31/12/2025
8/ Pakokku Venture Page သည် ပခုက္ကူခရိုင် စစ်ဌာန၏ ကွပ်ကဲမှုဖြင့် ပခုက္ကူခရိုင် အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များ စစ်ဆင်ရေး အရှိန်မြှင့်တင်ရန်အတွက် ဖွဲ့စည်းထားသော ထောက်ပို့အဖွဲ့ဖြစ်သောကြောင့် အများပြည်သူများ ထောက်ပို့တပ်ဖွဲ့ဝင်အဖြစ် ပါဝင်စေချင်ပါတယ်ဗျာ🙏🏻🙏🏻🙏🏻
8/ Pakokku Venture မှ ရရှိလာသည့် ထောက်ပို့ ငွေများကို အဓိကအားဖြင့် ပခုက္ကူခရိုင် စစ်ဌာန၏ စစ်ဆင်ရေးများတွင် အဓိက အသုံးပြုသွားမည်ဖြစ်ပါသည်။
၁။ စစ်ဆင်ရေးများဖော်ဆောင်ရာတွင် လိုအပ်သည့်
ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဆက်သွယ် ရေး၊ ဆေးဝါး နှင့် ရိက္ခာဆိုင်ရာ ကိစ္စရပ်များအတွက် အဓိက အသုံးပြုသွားမည်ဖြစ်ပါသည်။
၂။ ပခုက္ကူခရိုင် စစ်ဌာနသည် အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်၊ မကွေးတိုင်းစစ်ဌာန လက်အောက်ရှိ ခရိုင်စစ်ဌာနတစ်ခုဖြစ်သည်နှင့်အညီ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူခရိုင် PDF တပ်ရင်းများကို အဓိကကွပ်ကဲရပြီး ပခုက္ကူခရိုင်အတွင်းရှိ စစ်ဆင်ရးဆိုင်ရာ ကိစ္စရပ်များ၊ မဟာမိတ်ပူးပေါင်းဆောင်ရွက်ရေး နှင့် ဒေသလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါသည်။
၃။ ပခုက္ကူခရိုင် စစ်ဌာနအနေဖြင့် ခရိုင်တွင်းရှိ PDF တပ်ရင်းများ၏ စစ်ဆင်ရေးအရှိန်အဟုန်မြှင့်တင်နိုင်ရေး၊ စိုးမိုးနယ် မြေများယခုထက် ပိုမိုထိန်းချုပ်နိုင်ရေး၊ စစ်ကော်မရှင်တပ်၏ အဓိကအချက်အခြာနေရာများကို အရှိန်အဟုန်ဖြင့် ထိုးစစ်ဆင်နိုင်ရေးတို့အတွက် ယခင်ကတည်းကပင် ပြင်ဆင်လျက်ရှိပါသည်။ သို့သော် ဖြည့်ဆည်းပြင်ဆင်ရသည့် အရာများ၏ လိုအပ်ချက်များ အင်မတန်များပြားလှသည့် အတွက် ဆက်လက်ပြင်ဆင်မှုများလည်း လုပ်ဆောင်လျက်ရှိပါသည်။
၄။ ပခုက္ကူခရိုင် စစ်ဌာနအနေဖြင့် အဆင့်ဆင့်၏ ကွပ်ကဲမှုအောက်တွင် အမိန့်နာခံမှုအား ကောင်းမွန်စွာဖြင့် အဆုံးအစွန်အထိ ဆက်လက်တိုက်ပွဲ၀င်သွားမည်ဖြစ်ပါသည်။
၅။နိူင်ငံအလိုက်မန်ဘာသတ်မှတ်ငွေနှုန်း
(၁)မြန်မာ-၃၀၀၀၀(ကျပ်)
(၂)ကိုရီးယား-၃၀၀၀၀(ဝမ်)
(၃)ထိုင်း-၃၀၀(ဘတ်)
(၄)စင်ကာပူ-၁၀(ဒေါ်လာ)
(၅)မလေးရှား-၃၀(ရင်းဂစ်)
(၆)USA-20(ဒေါ်လာ)
(၇)ဂျပန်-၂၀၀၀(ယန်း)
၆။ကဒ်ထုတ်ပေးမည့်ပုံစံမှာ တစ်လ တစ်ကြိမ် onlineကဒ်နှင့် လစဉ် မန်ဘာဝင်တွေရဲ့Gmailထဲမှာ
ပေးပ်ို့သွားမှာ ဖြစ်ပါသည်။