Sagaing Region Defense Forces

Sagaing Region Defense Forces Sagaing Region (Chindwin State) Defense Forces

ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွအာဇာနည်ခေါင်းဆောင်ကြီးများအားအလေးပြုပါတယ်ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆု...
18/07/2026

ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွအာဇာနည်ခေါင်းဆောင်ကြီးများအားအလေးပြုပါတယ်
ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော အာဇာနည်ရဲဘော်အပေါင်းအား အလေးပြုပါတယ်

SRDF တည်ထောင်ခြင်း ( ၅ ) နှစ်ပြည့် နှစ်ပတ်လည်နေ့ ထုတ်ပြန်ချက်ရက်စွဲ။ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်၁။ ယနေ့သည် ပြည်သူ့အာဏာကို လ...
31/05/2026

SRDF တည်ထောင်ခြင်း ( ၅ ) နှစ်ပြည့် နှစ်ပတ်လည်နေ့ ထုတ်ပြန်ချက်

ရက်စွဲ။ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်

၁။ ယနေ့သည် ပြည်သူ့အာဏာကို လက်နက်အားကိုး အကြမ်းဖက်အာဏာလုစစ်အုပ်စုနှင့် အပေါင်းအပါ များ၏ ဖက်ဆစ်စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက် ရေးအတွက် နေရာဒေသအသီးသီးမှတော်လှန်ရေးရဲဘော်များဖြင့် စစ်ကိုင်းတိုင်းဒေသကိုအခြေပြု၍ (SRDF) ကို စတင်ဖွဲစည်းတည်ထောင်ခဲ့သည့် (၅) နှစ်ပြည့်မြောက်သော နေ့ထူးနေ့မြတ် ဖြစ်ပါသည်။
၂။ ဤနွေဦးတော်လှန်ရေးခရီးကြမ်းအတွင်း မိမိတို၏ အသက်၊ သွေး၊ ချွေးတို့ကို ပေးဆပ် စွန့်လွှတ်သွားကြ သည့် အာဇာနည်သူရဲကောင်း ရဲဘော်များ၊ ပြည်သူ့ခုခံစစ်ကို အစွမ်းကုန် ထောက်ပံ့ပေးနေကြသော ပြည်တွင်း/ပြည်ပရှိ ရဟန်းရှင်လူမိဘပြည်သူများအားလုံးကို SRDF က အလေးအနက် ဂုဏ်ပြုဦးညွှတ်အပ်ပါ သည်။
၃။ SRDF သည် တည်ထောင်သည့်နေ့မှစ၍ ယနေ့တိုင် - စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အတွက် မဟာမိတ်တပ်ဖွဲများနှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ပြီး စစ်ကိုင်းတိုင်းတွင် သာမက မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းဒေသများတွင်လည်း နည်းလမ်းပေါင်းစုံဖြင့် တိုက်ပွဲဝင်လျက်ရှိပါသည်။
၄။ SRDF သည် ပြည်သူ့ကာကွယ်ရေးယန္တရားကို အားကောင်း စေပြီး ရန်သူ့ယန္တရား လုံးဝရပ်တန့်စေရေး တို့ကို ဦးတည်လုပ်ဆောင်လျက်ရှိသည်။ မိမိတို့ SRDF အနေဖြင့် ညီညွတ်မှုကို ပိုမိုခိုင်မာအောင် တည်ဆောက်ပြီး စစ်အာဏာရှင်စနစ် နိဋ္ဌိတံသည်အထိ တိုက်ပွဲဝင်သွားပါမည်။
၅။ မိမိတို့၏ ပန်းတိုင်သည် စစ်အာဏာရှင်စနစ် ကျဆုံးရုံတင်မကဘဲ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု သစ်အတွင်း စစ်ကိုင်းတိုင်းသားများ အပါအဝင် တပြည်လုံးရှိ တိုင်းရင်းသားများ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တရားမျှတမှု ရရှိသည်အထိ တိုက်ပွဲဝင်သွားရန်ဖြစ်သည်။

"ပြည်သူ့အရေးတော်ပုံ မုချအောင်ရမည်"

SRDF

နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် လွတ်မြောက်လာခြင်းအတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်စာအမ...
17/04/2026

နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် လွတ်မြောက်လာခြင်းအတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်
စာအမှတ်။ ။ SRDF/PR-၂၀၂၆/၀၀၁
၁။ အာဏာလုအကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးထိန်းသိမ်းခြင်းကို နှစ်ရှည်လများ ခံခဲ့ရသည့် ကျွန်ုပ်တို့၏ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ပြန်လည်လွတ်မြောက်လာခြင်းအတွက် စစ်ကိုင်းတိုင်းဒေသကြီးကာကွယ်ရေးတပ်ဖွဲ့ (SRDF) နှင့်တကွ စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများ၊ မိဘပြည်သူများအားလုံးက အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါသည်။
၂။ နိုင်ငံတော်သမ္မတကြီးသည် စစ်အာဏာရှင်တို့၏ မတရားဖိနှိပ်မှု၊ ခြိမ်းခြောက်မှုများအောက်တွင် နိုင်ငံတော်နှင့် ပြည်သူ့အပေါ်ထားရှိသော သစ္စာတရားကို အစွမ်းကုန်ထိန်းသိမ်းကာ၊ မယိုင်လဲသော စိတ်ဓာတ်ဖြင့် ကြံ့ကြံ့ခံရပ်တည်ခဲ့ခြင်းသည် ကျွန်ုပ်တို့ တော်လှန်ရေးရဲဘော်များအတွက် အားကျအတုယူဖွယ်ရာ နိုင်ငံရေးပြမှတ် တစ်ခု ဖြစ်ပါသည်။
၃။ သမ္မတကြီး၏ ခိုင်မာသည့် ရပ်တည်ချက်နှင့် ပေးဆပ်မှုများသည် ဖက်ဆစ်စစ်တပ် အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆင်နွှဲနေသော ကျွန်ုပ်တို့၏ နွေဦးတော်လှန်ရေးအတွက် ကြီးမားသော ခွန်အားနှင့် စိတ်ဓာတ်ခွန်အားများကို ဖြစ်ပေါ်စေပါသည်။
၄။ ကျွန်ုပ်တို့ SRDF အနေဖြင့်လည်း အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသည်အထိ ပြည်သူနှင့်အတူ လက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သစ္စာဓိဋ္ဌာန်ပြုအပ်ပါသည်။
"အရေးတော်ပုံ အောင်ရမည်"

Sagaing Region Defense Force

တော်လှန်ရေးနေ့ကို တပ်မတော်နေ့ဆိုပြီး သမိုင်းဖျက်ခံကြရတယ်ဒါကြောင့် သမိုင်းဆိုတာနိုင်တဲ့သူကရေးတာလို့ ဆိုခဲ့တာကျုပ်တို့သမို...
27/03/2026

တော်လှန်ရေးနေ့ကို တပ်မတော်နေ့ဆိုပြီး သမိုင်းဖျက်ခံကြရတယ်
ဒါကြောင့် သမိုင်းဆိုတာနိုင်တဲ့သူကရေးတာလို့ ဆိုခဲ့တာ
ကျုပ်တို့သမိုင်းကို ကျုပ်တို့ရေးကြရမယ်

20/02/2026

နယ်မြေတည်ဆောက်ပါ
ယန္တရားတည်ဆောက်ပါ
မြို့သိမ်းဖို့ဆန္ဒမစောနဲ့
နယ်မြေနဲ့ ယန္တရားပိုင်ရင် မြို့တွေကိုအထိအခိုက်နည်းစွာသိမ်းပိုက်နိုင်မယ်

(၆၅) ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့ (65th Kachin Revolution Day) အား ဂုဏ်ပြုပါသည်​၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်ယနေ့သ...
05/02/2026

(၆၅) ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့ (65th Kachin Revolution Day) အား ဂုဏ်ပြုပါသည်

​၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်
ယနေ့သည် ကချင်အမျိုးသားတို့၏ တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အတွက် လက်နက်စွဲကိုင် တော်လှန်ခဲ့ကြသည့် (၆၅) ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့ (65th Kachin Revolution Day) ဖြစ်ပါသည်။

​ဤထူးမြတ်သောနေ့ရက်တွင်(Sagaing Region Defense Forces) အနေဖြင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ကချင်ပြည်သူတစ်ရပ်လုံးကို လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါသည်။
ကချင်တော်လှန်ရေးသည် ဆယ်စုနှစ် ၆ ခုကျော်တိုင်အောင် ခိုင်မာသည့် နိုင်ငံရေးရည်မှန်းချက်၊ မဆုတ်မနစ်သော ဇွဲလုံ့လတို့ဖြင့် မြန်မာ့နွေဦးတော်လှန်ရေး၏ အဓိကမဏ္ဍိုင်တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်ကို ကျွန်ုပ်တို့ လေးစားစွာ အသိအမှတ်ပြုပါသည်။
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများကို စစ်ပညာ၊ လက်နက်ခဲယမ်းနှင့် မဟာဗျူဟာပိုင်းဆိုင်ရာများတွင် လက်တွဲကူညီပေးခဲ့သည့် ကချင်တော်လှန်ရေးအင်အားစုများ၏ ကျေးဇူးကိုလည်း အထူးမှတ်တမ်းတင်အပ်ပါသည်။ ကချင်ပြည်နယ်အလံကိုင်ပြီး တော်လှန်လှန်ရေးသစ္စာဆိုလာသည်ကို အမြဲအမှတ်ရနေပါသည်။
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရးတော်လှန်ရေးခရီးလမ်းတွင်လည်း သွေးစည်းခိုင်မာစွာဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် ပေါ်ထွန်းသည်အထိ အတူတကွ လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဤနေ့ရက်တွင် ကတိသစ္စာပြုပါသည်။

​တော်လှန်ရေးခရီးတစ်လျှောက် အသက်၊ သွေး၊ ချွေး ပေးဆပ်သွားကြသော ကချင်အာဇာနည် သူရဲကောင်းအပေါင်းကို ဦးညွှတ်အလေးပြုလျက် -

Sagaing Region Defense Forces

Address

Monywa

Telephone

+918798898977

Website

Alerts

Be the first to know and let us send you an email when Sagaing Region Defense Forces posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share