27/05/2026
၂၇.၅.၂၀၂၆ ရက်နေ့ ၀၉ ၀၀ အချိန် စစ်ကိုင်းတိုင်း
ဒေသကြီး အစည်းအဝေးခန်းမ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားမည့် တပ်ဖွဲ့ဝင်များ၏ သား/ သမီးများအား ပညာသင်ထောက်ပံ့ပစ္စည်း ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ
တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးသန်းထွဋ်ဦး၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဒေါ်သန်းသန်းဦးနှင့် ကော်မတီအဖွဲ့ဝင်များ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားမည့် ကျောင်းသား/ ကျောင်းသူများနှင့် မိသားစုဝင်များ
တက်ရောက်ခဲ့၊ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးနှင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌတို့မှ ပညာသင်နှစ်တွင် သင်ကြား
မည့် တပ်ဖွဲ့ဝင် သား/သမီးများအား အားပေးစကားပြောကြားကာ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။