  • Home
  • Myanmar
  • Mu-se
23/02/2023
"မူဆယ်မြို့နယ်အတွင်းရှိမိဘပြည်သူများသိရှိစေရန်အသိပေးကြေငြာချက်"=========================================================...
11/09/2021
"မူဆယ်မြို့နယ်အတွင်းရှိမိဘပြည်သူများသိရှိစေရန်
အသိပေးကြေငြာချက်"
==================================================================
မူဆယ်မြို့နယ်အနေဖြင့် COVID-19 ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကိုမူဆယ်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ရွှေလီမြို့ပြည်သူ့အစိုးရတို့၏ ညှိနှိုင်းမှုအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထောက်ပံ့လှူဒါန်းပေးသော Sinopharmအမျိုးအစား COVID-19ရောဂါကာကွယ်ဆေးများဖြင့် မူဆယ်/မုံးကိုး/ ပန်ဆိုင်း/ မန့်ဟီးရိုး ဒေသရှိမိဘပြည်သူများ အားလုံးကို (၁၀-၉-၂၀၂၁) ရက်နေ့မှစတင်၍ အခမဲ့ထိုးနှံပေးနေပါကြောင်း နှင့် နီးစပ်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် စာရင်းပေးသွင်း၍ ထိုးနှံနိုင်ပါကြောင်း အသိပေးကြေငြာ အပ်ပါသည် ။
ခရိုင်/မြို့နယ်COVID-19 ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းကော်မတီ
မူဆယ်မြို့
29/08/2021
(၂၉-၈-၂၀၂၁)ရက်နေ့ နံနက်(၉)နာရီအချိန်မှစ၍ ညနေ(၄)နာရီအချိန်ထိ အထက(၃)တွင် လူဦးရေ (၃၃၁)ဦးအား ဒုတိယအကြိမ် Covid ကာကွယ်ဆေးထိုးနှံခဲ့ပြီး ကာကွယ်ဆေးထိုးနှံပြီးသူများသည် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပေးသည့် ကာကွယ်ဆေးထိုးနှံပြီးကြောင်းသက်သေခံလက်မှတ်များ လာရောက်ထုတ်ယူနိုင်ပါကြောင်း....
ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများအား တင်ပြအပ်ပါ သည်။
"မူဆယ်ဒေသကို Covid-19 ရောဂါ ကင်းစင်နယ်မြေဖြစ်ဖို့
Covid-19 ကာကွယ်ဆေးအားလုံးထိုးနှံကြပါစို့"
၂၉-၈-၂၀၂၁ ရက်နေ့ အထက၃တွင် ဒုတိယအကြိမ် Covid ကာကွယ်ဆေးထိုးမည်============================================================...
28/08/2021
၂၉-၈-၂၀၂၁ ရက်နေ့ အထက၃တွင် ဒုတိယအကြိမ် Covid ကာကွယ်ဆေးထိုးမည်
==================================================================
(၃၀-၇-၂၀၂၁)၊(၃၁-၇-၂၀၂၁)၊ (၁-၈-၂၀၂၁)၊ (၂-၈-၂၀၂၁) ရက်နေ့များတွင် ပထမအကြိမ် Covid-19 ကာကွယ်ဆေးထိုးနှံခဲ့ကြသူများအား (၂၉-၈-၂၀၂၁)ရက်နေ့ နံနက်(၀၉၀၀) အချိန်မှစ၍ အထက(၃)တွင် ဒုတိယအကြိမ် Covid-19 ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။
(ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးစီးမှုလက်မှတ် ယူဆောင်လာပါရန်)
28/08/2021
"မူဆယ်ဒေသကို Covid-19 ကင်းစင်နယ်မြေဖြစ်ဖို့Covid-19 ကာကွယ်ဆေးအားလုံးထိုးနှံကြပါစို့"မူဆယ်မြို့နယ်အတွင်း အသက်(၁၈)နှစ်ပြည့...
28/08/2021
"မူဆယ်ဒေသကို Covid-19 ကင်းစင်နယ်မြေဖြစ်ဖို့
Covid-19 ကာကွယ်ဆေးအားလုံးထိုးနှံကြပါစို့"
မူဆယ်မြို့နယ်အတွင်း အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်းကို Covid-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ပါသည်။ Covid-19 ရောဂါကင်းရှင်းသွားပါက တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု လမ်းကြောင်းများပြန်လည်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဒေသထွက် ကုန်များ ရောင်းဝယ်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
ခရိုင်/မြို့နယ် Covid-19 ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးကော်မတီမှ မူဆယ်၊ မုံးကိုး၊ မန့်ဟီးရိုး၊ ပန်ဆိုင်း(ကြူကုတ်)နေ မိဘပြည်သူများအားလုံး Covid-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်၍ နီးစပ်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကြိုတင်စာရင်းပေးသွင်းကြပါရန် နှိုးဆော် အပ်ပါသည်။
08/08/2021
8-8-2021 ရက်နေ့
မူဆယ်မြို့နယ်
ဆေးရုံဆင်း 26 ဦး
ပိုးတွေ့ 67 ဦး
သေဆုံး 2 ဦး
၅.၈.၂၀၂၁ ရက်နေ့တွင် မူဆယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှ  မူဆယ်မြို့န...
05/08/2021
၅.၈.၂၀၂၁ ရက်နေ့တွင် မူဆယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှ မူဆယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ဝန်ထမ်းများအား COVID-19 ကာလ အတွင်း စားဝတ်နေရေးခက်ခဲမှုမရှိစေရေးအတွက် ဆန် ၊ ကြက်ဥနှင့် Mask များ ထောက်ပံ့ပေးအပ်
05/08/2021
5-8-2021 ရက်နေ့
မူဆယ်မြို့နယ်
ပိုးတွေ့ ၂ ၅ ဦး
ဆေးရုံဆင်း ၂၆ ဦး
သေဆုံး မရှိ
ကုသဆဲ ၃၃၉ ဦး
02/08/2021
2-8-2021 ရက်နေ့
မူဆယ်မြို့နယ်
ဆေးရုံဆင်း 27 ဦး
ပိုးတွေ့ 14 ဦး
သေဆုံး 3 ဦး
01/08/2021
1-8-2021 ရက်နေ့
မူဆယ်မြို့နယ်
ပိုးတွေ့ 13 ဦး
သေဆုံး 2 ဦး
Address
Mu-Se
Telephone
08250521
Website
Alerts
Be the first to know and let us send you an email when မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မူဆယ်မြို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Organization
Send a message to မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မူဆယ်မြို့:
Share