01/09/2026
၁.၉.၂၀၂၆ ရက်နေ့၊ (၁၁:၀၀) အချိန်ခန့် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်၊ ကမ်းနားလမ်း၊ ရွှေချင်းတွင်းလွန်းချင်းအနီး ချင်းတွင်းမြစ်အတွင်း ဟုမ္မလင်းမြို့နယ် ကုန်တင်ရေယာဉ်များ မီးလောင်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သော ကုန်တင်ရေယာဉ်(၁)စီးအား ပြုပြင်ရန်ရပ်တန့်ထားစဉ် မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် မုံရွာခရိုင်/မြို့နယ်/ကမ်းနားမီးသတ်စခန်းမှ မီးသတ်ယာဉ်များ ဒေါနခြံ/ရန်ကင်း/သလ္လာ/မြို့သစ် ရပ်ကွက်အရန်မှ မီးသတ်ယာဉ်များ၊ အောင်မြသန်းကုမ္ပဏီမှ ရေသယ်ယာဉ်၊ ဘက်ဖိုး တို့ဖြင့် ထွက်ခွာငြှိမ်းသတ်ရာ ၁၃:၀၀ အချိန်တွင် မီးငြိမ်းခဲ့ပါသည်။