17/03/2023
စစ်ကိုင်းတိုင်း မြောင်မြို့နယ်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီတပ်အား နယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့် မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA တို့ ပူးပေါင်းတိုက်ခိုက်....
အကြမ်းဖက် စစ်တပ် ၉၉ ၊ ၇၇ ၊ ၃၃ တပ်များမှ ပူပေါင်းကာ ဘီလူး ကိုမန်ဒို စစ်ကြောင်းအမည်တပ်ခါ စစ်ကိုင်းတိုင်း မြောင်မြို့နယ်သို့ ခြေရာတော် ၊ ကျော့မင်းကျေးရွာ ဘက်မှ စစ်ကြောင်းထိုးဝင်ရောက်လာပြီး
သာဒွန်းကျေးရွာ၊မင်းတန်းကျေးရွာ၊ထုံကြိုင်ကျေးရွာ၊နေပူကုန်းကျေးရွာ၊နဂါးပေါက်ကျေးရွာ၊ချောင်းဆင်းကျေးရွာများကိုဝင်ရောက်ခါအကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ပြီး ပေါက်ချောင်းကျေးရွာရောက်ရှိနေသောအကြမ်းဖက်စစ်အုပ်စုအား...
စစ်ကိုင်းတိုင်း မြောင်မြို့နယ် မြောင်အီးဂဲပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်အချို့မှ ကင်းထောက်လုပ်ဆောင်ပြီး မြောင်မြို့နယ် ပကဖ ၊ MDY MADALAY PDF တပ်ရင်းများ ၊ မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA တပ်ဖွဲ့များ ၊ နယ်မြေခံ ကာကွယ်ရေး တပ်ရင်း တပ်ဖွဲ့ များမှ ပူပေါင်းကာ 17.3 2023 ရက်နေ့ နံနက် ၆နာရီ ခန့်တွင်ဝင်ရောက်တိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့သည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီဖက်မှ အကျဆုံး ရှိနိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ အထိခိုက်မရှိအောင်မြင်ခဲ့သည်။
ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့များမှလဲ အများပြည်သူများကို ဘေးလွတ်ရာသို့ ခတ္တ တိမ်ရှောင်ကြရန်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ထုတ်ပြန်ပြောစကားများကို ဂရုစိုက် နာထောင်ကြရန် မေတ္တာရပ်ခံထားပါသည်။
မှတ်ချက်။ သတင်းအပြည့်စုံကို သက်ဆိုင်ရာ မြိုနယ် အဖွဲ့များမှ ထုတ်ပြန်ကြေညာချက်တွင် တွေ့ရှိရမည်။
#မြောင်အီးဂဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့