မိုးညိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

  • Home
  • Myanmar
  • Monyo
  • မိုးညိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

မိုးညိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဘဝဆိုတာကိုယ်နဲ့ထိုက်တန်တာကိုရတာမဟုတ်ဘူး ကိုယ်ယူတာပဲကိုယ်ရတာ
(1)

အုတ်တွင်းမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကြောင်း တစ်ခုလုံး တပ်ပျက်သွားပြီး စစ်သာ...
31/01/2026

အုတ်တွင်းမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကြောင်း တစ်ခုလုံး တပ်ပျက်သွားပြီး စစ်သား ၅၀ ဦး သေဆုံးကာ လက်နက် ၇ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကြောင်း တစ်ခုလုံး တပ်ပျက်သွားပြီး စစ်သား ၅၀ ဦး သေဆုံးကာ လက်နက် ၇ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပါသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်ခန့်တွင် ပေါက်ခေါင်းမြို့မှ နယ်မြေရှင်းလင်းရန် ထွက်လာသော တိုင်းဗဟို ၆ အမြောက်တပ်မှ အင်အား ၁၅၀ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို အုတ်တွင်းမြို့နယ်ရှိ အုတ်တွင်း-ပေါက်ခေါင်း လမ်းပိုင်း ပြောင်းချောင်းကျေးရွာတွင် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ပါသည်။

ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅၀ ဦးခန့် သေဆုံးပြီး တပ်ပျက်ကာ ထွက်ပြေးသွားကြောင်း၊ အဆိုပါ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက လိုက်ပါရှင်းလင်းခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၄ ဦး ကျဆုံးခဲ့ပြီး ၅ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပါသည်။

အကြမ်းဖက် စစ်တပ်ထံမှလည်း Ma2 သေနတ် ၁ လက်၊ Ma1 သေနတ် ၂ လက် ၊ Ma3 သေနတ် ၂ လက် ၊ RPG 7 ၁ လက်၊ 60 ကွန်မန်ဒို ၁ လက်၊ 5.56 ကျည်- ၃၀၀၀ တောင့်၊ 7.62 G3 ကျည် - ၅၈၀ တောင့် ၊ ကျည်ဘောက် - ၃၂ ခု၊ RPG အဖူး- ၈ ဖူး၊ RPG ပိုယမ်းတောင့် - ၇ တောင့်၊ 60 မမ အသီး ၈ လုံး၊ 40 မမ အသီး ၁၉ လုံး၊ အီနာဂါ ၁၉ လုံး၊ လက်ပစ်ဗုံး ၂၄ လုံး၊ 14မိုင်း- ၄၂ လုံး၊ ရှေ့ထွက်မိုင်း - ၂ လုံး ၊ စကားပြောစက်- ၁ လုံး၊ စတားလင့်ဘန်း - ၁ ခု ၊ မီတာဘုတ် - ၁ ခု ၊ မီးစက် - ၁ လုံး ၊ ဓါတ်ဆီဗူး- ၂၀ ဗူး ၊ ကီးပတ်ဖုန်း - ၄ လုံး၊ဖုန်း- ၁၁ လုံး ၊ ဓါး - ၁၉ ချောင်း၊ စစ်သုံးကျောပိုးအိတ်၊ ဦးထုတ် ၁၄ လုံး၊ စစ်ဝတ်စုံများစွာတို့ကို သိမ်းဆည်းရရှိခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကို ဗျူဟာ ၂၂ ကွပ်ကဲမှုဖြစ် ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ 3601 တပ်ရင်း တပ်ခွဲ-4 ၊ ဗျူဟာ 22ကွပ်ကဲမှုအောက်ရှိ ဗျူဟာ ရုံးတိုက်ခိုက်‌ေရးအဖွဲ့ ၊ ပဲခူးခရိုင်တပ်ရင်း 3701 တပ်ခွဲ 2-နှင့် တပ်ရင်းရုံးအဖွဲ့၊၊သာယာဝတီခရိုင်တပ်ရင်း 3801 တပ်ရင်း တပ်ခွဲ 2,6, တပ်ရင်းရုံးတပ်ဖွဲ့၊ သာယာဝတီခရိုင် 3802 တပ်ရင်း တပ်ခွဲ 1,တပ်ခွဲ 5 BTZM ၊သာယာဝတီခရိုင် တပ်ရင်း 3803 တပ်ရင်း ၊ သာယာဝတီခရိုင်ပကဖ တပ်ဖွဲ့ 1 တပ်ခွဲ -3၊ သာယာဝတီခရိုင်ပကဖ ဒရုန်းတပ်ဖွဲ့၊ ပြည်ခရိုင်ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့၊ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့-7 တပ်ခွဲ -1၊ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တိုင်းဗဟို ၆ အမြောက်တပ်မှ အင်အား ၁၂၀ ဖြင့် ပြည်-ပေါက်ခေါင်း သို့ ရောက်ရှိပြီး အင်အား ၃၀ ဖြည့်တင်းကာ အုတ်တွင်း-ပေါက်ခေါင်း လမ်းပိုင်းသို့ နယ်မြေရှင်းလင်းရန် ဇန်နဝါရီလ ၂၀ ရက်နေ့မှ စတင်၍ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ယခုလိုလှူဒါန်းပေးပါသောထောက်ပို့များအားအထူးပင်ကျေးဇူတင်ဂုဏ်ပြုအပ်ပါသည်။
15/01/2026

ယခုလိုလှူဒါန်းပေးပါသောထောက်ပို့များအားအထူးပင်ကျေးဇူတင်ဂုဏ်ပြုအပ်ပါသည်။

ယခုလိုလှူဒါန်းပေးပါသောအလှူရှင်များအားအထူးပင်ကျေးဇူးတင်လေးစားအပ်ပါသည်။
11/01/2026

ယခုလိုလှူဒါန်းပေးပါသောအလှူရှင်များအားအထူးပင်ကျေးဇူးတင်လေးစားအပ်ပါသည်။

05/01/2026
04/01/2026

ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၄

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တိုင်းစစ်ဘက်ရေးရာ တာဝန်ခံ ရဲဘော်သစ္စာက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်ရှိ အလယ်ကုန်းရဲစခန်းတွင် အင်အား ၁၀၀ ကျော်ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး ရဲဘော်များက ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄ ဦးသေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲစခန်းအတွင်းရှိ အဆောက်အဦးများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

"အလယ်ကုန်းရဲစခန်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ ဟုတ်ပါတယ်။ ကျနော်တို့ ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ။ အဲရဲစခန်းမှာက စစ်ခွေး အင်အား ၁၀၀ ကျော်လောက်တပ်စွဲထားတာ ကျနော်တို့ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း စစ်ခွေး ၄ ကောင်သေပြီး ၅ ကောင် ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်" ဟု သာယာဝတီခရိုင် တိုင်းစစ်ဘက်ရေးရာ တာဝန်ခံ ရဲဘော်သစ္စာက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗျူဟာ ၂၂ ကွပ်ကဲမှု အောက်တွင်ရှိသော သာယာဝတီခရိုင်ပကဖ Spring Bees U-A-V ဒရုန်းတပ်ဖွဲ့က ဦးဆောင်ခဲ့ပြီး ဇီးကုန်း ပကဖ၊ သာယာဝတီခရိုင်ပကဖတိုက်ခိုက်ရေးအမှတ် ၁ တပ်ခွဲ ၃ မိုးညို ပကဖ၊ ၃၈၀၁ တပ်ရင်း တပ်ခွဲ ၁ နှင့်တပ်ခွဲ ၅၊ ၃၈၀၂ တပ်ရင်း တပ်ရင်း လက်အောက်ခံ BTZM တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-KNLA နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ရေး ဒရုန်း ၁ စီး။ (ပုံအဟောင်းကို အသုံးပြုထားပါ သည်။)

ယခုလိုရဲဘော်ရဲဘက်ညီနောင်စိတ်အပြည့်ဖြင့်ကူညီထောက်ပံ့ပေးပါသော ဆရာBIO အားအထူးပင်ကျေးဇူးတင်လေးစားအပ်ပါသည်။
27/12/2025

ယခုလိုရဲဘော်ရဲဘက်ညီနောင်စိတ်အပြည့်ဖြင့်ကူညီထောက်ပံ့ပေးပါသော ဆရာBIO အားအထူးပင်ကျေးဇူးတင်လေးစားအပ်ပါသည်။

လေးစားရပါသော တပ်ရင်း_3802 တပ်ရင်းမှူး ဗိုလ်ဘကမှ ရဲဘော်ရဲဘက်ညီနောင်စိတ်အပြည့်ဖြင့်ကျွန်တော်တို့ သာယာဝတီခရိုင် အမှတ်(၁)ပကဖ...
27/12/2025

လေးစားရပါသော တပ်ရင်း_3802 တပ်ရင်းမှူး ဗိုလ်ဘကမှ ရဲဘော်ရဲဘက်ညီနောင်စိတ်အပြည့်ဖြင့်ကျွန်တော်တို့ သာယာဝတီခရိုင် အမှတ်(၁)ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့၊တပ်ခွဲ(၃)အတွက်လိုအပ်ချက်များကိုကူညီထောက်ပံ့ပေးသည့်အတွက်အထူးပင်လေးစားအပ်ပါသည်။

သာယာဝတီခရိုင်အမှတ်(၁)ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့ တပ်ခွဲ(၃)မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲသတင်းထုတ်ပြန်ချက်
16/12/2025

သာယာဝတီခရိုင်အမှတ်(၁)ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့ တပ်ခွဲ(၃)မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲသတင်းထုတ်ပြန်ချက်

ကမ္ဘာ့နေရာအသီးသီးမှာရှိကြတဲ့တော်လှန်ရေးထောက်ပို့ညီကိုမောင်နှမများအားလုံးကိုအထူးပင်ကျေးဇူးတင်ပါသည်။အရေးတော်ပုံ  အောင်ရမည်
11/12/2025

ကမ္ဘာ့နေရာအသီးသီးမှာရှိကြတဲ့တော်လှန်ရေးထောက်ပို့ညီကိုမောင်နှမများအားလုံးကိုအထူးပင်ကျေးဇူးတင်ပါသည်။
အရေးတော်ပုံ အောင်ရမည်

ယခုလိုလှူဒါန်ပေးပါသောအလှူရှင်များအားအထူးပင်ကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည်။
10/12/2025

ယခုလိုလှူဒါန်ပေးပါသောအလှူရှင်များအားအထူးပင်ကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည်။

28/04/2025
{English and Thai below}“နိုင်ငံတကာအသိုင်းအဝိုင်းကို ခွေးတိုးပေါက်ကနေ ဝင်ဖို့ ကြိုးပမ်းနေတဲ့ မအလကို မောင်းထုတ်ကြစို့”အာဏ...
03/04/2025

{English and Thai below}

“နိုင်ငံတကာအသိုင်းအဝိုင်းကို ခွေးတိုးပေါက်ကနေ ဝင်ဖို့ ကြိုးပမ်းနေတဲ့ မအလကို မောင်းထုတ်ကြစို့”

အာဏာသိမ်းခေါင်းဆောင် မအလဟာ ထိုင်းနိုင်ငံမှာ ဧပြီလ (၃) ရက်နေ့ကနေ (၅) ရက်နေ့ထိ လုပ်မယ့် ဘင်းစတက် (BIMSTEC) အစည်းအဝေးကို လူကိုယ်တိုင် တက်ဖို့ရှိမယ်လို့ သိရပါတယ်။ အခု သူ ထိုင်းကို ရောက်နေပြီလို့ သိရပါတယ်။

ထိုင်းနိုင်ငံသား တက်ကြွလှုပ်ရှားသူ ညီနောင်ရဲဘော်ရဲဘက်များနဲ့ ထိုင်းရောက် ရွှေမြန်မာတို့ခင်ဗျား-

နိုင်ငံတကာအသိုင်းအဝိုင်းကို ခွေးတိုးပေါက်ကနေ ဝင်ဖို့ကြိုးပမ်းနေတဲ့ မအလကို မောင်းထုတ်လိုက်ကြဦးစို့ဗျိုး။

{ Thai Version }

แน่นอน นี่คือคำแปลเป็นภาษาไทย:

"ขับไล่มิน อ่อง หล่าย ผู้ซึ่งพยายามลักลอบเข้าสู่ประชาคมระหว่างประเทศทางประตูหลัง!"

มีรายงานว่าผู้นำรัฐประหาร มิน อ่อง หล่าย มีกำหนดการเข้าร่วมการประชุมสุดยอด BIMSTEC ซึ่งจะจัดขึ้นที่ประเทศไทยระหว่างวันที่ 3 ถึง 5 เมษายนเป็นการส่วนตัว นอกจากนี้ยังมีรายงานว่าเขาได้เดินทางมาถึงประเทศไทยแล้ว

ถึงพี่น้องนักกิจกรรมชาวไทย และพี่น้องชาวพม่าในประเทศไทย—

พวกเรามาประท้วงและขับไล่มิน อ่อง หล่าย ที่พยายามแทรกซึมเข้าสู่ประชาคมระหว่างประเทศทางประตูหลังกันเถอะ พวกเราสามารถแสดงการต่อต้านได้โดยการหยุดงานหนึ่งวัน หรือสวมใส่เสื้อผ้าสีดำเพื่อเป็นการแสดงออกเชิงสัญลักษณ์

{English Version }

"Let’s Drive Out Min Aung Hlaing, Who Is Trying to Sneak into the International Community Through the Back Door!"

It has been reported that the coup leader, Min Aung Hlaing, is set to personally attend the BIMSTEC summit, which will be held in Thailand from April 3 to 5. Reports also indicate that he has already arrived in Thailand.

To our Thai activist brothers and sisters, as well as our fellow Myanmar nationals in Thailand—

Let’s protest and drive out Min Aung Hlaing, who is attempting to infiltrate the international community through the back door. We can express our opposition by staging a one-day work stoppage or wearing something black as a sign of protest.









Address

Monyo

Alerts

Be the first to know and let us send you an email when မိုးညိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share