ရပ်ဖြင့်သီးခြားစီပြုလုပ်ခဲ့သည်။

ယင်း လူတွေ့ စစ်ဆေးပွဲ နှင့် စပ်လျဥ်း၍ သက်ဆိုင်ရာ ကျောင်းသားထုများအပေါ် ရိုက်ခတ်မှု ရှိသော ကျောင်းအာဏာပိုင်များ၏ စာမေးပွဲ ရလာဒ်များကို ပွင့်လင်းမြင်သာ တရားမျှတမှု အားနည်းစွာ ဆုံးဖြတ်လိုက်သော ဆုံးဖြတ်ချက်များကို မိမိတို့ မြစ်ကြီးနားမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂမှ သက်ဆိုင်ရာကျောင်းသားများ၏ သတင်းပေးပို့အချက်အရ ဤသို့ သိရှိခဲ့ရသည်။

ကျောင်းအာဏာပိုင်များသည် လူတွေ့စစ်ဆေးမှု အင်တာဗျူးနှင့်ရေးဖြေစာမေးပွဲ များကို မနက်နှင့်နေ့လည်ပိုင်း ခွဲ၍ အချိန် နှစ်ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

ယင်းသို့ကျင်းပ ပြုလုပ်ရာတွင် မနက်ပိုင်း လူတွေ့ စစ်ဆေးမှုတွင် လူဦးရေအကန့်အသတ်ဖြင့် ခေါ်ယူသော ထိုင်ဝမ်နိုင်ငံ၏ မူဝါဒများကို ကျော်လွန်၍ ကျောင်းသား အမြောက်အမြားကို အအောင် ပြုလုပ်ပေးခဲ့သည်။
မနက်ပိုင်းရေးဖြေစာမေးပွဲဖြေဆိုသူ၆၀၀ ကျော်ခန့်တွင် ၃၀၀ကျော်ခန့် ဖြေဆိုသူ၏ ၅၀ ရာခိုင်နှုန်းနီးပါးအောင်မြင်ခဲ့သည်။ အထက်ပါအခြေအနေသည်
နေ့လည်ပိုင်းတွင် လူတွေ့စစ်ဆေးမှုကို ခံယူသော ကျောင်းသားမြောက်မြားစွာ၏ စာမေးပွဲ ရလာဒ်များသည် ပွင့်လင်းမြင်သာတရားမျှတမှု လုံလောက်စွာမရှိပဲ ကျောင်းသားအမြောက်အမြား ကို အကျရလာဒ်ဖြင့်အဆုံးသတ်ရန် အကြောင်းပြချက်တခုဖြစ်လာခဲ့သည်။

ယင်းလူတွေ့ စစ်ဆေးမှုနေ့ ညနေပိုင်းတွင် ဖြေဆိုသော ကျောင်းသားများထဲတွင် TOCFL စာမေးပွဲကိုအောင်ပြီးမြောက်ထားသောကျောင်းသားများ၊ စာမေးပွဲ ကျရန် အခြေအနေ မရှိသည့် ကျောင်းသားများစွာ ပါဝင်ခဲ့သည်။

သို့ရာတွင် ညနေပိုင်း ဖြေဆိုသူကျောင်းသားဦးရေ ၅၀၀ကျော်ခန့် တွင်အောင်မြင်သူ ၁၀၀ကျော်သာရှိခဲ့သည်။အထက်ပါ မနက်နှင့်နေ့လည် ရလာဒ် နှစ်ခုလုံးကို ယှဉ်ကြည့်သော်ကြီးမားသော ရလာဒ်ကွာဟချက်များကို ပွင့်လင်းမြင်သာမှုကင်းမဲ့စွာတွေ့ရှိရသည်။
အထက်အပါ အခြေအနေအသီးသီးသည် အကျဟူသော ရလာဒ်ကို ရင်ဆိုင်ခဲ့ရသော ကျောင်းသား အမြောက်အမြားအတွက် ပွင့်လင်းမြင်သာတရားမျှတမှု ကင်းမဲ့နေသည်ကို မြစ်ကြီးနားမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂမှ စစ်ဆေးတွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ ကျောင်းသားထုအခွင့်အရေး၊လွတ်လပ်စွာပညာ သင်ကြားခွင့်ဟူသော မူဝါဒများကို အခိုင်အမာ ယုံကြည်သော မိမိတို့ မြစ်ကြီးနားမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ အနေနှင့်
ယွီချိန်တရုတ်စာသင်ကျောင်း၊မြစ်ကြီးနား ကျောင်းအာဏာပိုင်များအနေနှင့်

-ယင်း လူတွေ့ စစ်ဆေးမှု ရလာဒ်များကို အများပြည်သူကျောင်းသားများထံ ပွင့်လင်းမြင်သာတရားမျှတမှု ရှိစွာ အမြန်ဆုံးထုတ်ပြန်ပေးရန်။
- ရလာဒ်ကျရှုံးမှုအား လက်မခံနိုင်သော ကျောင်းသား ရာချီအား ရလာဒ်အခြေအနေနှင့် အမှတ်ပေးပုံစံအား ပွင့်လင်းမြင်သာမှုရှိစေရန် အတိအကျ ပြန်လည်ရှင်းလင်းတင်ပြပေးရန်။
- အောင်မြင်ကျောင်းသားများနှင့် ကျရှုံးကျောင်းသားများ၏ ရလာဒ်အပေါ်သက်ရောက်မှုရှီသော အမှတ်ပေးပုံစံ အားလုံးကိုအတိအလင်း ဖော်ထုတ်ရှင်းလင်းရန်။
- ထိုင်ဝမ်အစိုးရနှင့် ထိုင်ဝမ်နိုင်ငံမှခေါ်ယူသော ကျောင်းသားလူဦးရေ အကန့်အသတ်နှင့် မူဝါဒများကို ကျောင်းသားများကျေနပ်သည်ထိ ပြန်လည်ရှင်းလင်းရန်တောင်းဆိုလိုက်ရသည်။

မိမိတို့ မြစ်ကြီးနားမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂသည် မြစ်ကြီးနားမြို့နယ်တွင်းရှိ ကျောင်းသားထုတရပ်လုံး၏ ကျောင်းသားထု အခွင့်အရေး နှင့် ပညာသင်ကြားခွင့်များကိုအလေးအနက်ထားသော ကျောင်းသားအဖွဲ့အစည်းဖြစ်သည်နှင့် အညီ ဤယွီချိန်တရုတ်စာသင်ကျောင်း၊မြစ်ကြီးနား လူတွေ့ အရည်အချင်းစစ် စာမေးပွဲတွင် ဖြစ်ပွားလျက်ရှိသော ကျောင်းသားထု၏ အခွင့်အရေးပြဿနာများကို ပွင့်လင်းမြင်သာရှိစွာ ဖြေရှင်းပေးပါရန် နစ်နာသူကျောင်းသားများကိုယ်စားတောင်းဆိုလိုက်ရပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
မြစ်ကြီးနားမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ

မိတ္တူကို
-ရုံးလက်ခံ
-ယွီချိန်တရုတ်စာသင်ကျောင်း၊မြစ်ကြီးနား
-ကချင်ဒေသအခြေစိုက် သတင်းမီဒီယာများ
-ပင်မရေစီးကြောင်း သတင်းမီဒီယာများ

#ယွီချိန်တရုတ်စာသင်ကျောင်း၊မြစ်ကြီးနား #မြစ်ကြီးနားအကသ #မြစ်ကြီးနားမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ

၁၉၆၂ ဖေဖော်ဝါရီ ၅ ရက်နေ့မှ စတင်ကာ အမျိုးသားတန်းတူရေး၊ကိုယ်ပိုင်ပြဌာန်းခွင့်၊ဒီမိုကရေစီရေး တို့အတွက် လက်နက်စွဲကိုင် တိုက်...
05/02/2026

၁၉၆၂ ဖေဖော်ဝါရီ ၅ ရက်နေ့မှ စတင်ကာ အမျိုးသားတန်းတူရေး၊ကိုယ်ပိုင်ပြဌာန်းခွင့်၊ဒီမိုကရေစီရေး တို့အတွက် လက်နက်စွဲကိုင် တိုက်ပွဲဝင်ခဲ့ကြသော ကချင်လူမျိုးစု၊ ကချင် အမျိုးသားတို့၏ တော်လှန်ရေးသည်ကာ ၆၅ နှစ်ပြည့်မြောက်ခဲ့လေပြီ။

ကချင်အမျိုးသားတော်လှန်ရေး ၆၅ နှစ်ပြည့်ကို မိမိတို့ မြစ်ကြီးနားမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂမှ ဂုဏ်ပြုကာ၊ ကချင်ပြည် နှင့် ကချင်ပြည်ရှိ လူမျိုးပေါင်းစုံ ပြည်သူ့လူထု လွတ်မြောက်ရေးအတွက် မမှိတ်မသုန် ဆက်လက်ချီတက်သွားမည်ဖြစ်သည်။

SADUN,  a beautiful mountain town in Eastern Kachin State has been shattered by tragedy.Today,Myanmar Fascist military a...
29/09/2025

SADUN, a beautiful mountain town in Eastern Kachin State has been shattered by tragedy.

Today,Myanmar Fascist military airstrike struck the town of SADUN,which targeted civilian infrastructures SADUN market and one school,killing 8 people including children.

Children with beautiful dreams and innocent mind has been targeted by these Cruelties.

We asked the world to raise and stand together with citizens from SADUN and citizens across the Burma who suffered from Cruelties of Fascist Army.

မြစ်ကြီးနား မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ သည် မိမိတို့၏ ကျောင်းသားထု အသက်၊လုံခြုံရေးနှင့် လွတ်လပ်စွာ ပညာ သင်ကြားခ...
19/08/2025

မြစ်ကြီးနား မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ သည် မိမိတို့၏ ကျောင်းသားထု အသက်၊လုံခြုံရေးနှင့် လွတ်လပ်စွာ ပညာ သင်ကြားခွင့်အား အနှောင့်အယှက် ဖြစ်စေသော လုပ်ငန်းစဉ်မှန်သမျှကို ဆန့်ကျင်ရပ်တည်ပါသည်။

We,MBESU strongly stand against any actions threaten to our students’ security,lives and the rights to eduction.

#မြစ်ကြီးနားအကသ

19/08/2025
18/08/2025

“ဖြစ်သွားတာက ဒီနေ့မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်ကပါ။ ဗုံးဆိုတာထက် အသံမိုင်းလို့ ယူဆရတဲ့ အရာမျိုး ပေါက်ကွဲတာပေါ့နော်။ ထိခိုက်မှုတွေကတော့ ကျောင်းရှေ့နားမှာ ရပ်ထားတဲ့ ကားကတော့ အပေါက်အပြဲတွေတော့ တော်တော်များပါတယ်။ ၁၀ ချက် ၁၅ ချက်လောက် ရှိမယ်ထင်ပါတယ်။
အပြည့်အစုံ ကွန်မန့်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
#မြစ်ကြီးနား ိုယ်ပိုင်အထက်တန်းကျောင်း #ပေါက်ကွဲမှု

သတင်းထုတ်ပြန်ခြင်း။ယနေ့ နံနက် အချိန် ၁၁နာရီခန့်တွင် မြစ်ကြီးနားမြို့နယ် ရှိ All Star ကိုယ်ပိုင်အထက်တန်းကျောင်းအနီးအနားတွ...
18/08/2025

သတင်းထုတ်ပြန်ခြင်း။

ယနေ့ နံနက် အချိန် ၁၁နာရီခန့်တွင် မြစ်ကြီးနားမြို့နယ် ရှိ All Star ကိုယ်ပိုင်အထက်တန်းကျောင်းအနီးအနားတွင်အမည်မသိအဖွဲ့ တဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွါးခဲ့ရသည်ဟုသိရပါသည်။

ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားနေသော စုဝေး အဆောက်အဦးအနီးအနားအား တိုက်ပွဲ၊စစ်အခြေစိုက်စခန်း မရှိဘဲ တိုက်ခိုက်မှုအပေါ် မိမိတို့ မြစ်ကြီးနားမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂမှ ပြင်းထန်စွာ ရှုတ်ချသည်။

ကျောင်းသားများ၏ လွတ်လပ်စွာ ပညာသင်ကြားခွင့်နှင့် ရသင့်ရထိုက်သော ပညာရေး ရရှိနိုင်ရေးသည် မိမိတို့ မြစ်ကြီးနားအကသအဖွဲ့မှ ကိုင်စွဲသော မူဝါဒ များဖြစ်သောကြောင့် မြစ်ကြီးနားမြို့တွင်းရှိ ကျောင်းသားထု၏ အသက်အန္တရာယ်နှင့်အကျိုးစီးပွါးကို ခြိမ်းခြောက်သော လုပ်ရပ်မှန်သမျှကိုဆန့်ကျင်ပါသည်။

သက်ဆိုင်ရာ လက်နက်ကိုင်ဆောင်ထားသော အဖွဲ့အစည်း များအနေနှင့်လည်း ကျောင်းသားထုကို ထိခိုက်စေမည့် အရပ်ဘက်ထိခိုက်၊တိုက်ခ်ိုက်များကို ဂျီနီဗာကွန်ဗန်ရှင်းပါ အချက်များကို ကျော်လွန်လုပ်ဆောင်မှု မရှိစေရန် မိမိတို့ မြစ်ကြီးနားမြ်ို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ မှ ကျောင်းသားထု ကိုယ်စား သတိပေးပန်ကြားထုတ်ပြန်လိုက်ရပါသည်။

မြစ်ကြီးနားမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ
ဗဟိုအလုပ်အမှုဆောင်အဖွဲ့

#ဗုံးပေါက်ကွဲမှု #မြစ်ကြီးနားအကသ #ကျောင်းရှေ့တိုက်ခိုက်မှု

အကြောင်းအရာ။‬‭ ။‬‭ ဖက်ဒရယ်ဥပဒေအကယ်ဒမီ‬‭နှင့်‬‭ဘားမား‬‭ အကယ်ဒမီတို့မှ‬‭ပူးပေါင်းကျင်းပသော‬‭ ၄၉‬‭နှစ်မြောက်‬‭ကျောင်းသားခေါ...
26/06/2025

အကြောင်းအရာ။‬‭ ။‬‭ ဖက်ဒရယ်ဥပဒေအကယ်ဒမီ‬‭နှင့်‬‭ဘားမား‬‭ အကယ်ဒမီတို့မှ‬‭ပူးပေါင်းကျင်းပသော‬‭ ၄၉‬
‭နှစ်မြောက်‬‭ကျောင်းသားခေါင်းဆောင်‬‭အာဇာနည်‬‭သူရဲကောင်း‬‭ ဆလိုင်းတင်မောင်ဦး‬‭ကျဆုံးသည့်‬
‭အောက်မေ့ဂုဏ်ပြုခြင်း အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာ။‬

“မင်းတို့ရဲ့‬‭ စစ်ဖိနပ်အောက်မှာ‬‭ငါဘယ်သောအခါမှ‬‭ဒူးမထောက်ဘူး”ဆိုသည့်‬‭ကျွန်တော်တို့ ၏‬
‭ကျောင်းသားမျိုးဆက်၊ရဲရဲနီတဲ့‬‭ ဗမာပြည်‬‭ခွပ်ဒေါင်း‬‭ကျောင်းသားသွေး‬‭ဖြစ်သည့်‬
‭သူရဲကောင်းဆလိုင်းတင်မောင်ဦး‬‭ကျဆုံးမှုဟာ‬‭ဒီနေ့မှာ‬‭ ၄၉‬‭နှစ်တိုင်တိုင်ပြည့်ပြီဖြစ်ပါသည်။ရဲရင့်သော‬
‭ခွပ်ဒေါင်းမျိုးဆက်ပီပီ လူထုရှေ့တွင်ရပ်ကာ လူထုအားမတရားဖိနှိပ်ချုပ်ခြယ်သော‬‭ မဆလစစ်အစိုးရအား‬
‭တော်လှန်ခဲ့သောကြောင့်‬‭ကြိုးပေးကွပ်မျက်ခဲ့ရသော်လည်း‬‭ ဆလိုင်းတင်မောင်ဦး၏‬‭ရဲရင့်သော‬
‭စိတ်ဓာတ်သည်‬‭ ယနေ့တိုင်ကျောင်းသားမျိုးဆက်တိုင်းထံသို့‬‭ လက်ဆင့်ကမ်းသယ်ဆောင်ကာ‬
‭တော်လှန်နေကြဆဲ၊ရဲရင့်နေကြဆဲဖြစ်ပါသည်။‬
‭ချင်းလူမျိုးစုကျောင်းသား‬‭အာဇာနည်ဖြစ်သော‬‭ ဆလိုင်းတင်မောင်ဦး‬‭အောက်မေ့ဂုဏ်ပြုခြင်း‬
‭ အခမ်းအနားသို့‬‭ ကချင်‬‭လူမျိုးစုဒေသ‬‭ အခြေစိုက်သော‬‭ ၊‬‭ ၂၀၂၁‬‭နွေဦးတော်လှန်ရေးမျိုးဆက်‬
‭ကျောင်းသားသမဂ္ဂ‬‭ တရပ်အနေဖြင့်‬‭ဂုဏ်ပြုသဝဏ်လွှာပေးပို့နိုင်ခြင်းအပေါ်‬‭ကျွန်တော်တို့‬
‭မြစ်ကြီးနားမြို့နယ်အခြေခံပညာကျောင်းသားများ‬‭ သမဂ္ဂမှများစွာ‬‭ဂုဏ်ယူမိပါသည်။ကျဆုံးသွားသော‬
‭နောင်တော်‬‭မျိုးဆက်‬‭ ဆလိုင်းတင်မောင်ဦးအား‬‭ အလေးပြုလျက်‬‭ ဆလိုင်းတင်မောင်ဦး၏‬
‭စိတ်ဓာတ်အားကိုင်စွဲကာ‬‭ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးနှင့်‬‭နိုင်ငံတော်သစ်‬‭ အတွက်‬
‭ရှေ့လျှောက်မမှိန်မသုန်ဆက်လက်ရပ်တည်‬‭တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း‬‭ကျွန်တော်တို့‬‭မြစ်ကြီးနားအကသ‬
‭မှ ဤသဝဏ်လွှာအားပေးပို့ ရင်း ကတိသစ္စာပြုလိုက်ရပါသည်။‬

“ဆလိုင်းတင်မောင်ဦး စိတ်ဓာတ်အဓွန့်ရှည်ပါစေ၊ ကျောင်းသားသမိုင်း ထွန်းပြောင်ပါစေ”

‭မြစ်ကြီးနားမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ‬
‭ ဗဟိုအလုပ်အမှုဆောင်အဖွဲ့

#မြစ်ကြီးနားအကသ #ဆလိုင်းတင်မောင်ဦး

၂၀၂၅ ကချင့်နိုင်ငံရေး အခြေအနေနှင့် အလားအလာ⬛ ဂျက်ဂျက် | ဆောင်းပါး | အိုးဝေစစ်အာဏာသိမ်းပြီး လေးနှစ်အကြာ အားကောင်းလာသည့် ကခ...
20/06/2025

၂၀၂၅ ကချင့်နိုင်ငံရေး အခြေအနေနှင့် အလားအလာ

⬛ ဂျက်ဂျက် | ဆောင်းပါး | အိုးဝေ

စစ်အာဏာသိမ်းပြီး လေးနှစ်အကြာ အားကောင်းလာသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ချုပ်(ကေအိုင်အို) တပ်များနှင့် ကချင်ဒေသအခြေစိုက်ဒေသကာကွယ်ရေးတပ်များကား တဖက်၊ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီများ ကတဖက်နှင့် တိုက်ပွဲများ ဖြစ်ပွားနေကြသည့်အလျောက် ကချင့်စစ်မျက်နှာသည် ပိုမိုကျယ်ပြန်လာခဲ့ပြီဖြစ်သည်။ သျှမ်းမြောက်၊ ကချင်၊ ကရင်နှင့် ရက္ခိုင် တပြည်လုံး တပ်ဖြန့်ထားသည့် အာရက္ခတပ်တော်(အေအေ)၏ စစ်မျက်နှာပြီးလျှင် ဤစစ်မျက်နှာသည် ဒုတိယအကြီးမားဆုံး ဖြစ်လာခဲ့ပြီ။ စစ်ပွဲသည် မြောက်ဖျားပိုင်းရေခဲတောင်များမှ ဧရာဝတီမြစ်ဝှမ်းလွင်ပြင်၊ သျှမ်းမြောက် ကချင်ဆပ်စတိတ်အပြင် ကချင်ပြည်နှင့်ထိစပ်နေသည့် စစ်ကိုင်းတိုင်းဒေသများထိပါ ကျယ်ပြန့်လာခဲ့ပြီဖြစ်သည်။ စစ်ပွဲအသွင်မှာလည်း ပြောက်ကျားစစ်ဆင်ရေး၊ ထိတွေ့တိုက်ပွဲများမှသည် သမာရိုးကျစစ်ပွဲနှင့် အရှိန်အဟုန်ပြင်းသော မြို့သိမ်းထိုးစစ်တိုက်ပွဲများအသွင်သို့ ပြောင်းလဲလာခဲ့ပြီဖြစ်သည်။

တိုက်ပွဲများအကြား အားကောင်းလာ‌သော စစ်အနိုင်တိုက်ရေး အတွေးအခေါ်
________________________

ကချင်ဒေသ တခုလုံးရှိ သျှမ်း၊ ကချင်၊ ဂေါ်ရခါး၊ ရက္ခိုင်၊ မြန်မာ လူမျိုးပေါင်းစုံ ပြည်သူအပေါင်းတို့သည် ကချင်ဒေသအလုံးစုံလွတ်လပ်ရေးနှင့် စစ်မှန်သော ဒီမိုကရေစီ ရရှိရေးတို့အတွက် ဦးတည်တိုက်ပွဲနေကြသည် ။ ပင်လုံစာချုပ်ဖြင့် ချုပ်ဆိုကိုလိုနီသွတ်သွင်းခဲ့သော အတုအယောင် ပြည်ထောင်စု၊ တော်လှန်ရေးကောင်စီ၊ မဆလ၊ နဝတ၊ နအဖနှင့် ခေတ်အဆက်ဆက်ချုပ်ဆိုခဲ့သော မတည်မြဲသည့် အပစ်အခတ်ရပ်စဲရေး ၊ ငြိမ်းချမ်းရေးသဘောတူညီချက် စာချုပ်များသည် ကချင်လူထုအတွက် မျက်မှောက်ကာလ၌ အရေးပါဆုံးသော လုပ်ငန်းစဉ်သည် စစ်အနိုင်တိုက်ရေးနှင့် စစ်သုံးစစ် အမြစ်ပြတ်ချေမှုန်းရေး ပင်ဖြစ်သည်ဟု မလွဲမသွေ ယုံကြည်စေရန် တွန်းပို့စေခဲ့သည်။ ပြည်သူလူထု၏ စစ်အနိုင်တိုက်ရေးယုံကြည်မှုနှင့်အတူ လက်နက်ကိုင်တော်လှန်ရေးနှင့် ဒေသတွင်း အတည်တကျ မဖြစ်သေးသည့် နိုင်ငံရေးအခင်းအကျင်း တစုံလုံးကို ကေအိုင်အိုက ဦးဆောင်နေသည်။ အားကောင်းလာသည့် စစ်ရေးနှင့်အတူ စစ်အနိုင်တိုက်ရေးကို အပြည့်အဝထောက်ခံထားသည့် ကချင်ပြည်လူထု၏ နိုင်ငံရေးအသိစိတ်ကြောင့် အကြမ်းဖက်စစ်ကောင်စီ ဦးဆောင်မည့် ပါတီနိုင်ငံရေး လမ်းကြောင်းအား လူထုမှ ယုံကြည်မှုအားနည်းလျက်ရှိသည်။ တဖက်တွင်လည်း အရပ်ဘက်နိုင်ငံရေးအဖွဲ့များနှင့် ပါတီနိုင်ငံရေးအဖွဲ့များ၏ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဠသည် သိသာစွာအားနည်းလာသည်ကို တွေ့ရသည်။ ဒေသတခုလုံး၏ စနစ်အလုံးစုံကို လက်နက်ကိုင်တော်လှန်ရေးဖြင့် ပြောင်းလဲပစ်မည့် နိုင်ငံရေးပုံစံတရပ်ကို ရောက်ရှိနေသည်မှာ မျက်မှောက်ကာလ ကချင်ဒေသနိုင်ငံရေးပင်ဖြစ်သည်။

မြေပုံအသစ် ဖြစ်လာမည့် စစ်ပွဲ
____________________________

၂၀၂၄ ခုနှစ်၊ မတ်လ ၇ နေ့တွင် စတင်ခဲ့သည့် ကေအိုင်အိုနှင့်ပူးပေါင်းတပ်၏ ဆယ်စုနှစ်များအတွင်း အကြီးမား၊ အပြင်းထန်ဆုံး သမားရိုးကျထိုးစစ်များကြောင့် ကျယ်ပြန့်လှသည့် မလိခမြစ် အရှေ့ခြမ်းက နယ်မြေ အမြောက်အများသည် လက်ရှိတွင် ကေအိုင်အို၏ ထိန်းချုပ်မှုအောက် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ မလိခအရှေ့ခြမ်း မြောက်ဘက်အကျဆုံး ခေါင်လန်ဖူးဒေသမှသည် ကချင်အထူးဒေသ (၁) တခုလုံး၊ မံစီ၊ မိုးမောက်၊ လွယ်ဂျယ်နှင့် တောင်ဘက် မန့်ဝိန်းကြီးဒေသများအထိ ကချင့်လွတ်လပ်ရေးတပ်မတော်နှင့် မဟာမိတ်များ၏ အောင်ပွဲနှင့်အတူ ကချင်ဒေသ၏မြေပုံသည် အပြောင်းအလဲဖြစ်လာခဲ့ပြီ ဖြစ်သည်။

ကချင့်လွတ်လပ်ရေးအဖွဲ့ချုပ်၊ ကေအိုင်အိုနှင့် မဟာမိတ်တပ်များသည် ဗမာပြည်မြောက်ပိုင်းတွင် ဆယ်စုနှစ်များစွာ အခိုင်မာဆုံးတည်ဆောက်ထားသည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ) ကို ဗန်းမော်လွင်ပြင် ထိုးစစ်နှင့်အတူ အကြီးအကျယ် ခြိမ်းခြောက်လျက်ရှိပြီး ဗန်းမော်မြို့အား အလုံးစုံ သိမ်းပိုက်ရရှိရန် လက်တလုံးအလိုသာ ကျန်ပါတော့သည်။ ခုခံတော်လှန်စစ်ကို ဆင်နွဲနေသော ကချင်ဒေသတပ်ပေါင်းစုများ၏ ဘဏ္ဍာရေးအတွက်အရေးပါသော ဖားကန့်ဒေသ၊ ဆယ်ဇင်းဒေသ တခုလုံး၏ ဝင်ပေါက်ထွက်ပေါက် လမ်းများနှင့် တပ်စခန်းများအားလုံးကိုလည်း ကချင့်လွတ်လပ်ရေးတပ်ဖွဲ့က သိမ်းပိုက်ထားပြီဖြစ်ပါသည်။ ဗမာပြည်တခုလုံးလွတ်မြောက်ရေးအတွက် အရေးပါသည့် စစ်ကိုင်းအညာဒေသနှင့် ကချင်ဒေသကြား အရေးပါသော အင်းတော်မြို့၊ မိုးညှင်း-အင်းတော် လမ်းပိုင်းတခုလုံးအား ကချင်ဒေသတပ်ပေါင်းစုနှင့် အညာအခြေစိုက်ဒေသကာကွယ်ရေးတပ်များမှ အများစုထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။

ပေါင်ယောင်အိပ်မက်နှင့်အတူ လွတ်လပ်သော ကချင်ပြည်သစ် အိပ်မက်အတွက် အရေးပါသော မြေပုံသစ်သည် စစ်အောင်နိုင်မှု၊ ဒေသများအားထိန်းချုပ်နိုင်မှူ ၊ ထိန်းချုပ်ဒေသများတွင် စနစ်တကျ ထူထောင်နိုင်မှုတို့နှင့်အတူ တရွေ့ရွေ့ အကောင်အထည်ပေါ်လာပြီဖြစ်ပါသည်။ အထက်တွင်ဖော်ပြထားသည့် ကေအိုင်အို၏ ဧရာဝတီမြစ်နောက်ခြမ်းနှင့် တဆက်တည်းနယ်မြေများအား သိမ်းပိုက်မှု၊ မဟာဗျူဟာမြောက် မြို့များနှင့် လမ်းပိုင်းများအား ကျယ်ပြန့်စွာ ထိန်းချုပ်နိုင်မှုသည် အနာဂတ် ကချင်ပြည်သစ်၏ အမြုတေ မြေပုံသစ်ဖြစ်လာခဲ့ပြီ ဖြစ်သည်။

တရုတ်နှင့်ဆက်ဆံရေး၊ တရုတ်၏အခန်းကဏ္ဍ
အားကောင်းလာသည့် စစ်ရေး၊ လွတ်မြောက်လိုသော နိုင်ငံရေးနှင့် ယုံကြည်မှုပြီးလျှင် ကချင်ဒေသလွတ်မြောက်ရေးအတွက် အရေးကြီးဆုံး အခန်းကဏ္ဍသည် နိုင်ငံခြားရေးပင်ဖြစ်သည်။ ကချင်ဒေသ၏ မြောက်ပိုင်းနှင့်အနောက်ပိုင်းတလျှောက် ထိစပ်နေသော ဂလိုဘယ်ပါဝါ-ကမ္ဘာ့အင်အားကြီး တရုတ်နိုင်ငံ၏ အခန်းကဏ္ဍသည် လွန်စွာ အရေးကြီးလျက်သည်မှာ ပကတိအမှန်တရားဖြစ်သည်။ ကေအိုင်အိုသည် လူထုအခြေပြုသော နိုင်ငံရေးနှင့်စစ်ရေးရည်မှန်းချက်ဖြင့် ရှေ့ဆက်လျက် တရုတ်နိုင်ငံ၏ ဖိအားများကြားမှ လွန်ခဲ့သော လပိုင်းများတွင် ကချင်ဒေသ တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့အားလုံးကို သိမ်းပိုက်ထိန်းချုပ်ခဲ့သည် ။တဖက်တွင်လည်း တရုတ်ကွန်မြူနစ်ပါတီနှင့် ကောင်းမွန်သောဆက်ဆံရေးများအတွက် သိသိသာသာအထူးကြိုးပမ်းလျက်ရှိသည်။ ၂၀၂၄ ဒီဇင်ဘာ လတွင် တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို ၏ ဖိတ်ကြားချက်အရ ပီကင်းသို့ ကေအိုင်အိုဥက္ကဌ ဗိုလ်ချုပ်ကြီးအျင်ဘန်လ သွားရောက်တွေ့ဆုံခဲ့သည့် အခြေအနေများရှိခဲ့သည်။ ထိုကဲ့သို့သွားရောက်တွေ့ဆုံမှုများတွင် တရုတ်ကွန်မြူနစ်ပါတီ၏ ပေါ်လစ်ဗျူရို အရာရှိများနှင့် တွေ့ဆုံနိုင်ခဲ့သည့် အခြေအနေများရှိခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ အရာရှိ၊ အဖွဲ့ဝင်များနှင့် နိုင်ငံခြားရေး၊ သံတမန်ရေးအရ ရံဖန်ရံခါ တွေ့ဆုံဆွေးနွေးနိုင်သောအခြေအနေများသည် အာဏာသိမ်းမှုနောက်ပိုင်းတွင် ကချင်ဒေသ၏ နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍအား ဒေသလူထု့ထောက်ခံမှုရထားသည့် ကေအိုင်အိုမှ ရယူနိုင်ခဲ့သော အခြေအနေဖြစ်ပါသည်။ သမိုင်းတလျှောက် လူမျိူးစု ဒေသ တခု အလုံးစုံလွတ်မြောက်ရေး၏ အရေးပါသော နိုင်ငံခြားရေး အခန်းကဏ္ဍအား ကေအိုင်အိုသည် တရုတ်နှင့် မယုတ်မလွန် ဆက်ဆံရေးအား အခြေခံလူထုဆန္ဒမသွေဖယ်ဘဲ ခိုင်မာစွာ ထူထောင်နိုင်သည့် အခြေအနေရှိနေပြီဖြစ်သည်။

နယ်မြေပြဿနာ၊ လူမျိုးစုတွေကြားယုံကြည်မှု
_________________________________________

၂၀၂၁၊ အောက်တိုဘာ ၂၇ တွင် ဗမာပြည်စစ်သမိုင်းတလျှောက် ဖက်ဆစ်ဗမာ့တပ်မတော်ကို အကြီးမားဆုံးထိုးနှက်မှုတခုအဖြစ် ၁၀၂၇ စစ်ဆင်ရေးကြီးက်ို ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သော TNLA၊ AA၊ MNDAA တို့ ဦးဆောင်စတင်ခဲ့ကြသည်။ မဟာမိတ်တပ်များ၏ ပြင်းထန်ပြောင်မြောက်လှသော ထိုးစစ်အရှိန်အဟုန်ကြောင် သျှမ်းမြောက်၊ ကချင်ဆပ်စတိတ်ဒေသတခုလုံးနီးပါးကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) ပါ အပြီးသတ်ကျဆုံးခဲ့ရသည်။ အကျိုးဆက်အနေဖြင့် သိသာထင်ရှားသော ထိန်းချုပ်နယ်မြေသတ်မှတ်ချက်များ၊ အုပ်ချုပ်ရေးအာဏာတည်ဆောက်မှုများ၊ တပ်အင်အားဖြန့်ကျက်မှုအသစ်များ ဖြစ်လာရသည်။ ၁၀၂၇ စစ်ဆင်ရေးအောင်မြင်မှုနောက် ရရှိလာသော နယ်မြေထိန်းချုပ်၊ အုပ်ချုပ်ရေးထူထောင်မှုများနှင့် သမိုင်းအခြေပြု နယ်မြေပိုင်ဆိုင်မှုများအပေါ်တွင် အခြေခံ၍ ထိန်းချုပ်နယ်မြေ အငြင်းပွါးမှု ပြဿနာများလည်း သျှမ်းမြောက် ကချင်ဆပ်စတိတ်ဒေသ တခုလုံးတွင် ကျယ်ကျယ်ပြန့်ပြန်ဖြစ်လာရသည်။

လက်နက်ကိုင်နှစ်ဖက်ကြား ထိတွေ့တေ့ဆိုင်မှု အများဆုံးဖြစ်ခဲ့သော ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး( PSLF) နှင့် ကချင်ဒေသ နိုင်ငံရေးဦးဆောင်ဖြစ်သော ကေအိုင်အို နှစ်ဖွဲ့လုံးဘက်မှ သဘောထားများအသီးသီး ထွက်ရှိထားသည့်အခြေအနေကိုလည်း တွေ့ရသည်။ ကေအိုင်အို အနေဖြင့် (၁) PSLO/PSLA ခေတ်မှ PSLF ထိ ချုပ်ဆိုထားသော မဟာမိတ်စာချူပ် ၃ ခု၊ (၂)သမိုင်းကြောင်းအခြေပြုသော နယ်နမိတ်သတ်မှတ်ချက်၊ (၃) ဒေသခံပြည်သူလူထု၏ သဘောထားဟူသော သုံးရပ်ဖြင့်ဖြေရှင်းသွားမည့် ပြောဆိုမှုနှင့် အလားအလာများရှိခဲ့ပြီး PSLF ဗဟိုကမူ မဟာမိတ်စာချုပ်များကို အလေးထားမည်ဟူသော ကေအိုင်အို ဗဟိုနှင့် ပူးတွဲ ထုတ်ပြန်ချက်တရပ် ထွက်ရှိထားသည်။

သျှမ်းမြောက်-ကချင်ဆပ်စတိတ်ဒေသသည် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ကေအိုင်အို လှူပ်ရှားနယ်မြေပဋိပက္ခ၊ ၂၀၁၆ မှ ၂၀၂၁ နှစ်ကုန်ထိ PSLFမှ သျှမ်းလူထု ထောက်ခံမှု အားကောင်းသော RCSS အား သျှမ်းမြောက်မှ ဖယ်ထုတ်ရေး တိုက်ပွဲများ၊ အခြားလူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့အသီးသီး၏ လှုပ်ရှားနယ်မြေ အငြင်းပွါးထိတွေ့တေ့ဆိုင်များများ ရံဖန်ရံခါ ဖြစ်ခဲ့သော နယ်မြေ ဖြစ်ခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ အရှေ့မြောက်စစ်ဒေသ၊ သျှမ်းလက်နက်ကိုင်တပ်များအားကောင်းခဲ့သော ဒေသ၊ ကချင်တပ်၊ တအာန်းတပ် ၊ ကိုးကန့်တပ်များ စတင်ဖွဲ့စည်းတည်ဆောက် အားကောင်းခဲ့သော သျှမ်းမြောက်-ကချင်ဆပ်စတိတ်ဒေသ၏ စစ်မှန်သော လွတ်လပ်ရေးနှင့် စစ်မှန်သော ဒီမိုကရေစီသည် ဒေသခံပြည်လူထုကို အခြေခံသော လူမျိုးစု များအားလုံး အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးမူ၊ သမိုင်းကြောင်းအခြေခံ စဉ်းစားချက်၊ အခြေခံလူထုသဘောထားများ အားလုံးအပေါ်တွင် မူတည်သက်ရောက်လျက် ရှိသွားမည်ဖြစ်ပါသည်။ နယ်မြေ ပြဿနာ၊ ပဋိပက္ခများကြောင့် လူမျိုးစုများအကြား ယုံကြည်မှူ မပျက်ယွင်းစေရန်နှင့် ဖက်စစ်ဗမာတပ်၏ ဖိနှိပ်မှုဒဏ်ကို ပြင်းထန်စွာခံစားခဲ့သော ဒေသခံလူထု၏ အသက်အိုးအိမ်နှင့် ဒီမိုကရေစီအခွင့်အရေးများကို ထပ်မံထိခိုက်မှုမဖြစ်စေရန် ကြိုးပမ်းသွားကြရမည်ဖြစ်သည်။

ပေါင်ယောင်အိပ်မက်နှင့် ကချင်ပြည်သစ်
_____________________________________

ပေါင်ယောင်ရာဇာဝင်နှင့်အတူ ဖြစ်တည်လာသော ကချင်အမျိုးသားလွတ်မြောက်ရေးဝါဒနှင့် ပေါက်ယောင်အိပ်မက်သည် အောင်နိုင်လာသော စစ်ရေးအသာစီးမှုများနှင့်အတူ ကချင်ပြည်လူထုကြား တဖန် ပြန်လည်တက်ကြွ၊ အားကောင်းလာပြီဆိုသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ကချင်အမျိုးသားများနှင့်အတူ ကချင်ဒေသနေ လူမျိုးပေါင်းစုံ ပြည်သူလူထုသည် အလုံးစုံ ကချင်ပြည်လွတ်မြောက်ရေးအတွက် ကျရာအခန်းကဏ္ဍမှ ပါဝင်ထမ်းဆောင်နေကြပြီဖြစ်သည်။ ဗမာပြည်တခုလုံးလွတ်မြောက်ရေးအတွက် အရေးပါသော ကချင်ပြည်သစ်သို့ ချီတက်သော လမ်းခရီးတွင် ကချင်အမျိုးသားများအပါအဝင် ကချင်ဒေသတခုလုံးရှိ လူမျိုးပေါင်းစုံပြည်သူများ၊ တောင်တန်းနေပြည်သူများ၊ အညာနှင့်ဗမာတပြည်လုံးရှိ မဟာမိတ်များ ပေါင်းစည်းကာ စည်းလုံးစည်းလုံးချီတက်နေကြပြီဖြစ်သည်။ အရေးပါသော အန္တိမ အိမ်မက်သည်ကချင်ဒေသမြို့တော် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် ဦးဆောင်သော မဟာမိတ်တပ်များက မြစ်ကြီးနားကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ပြီး ပြည်သူလူထုနှင့်အတူ အောင်ပွဲခံ ပဒန်မနောင် အက,က အပြီးသတ်မည်ဖြစ်သည်။ မျက်မှောက်ကချင်ဒေသ၏ နိုင်ငံရေးသည် ကချင်ပြည်လူထု၏ အမြင့်ဆုံးနိုင်ငံရေးမျှော်မှန်းချက် ပေါင်ယောင်အိပ်မက်တည်းဟုသော ကချင်ပြည်သစ်သို့ ရောက်ရှိရန် လက်တကမ်းသာ လိုပါတော့သည်။

မှတ်ချက်။ ။"ပေါင်ယောင်"ဆိုသည်မှာ ကချင်(ဝမ်ပေါင်) လူမျိုးစုဟူသော ဖြစ်တည်မှုနှင့်အတူ ဆက်စပ်လျှက်ရှိသော ကချင်အမျိုးသားတို့၏ နှုတ်ပြောရာဇဝင်တခုဖြစ်သည်။ ကချင်အမျိုးသားတို့သည် ပေါင်ယောက်မှဆင်းသက်လာသည်ဟု ယုံကြည်ကြသည်။ လွတ်လပ်ပြီးခေတ်တွင် ကချင်လူမျိုးစုလက်နက်ကိုင်တော်လှန်ရေး အစပြုသူ ဗိုလ်နော်ဆိုင်းသည် ပေါင်ယောင် ဟူသော အမည်ဖြင့် ကချင်အမျိုးသားတို့၏ လွတ်မြောက်ရေးအိပ်မက်ကို မျိုးစေ့ချခဲ့သည်။ ပေါင်ယောင်သည် ကချင်အမျိုးသားတို့၏ နှုတ်ပြောရာဇဝင်၊ အမျိုးသားရေးအိပ်မက်နှင့် အယူဝါဒ ဖြစ်သည်ဟု တလုံးတဝ မှတ်ယူနိုင်သည်။

⬛ ဂျက်ဂျက်

#ပေါင်ယောင် #အကသ #မြစ်ကြီးနားအကသ

https://m.facebook.com/story.php?story_fbid=715047537577313&id=100072162207065

Address

Ledo Road
Myitkyina

Website

Alerts

Be the first to know and let us send you an email when Myitkyina Basic Education Students' Union-MBESU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myitkyina Basic Education Students' Union-MBESU:

Shortcuts

Share