နည်းပညာတက္ကသိုလ်-မုံရွာ-ကျောင်းသားများသမဂ္ဂ

  • Home
  • Myanmar
  • Monywa
  • နည်းပညာတက္ကသိုလ်-မုံရွာ-ကျောင်းသားများသမဂ္ဂ

နည်းပညာတက္ကသိုလ်-မုံရွာ-ကျောင်းသားများသမဂ္ဂ The official page of Technological University(Monywa) Students' Union

" ဒဂုံတက္ကသိုလ်​ကျောင်းသားများသမဂ္ဂ အလုပ်မှု​ဆောင် မဝတ်ရည်​အောင် ကျဆုံးခြင်းအတွက် ဝမ်းနည်း​ကြောင်း သဝဏ်လွှာ "
23/07/2025

" ဒဂုံတက္ကသိုလ်​ကျောင်းသားများသမဂ္ဂ အလုပ်မှု​ဆောင် မဝတ်ရည်​အောင် ကျဆုံးခြင်းအတွက် ဝမ်းနည်း​ကြောင်း သဝဏ်လွှာ "

ဝက်လက်မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ် )ဝင် ရဲဘော် ကိုမြင့်မြတ်ဦး မတရားသတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ သဘေ...
12/07/2024

ဝက်လက်မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ် )ဝင် ရဲဘော် ကိုမြင့်မြတ်ဦး မတရားသတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက်

12/04/2024

"တော်လှန်သင်္ကြန် တော်လှန်သံချပ်နဲ့ ဒေါင်းမျိုးဆက်"

လာပြီဟေ့၊ လာပြီဟေ့.....
ဒေါင်းမျိုးဆက်တို့လာပြီဟေ့

မုံရွာအခြေစိုက် ဒေါင်းမျိုးဆက် အတာသကြင်္နအလှပြယာဉ်နှင့် သံချပ်အသင်းကြီးကို ၂၀၁၅ ခုနှစ်၊ မတ်လတွင် မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ နှင့် နည်းပညာတက္ကသိုလ်(မုံရွာ)ကျောင်းသားများသမဂ္ဂ တို့ပူးပေါင်းထားသော တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) များ ကွန်ရက်-မုံရွာ တို့မှ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ထိုအချိန်မှစတင်၍ နှစ်စဉ်နှစ်တိုင်း အစဉ်လာမပျက် မြန်မာ့ရိုးရာအတာသကြင်္နပွဲများတွင် ယာဉ်အလှနှင့်ယာဉ်သီချင်း ယှဉ်ပြိုင်ခြင်း၊ ခေတ်စနစ်ရဲ့ အကောင်းအဆိုးများကို အပြုသဘောဆောင် အပြောင်သဘောစုကာ သံချပ်များဖျော်ဖြေ ဝေဖန် ထောက်ပြခြင်းများ ပြုလုပ်ခဲ့ပါသည်။

ဒေါင်းမျိုးဆက် အတာသင်္ကြန်အလှပြယာဉ်နှင့် သံချပ်အသင်းသည် မုံရွာမြို့တွင်သာမက မန္တလေးရွှေမြို့တော်ဆီသို့ချီတက်ကာ သံချပ်များ ယှဉ်ပြိုင်ဖျော်ဖြေခဲ့ပြီး မုံရွာမြို့နှင့် မန္တလေးမြို့တို့မှ ပရိတ်သတ်ပြည်သူအများ၏ တခဲနက်အားပေးမှုနှင့်အတူ ဆုတွေအလီလီကို သိမ်းယူနိုင်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီအာဏာသိမ်းထားသည့်ကာလများတွင်လည်း အခက်အခဲများ၊ အန္တရာယ်များအကြားမှပင် ဒေါင်းမျိုးဆက် သံချပ်အဖွဲ့သားများသည် ကျရာနေရာမှ ပါဝင်တော်လှန်နေကြသည့်အပြင် သံချပ်ထိုးလျှင် သံလျက်ကျိုးသည် ဆိုသည့်အတိုင်း တော်လှန်သံချပ်များဖြင့် ၂၀၂၁ သင်္ကြန်ကာလ၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် ( 10D - Silence Strike ) နှင့် ၂၀၂၂ ခုနှစ်၊ ၂၀၂၃ ခုနှစ် သင်္ကြန်ကာလ တို့တွင် ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။

ဤကဲ့သို့ ခေတ်စနစ်တိုင်းပြည်အရွေ့ကို သံချပ်အနုပညာဖြင့် မီးမောင်းထိုးပြခဲ့သည်မှာ ယနေ့အချိန်ဆိုလျှင် ဒေါင်းမျိုးဆက် တို့၏ နောက်ထပ် ခြေလှမ်း တစ်လှမ်းကို တော်လှန်သံချပ်ဖြင့် ဆက်လှမ်းနိုင်တော့မည်ဖြစ်ပေသည်။

ဒေါင်းမျိုးဆက်တို့ရဲ့ တော်လှန်သင်္ကြန်သံချပ်ဖျော်ဖြေမှုကို ဧပြီလ (၁၄) ရက်နေ့ အတာသင်္ကြန် အကျနေ့တွင် ပြည်သူ့ဘက်သား တော်လှန်မီဒီယာချန်နယ်များမှ ထုတ်လွှင့်တင်ဆက်သွားမှာ ဖြစ်ပါကြောင်း တော်လှန်ပြည်သူအပေါင်းအား အသိပေးတင်ပြအပ်ပါတယ်ခင်ဗျာ

တော်လှန်သောအနုပညာ၊ တော်လှန်ရေးသစ္စာဖြင့်
ဒေါင်းမျိုးဆက် အတာသင်္ကြန် အလှပြယာဉ်နှင့်သံချပ်အသင်း

မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီတပ်များ အထိုင်ချရာအနီး မီတာ ၃၀၀  ပတ်လည်ထိ သွားရောက်၍ ပြည်သူ့ရင်ခွင်သို့ ခိုလှုံနိုင်မည့် အ...
14/11/2023

မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီတပ်များ အထိုင်ချရာအနီး မီတာ ၃၀၀ ပတ်လည်ထိ သွားရောက်၍ ပြည်သူ့ရင်ခွင်သို့ ခိုလှုံနိုင်မည့် အချက်အလက်များ သွားရောက်ပေးပို့ခဲ့။

နိုဝင်ဘာလ၊ ၁၄ ရက်နေ့။

မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ စစ်ကိုင်းခရိုင် ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် မြင်းမူမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့များ၏ အကူအညီဖြင့် မြင်းမူမြို့ပေါ်ရှိ မြို့လယ်ခေါင်ထိ သွားရောက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန်နှင့် စစ်ကောင်စီတပ်အား စွန့်ခွာနိုင်မည့် အချက်အလက်များ ပါဝင်သော စတစ်ကာများအား သွားရောက်ကပ်ခဲ့ကြပါသည်။

မြင်းမူမြို့ပေါ်ရှိ နေရာအနှံ့တွင် ဘန်နာများ ချိတ်ဆွဲခြင်း၊ စတစ်ကာများ ကပ်ခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ပြည်သူ့ရင်ခွင်နှင့် ပြည်သူ့ပန်းတိုင်သို့ ဆက်သွယ်ချိတ်ဆက်နိုင်မည့် အချက်အလက်များပါဝင်သည့် စာသားတို့ကို ကပ်ခဲ့ကြပါသည်။

မြို့လယ်ခေါင်၊ ဈေးရှေ့လမ်းမကြီးတွင် စတစ်ကာများ ကပ်နေစဥ် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့များ ရောက်ရှိလာပြီး အကြမ်းဖက် ဖြိုခွင်းခဲ့သဖြင့် ပြည်သူလုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။

မင်းအောင်လှိုင်တို့လို စစ်ရာဇဝတ်ကောင်တွေရဲ့ အသုံးချခံ လုံးလုံးဖြစ်နေတဲ့ ဖက်ဆစ်တပ်ကို တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အမြန်ဆုံး စွန့်ခွါနိုင်ရေးနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ခုခံတိုက်ခိုက်ခြင်းမရှိပဲ ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံးခိုလှုံနိုင်ကြရေးအတွက် ပြည်သူအများပါဝင်နိုင်သည့် လူထုလှုပ်ရှားမှုများဖြင့် ဆက်လက် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

11/11/2023

❝ ၁၀၂၇ လှိုင်းတွေကို အောင်သပြေနဲ့ ကြိုဆို

''ဖက်ဆစ်စစ်တပ်ကို စွန့်ခွာကြ ၊ပြည်သူ့ရင်ခွင်ခိုလှုံကြ ''
▬▬▬▬▬▬▬▬▬▬
ယနေ့11.11.2023 ရက်နေ့တွင် ကျွန်ုပ်တို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီအနေဖြင့် နိုင်ငံအဝှမ်းဆင်နွှဲလျက်ရှိသည့် 1111 အောင်သပြေလှုပ်ရှားမှုအား မုံရွာမြို့တွင်သပိတ်စစ်ကြောင်းချီတက်ကာ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

အရှိန်အဟုန်မြင့်တက်လာသော စစ်ရေးတိုက်ပွဲများနှင့်အတူ ပြည်သူလူထုအနေဖြင့် ဟန်ချက်ညီညီပါဝင်ကြရန်လိုအပ်ကြောင်း၊ စစ်ကောင်စီ၏ လက်ဝေခံ လက်ကိုင်တုပ် တပ်သားများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုကောင်းစားရေးအတွက် မိမိတို့၏ အသက်၊ဘဝများပေးဆပ်နေရသည့်အဖြစ်ကိုစွန့်ခွာကာ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လိုအပ်ကြောင်း သတင်းစကားများပြောကြားခဲ့ကြပါသည်။

အဆိုပါလူထုလှုပ်ရှားမှုတွင် မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံနှင့် ဒုတာဝန်ခံ ကိုယ်တိုင်ဦးဆောင်သော မြို့နယ် ပကဖ၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)၊ ပုဏ္ဏက LDF၊တောကျွဲကြီးအဖွဲ့၊God Of Monywa ၊EPC LDF ၊
ရပ်ကျေးပကဖများ၊ တိုက်နယ် ပကဖ များမှ လမ်းတလျှောက် လုံခြုံရေး အပြည့်အဝ တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည့်အတွက်လည်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက မှတ်တမ်းတင် ဂုဏ်ပြု ကျေးဇူးအထူးတင်ရှိပါသည်။
မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

#အောင်သပြေ ‌‌‌‌

#ပြည်သူသာအဓိက။

#အရေးတော်ပုံအောင်ရမည်။

#အောင်သပြေ_လူထုလှုပ်ရှားမှု

❝ ၁၀၂၇ လှိုင်းတွေကို အောင်သပြေနဲ့ ကြိုဆို''ဖက်ဆစ်စစ်တပ်ကို စွန့်ခွာကြ ၊ပြည်သူ့ရင်ခွင်ခိုလှုံကြ ''▬▬▬▬▬▬▬▬▬▬ယနေ့11.11.202...
11/11/2023

❝ ၁၀၂၇ လှိုင်းတွေကို အောင်သပြေနဲ့ ကြိုဆို

''ဖက်ဆစ်စစ်တပ်ကို စွန့်ခွာကြ ၊ပြည်သူ့ရင်ခွင်ခိုလှုံကြ ''
▬▬▬▬▬▬▬▬▬▬
ယနေ့11.11.2023 ရက်နေ့တွင် ကျွန်ုပ်တို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီအနေဖြင့် နိုင်ငံအဝှမ်းဆင်နွှဲလျက်ရှိသည့် 1111 အောင်သပြေလှုပ်ရှားမှုအား မုံရွာမြို့တွင်သပိတ်စစ်ကြောင်းချီတက်ကာ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

အရှိန်အဟုန်မြင့်တက်လာသော စစ်ရေးတိုက်ပွဲများနှင့်အတူ ပြည်သူလူထုအနေဖြင့် ဟန်ချက်ညီညီပါဝင်ကြရန်လိုအပ်ကြောင်း၊ စစ်ကောင်စီ၏ လက်ဝေခံ လက်ကိုင်တုပ် တပ်သားများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုကောင်းစားရေးအတွက် မိမိတို့၏ အသက်၊ဘဝများပေးဆပ်နေရသည့်အဖြစ်ကိုစွန့်ခွာကာ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လိုအပ်ကြောင်း သတင်းစကားများပြောကြားခဲ့ကြပါသည်။

အဆိုပါလူထုလှုပ်ရှားမှုတွင် မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံနှင့် ဒုတာဝန်ခံ ကိုယ်တိုင်ဦးဆောင်သော မြို့နယ် ပကဖ၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)၊ ပုဏ္ဏက LDF၊တောကျွဲကြီးအဖွဲ့၊God Of Monywa ၊EPC LDF ၊
ရပ်ကျေးပကဖများ၊ တိုက်နယ် ပကဖ များမှ လမ်းတလျှောက် လုံခြုံရေး အပြည့်အဝ တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည့်အတွက်လည်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက မှတ်တမ်းတင် ဂုဏ်ပြု ကျေးဇူးအထူးတင်ရှိပါသည်။
မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

#အောင်သပြေ ‌‌‌‌

#ပြည်သူသာအဓိက။

#အရေးတော်ပုံအောင်ရမည်။

#အောင်သပြေ_လူထုလှုပ်ရှားမှု

နွေဦးရုပ်ရှင်ပြပွဲနှင့် လူထုဟောပြောပွဲများ ============================ (၂၀၂၃) ခုနှစ်၊ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း  မုံ...
30/09/2023

နွေဦးရုပ်ရှင်ပြပွဲနှင့် လူထုဟောပြောပွဲများ
============================

(၂၀၂၃) ခုနှစ်၊ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ ဦးဆောင်၍ နွေဦးရုပ်ရှင်ပြပွဲနှင့်အတူ လူထုဟောပြောပွဲများအား စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်းရှိ ကျေးရွာ (၂၀) တွင် ပြုလုပ်ခဲ့ကြပါသည်။

နွေဦးတော်လှန်ရေးကာလအတွင်း တော်လှန်ရေး အနုပညာများကို စီးကူးခံစားရင်း တော်လှန်ရေး မျှော်မှန်းချက်၊ အထွေထွေအကျပ်အတည်းများမှ လွတ်မြောက်ရေးတို့ကိုလူထုနှင့်အတူ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ကျေးလက်လူထု တော်လှန်ရေး နည်းနာအသီးသီးကို မျှဝေခဲ့ကြပါသည်။

လုံခြုံရေးအရ တင်းကျပ်သော ကျေးရွာများအထိပါ သွားရောက်ပြုလုပ်ခဲ့ကြပြီး ဗမာ့လွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး(BLDF), မုံရွာမြို့နယ် ပကဖနှင့် ဒေသခံတပ်ရင်းတပ်ဖွဲ့များမှ လူထုနှင့် သပိတ်အဖွဲ့ဝင်များအား လုံခြုံရေးယူ၍ ဝန်းရံ အားဖြည့်ခဲ့ကြပါသည်။

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

“သူရဲကောင်းတို့ မျှော်ရည်ချက် ပြည်သူ့အားနဲ့ ဆက်ချီတက်”လွန်ခဲ့တဲ့နှစ် ဒီလိုနေ့မှာ အားလုံးစိုးရိမ်တထိတ်ထိတ်နဲ့ နားစွင့်ခဲ့...
21/07/2023

“သူရဲကောင်းတို့ မျှော်ရည်ချက် ပြည်သူ့အားနဲ့ ဆက်ချီတက်”

လွန်ခဲ့တဲ့နှစ် ဒီလိုနေ့မှာ အားလုံးစိုးရိမ်တထိတ်ထိတ်နဲ့ နားစွင့်ခဲ့ကြရပါတယ်။ “ထောင်ထဲက ထုတ်သွားပြီ။ ထောင်ထဲမှာ တိုက်ဆောင်ဘက်ကနေ တရားဖွင့်သံတွေ သဲ့သဲ့ကြားရတယ်။ ကြိုးတိုက်ကို သန့်ရှင်းရေးတွေ လုပ်နေကြတယ်။ ယူနီဖောင်းဝတ်နဲ့ စစ်သားတွေ အုပ်လိုက်ရောက်လာကြတယ်။ တခုခုရှိပုံပဲ။” ဒီသတင်းတွေနဲ့ ပြည်သူတွေ၊ တော်လှန်ရေး အင်အားစုတွေ ရင်တမမနဲ့ လူဆန်ကြပါစေလို့ မဖြစ်နိုင်မှန်းသိရဲ့နဲ့ အံကြိတ်ဆုတောင်းခဲ့ကြတယ်။ နောက်ရက်မှာ မိသားစုနဲ့ ပေးတွေ့ခဲ့ပြီး ကာယကံရှင်တွေ ကိုယ်တိုင်တောင် သေဒဏ်ပေးခံရမယ်လို့ မသိခဲ့ကြပါဘူး။ မည်သူမှ ကြိုတင်မသိခဲ့ဘဲနဲ့ ဇွန်လိုင် (၂၃) ရက်နေ့ မနက် (၃)နာရီ ၁၅မိနစ်မှာ ကြိုးပေးကွပ်မျက်ခံခဲ့ရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ တတိုင်းပြည်လုံးရှေ့မှာ ဥပဒေဆိုတဲ့ အမည်ခံနဲ့ တရားဝင် လူသတ်ခွင့်ကို အသုံးပြုပြီး ပြည်သူအားလုံးကို ခြိမ်းခြောက်နေခဲ့တဲ့ လူသတ်သမားတွေပဲ ဖြစ်ပါတယ်။ အာဏာသိမ်း အကြမ်းဖက် လူသတ်သမားတွေဟာ အခုလို လူသိရှင်ကြားဖြစ်ပြီး လူသတ်တာတင်မဟုတ်ဘဲ ဆန္ဒပြပြည်သူတွေကို လူအများကြား သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ပြတာ ဖမ်းဆီးပြီး နှိပ်စက်သတ်ဖြတ်တာ၊ ထောင်တွင်း အကျဥ်းချထားပြီး ညှင်းပန်းနှိပ်စက်တာအပြင် အခုနောက်ဆုံး ထောင်ကျနေသည့် တက်ကြွလှုပ်ရှားသူများကို ထောင်ပြောင်းတယ် အမည်ခံပြီး ထောင်ပြင်ထုတ် သတ်ဖြတ်မှုတွေပါ လုပ်လာနေပါတယ်။ ကျွန်ုပ်တို့ အားလုံး ဒီလူမဆန် အကြမ်းဖက်မှုများကို မျက်ခြေမပြတ် စောင့်ကြည့်၊ အသံထုတ် ဆန့်ကျင်ဖို့ လိုပါတယ်။

လာမယ့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာ နွေဦးတော်လှန်ရေးအတွင်း သူရဲကောင်းတွေထဲက အပါအဝင်ဖြစ်တဲ့ ကြိုးပေးကွပ်မျက်ခံရတဲ့ တော်လှန်ရေး ဦးဆောင်လှုပ်ရှားပြီး ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားခဲ့သူများဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ကျဆုံးခဲ့တာ တနှစ်ပြည့်ပဲဖြစ်ပါတယ်။ ထိုနေ့တွင် နွေဦးတော်လှန်ရေးအတွင်း ရွပ်ရွပ်ချွံချွံပါဝင်ကြရင်း အသက်ပေး ကျဆုံးခဲ့ရတဲ့ သူရဲကောင်းများ၊ ထောင်သွင်းအကျဥ်းချပြီး ပြန်လည်လွတ်မြောက်လာသည့်တိုင် အာဏာရှင်ကို ဆက်လက်ဆန့်ကျင်နေကြသည့် သူရဲကောင်းများနှင့် ထောင်တွင်းအကျဥ်းချခံနေရသည့်တိုင် ညှင်းပန်းနှိပ်စက်မှုများကို ကြံ့ကြံ့ခံရင်း အာဏာရှင်ကို အမြဲမပြတ်ဆန့်ကျင်နေကြတဲ့ သူရဲကောင်းများကို ဂုဏ်ပြု
သတိရသည့် အခမ်းအနားတရပ် ကျင်းပသွားမည် ဖြစ်ပါတယ်။ ထိုသူရဲကောင်းများက ယခုကဲ့သို့ ပေးဆပ်နေရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က “အကြမ်းဖက်စစ်အုပ်စု ကျဆုံးပြီး တော်လှန်ရေး အောင်မြင်ဖို့”ပဲ ဖြစ်ပါတယ်။ ထိုသူရဲကောင်းတို့ရဲ့ မျှော်ရည်ချက်တွေကို ကျွန်ုပ်တို့ ကျန်ရှိနေသူများက ဆက်လက်အကောင်ထည်ဖော်သွားရမှာ သမိုင်းပေးတာဝန်ပဲ ဖြစ်ပါတယ်။ ထို့ကြောင့် ယခုအခမ်းအနားက တဆင့် နွေဦးတော်လှန်ရေး ခရီးလမ်း ဘယ်ရောက်နေပြီလဲ၊ ဘယ်ကိုဆက်သွားမလဲ။ ကျွန်ုပ်တို့ တော်လှန်ရေး အင်အားစုများရဲ့ တော်လှန်ရေး သန္နိဌာန်နဲ့ ကတိစကားကို ပြည်သူလူထုကြီးရှေ့မှာ ပြောကြားသွားမှာ ဖြစ်လို့ ပါဝင်တက်ရောက်ပေးကြဖို့ တိုက်တွန်းပါတယ်။

ထိုနေ့မှာ တော်လှန်ပြည်သူကြီးအနေနဲ့လည်း ကျွန်ုပ်တို့ လျှောက်လှမ်းလာတဲ့ တော်လှန်ရေးခရီး မည်မျှရောက်လာတယ်၊ ပေးဆပ်ခဲ့ပြီး ပါဝင်နေရတဲ့ တော်လှန်ရေးအနှစ်သာရနဲ့ ကောင်းကျိုးဆိုးပြစ်များကို မိမိတို့ နီးစပ်ရာများနဲ့ ဝေမျှဖို့ ဒီနေ့တရက်တွင် အခြားသတင်းစကားများထက် တော်လှန်သတင်းစကားများလည်း ပါးပေးကြဖို့ တိုက်တွန်းပါတယ်။

“ငါတို့က တော်လှန်ရေးလုပ်တာဖြစ်တယ်။ တိုင်းပြည်အတွက် လုပ်တာဖြစ်တယ်။ ဘာမှမဟုတ်တာ မလုပ်ခဲ့ဘူး။ ဒါကြောင့် သရဏဂုံမတင်ဘူး။” - ဦးဂျင်မီ

တော်လှန်ရေး မအောင်မချင်း ကျဆုံးရဲဘော်များ၏ ဝိဉာဥ်ဟာ တော်လှန်ရေးနဲ့အတူရှိနေမှာဖြစ်ပြီး သူတို့ကို သရဏဂုံတင်ပေးနိုင်ဖို့ ကျွန်ုပ်တို့ကြိုးစားကြဖို့လိုပါတယ်။

အရေးတော်ပုံ မုချ အောင်ရမည်။



#သွေးကြွေးမှာဆွေးနွေးစရာမရှိ
#ဖယ်ဒရယ်ပြည်ထောင်စုမုချတည်ဆောက်နိုင်ရမည်
#ကြောက်ခေတ်ကိုမှောက်ပစ်

တကသများကွန်ရက်-မုံရွာနှင့် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီတို့ပူးပေါင်းကျင်းပသည့် (61)နှစ်မြောက် 7July အခမ်းအနား။တ...
16/07/2023

တကသများကွန်ရက်-မုံရွာနှင့် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီတို့ပူးပေါင်းကျင်းပသည့် (61)နှစ်မြောက် 7July အခမ်းအနား။

တကသများကွန်ရက်-မုံရွာနှင့် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီတို့ပူးပေါင်းကာ( 61)နှစ်မြောက် 7July အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး မြေပြင်တစ်နေရာတွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းနားတွင် သပိတ်တရားများဟောပြောခြင်း၊ လေဆန်လမ်းရဲ့စည်းဝါးခတ်သံ ကဗျာအော်ပရာကို ကပြဖျော်ခြင်းများပြုလုပ်ခဲ့ပြီး ဒေသခံ ရဲဘော်ပြည်သူ တစ်ထောင်နီးပါးခန့်တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းနားမှ သပိတ်တရားဟောကြားမှုမှတ်တမ်းများအားတင်ဆက်လိုက်ရပါသည်။
အရေးတော်ပုံမုချအောင်ရမည်။


#မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

အမှတ်စဥ် ၉၆ ဖြန့်ဝေမှု ပုံရိပ်များ။ တူမီးတော်လှန်ရေး စာစဥ်အမှတ် ၉၆ အား နည်းပညာတက္ကသိုလ်(မုံရွာ)ကျောင်းသားများ သမဂ္ဂမှ မု...
15/06/2023

အမှတ်စဥ် ၉၆ ဖြန့်ဝေမှု ပုံရိပ်များ။

တူမီးတော်လှန်ရေး စာစဥ်အမှတ် ၉၆ အား နည်းပညာတက္ကသိုလ်(မုံရွာ)ကျောင်းသားများ သမဂ္ဂမှ မုံရွာမြို့နယ်အတွင်း ထုတ်ဝေ ဖြန့်ဖြူးပေးခဲ့ပါသည်။

ဖတ်ပါ
ပြန်မျှဝေပါ
အိမ်တိုင်းမှာ တူမီးရှိပါစေ။

Address

Technological University(Monywa)
Monywa
02301

Website

Alerts

Be the first to know and let us send you an email when နည်းပညာတက္ကသိုလ်-မုံရွာ-ကျောင်းသားများသမဂ္ဂ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to နည်းပညာတက္ကသိုလ်-မုံရွာ-ကျောင်းသားများသမဂ္ဂ:

Share