MCPA, Mandalay.

MCPA, Mandalay. မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၊ မန္တလေးတိုင်းဒေသကြီး။
www.mcpamdy.org


# အခန်း (226), ရွှေဖြူပလာဇာ၊
# 33 လမ်းနှင့် ဇောတိကလမ်းကြား၊
# 77 လမ်းနှင့် 78 လမ်းကြား၊မန္တလေးမြို့
# ဖုန်း-02-4069313, 09-797199918
# အီးမေးလ်- [email protected]

# Room No.(226)
Shwe Phyu PLAZA,
Between 77 x 78 Streets and 33 Street & Zaw Ti Ka Lane Near Mandalay Station,
Chan Aye Thar Zan Township, Mandalay. # Myanmar.

# Tel: +95-02-4069313, 09-797199918
# Email- [email protected]

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းITPEC (IP, FE) စာမေးပွဲများ ကျင်းပမည်။မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ကြီးမှူး ကျင...
06/08/2026

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း
ITPEC (IP, FE) စာမေးပွဲများ ကျင်းပမည်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ကြီးမှူး ကျင်းပလျှက်ရှိသည့် Information Technology Professionals Examination Council (ITPEC) အသိအမှတ်ပြုစာမေးပွဲများဖြစ်သည့်
Information Technology Passport Examination (IT passport) နှင့် Fundamental Information Technology Engineer Examination (FE) စာမေးပွဲများကို ၂၅-၁၀-၂၀၂၆ (တနင်္ဂနွေနေ့) တွင် ကျင်းပမည်ဖြစ်သည်။
စာမေးပွဲများသို့ ကွန်ပျူတာတက္ကသိုလ် ကျောင်းသား/ကျောင်းသူများ၊ နည်းပညာတက္ကသိုလ် ကျောင်းသား/ ကျောင်းသူများ၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များနှင့် IT စိတ်ပါဝင်စားသည့် မည်သူမဆို ဝင်ရောက် ဖြေဆိုနိုင်သည်။
စာမေးပွဲနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA)၊ ဖုန်းနံပါတ်- ၀၁-၆၅၂၂၇၆၊ ၀၉-၅၀၆၇၁၆၈ သို့ ဆက်သွယ် မေးမြန်းနိုင်သည်။
⭐စာမေးပွဲအတွက် နောက်ဆုံး Registration Form ပိတ်မည့်နေ့ 30-9-2026 (Wednesday) ညနေ (၃) နာရီ ဖြစ်ပါသည်။
ITPEC စာမေးပွဲကြေးနှင့် သင်တန်းကြေးများကို Mobile Banking နှင့် QuickPay တို့မှ တစ်ဆင့်ငွေပေးသွင်းနိုင်ပါသည်။
Exam Form အတွက် Registration ပြုလုပ်ရန် အောက်ပါ link သို့ ဝင်ရောက်ပေးပါ။
Link >> https://forms.gle/K11tKdtx4hcWXbau5
🟧Payment Information
Bank Account Name : Myanmar Computer Professionals Association
AYA Bank : 2001 4961 262
KBZ Bank : 0043 0400 4033 93901
QuickPay : MCPA (QuickPay Name)
🟢မှတ်ချက်
ငွေပေးသွင်းသည့်အခါ ဖြေဆိုမည့်သူအမည်နှင့် စာမေးပွဲအမည်ကို မှတ်ချက်တွင် ထည့်သွင်းရေးသားပေးရန် နှင့် ငွေပေးသွင်းပြီးကြောင်း Bank Slip (သို့) QuickPay Slip ကို [email protected] သို့ ပြန်လည်ပေးပို့ပေးရန် လိုအပ်ပါသည်။

06/08/2026

🔵 ITPEC စာမေးပွဲကြေး (၅၀) ရာခိုင်နှုန်း သက်သာခွင့်အတွက် MCPA အသင်းဝင်သက်တမ်း (၃) လရှိရန် လိုအပ်ကြောင်း အသိပေးခြင်း

နှစ်စဉ် တစ်နှစ်လျှင် (၂) ကြိမ် ကျင်းပ ပြုလုပ်လျှက်ရှိသည့် ITPEC Exam ကို 25-October-2026 တွင် ကျင်းပစစ်ဆေးမည် ဖြစ်ပါသည်။

ထို့အတွက် လာမည့် 2026 October စာမေးပွဲတွင် ဖြေဆိုမည့်သူများသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက် မတိုင်မီ MCPA Member ဝင်ထားမှသာ စာမေးပွဲကြေး (၅၀%) သက်သာခွင့်ရရှိမည်ဖြစ်ပါသည်။

🟧 ပြည်နယ်/တိုင်းဒေသကြီးများမှ Member ဝင်ရောက်မည့်သူများအတွက်စုံစမ်းရန်
၁။ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း (၀၁ ၉၃၃၉၂၂၀၊ ၀၉ ၄၀၈၈၃၃၂၂၀)
၂။ မန္တလေးတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း (၀၉ ၇၉၇၁၉၉၉၁၈)
၃။ မကွေးတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း (၀၉ ၅၃၄၁၁၅၀)
၄။ ကရင်ပြည်နယ်ကွန်ပျူတာပညာရှင်အသင်း (၀၉ ၅၁၃၆၄၁၇)
၅။ ဧရာဝတီတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း
( ၀၉၂၅၃၃၂၉၇၃၃ )




ITPEC စာမေးပွဲအောင်လက်မှတ်နှင့် ထူးချွန်ဆု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကျင်းပမြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA...
04/08/2026

ITPEC စာမေးပွဲအောင်လက်မှတ်နှင့် ထူးချွန်ဆု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) က ကြီးမှူးကျင်းပသည့် ITPEC စာမေးပွဲ အောင်လက်မှတ်နှင့် ထူးချွန်ဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို မန္တ​လေးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂ ရက် (တနင်္ဂ​နွေနေ့) က Hotel Hazel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် မန္တ​လေးတိုင်း​ဒေသကြီး ကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦး​နေဝင်း​အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဗဟိုအလုပ်အမှု​ဆောင် ဦး​အောင်​အောင် နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အလုပ်အမှု​ဆောင်၊ မန္တ​လေးတိုင်း​ဒေသကြီးကွန်ပျူတာပညာရှင်အသင်း နာယက ဦးဥက္ကာ​ကျော် တို့က နှုတ်ခွန်းဆက်စကားများ အသီးသီး ပြောကြားခဲ့ကြပါသည်။ ထို့နောက် အသင်း၏ အတွင်းရေးမှူး ဦးသာသာဇံက အခမ်းအနား ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီခဲ့ကြသည့် ကုမ္ပဏီများနှင့် အဖွဲ့အစည်းများအား ကျေးဇူးတင်စကား ပြန်လည် ပြောကြား ခဲ့သည်။

ယင်းနောက် ဆုချီးမြှင့်ခြင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ ITPEC အဖွဲ့ဝင် (၇) နိုင်ငံအတွင်း IP Exam တွင် ဒုတိယအမှတ်အများဆုံးရရှိသူများအား ITPEC Award ဆုကိုလည်းကောင်း၊ FE နှင့် IP Exam တွင် မြန်မာနိုင်ငံအတွင်း ဒုတိယအမှတ်အများဆုံး ရရှိသူများအား Excellence Award ဆုကို လည်းကောင်း၊ FE Exam နှင့် IP Exam အောင်မြင်ထားသူများအား အောင်လက်မှတ်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြ ပါသည်။

အခမ်းအနားအစီအစဥ်တွင် မန္တ​လေးတိုင်း​ဒေသကြီးကွန်ပျူတာပညာရှင်အသင်း အလုပ်အမှု​ဆောင်၊ စာ​မေးပွဲကျင်ပ​ရေး​ကော်မတီ ဥက္ကဌ၊ ရွှေတဆိပ်များဆုရှင် ဆရာဦး​ကျော်မျိုးနိုင်မှ မြန်မာ့​စောင်းတူရိယာဖြင့် ဂုဏ်ပြုတီးခတ်ဖျော်ဖြေခဲ့ပါသည်။

03/08/2026
>>> မန္တ​လေးမြို့တွင် ITPEC Exam Certificate ချီးမြှင့်ပေးအပ်ပွဲအခမ်းအနား ကျင်းပမည်
24/07/2026

>>> မန္တ​လေးမြို့တွင် ITPEC Exam Certificate ချီးမြှင့်ပေးအပ်ပွဲအခမ်းအနား ကျင်းပမည်

၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၇) ရက်နေ့တွင် ကျင်းပစစ်ဆေးခဲ့သည့် ITPEC Exam အောင်မြင်ခဲ့ကြသည့် ဖြေဆိုသူများသည် အောင်လက်မှတ်ပ...

ITPEC စာမေးပွဲ ကျင်းပပြုလုပ်ခဲ့ခြင်းသတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာ...
26/04/2026

ITPEC စာမေးပွဲ ကျင်းပပြုလုပ်ခဲ့ခြင်း

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ကြီးမှူးကျင်းပလျှက်ရှိသည့် Information Technology Professionals Examination Council (ITPEC) အသိအမှတ်ပြု စာမေးပွဲများကို မန္တလေးတိုင်းဒေသကြီးတွင် (၂၆-၀၄-၂၀၂၆) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ရာ Information Technology Passport Examination (IT Passport) စာမေးပွဲတွင် (၅၉) ဦးနှင့် Fundamental Information Technology Engineer Examination (FE) စာမေးပွဲတွင် (၁၀၂) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပါသည်။

မန္တ​လေးတိုင်း​ဒေသကြီး ITPEC Exam ​ဖြေဆိုရမည့်​နေရာ
21/04/2026

မန္တ​လေးတိုင်း​ဒေသကြီး ITPEC Exam ​ဖြေဆိုရမည့်​နေရာ

Address

Myaing

Alerts

Be the first to know and let us send you an email when MCPA, Mandalay. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to MCPA, Mandalay.:

Shortcuts

Share