19/09/2020
ယုန်နဲ့လိပ်ပုံပြင်.. ရွှေဥ ဥတဲ့ငန်းပုံပြင် နဲ့.. စိတ်ကြီးဝင်ပြီးပိုက်ကွန်မှာမိတဲ့ ခြသေ့ၤကြီးနဲ့ ကြွက်ကလေးပုံပြင် အစရှိတဲ့ ပုံပြင်တွေကတော့..ကမ္ဘာကျော် အီစွတ်ပုံပြင်များထဲကမှ ၇၀၀ ကျော်ရှိတဲ့အနက်.. လူသိများထင်ရှားတဲ့ ..တချိန်က ကလေးတွေရဲ့ ..အိပ်ယာဝင်ပုံပြင်တွေ ဖြစ်ခဲ့ဖူးပါတယ်..
သူ့ပုံပြင်တွေဟာ ဖတ်တဲ့ကလေးတွေအဖို့ ဘဝရှေ့ဆက်ရာမှာ ဘာတွေကိုလုပ်သင့်တယ်.. ဘယ်လို အပြုအမူတွေကိုတော့ မလုပ်သင့်ဘူး ဆိုတဲ့ အသိမျိုးပေးနိုင်ပြီး ကိုယ်ကျင့်တရားအတွက် အထောက်အကူပေးနိုင်လို့ ကမ္ဘာအန့ှံက ကလေးတွေရဲ့ ကျောင်းသင်ခန်းစာတွေမှာလည်း ထည့်သွင်းပြဋ္ဌာန်းထားတာပါပဲ..
အီစွတ်ပုံပြင်တွေဟာဆိုရင် ပုံပြင်တပုဒ်ရဲ့အဆုံးမှာ ဘဝအတွက် သင်ခန်းစာ ယူစရာတခုမဟုတ်တခုနဲ့ အဆုံးသတ်လေ့ရှိပါတယ်..
ယုန်နဲ့လိပ်မှာလည်း လုံ့လ ဝရိယမရှိရင် ကိုယ်ဘယ်လောက်ကျွမ်းကျင်ရာပဲဖြစ်ဖြစ် နောက်ကောက်ကျတတ်တယ်ဆိုတာမျိုး..
ခြင်္သေ့နဲ့ကြွက် ပုံပြင်မှာဆို ကိုယ်သာတုန်းက မောက်မာခဲ့ပေမယ့်.. ဒုက္ခရောက်ချိန်မှာ ကိုယ်မထင်ထားသူကပဲ ကူညီပေးခဲ့တဲ့ အဖြစ်မျိုး.. တစုံတစ်ယောက်ကို အပြင်ပန်းကကြည့်ပြီး မဆုံးဖြတ်သင့်သလို.. ကြွက်ကလေးလိုမျိုး အကောင်သေးနုပ်သော်လည်း..သဘောထားကြီးပြီး.. သူတပါးအပေါ်ကူညီတတ်သင့်ကြောင်း သင်ခန်းစာတွေရခဲ့တယ်..
အဲ့လိုပုံပြင်တွေနဲ့ပဲ ညတာတွေကို ကုန်ဆုံးခဲ့ရလို့ ခုထိ အီစွတ်ပုံပြင်တွေဟာ နာမည်ကြားယုံနဲ့ ကလေးဘဝကို စိတ်ကပြန်ရောက်ပြီး လွမ်းစရာတွေ သယ်လာသလို.. တခုခုကို သတိတရဖြစ်နေတဲ့ ခံစားမှုမျိုးကို ပေးနိုင်တဲ့ ပုံပြင်တွေပါ..
တပြိုင်နက်ထဲမှာပဲ ခုခေတ်ကလေးတွေကော အိပ်ယာဝင်ခါနီးရင် ဘာတွေလုပ်ကြပါလိမ့်လို့ တွေးမိသွားတယ်..
့ အီစွတ်ပုံပြင်လိုမျိုး.. တစ်ထောင့်တစ်ည ပုံပြင်တွေလိုမျိုး.. အိပ်ယာဝင်ပုံပြင်တွေ ခုခေတ် ကလေးတွေ ဖတ်မှ ဖတ်ကြသေးရဲ့လား..
အိပ်ယာဝင်ခါနီး မိဘတွေကို စာအုပ်ထိုးပေးပြီး ပုံပြင်တွေ ဖတ်ပြပေးဖို့ အတင်းပူဆာကြတဲ့ generation ကနေ .. အိပ်ယာဝင်ခါနီးတိုင်း tv ဒါမှမဟုတ် gameဆော့ပြီး အိပ်ဖို့တောင်းဆိုကြတဲ့ generation ကို ပြောင်းသွားကုန်ကြပြီလား..
အဲ့လိုအတွေး ခေါင်းထဲရောက်လာတော့ တခုခုကို နှမြောသလိုလို.. ဘာမှန်းမသိ တခုခု ဆုံးရှုံးလိုက်ရသလို ဟာတာတာခံစားချက်မျိုးကြီးဖြစ်သွားတာပဲ..
ခုလည်း ဘာရယ်မဟုတ် ကလေးစာအုပ်လေးတွေကြည့်ရင်း အီစွတ်ရဲ့ ကမ္ဘာကျော်ပုံပြင်တွေကို ကလေးတွေ စာမဖတ် ဖတ်ချင်အောင် ဆွဲဆောင်ဖို့ ဖန်တီးထားတဲ့ .. 3D pop-up စာအုပ်လေး လှန်ရင်း ကလေးဘဝကို ပြန်ပြီး flesh backဖြစ်သွားတဲ့ခန.. ခေါင်းထဲရောက်လာတဲ့ အတွေးတချို့ကို ချရေးမိတာ..
ကလေးလေးတွေရဲ့ စာဖတ်ခြင်းအလေ့အကျင့်ကို အစပျိုးပေးဖို့ သင့်တော်တဲ့ ဒီလို့ 3D Pop-up book လေးတွေကို
"ဒို့လာပြီ Library Cafe & Book Store" မှာယူလို့ရပါပြှီနော်..
ဒီစာအုပ်မှာကတော့ (အီစွတ်ရဲ့ နာမည်ကျော်ပုံပြင် ၁၀ ပုဒ်ပါဝင်ပါတယ်)
Book Title : Aesop's Fables Original 3D Pop-up Book (ကမ္ဘာကျော် အီစွတ်ပုံပြင်များ)
Price : 49000 ks
ဖုန်း - 09-765776788