Monywa Auxiliary Fire Force မုံရွာခရိုင် အရန်မီးသတ်တပ်ဖွဲ့

  • Home
  • Myanmar
  • Monywa
  • Monywa Auxiliary Fire Force မုံရွာခရိုင် အရန်မီးသတ်တပ်ဖွဲ့

Monywa Auxiliary Fire Force မုံရွာခရိုင် အရန်မီးသတ်တပ်ဖွဲ့ Monywa Auxiliary Fire Force

မုံရွာမြို့၊ ၆.၁၀.၂၀၂၅ ရက်နေ့ (၁၃း၁၀)အချိန်ခန့်နတ်လူထိပ်ပန်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း‌ဘေးတွင် မီးလောင်မှုဖြစ်ပွားနေကြောင်း ...
06/10/2025

မုံရွာမြို့၊ ၆.၁၀.၂၀၂၅ ရက်နေ့ (၁၃း၁၀)အချိန်ခန့်

နတ်လူထိပ်ပန်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း‌ဘေးတွင် မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့်

မုံရွာခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊

မုံရွာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊

စက်မှုဇုန်ရပ်ကွက်အရန်၊ ထန်းတောရပ်ကွက်အရန်၊ သလ္လာရပ်ကွက်အရန် တို့မှ မီးသတ်ယာဉ်များ

ထွက်ခွာငြှိမ်းသတ်ရာ (၁၃း၂၂)အချိန် မီးထိန်း (၁၃း၃၀)အချိန်တွင် မီးငြိမ်းခဲ့ပါသည်။

26/07/2025
🚨၂၁.၇.၂၀၂၅ ရက်နေ့၊ ၁၆ ၀၅ အချိန်ခန့်🚨 မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်ရိပ်သာလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတ...
21/07/2025

🚨၂၁.၇.၂၀၂၅ ရက်နေ့၊ ၁၆ ၀၅ အချိန်ခန့်🚨
မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်ရိပ်သာလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မုံရွာခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ မုံရွာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီး၊ စက်မှုဇုံအရန်မီးသတ်စခန်း၊ ထန်းတောအရန်မီးသတ်စခန်း၊ ဒေါနခြံအရန်မီးသတ်စခန်းနှင့် ရန်ကင်းအရန်မီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှမ်းသတ်ခဲ့ရာ ၁၆ ၁၅ အချိန် မီးငြိမ်းပါသည်။

၉.၇.၂၀၂၅ ရက်နေ့ ၁၂ ၃၀ အချိန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမ...
11/07/2025

၉.၇.၂၀၂၅ ရက်နေ့ ၁၂ ၃၀ အချိန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့၏ ချင်းတွင်းမြစ်​ရေသည် ၁၅၄၄ စင်တီမီ​တာသို့ ရောက်ရှိ​​နေပြီး နောက်၁ရက်အတွင်း ​စိုးရိမ်​ရေအမှတ် ၁၅၅၀ စင်တီမီတာသို့ ​ရောက်ရှိလာနိုင်ပါသဖြင့် ကလေးဝမြို့နယ်မီးသတ်စခန်းမှ သန္ဓေ/အရန် တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ မြစ်ကမ်း​ဘေး​နှင့် ​မြေနိမ့်ပိုင်းတွင် ​နေထိုင်သူများ အထူးသတိပြု​​နေထိုင်ကြရန် အသိ​ပေးနိုး​​ဆော်ခြင်းအား ​ဆောင်ရွက်ခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ရေပြင်ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား ကျင်းပမုံရွာ၊ ဇွန်...
26/06/2025

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ရေပြင်ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား ကျင်းပ

မုံရွာ၊ ဇွန် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန နှင့် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနတို့ ပူးပေါင်းကျင်းပသည့် ရေပြင်ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ဇွန်လ ၂၆ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာကန်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ် နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုအချိန်အခါသည် မိုးရာသီကာလသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများအား ပိုမိုအလေးထား လုပ်ဆောင်ရမည့် အချိန်ကာလဖြစ်ပါကြောင်း၊ ငလျင်ဘေးနှင့်မီးဘေးမှအပ မုန်တိုင်းများဝင်ရောက်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် ကမ်းပြိုခြင်းစသည့် ဘေးများသည် မိုးတွင်းကာလတွင်အဖြစ်များသည့် သဘာဝဘေးများ ဖြစ်ပါကြောင်း၊ နှစ်စဉ်မိုးရာသီရောက်တိုင်း ချင်းတွင်းမြစ် ရိုးတစ်လျှောက်နှင့် ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ မြို့ရွာများမှ မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်များနှင့် ကြုံတွေ့လာပါက ရင်ဆိုင်ကျော်လွှားနိုင်သည့် အသိ ပညာဗဟုသုတများ သိရှိထားရန်လိုအပ်ပါကြောင်း၊ သရုပ်ပြသပွဲသို့ တက်ရောက်လာကြသူ များ အနေဖြင့်လည်း ယခုလိုသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းမှရရှိသည့် အတွေ့အကြုံဗဟုသုတ များအား လက်ဆင့်ကမ်းမျှဝေကာ ရေဘေးအန္တရာယ်ကြောင့် ထိခိုက်မှုမှ လျော့နည်းသက်သာ စေမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်အား တိုင်းဒေသကြီး/ခရိုင်/မြို့နယ် သန္ဓေမီး သတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေး စက်လှေများဖြင့် ချီတက်အလေး ပြု ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်း အနားသို့ တက်ရောက်လာသူများမှ အရှေ့ဘက် ကန်သာယာကန်အတွင်း စက်လှေပေါ်မှ ပြုတ်ကျသူများအား ကယ်ဆယ်ခြင်း၊အဝေးထိန်းသက်ကယ် ဘောကွင်း Life Bouay အသုံးပြုကယ်ဆယ်ခြင်း၊ ရေငုတ်ဝတ်စုံ Dive Suit ဖြင့် ရေငုတ်ရှာဖွေခြင်း၊ ခရီးသည်တင်/ကုန်တင်စက်လှေ/သင်္ဘောများပေါ်တွင် ပါရှိသည့် ပစ္စည်းများအသုံးပြု၍ ရေနစ်သေဆုံးမှုများမှ ကာကွယ်ခြင်း၊ ရေပြင်မီးငြိမ်းသတ်ခြင်းနှင့် ကယ်ဆယ်ခြင်း၊ ရေဘေးဒုက္ခသည်များအား စက်လှေများဖြင့် သယ်ယူရွေ့ပြောင်းပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း သရုပ်ပြသမှုများအား ကြည့်ရှုအားပေးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အရှေ့ဘက် ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်တွင် ချင်းကျင်းပြသထားသည့် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ရှာ‌ဖွေ
‌ကယ်ဆယ် ရေးသုံး ခေတ်မီစက်ကိရိယာများ၊ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေထိုးရွက်ဖျင်တဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းစီမံခန့် ခွဲမှုလုပ်ငန်းကော်မတီ ပြခန်း၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ပြခန်း၊ ကနဦး စစ်တမ်း
ကောက်ယူရေး ပျက်စီးဆုံးရုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များဆန်းစစ်ဖော်ထုတ် ရေးလုပ်ငန်းကော်မတီ ပြခန်း၊ ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ကော်မတီ ပြခန်း၊ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်း ကော်မတီ ပြခန်း၊ပတ်ဝန်းကျင်ထိန်းသိမ်း ရေးလုပ်ငန်းကော်မတီ ပြခန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများပြန်လည်ထူထောင်လုပ်ငန်း ကော်မတီ ပြခန်းနှင့် ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း ကော်မတီ ပြခန်းများအား လိုက်လံကြည့် ရှုကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိိသူများက ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုသရုပ်ပြသခြင်း အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး တာဝန် ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

၂၀.၅.၂၀၂၅ ရက်နေ့၊ ၁၇ ၅၅ အချိန်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ ဓမ္မာရုံလမ်းတွင် ...
20/05/2025

၂၀.၅.၂၀၂၅ ရက်နေ့၊ ၁၇ ၅၅ အချိန်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ ဓမ္မာရုံလမ်းတွင် ကားမီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် မုံရွာခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မုံရွာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ထန်းတောအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သလ္လာအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၈ ၁၀ အချိန် မီးငြိမ်းပါသည်။

17/05/2025

နေ့စွဲ ၁၇-၅-၂၀၂၅ 🛑
မြေငလျင်သတင်းအမှတ်စဉ် ၁၇၅
=====================
လှုပ်ခတ်သည့်အချိန် - ၂၂း၂၄၄၈
အင်အားပမာဏ - ၅.၂ ရစ်(ခ်)တာစကေး
အနက် - ၁၀ ကီလိုမီတာ
ဗဟိုချက်တည်နေရာ - မြစ်သားမြို့၏ အနောက်တောင်ဘက် (၆) မိုင်ခန့်

( မိုးဇလ ) ဌာန ....

မိုးကြီးမည့်သတိပေးချက် အမှတ်စဉ်(၉/၂၀၂၅)၂၀၂၅ ခုနှစ်၊ မေလ ၁၅ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် ထုတ်ပြန်ချက်ယနေ့မြ...
16/05/2025

မိုးကြီးမည့်သတိပေးချက် အမှတ်စဉ်(၉/၂၀၂၅)
၂၀၂၅ ခုနှစ်၊ မေလ ၁၅ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန် ၁၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် လည်းကောင်း၊ မုတ်သုံလေဆက်လက်ဝင်ရောက်လာနိုင်ခြင်းကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှုအားကောင်းခြင်းကြောင့်လည်းကောင်း ယနေ့ညနေမှ ၂၀-၅-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးမည်။

အကြံပြုချက်
သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ Private Hospital🏥 များဖြစ်တဲ့ ... အောင် ဆေးရုံ နှင့် ဇာနည်ထွန်းဆေးရုံတို့အား မီးဘေး...
14/05/2025

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ Private Hospital🏥 များဖြစ်တဲ့ ... အောင် ဆေးရုံ နှင့် ဇာနည်ထွန်းဆေးရုံတို့အား မီးဘေးလုံခြုံရေးနှင့်ဆေးရုံ အဆောက်အဦး ၏အရေးပေါ် ထွက်ပေါက်များ ...
🆘 Emergency Exit & Rescue ...
🆘 Emergency Fire Safety အတွက် အဆောက်အဦးအတွင်း မီးဘေး လုံခြုံရေး ဆိုင်ရာ
ပစ္စည်းများ တပ်ဆင် ထားရှိမှု့ ...
စသည့်ဖြင့် ... တို့ကို ...
စစ်ကိုင်းဒေသကြီး တိုင်း မီးသတ်ဦးစီး
ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဦး

ခရိုင်မီးသတ် ဦးစီးမှုး _ ဦးညီညီဇော်
မြို့နယ် မီးသတ် ဦးစီးမှူး _ ဦးဇင်မိုအောင်

တို့ ကိုယ်တိုင်လာရောက်၍ ...
Fire Safety Certificated ရရှိရေး စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

13.5.2025၊ 19:35အချိန်၊ မုံရွာမြို့၊ စက်မှုဇုန်ရပ် ကွက်၊ အေးရိပ်သာလမ်း၊ လူနေအိမ်ရှိ မိလ္လာတွင်းထဲသို့ လူတစ်ဦးပြုတ်ကျနေကြ...
14/05/2025

13.5.2025၊ 19:35အချိန်၊ မုံရွာမြို့၊ စက်မှုဇုန်ရပ် ကွက်၊ အေးရိပ်သာလမ်း၊ လူနေအိမ်ရှိ မိလ္လာတွင်းထဲသို့ လူတစ်ဦးပြုတ်ကျနေကြောင်း သတင်း ရရှိ၍
ကယ်ဆယ်မှုအား
ဆောင်ရွက်ခဲ့ရာ 20:00အချိန် DB အား ဆယ်ယူနိုင်ခဲ့ပါသည် ...

၇၉ နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၃.၅.၂၀၂၅ ရက်နေ့နံနက် ၀၈ ၀၀ နာရီ အချိန် မုံရွာမြိ...
03/05/2025

၇၉ နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၃.၅.၂၀၂၅ ရက်နေ့နံနက် ၀၈ ၀၀ နာရီ အချိန် မုံရွာမြို့ပြည်သူ့ဆေးရုံကြီးတွင် သန္ဓေ /အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် သွေးလှူဒါန်းမှုအခမ်းအနားပြုလုပ်ခဲ့ပြီး အားဖြည့်အစားအစာများ ထောက်ပံပေးအပ်ခဲ့ပါသည်။

Address

Kyaukka Road
Monywa
02301

Alerts

Be the first to know and let us send you an email when Monywa Auxiliary Fire Force မုံရွာခရိုင် အရန်မီးသတ်တပ်ဖွဲ့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category