ပခုက္ကူခရိုင် အမှတ် ၇ တပ်ရင်း တပ်ခွဲ ၂ -Guerrilla Force 101

  • Home
  • Myanmar
  • Myaing
  • ပခုက္ကူခရိုင် အမှတ် ၇ တပ်ရင်း တပ်ခွဲ ၂ -Guerrilla Force 101

ပခုက္ကူခရိုင် အမှတ် ၇ တပ်ရင်း တပ်ခွဲ ၂ -Guerrilla Force 101 ဤ page သည်ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော် အမျိုးသားညီညွှတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန
(1)

ထောက်ပို့ထီများကို တပ်ရင်း(၇) Page မှာ လာရောက် ဝယ်ယူအားပေးလို့ ရပါတယ် ခင်ဗျာ😍😍😍
15/02/2025

ထောက်ပို့ထီများကို တပ်ရင်း(၇) Page မှာ လာရောက် ဝယ်ယူအားပေးလို့ ရပါတယ် ခင်ဗျာ😍😍😍

ထောက်ပို့ထီက

အစောင်ရေ ၁၀၀ ပဲ

ရောင်းရပါသေးတယ် ခင်ဗျာ။ ။ ။

#၂၀၀၀ လောက် မှန်းထား

#ပခုက္ကူခရိုင်အမှတ်၇တပ်ရင်း

ရှေ့တန်းမှာ ပြည်သူလူထုရဲ့ မေတ္တာ တွေစားရင်း တိုက်ပွဲတွေ ဆက်😍😍😍
10/02/2025

ရှေ့တန်းမှာ ပြည်သူလူထုရဲ့ မေတ္တာ တွေစားရင်း တိုက်ပွဲတွေ ဆက်😍😍😍

#ပြည်သူ့မေတ္တာစာ

နည်းတာလည်း
အဓိကမဟုတ်။

များတာလည်း
အဓိကမဟုတ်။

ကောင်းတာလည်း
အဓိကမဟုတ်။

မကောင်းတာလည်း
အဓိကမဟုတ်။

မေတ္တာလေးများပါရင်ကို
သေရဲဖို့လည်း အသင့်
နေရဲဖို့လည်း အသင့်ပါပဲ။ ။ ။



#ပခုက္ကူခရိုင်အမှတ်၇တပ်ရင်း
#ရှေ့တန်းတနေရာ

"ကျွန်" လိုနေရတာ ပျော်ရဲ့လား ငါ၏နှမ လှချင်လှပါ လှနိုင်ပါတယ်"ကျွန်" ဖြစ်နေတာ မမေ့ပါနဲ့ရယ်ချင်ရယ်ပါ ရယ်နိုင်ပါတယ်"ကျွန်" ဖ...
08/02/2025

"ကျွန်" လိုနေရတာ ပျော်ရဲ့လား
ငါ၏နှမ
လှချင်လှပါ လှနိုင်ပါတယ်
"ကျွန်" ဖြစ်နေတာ မမေ့ပါနဲ့
ရယ်ချင်ရယ်ပါ ရယ်နိုင်ပါတယ်
"ကျွန်" ဖြစ်နေတာ မမေ့ပါနဲ့
ပျော်ချင်ပျော်ပါ ပျော်နိုင်ပါတယ်
"ကျွန်" ဖြစ်နေတာ မမေ့ပါနဲ့
ပိုက်ဆံရှာတာ ရှာနိုင်ပါတယ်
"ကျွန်" ဖြစ်နေတာ မမေ့ပါနဲ့
အချင်းချင်းတွေ ရန်ဖြစ်နေတာ ဖြစ်နိုင်ပါတယ်
"ကျွန်" ဖြစ်နေတာ မမေ့ပါနဲ့
နေရစားရ ဝဋ်ဒုက္ခနှင့်
နေ့တဓူဝ ရှာရဖွေရ
ကြောက်ရလန့်ရ ရုန်းကန်ကြရင်း
"ထမင်း" တလုပ် "တုတ်" တချက်နှင့်
"အသက်တချောင်း" မက်၍ကောင်းတုန်း တရုန်းရုန်းနှင့် ကုန်းရုန်း၍သာ
"ကျွန်" ဖြစ်နေတာ မမေ့ပါနဲ့
"ကျွန်" မဟုတ်ပဲ "ကျွန်" လုပ်ခံရ
"လက်နက်" ပြ၍ အဓမ္မအတင်း
ကျွန်ပြုခြင်းအား မငြင်းမဆန်
အညံ့ခံကာ နေသာသလို
နေမည်ဆိုက
ငါတို့ဘဝ
"ကျွန်မ" "ကျွန်ထီး" "ကျွန်ကြီး" ကျွန်လေး"
ငါတို့မွေးသည့် ငါတို့ "ရင်သွေး"
ငါတို့ "ကလေး" တွေလည်း
"ကျွန်လေး" တွေပဲ ဖြစ်လိမ့်မယ်။
နိုင်မြန်မာ
(၁၉၅၇-၂၀၂၅)
သတ်ပုံမှန်ပါတယ်ဆရာ။
ပို့ပေးသူ ကျေးဇူး။
"အသက်တချောင်း" ကောင်းရာ လားပါစေသတည်း။
ဒေါက်တာတင့်ဆွေ

အနားယူတော့ မယ်လို့ တွေးမိလာပီလား ရဲဘော်ဒီမိသားစုဝင်တွေနဲ့ မင်းတို့ရဲ့ ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက် တွေရဲ့ မျက်နှာကို တစ်ချက...
07/02/2025

အနားယူတော့ မယ်လို့ တွေးမိလာပီလား ရဲဘော်
ဒီမိသားစုဝင်တွေနဲ့ မင်းတို့ရဲ့ ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက် တွေရဲ့ မျက်နှာကို တစ်ချက် ပြန်မြင်ယောင်ကြည့်.......

မနက်ခင်း တန်းစီကွင်း အလံတော် ရှေ့မှာ အတူတူ ရေရွတ်ရတဲ့ သစ္စာအဓိဠာန် လေးချက် ကို တီးတိုးရေရွတ်ကြည့်......

ပခုက္ကူခရိုင် တပ်ရင်း ၇ - Myaing's Hero Generations

07/02/2025

တိမ်အရုပ်ရေးသူ (၆၁)

စစ်ဟာ
ကိုယ့်အိမ်ရှေ့ရောက်လာတဲ့အခါ
မေးခွန်းက
စစ်ကို တိုက်မှာလား
မတိုက်ဘူးလား မဟုတ်တော့ဘူး။

သူတို့ကို ပြန်တိုက်ရင်း သေမလား။
သူတို့တိုက်တာခံပြီး သေမလား ဖြစ်တယ်။ ။ ။

#ကိုသန်းထွန်း

#ပခုက္ကူခရိုင်အမှတ် ၇ တပ်ရင်း

03/11/2024

ပြည်သူ့ချစ်တဲ့ ဆရာဇော် စာအုပ် ebook လင့်ခ်ကို အွန်လိုင်းမှ အခမဲ့ ဖတ်ရှုနိုင်
နိုဝင်ဘာ ၂ ၊ ၂၀၂၄

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ (၂) ၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အကြောင်းရေးထားတဲ့ ပြည်သူ့ချစ်တဲ့ ဆရာဇော် စာအုပ် ebook လင့်ခ်ကို အွန်လိုင်းမှ အခမဲ့ ဖတ်ရှုနိုင်အောင် ဆရာဇော် အမှတ်တရ စာအုပ်ဖြစ်‌မြောက်‌ ရေးအဖွဲ့ က စီစဥ်ပေးထားတယ်လို့သိရပါတယ်။

နိုဝင်ဘာ ၁ ရက်ကစကာ စာအုပ်ဖြစ်မြောက်ရေးအဖွဲ့က ဆရာရဲ့ အမှတ်တရ စကားများ၊ ဘဝဖြတ်သန်းမှုများ၊ ဆရာရေးဖွဲ့ခဲ့တဲ့ကဗျာ များ။ နိုင်ငံရေးအတွေ့အကြုံများကို စုစည်းကာ တင်ပြ ထားတာဖြစ်ပါတယ်။

ပြည်သူ့ချစ်တဲ့ ဆရာဇော် စာအုပ်ဝင်ရောက်ဖတ်နိုင်တဲ့ ebook Link ကို https://drive.google.com/file/d/1NAJuHR4vyuHrW_vfpVX4Qi8c1j0_rA5U/view?fbclid=IwY2xjawGSuElleHRuA2FlbQIxMAABHYmO6XpbwoBf8c9vIBCe1ZbTTiYuy9G7W3YddkaXDPTqQ5WfEJCE91Qv4g_aem__mLDdczhqjyPEudBdRarQA
ဒီနေရာမှ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။




Telegram Channel -https://t.me/pvtvmyanmar
ရုပ်သံအစီအစဉ်များကို https://youtube.com/c/pvtvmyanmar မှာ ဝင်ရောက်ကြည့်ရှုခြင်း ဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

📌📌📌2024 ခုနှစ်၊(9) လပိုင်းနှင့် (10) လပိုင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ များ📌📌📌တပ်ခွဲ ၏ လိုအပ်ချက်များ ဖြည့်တင်းရန်အတွက် (...
03/11/2024

📌📌📌2024 ခုနှစ်၊(9) လပိုင်းနှင့် (10) လပိုင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ များ📌📌📌

တပ်ခွဲ ၏ လိုအပ်ချက်များ ဖြည့်တင်းရန်အတွက် (7)လပိုင်း နှင့် (8)လပိုင်း အတွင်း လက်ခံရရှိသော အလှူငွေများ ဖြစ်ပါသည် ခင်ဗျာ...

ယခုလို ထောက်ပို့ကြတဲ့ ထောက်ပို့သူရဲကောင်း တစ်ဦးတစ်ယောက်စီတိုင်းကို ကျွန်ုပ်တို့📌📌📌 ပက္ကူခရိုင် အမှတ် ၇ တပ်ရင်း တပ်ခွဲ ၂ -GuerrillaForce 101📌📌📌 ရဲဘော်များမှ ကျေးဇူးအထူးပင် တင်ရှိကြောင်း ပြော​ ကြားလိုပါသည်။ ယခုလို ရရှိလာသော ထောက်ပို့ရန်ပုံ ငွေများကိုလဲ တစ်ပြားတစ်ကျပ်မှ အလေအလွှင့်မရှိအောင် တော်လှန်ရေးအတွက်သာ အကျိုးရှိရှိ အသုံးပြုသွားမည် ဖြစ်ကြောင်း ကတိပြုလိုပါသည်။

အရေးတော်ပုံအောင်မြင်ဖို့ ဘဏ္ဍာရေးသည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေတာကြောင့် ထောက်ပို့
တော်လှန်သူရဲကောင်းများအား အစဥ်အမြဲဂုဏ်ယူလေးစားပါကြောင်း သမိုင်းတစ်ခုရဲ့ တာဝန်ကျေသော စွမ်းအားရှင်များအဖြစ် ထင်ကျန်မည်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ပခုက္ကူခရိုင် အမှတ် ၇ တပ်ရင်း တပ်ခွဲ ၂ -Guerrilla Force 101
#ပြည်သူ့ကာကွယ်ရေးတပ်မတော်

#အရေးတော်ပုံအောင်ရမည်

01/09/2024

တိုက်ပွဲတွေက ဆက်တိုက် ဝင်နေရ
ဒါပေမဲ့ ယခုတလော ကျုပ်တို့ နွှဲခဲ့တဲ့ တိုက်ပွဲအသီးသီးဟာ အောင်မြင်မှူ့များ ရရှ်ိခဲ့ကြတာ အများပြည်သူ အသိပါပဲ💪💪💪

တိုက်ပွဲဟေ့ ဆိုတာနဲ့ ကုန်ကျစရိတ်က အလွန်အင်မတန်ကြီးမားလှပေသည် ။

အောင်မြင်မှု့ အသီးသီးရရှိခဲ့တဲ့ တိုက်ပွဲမှာ ကုန်ခမ်းသွားသော ကျည်ခဲယမ်း ဖြည့်တင်းပြီး နောက်ထပ်နောက်ထပ် အောင်မြင်မှု့များ ရရယူနိုင်ရန်အတွက် နိုင်ရာဝန်က ထောက်ပို့ကြဖို့ တော်လှန်မိဘပြည်သူများကို အကူအညီတောင်ခံအပ်ပါသည်။

#ဝက်ပုတ်ပျူရွာစခန်းသိမ်း တိုက်ပွဲမှာ ဖြတ်တောက်ရေး တာဝန်ကျ ရဲဘော်များ😍😘😘

📌📌📌2024 ခုနှစ်၊(7) လပိုင်းနှင့် (8) လပိုင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ များ📌📌📌တပ်ခွဲ ၏ လိုအပ်ချက်များ ဖြည့်တင်းရန်အတွက် (7...
01/09/2024

📌📌📌2024 ခုနှစ်၊(7) လပိုင်းနှင့် (8) လပိုင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ များ📌📌📌

တပ်ခွဲ ၏ လိုအပ်ချက်များ ဖြည့်တင်းရန်အတွက် (7)လပိုင်း နှင့် (8)လပိုင်း အတွင်း လက်ခံရရှိသော အလှူငွေများ ဖြစ်ပါသည် ခင်ဗျာ...

ယခုလို ထောက်ပို့ကြတဲ့ ထောက်ပို့သူရဲကောင်း တစ်ဦးတစ်ယောက်စီတိုင်းကို ကျွန်ုပ်တို့📌📌📌 ပက္ကူခရိုင် အမှတ် ၇ တပ်ရင်း တပ်ခွဲ ၂ -GuerrillaForce 101📌📌📌 ရဲဘော်များမှ ကျေးဇူးအထူးပင် တင်ရှိကြောင်း ပြော​ ကြားလိုပါသည်။ ယခုလို ရရှိလာသော ထောက်ပို့ရန်ပုံ ငွေများကိုလဲ တစ်ပြားတစ်ကျပ်မှ အလေအလွှင့်မရှိအောင် တော်လှန်ရေးအတွက်သာ အကျိုးရှိရှိ အသုံးပြုသွားမည် ဖြစ်ကြောင်း ကတိပြုလိုပါသည်။

အရေးတော်ပုံအောင်မြင်ဖို့ ဘဏ္ဍာရေးသည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေတာကြောင့် ထောက်ပို့
တော်လှန်သူရဲကောင်းများအား အစဥ်အမြဲဂုဏ်ယူလေးစားပါကြောင်း သမိုင်းတစ်ခုရဲ့ တာဝန်ကျေသော စွမ်းအားရှင်များအဖြစ် ထင်ကျန်မည်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ပခုက္ကူခရိုင် အမှတ် ၇ တပ်ရင်း တပ်ခွဲ ၂ -Guerrilla Force 101
#ပြည်သူ့ကာကွယ်ရေးတပ်မတော်

#အရေးတော်ပုံအောင်ရမည်

သတင်းထုတ်ပြန်ခြင်း၂၂/၈/၂၀၂၄ မြိုင်မြို့နယ်တွင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်း၍  ကိုင်းတောမရွာသစ်ကျေးရွာတ...
22/08/2024

သတင်းထုတ်ပြန်ခြင်း
၂၂/၈/၂၀၂၄

မြိုင်မြို့နယ်တွင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်း၍ ကိုင်းတောမရွာသစ်ကျေးရွာတွင် အခြေချပြီး အနီးနားပတ်ဝန်းကျင်ကျေးရွာများကို ခိုးဆိုးလုယက်၊မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက်စကစခွေးစစ်ကြောင်းကို မနေ့က ဩဂုတ်လ ၂၁ ရက်နေ့ မနက် ၆နာရီအချိန်တွင် စတင်၍ ခြုံခိုတိုက်ခိုက်ခဲ့ရာ စကစအများအပြားသေဆုံးထိခိုက်၍ ရန်သူ့လက်နက်မျိုးစုံ သိမ်းဆည်းရမိခဲ့ပါသည်။

မျက်မြင်ရ ရန်သူ့ အလောင်း ၁၂ လောင်းကို သိမ်းဆည်းရမိခဲ့ပြီး ၊ လက်နက်ချအညံ့ခံသူ ၅ ဦးရှိသည်။ ထို့ပြင် ရန်သူ့ထံမှ MA1 - ၆ လတ် ၊ MA2 - ၃ လတ် ၊ MA3 - ၄လတ် ၊ MA4 - ၁ လတ် ၊ MA11 - ၁ လတ် ၊ G3 - ၂လတ် ၊ 79MM - ၁လတ် ၊ BA100( ၆၀ မမ) - ၁ လတ် ၊ G3 ကျည် ၁၉၂ တောင့် ၊ MA ကျည် ၈၆၇ တောင့် ၊ ၉မမကျည် ၁၉၆ တောင့် ၊ ၆၀ မမအဖူး ၁ ဖူး ၊ ၈၁ မမအဖူး ၅ ဖူး ၊ ၄၀မမအဖူး ၁၂ ဖူး ၊ အီနာဂါ ၃ ဖူး ၊ RPGအဖူး ၃ ဖူး ၊ လက်ပစ်သီး ၃ လုံးနှင့် အခြားပစ္စည်းအများအပြားသိမ်းဆည်းရမိခဲ့ပါသည် ။

အထက်ပါတိုက်ခိုက်မှုကို ပခုက္ကူခရိုင်အမှတ်( ၇)တပ်ရင်း၊ပခုက္ကူခရိုင်အမှတ် (၂) တပ်ရင်း၊ပခုက္ကူခရိုင် အမှတ် (၆) တပ်ရင်း ၊ မြိုင် ပကဖ၊
ပကဖတပ်ပေါင်းစု အမှတ်(၁) တပ်ရင်း၊ ပခုက္ကူစုဖွဲ့မှု( Earthquake ၊ PPDF ၊ Young Force) ၊ အညာမြေတပ်ပေါင်းစု ၊ ကမ္မတပ်ပေါင်းစု ၊ BLY တပ်ဖွဲ့ ၊ PKU- THURAIN ၊ စကြာပြည်သူ့ကာကွယ်ရေေးတပျဖှဲ့ ၊ ဝံပုလွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိုင်) ၊ အလင်းတန်းပျောက်ကြားတပ်ဖွဲ့ ၊ PLC တပ်ပေါင်းစု ၊ ဓားမင်းကြီးတပ်ဖွဲ့ ၊ Justice Revolution Force နှင့်အခြားသော ဒေသတွင်း လက်နက်ကြီးငယ်အဖွဲ့များ ၊ ဒရုန်းတပ်ဖွဲ့များက အတူတကွ ညီညီညွှတ်ညွှတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။

#အရေးတော်ပုံအောင်ရမည်
#ပြည်သူ့ကာကွယ်ရေးတပ်မတော်

တပ်ရင်း ၊ ပကဖ၊ LPDF. တော်လှန်ရေးအဖွဲ့တွေမြေပြင်မှာ စည်းလုံးညီညွှတ်ရင် ဘယ်လိုအောင်မြင်မှူ့ ရလဲဆိုတာ 📌📌📌ဝက်ပုတ် ပျူစောထီးက...
10/08/2024

တပ်ရင်း ၊ ပကဖ၊ LPDF. တော်လှန်ရေးအဖွဲ့တွေမြေပြင်မှာ စည်းလုံးညီညွှတ်ရင် ဘယ်လိုအောင်မြင်မှူ့ ရလဲဆိုတာ
📌📌📌ဝက်ပုတ် ပျူစောထီးကျေးရွာ📌📌📌
စခန်း ကသက်သေပြခဲ့ပြီပဲ ဖြစ်ပါတယ်ဗျ ကျန်ရှ်ိနေတေးတဲ့ ပျူစောထီးကျေးရွာ စခန်းတွေ အတွက်လဲ ကျုပ်တို့ တော်လှန်ရေးအဖွဲ့တွေ ဆက်ပြီးစည်းလုံးညီညွှတ်ကြပါစို့​ဗျို့💪💪💪💪💪

# #ဝက်ပုတ်ပျူရွာစခန်းသိမ်း တိုက်ပွဲမှ သိမ်းဆီးရမိ လက်နက်ခဲယမ်းများ ဖြစ်ပါတယ်ဗျ # #

📌📌📌2024 ခုနှစ်၊(6) လပိုင်း ဂုဏ်ပြုမှတ်တမ်းလွှာ များ📌📌📌တပ်ခွဲ ၏ လိုအပ်ချက်များ ဖြည့်တင်းရန်အတွက် (6)လပိုင်း အတွင်း လက်ခံရ...
01/07/2024

📌📌📌2024 ခုနှစ်၊(6) လပိုင်း ဂုဏ်ပြုမှတ်တမ်းလွှာ များ📌📌📌

တပ်ခွဲ ၏ လိုအပ်ချက်များ ဖြည့်တင်းရန်အတွက် (6)လပိုင်း အတွင်း လက်ခံရရှိသော အလှူငွေများ ဖြစ်ပါသည် ခင်ဗျာ...
ယခုလို ထောက်ပို့ သူရဲကောင်း တစ်ဦးတစ်ယောက်စီတိုင်းကို ကျွန်ုပ်တို့📌📌📌 ပက္ကူခရိုင် အမှတ် ၇ တပ်ရင်း တပ်ခွဲ ၂ -GuerrillaForce 101📌📌📌 ရဲဘော်များမှ ကျေးဇူးအထူးပင် တင်ရှိကြောင်း ပြောလိုပါသည်။ ယခုလို ရရှိလာသော ထောက်ပို့ရန်ပုံ ငွေများကိုလဲ တစ်ပြားတစ်ကျပ်မှ အလေအလွှင့်မရှိအောင် တော်လှန်ရေးအတွက်သာ အကျိုးရှိရှိ အသုံးပြုသွားမည် ဖြစ်ကြောင်း ကတိပြုလိုပါသည်။

အရေးတော်ပုံအောင်မြင်ဖို့ ဘဏ္ဍာရေးသည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေတာကြောင့် ထောက်ပို့
တော်လှန်သူရဲကောင်းများအား အစဥ်အမြဲဂုဏ်ယူလေးစားပါကြောင်း သမိုင်းတစ်ခုရဲ့ တာဝန်ကျေသော စွမ်းအားရှင်များအဖြစ် ထင်ကျန်မည်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ပုတ်ကြီး ပုတ်ကြီး (တပ်ခွဲမှူး)
ပခုက္ကူခရိုင် အမှတ် ၇ တပ်ရင်း တပ်ခွဲ ၂ -Guerrilla Force 101
#ပြည်သူ့ကာကွယ်ရေးတပ်မတော်

#အရေးတော်ပုံအောင်ရမည်

Address

Myaing

Website

Alerts

Be the first to know and let us send you an email when ပခုက္ကူခရိုင် အမှတ် ၇ တပ်ရင်း တပ်ခွဲ ၂ -Guerrilla Force 101 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category