ဝေဖန်ရေး လေကန်ရေး

ဝေဖန်ရေး လေကန်ရေး ကဏ္ဍပေါင်းစုံ ဆွေးနွေးကြမယ် ဝေဖန်ကြမယ်

၂၀၂၀ ရွေးကောက်ပွဲရလဒ်~~~~~■ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ နိုဝင်ဘာ ၁၂ ရက် ည ၈ နာရီအထိ ထုတ်ပြန်ချက်တွေအရ ၂၀၂၀ ရွေးက...
12/11/2020

၂၀၂၀ ရွေးကောက်ပွဲရလဒ်
~~~~~
■ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ နိုဝင်ဘာ ၁၂ ရက် ည ၈ နာရီအထိ ထုတ်ပြန်ချက်တွေအရ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်မှာ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၂၀၈ နေရာ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ၁၈ နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်က ၁၂ နေရာ၊ ရခိုင်အမျိုးသားပါတီက ၄ နေရာ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက ၂ နေရာ၊ မွန်ညီညွတ်ရေးပါတီက ၂ နေရာ၊ ကချင်ပြည်နယ်ပြည်သူ့ ပါတီက ၁ နေရာ၊ ရခိုင့်ဦးဆောင်ပါတီက ၁ နေရာ၊ 'ဝ' အမျိုးသားပါတီ ၁ နေရာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ၁ နေရာ၊ တအာင်း (ပလောင်) အမျိုးသားပါတီက ၁ နေရာ အနိုင်ရရှိထားပါတယ်။

အမျိုးသားလွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၁၁ နေရာ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၅ နေရာ၊ ရခိုင်အမျိုးသား ပါတီက ၄ နေရာ၊ မွန်ညီညွတ်ရေးပါတီက ၃ နေရာ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက ၃ နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်က ၁ နေရာ၊ တအာင်း (ပလောင်) အမျိုးသားပါတီက ၁ နေရာ အနိုင်ရရှိထားပါတယ်။

NLD ပါတီရဲ့ ထုတ်ပြန်ချက်အရတော့ NLD ပါတီက ပြည်သူ့လွှတ်တော်မှာ ၂၅၈ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၁၃၉ နေရာ အနိုင်ရရှိပြီလို့ NLD 2020 Election Dashboard စာမျက်နှာမှာ ဖော်ပြထားပါတယ်။
https:/www.rfa.org/burmese/news/2020-election-result-update-11092020123956.html

ရခိုင်မှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးဖို့ AA ရဲ့သဘောထားကို တပ်မတော်ကြိုဆို~~~~~~~~~~~~~~~~~~ရခိုင်ပြည်နယ်က ရွေးကောက်ပွ...
12/11/2020

ရခိုင်မှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးဖို့ AA ရဲ့သဘောထားကို တပ်မတော်ကြိုဆို
~~~~~~~~~~~~~~~~~~
ရခိုင်ပြည်နယ်က ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ မြို့နယ်တွေမှာ လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးဖို့ အစိုးရနဲ့ တပ်မတော်ကို ရက္ခိုင့်တပ်တော် AA က ဒီနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။

“ဒီလို ထုတ်ပြန်ရတဲ့အဓိကအချက်ကတော့ ပြည်သူလူထုရဲ့ အသံ၊ ပြည်သူလူထုရဲ့မဲပေးပိုင်ခွင့်တွေ မဆုံးရှုံးရအောင် ကျနော်တို့က သဘောထားအမှန်နဲ့တိုက်တွန်းရတာဖြစ်တယ်။ နောက်တချက် ကတော့ နိုင်ငံရေးအခင်းအကျင်းပေါ့နော်၊ ဒီမိုကရေစီအခင်းအကျင်းတွေမရှိတော့ဘူးဆိုရင် အခြေ အနေတွေ ကပိုပြီးတော့ဆိုးဝါးသွားနိုင်တာပေါ့။ ဒါကြောင့် ဒီထက်ပြင်းတဲ့စစ်ပွဲတွေကို ရှောင်ရှားနိုင်ဖို့၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာရေးကအခရာကျတာပေါ့။ ဒါကြောင့်ထုတ်ပြန်တာ။ ရွေးကောက်ပွဲလုပ်မယ် ဆိုရင် ကျနော်တို့ဘက်ကပူးပေါင်းဆောင်ရွက်သွားဖို့ရှိတယ်” လို့ AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက ပြောပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ ရခိုင်ပြည်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကိုရပ်ပြီး၊ တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ အပစ်အခတ်ရပ်စဲရေးကိုကြေညာကာ ကြားဖြတ်ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပနိုင်ရေးအတွက် NLD အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်သင့်သလို၊ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် AA အနေနဲ့ သင့်တော်သလို ပံ့ပိုးကူညီမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက AA အဖွဲ့ရဲ့ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်းပြောပါတယ်။

“ကျနော်တို့သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပ နိုင်ရေး တပ်မတော်အနေနဲ့ လိုလားတယ်ဆိုတာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မကြာခဏ ပြောခဲ့တယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့က မဲပေးခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိရေး လိုလားတယ်ဆိုတာလည်း မကြာခဏ ပြောခဲ့တယ်။ ဒါကြောင့်မို့လို့ AA ထုတ်ပြန် ချက်ကို ကြိုဆိုတယ်၊ လက်ခံတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်မှာရှိတဲ့ မကျင်းပသေးတဲ့ မိုင်းကိုင်နယ်မြေမှာ လည်း ကြားဖြတ် ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက် သွားဖို့ တိုက်တွန်းတဲ့ ကြေညာချက်လည်း ကျနော်တို့ ထုတ်မယ်”

အခုလို AA အဖွဲ့က ကြားဖြတ်ရွေးကောက်ပွဲတိုက်တွန်းချက်နဲ့ပတ်သက်လို့ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ “ကျန်တဲ့နေရာတွေမှာ အမြန်ဆုံးကျင်းပနိုင်ဖို့ အတွက် ညှိနှိုင်းဆွေးနွေးမှုတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ စာနဲ့ အကြောင်းပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ကကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်မြောက်ပိုင်းက မြို့ နယ် ၉ မြို့နယ်နဲ့ အခြားမြို့နယ်တွေက ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၁၀၀ ကျော်တို့မှာ ရွေးကောက်ပွဲ မကျင်းပခဲ့ပါဘူး။ ဒါကြောင့် ပြည်သူ့လွှတ်တော် ၉ နေရာနဲ့ အမျိုးသားလွှတ်တော် ၇ နေရာနဲ့ ပြည်နယ်လွှတ်တော်နေရာ ၂၀ ဆုံးရှုံးခဲ့ရသလို ရခိုင်ပြည်နယ်တစ်ခုလုံးမှာ မဲပေးခွင့်ရှိသူ ၁၆ သိန်းကျော်အနက် ဆယ့်နှစ်သိန်းကျော် မဲပေးခွင့်ဆုံးရှုံးခဲ့ရပါတယ်။

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးကတော့ လတ်တလောမှာ ရွေးကောက်ပွဲ မကျင်းပသင့်သေးဘူးလို့ ယူဆပါတယ်။

“လုံခြုံရေးသဘောတရားအရ လုံခြုံရေးဆိုင်ရာအချက်အလက်တွေအရသော်လည်းကောင်း တခြား သော အဖွဲ့အစည်းတွေရဲ့ မှတ်ချက်ကြောင့်သော်လည်းကောင်း အဓိက UEC က မကျင်းပဘူးလို့ ဆုံးဖြတ်ထားပြီးသားဖြစ်လို့ အခုချိန်မှာ ပြန်ကျင်းပမယ်ဆိုရင် မဲနဲ့ပတ်သက်ပြီး မဲစာရင်းတွေ မှန်မှန် ကန်ကန် ရှိပါ့မလား အဲဒီနေရာကလူတွေရော တကယ် ရှိတာရော ဟုတ်ပါ့မလား။ ဆိုလိုတာက ဒွိဟနဲ့ သံသယပွားစရာတွေ ဖြစ်လာမယ်၊ ကျင်းပလိုက်တော့မှ နည်းနည်းလေး အေးချမ်းနေတဲ့ အနေအထား ကနေ ရှုပ်ထွေးသွားတဲ့ အနေအထားမျိုး ဖြစ်သွားနိုင်တယ်။ မကျင်းပဘူးဆိုရင်တောင်မှ အထွေထွေ ရွေးကောက်ပွဲမှာ တချို့သော ကိုယ်စားလှယ်တွေ ၀င်ပြီးအရွေးမခံလိုက်ရတာမျိုးပဲ ရှိမယ်။ တခုတော့ ရှိတာပေါ့၊ တဘက်က တွေးရင်တော့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးဆုံးရှုံးသွားတာမျိုး ရှိနိုင်ပေမယ့် ကျင်းပလိုက်ကာမှ ဒီ့ထက်ပိုဆိုးသွားတဲ့ အခြေအနေမျိုး ဦးတည်သွားမယ်ဆိုရင် မကျင်းပတာက လက်ရှိအခြေအနေမှာ ပိုပြီး ခံသာမယ်လို့ သုံးသပ်ပါတယ်”

နိုင်ငံရေး လေ့လာသူ ဦးမောင်မောင်စိုးကတော့ ဒီထုတ်ပြန်ချက်ဟာ အေအေ အဖွဲ့နဲ့ ဆွေးနွေးဖို့ လမ်းစတစ်ခုဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“အဓိကကတော့ ရခိုင်ပြည်နယ် လွှတ်တော်ဥပဒေ ဘောင်ကျယ်လာမှာပေါ့ဗျာ။ ဒါကပထမအချက်ပေါ့။ ဒုတိယအချက်အနေနဲ့ အေအေ နဲ့ဆွေးနွေးရေး လမ်းပွင့်သွားလိမ့်မယ်လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါကနှစ်ဘက် စလုံးအတွက် မျှတတဲ့ ထွက်ပေါက်တစ်ခုကို ရှာကြမယ်လို့ထင်ပါတယ်”

ရခိုင်အမျိုးသားပါတီ(ANP)ရဲ့ ပြောရေးဆိုခွင့်ရှိသူ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်ကတော့ လက်ရှိမှာ ကပ်ရောဂါကာလကိုဖြတ်သန်းနေရဆဲဖြစ်လို့ အချိန်တိုတိုအတွင်းမှာ ရွေးကောက်ပွဲကျင်းပ ဖို့ ခက်ခဲနိုင်တယ်လို့ ကောက်ချက်ချပါတယ်။

“ရွေးကောက်ပွဲတစ်ရပ်ဟာ အခုပဲပြီးသွားတယ်။ တစ်လခြားမှာ နောက်ရွေးကောက်ပွဲတစ်ခုအတွက် လုပ်ကြပါတော့ဆိုတာမျိုးနဲ့ကော ဒီလောက်အခင်းအကျင်းကြီးတစ်ခုကို ဆောင်ရွက်လို့ရမလား။ ပြီးရင် ကိုဗစ်အဟန့်အတားတွေကြောင့်လည်း မဲဆွယ်စည်းရုံးခြင်းဆိုင်ရာတွေမှာ တော်တော်လေးကို အဟန့်အတား အခက်အခဲတွေဖြစ်ခဲ့တာရှိတယ်။ အခုလည်းကိုဗစ် တတိယလှိုင်းဆိုတာကြီးနဲ့ ကြုံတွေ့နေရပြီ။ ဆိုတော့ ဆောင်ရွက်ပေးမယ့်ဘက်ကတော့ ဘာပြောလာမလဲဆိုတာကို နားထောင်ရမယ်”

AA ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအောင်နိုင်ရေးကော်မတီ ပြောခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့ ရွေးကောက်ပွဲကျင်းပမယ့်ကိစ္စဟာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကသာ ဆုံးဖြတ်ရမယ့်ကိစ္စသာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပဲ ဆုံးဖြတ်ပါလိမ့်မယ်။ ကြားဖြတ်ရွေးကောက်ပွဲက ဘယ်လောက် အကြာမှာ ကျင်းပရမယ်ဆိုတာ ဥပဒေမှာ ရှိပြီးသားပါ။ ဥပဒေအတိုင်း သွားရလိမ့်မယ် ထင်ပါတယ်။ ရွေးကောက်ပွဲဖြစ်ရုံလေးထက် ထာဝရငြိမ်းချမ်းရေးအတွက် ပိုပြီးဦးတည်စေချင်ပါတယ်။ အထူးသဖြင့် ဖမ်းဆီးထားတဲ့ NLD ပါတီကိုယ်စားလှယ်တွေကို မလွှတ်ဘဲ မိမိတို့နဲ့ လူမျိုးချင်းတူတဲ့ လူတွေ အနိုင်ရဖို့ သပ်သပ်ပဲ လုပ်တယ်ဆိုရင် ဒီရွေးကောက်ပွဲကျင်းပချင်တဲ့စိတ်က မျှတမှုရှိပါ့ရဲ့လား ဆိုတာ ကျနော်တို့က သံသယရှိပါတယ်။”

ရွေးကောက်ပွဲမတိုင်ခင် အောက်တိုဘာလ ၁၄ ရက်နေ့က တောင်ကုတ်မြို့နယ်က NLD ပါတီ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင် မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်နဲ့ ဒေါ်ချစ်ချစ်ချော တို့ကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးထားပြီး သူတို့ကို ဘယ်နေ့မှာ ပြန်လွှတ်မယ် ဆိုတာနဲ့ပတ်သက်လို့ AA ဘက်က တစုံတရာ ပြောဆိုတာမရှိသေးပါဘူး။

နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်က မြို့နယ် ၉ခုအပြင် ရှမ်းပြည်နယ်က ၆ မြို့နယ် စုစုပေါင်း မဲဆန္ဒနယ် ၁၅ ခုမှာ ရွေးကောက်ပွဲ မကျင်းပခဲ့ပါဘူး။ အဲဒီနယ်တွေက မဲဆန္ဒရှင် ၁ ဒဿမ ၃သန်းကျော် မဲပေးခွင့်ဆုံးရှုံးခဲ့တာပါ။ ဒါဟာ အရင်အထွေထွေရွေးကောက်ပွဲတွေထက် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်ပိုများပြီး စံချိန်တင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီလအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပစ်ခတ်မှုတချို့ ရှိပေမယ့် AA နဲ့ တပ်မတော်တို့ကြား အကြီးအကျယ် ရင်ဆိုင်တိုက်ခိုက်မှုမရှိဘူးလို့ သိရပါတယ်။
- Unicode
~~~~~
ရခိုင်မှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးဖို့ AA ရဲ့သဘောထားကို တပ်မတော်ကြိုဆို
~~~~~~~~~~~~~~~~~~
ရခိုင်ပြည်နယ်က ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ မြို့နယ်တွေမှာ လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးဖို့ အစိုးရနဲ့ တပ်မတော်ကို ရက္ခိုင့်တပ်တော် AA က ဒီနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။

“ဒီလို ထုတ်ပြန်ရတဲ့အဓိကအချက်ကတော့ ပြည်သူလူထုရဲ့ အသံ၊ ပြည်သူလူထုရဲ့မဲပေးပိုင်ခွင့်တွေ မဆုံးရှုံးရအောင် ကျနော်တို့က သဘောထားအမှန်နဲ့တိုက်တွန်းရတာဖြစ်တယ်။ နောက်တချက် ကတော့ နိုင်ငံရေးအခင်းအကျင်းပေါ့နော်၊ ဒီမိုကရေစီအခင်းအကျင်းတွေမရှိတော့ဘူးဆိုရင် အခြေ အနေတွေ ကပိုပြီးတော့ဆိုးဝါးသွားနိုင်တာပေါ့။ ဒါကြောင့် ဒီထက်ပြင်းတဲ့စစ်ပွဲတွေကို ရှောင်ရှားနိုင်ဖို့၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာရေးကအခရာကျတာပေါ့။ ဒါကြောင့်ထုတ်ပြန်တာ။ ရွေးကောက်ပွဲလုပ်မယ် ဆိုရင် ကျနော်တို့ဘက်ကပူးပေါင်းဆောင်ရွက်သွားဖို့ရှိတယ်” လို့ AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက ပြောပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ ရခိုင်ပြည်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကိုရပ်ပြီး၊ တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ အပစ်အခတ်ရပ်စဲရေးကိုကြေညာကာ ကြားဖြတ်ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပနိုင်ရေးအတွက် NLD အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်သင့်သလို၊ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် AA အနေနဲ့ သင့်တော်သလို ပံ့ပိုးကူညီမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက AA အဖွဲ့ရဲ့ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်းပြောပါတယ်။

“ကျနော်တို့သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပ နိုင်ရေး တပ်မတော်အနေနဲ့ လိုလားတယ်ဆိုတာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မကြာခဏ ပြောခဲ့တယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့က မဲပေးခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိရေး လိုလားတယ်ဆိုတာလည်း မကြာခဏ ပြောခဲ့တယ်။ ဒါကြောင့်မို့လို့ AA ထုတ်ပြန် ချက်ကို ကြိုဆိုတယ်၊ လက်ခံတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်မှာရှိတဲ့ မကျင်းပသေးတဲ့ မိုင်းကိုင်နယ်မြေမှာ လည်း ကြားဖြတ် ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက် သွားဖို့ တိုက်တွန်းတဲ့ ကြေညာချက်လည်း ကျနော်တို့ ထုတ်မယ်”

အခုလို AA အဖွဲ့က ကြားဖြတ်ရွေးကောက်ပွဲတိုက်တွန်းချက်နဲ့ပတ်သက်လို့ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ “ကျန်တဲ့နေရာတွေမှာ အမြန်ဆုံးကျင်းပနိုင်ဖို့ အတွက် ညှိနှိုင်းဆွေးနွေးမှုတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ စာနဲ့ အကြောင်းပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ကကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်မြောက်ပိုင်းက မြို့ နယ် ၉ မြို့နယ်နဲ့ အခြားမြို့နယ်တွေက ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၁၀၀ ကျော်တို့မှာ ရွေးကောက်ပွဲ မကျင်းပခဲ့ပါဘူး။ ဒါကြောင့် ပြည်သူ့လွှတ်တော် ၉ နေရာနဲ့ အမျိုးသားလွှတ်တော် ၇ နေရာနဲ့ ပြည်နယ်လွှတ်တော်နေရာ ၂၀ ဆုံးရှုံးခဲ့ရသလို ရခိုင်ပြည်နယ်တစ်ခုလုံးမှာ မဲပေးခွင့်ရှိသူ ၁၆ သိန်းကျော်အနက် ဆယ့်နှစ်သိန်းကျော် မဲပေးခွင့်ဆုံးရှုံးခဲ့ရပါတယ်။

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးကတော့ လတ်တလောမှာ ရွေးကောက်ပွဲ မကျင်းပသင့်သေးဘူးလို့ ယူဆပါတယ်။

“လုံခြုံရေးသဘောတရားအရ လုံခြုံရေးဆိုင်ရာအချက်အလက်တွေအရသော်လည်းကောင်း တခြား သော အဖွဲ့အစည်းတွေရဲ့ မှတ်ချက်ကြောင့်သော်လည်းကောင်း အဓိက UEC က မကျင်းပဘူးလို့ ဆုံးဖြတ်ထားပြီးသားဖြစ်လို့ အခုချိန်မှာ ပြန်ကျင်းပမယ်ဆိုရင် မဲနဲ့ပတ်သက်ပြီး မဲစာရင်းတွေ မှန်မှန် ကန်ကန် ရှိပါ့မလား အဲဒီနေရာကလူတွေရော တကယ် ရှိတာရော ဟုတ်ပါ့မလား။ ဆိုလိုတာက ဒွိဟနဲ့ သံသယပွားစရာတွေ ဖြစ်လာမယ်၊ ကျင်းပလိုက်တော့မှ နည်းနည်းလေး အေးချမ်းနေတဲ့ အနေအထား ကနေ ရှုပ်ထွေးသွားတဲ့ အနေအထားမျိုး ဖြစ်သွားနိုင်တယ်။ မကျင်းပဘူးဆိုရင်တောင်မှ အထွေထွေ ရွေးကောက်ပွဲမှာ တချို့သော ကိုယ်စားလှယ်တွေ ဝင်ပြီးအရွေးမခံလိုက်ရတာမျိုးပဲ ရှိမယ်။ တခုတော့ ရှိတာပေါ့၊ တဘက်က တွေးရင်တော့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးဆုံးရှုံးသွားတာမျိုး ရှိနိုင်ပေမယ့် ကျင်းပလိုက်ကာမှ ဒီ့ထက်ပိုဆိုးသွားတဲ့ အခြေအနေမျိုး ဦးတည်သွားမယ်ဆိုရင် မကျင်းပတာက လက်ရှိအခြေအနေမှာ ပိုပြီး ခံသာမယ်လို့ သုံးသပ်ပါတယ်”

နိုင်ငံရေး လေ့လာသူ ဦးမောင်မောင်စိုးကတော့ ဒီထုတ်ပြန်ချက်ဟာ အေအေ အဖွဲ့နဲ့ ဆွေးနွေးဖို့ လမ်းစတစ်ခုဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“အဓိကကတော့ ရခိုင်ပြည်နယ် လွှတ်တော်ဥပဒေ ဘောင်ကျယ်လာမှာပေါ့ဗျာ။ ဒါကပထမအချက်ပေါ့။ ဒုတိယအချက်အနေနဲ့ အေအေ နဲ့ဆွေးနွေးရေး လမ်းပွင့်သွားလိမ့်မယ်လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါကနှစ်ဘက် စလုံးအတွက် မျှတတဲ့ ထွက်ပေါက်တစ်ခုကို ရှာကြမယ်လို့ထင်ပါတယ်”

ရခိုင်အမျိုးသားပါတီ(ANP)ရဲ့ ပြောရေးဆိုခွင့်ရှိသူ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်ကတော့ လက်ရှိမှာ ကပ်ရောဂါကာလကိုဖြတ်သန်းနေရဆဲဖြစ်လို့ အချိန်တိုတိုအတွင်းမှာ ရွေးကောက်ပွဲကျင်းပ ဖို့ ခက်ခဲနိုင်တယ်လို့ ကောက်ချက်ချပါတယ်။

“ရွေးကောက်ပွဲတစ်ရပ်ဟာ အခုပဲပြီးသွားတယ်။ တစ်လခြားမှာ နောက်ရွေးကောက်ပွဲတစ်ခုအတွက် လုပ်ကြပါတော့ဆိုတာမျိုးနဲ့ကော ဒီလောက်အခင်းအကျင်းကြီးတစ်ခုကို ဆောင်ရွက်လို့ရမလား။ ပြီးရင် ကိုဗစ်အဟန့်အတားတွေကြောင့်လည်း မဲဆွယ်စည်းရုံးခြင်းဆိုင်ရာတွေမှာ တော်တော်လေးကို အဟန့်အတား အခက်အခဲတွေဖြစ်ခဲ့တာရှိတယ်။ အခုလည်းကိုဗစ် တတိယလှိုင်းဆိုတာကြီးနဲ့ ကြုံတွေ့နေရပြီ။ ဆိုတော့ ဆောင်ရွက်ပေးမယ့်ဘက်ကတော့ ဘာပြောလာမလဲဆိုတာကို နားထောင်ရမယ်”

AA ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအောင်နိုင်ရေးကော်မတီ ပြောခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့ ရွေးကောက်ပွဲကျင်းပမယ့်ကိစ္စဟာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကသာ ဆုံးဖြတ်ရမယ့်ကိစ္စသာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပဲ ဆုံးဖြတ်ပါလိမ့်မယ်။ ကြားဖြတ်ရွေးကောက်ပွဲက ဘယ်လောက် အကြာမှာ ကျင်းပရမယ်ဆိုတာ ဥပဒေမှာ ရှိပြီးသားပါ။ ဥပဒေအတိုင်း သွားရလိမ့်မယ် ထင်ပါတယ်။ ရွေးကောက်ပွဲဖြစ်ရုံလေးထက် ထာဝရငြိမ်းချမ်းရေးအတွက် ပိုပြီးဦးတည်စေချင်ပါတယ်။ အထူးသဖြင့် ဖမ်းဆီးထားတဲ့ NLD ပါတီကိုယ်စားလှယ်တွေကို မလွှတ်ဘဲ မိမိတို့နဲ့ လူမျိုးချင်းတူတဲ့ လူတွေ အနိုင်ရဖို့ သပ်သပ်ပဲ လုပ်တယ်ဆိုရင် ဒီရွေးကောက်ပွဲကျင်းပချင်တဲ့စိတ်က မျှတမှုရှိပါ့ရဲ့လား ဆိုတာ ကျနော်တို့က သံသယရှိပါတယ်။”

ရွေးကောက်ပွဲမတိုင်ခင် အောက်တိုဘာလ ၁၄ ရက်နေ့က တောင်ကုတ်မြို့နယ်က NLD ပါတီ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင် မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်နဲ့ ဒေါ်ချစ်ချစ်ချော တို့ကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးထားပြီး သူတို့ကို ဘယ်နေ့မှာ ပြန်လွှတ်မယ် ဆိုတာနဲ့ပတ်သက်လို့ AA ဘက်က တစုံတရာ ပြောဆိုတာမရှိသေးပါဘူး။

နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်က မြို့နယ် ၉ခုအပြင် ရှမ်းပြည်နယ်က ၆ မြို့နယ် စုစုပေါင်း မဲဆန္ဒနယ် ၁၅ ခုမှာ ရွေးကောက်ပွဲ မကျင်းပခဲ့ပါဘူး။ အဲဒီနယ်တွေက မဲဆန္ဒရှင် ၁ ဒဿမ ၃သန်းကျော် မဲပေးခွင့်ဆုံးရှုံးခဲ့တာပါ။ ဒါဟာ အရင်အထွေထွေရွေးကောက်ပွဲတွေထက် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်ပိုများပြီး စံချိန်တင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီလအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပစ်ခတ်မှုတချို့ ရှိပေမယ့် AA နဲ့ တပ်မတော်တို့ကြား အကြီးအကျယ် ရင်ဆိုင်တိုက်ခိုက်မှုမရှိဘူးလို့ သိရပါတယ်။
- Zawgyi
ရခိုင်ပြည်နယ်က ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ မြို့နယ်တွေမှာ လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့မတိုင်မီ ကြားဖြတ်ရ....

10/11/2020

ရွေးကောက်ပွဲကော်မရှင်မှပြည်သူ့လွှတ်တော် ၇ နေရာနှင့် အမျိုးသားလွှတ်တော် ၅နေရာ ရွေးကောက်တင် မြှောက်ခံရ သူများအမည်စာရင်း ထုတ်ပြန် ကြေညာ(ရုပ်သံ)

ရွေးကောက်ပွဲကော်မရှင်မှ မြန်မာနိုင်ငံတဝန်း ရွေးကောက်တင်မြှောက်ခံရသူအမည်စာရင်း ကို ယနေ့ နိုဝင်ဘာ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ မှာ ပြန်လည်ကြေညာနေပြီဖြစ်ပါတယ်။

{Zawgyi}

ရွေးကောက်ပွဲကော်မရှင်မှပြည်သူ့လွှတ်တော် ၇ နေရာနှင့် အမျိုးသားလွှတ်တော် ၅နေရာ ရွေးကောက်တင် မြှောက်ခံရ သူများအမည်စာရင်း ထုတ်ပြန် ကြေညာ(ရုပ်သံ)

ရွေးကောက်ပွဲကော်မရှင်မှ မြန်မာနိုင်ငံတဝန်း ရွေးကောက်တင်မြှောက်ခံရသူအမည်စာရင်း ကို ယနေ့ နိုဝင်ဘာ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ မှာ ပြန်လည်ကြေညာနေပြီဖြစ်ပါတယ်။ See less

၂၀၁၅ ရွေးကောက်ပွဲတွင် ဘောလခဲမြို့နယ်မှ တစ်သီးပုဂ္ဂလကိုယ်စားပြုအနိုင်ရခဲ့သည့် သမ္မတရုံးဝန်ကြီး ဟောင်းဦးစိုးသိန်းသည် ယခု ...
10/11/2020

၂၀၁၅ ရွေးကောက်ပွဲတွင် ဘောလခဲမြို့နယ်မှ တစ်သီးပုဂ္ဂလကိုယ်စားပြုအနိုင်ရခဲ့သည့် သမ္မတရုံးဝန်ကြီး ဟောင်းဦးစိုးသိန်းသည် ယခု ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ပြိုင်ဘက် အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းကိုထပ်မံအနိုင်ရရှိခဲ့ပါသည်။

(မှတ်ချက်- ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm)

Maynmar Now You Tube Channel
https://youtu.be/Il0Mo7wdAvE
တွင် full HD quality ဖြင့်ကြည့်ရှုနိုင်သည်။

သတင်းနှင့်ရိုက်ကူး - ကေဇွန်နွေး/Myanmar Now

ကယားပြည်နယ်တွင် အမျိုးသားနှင့် ပြည်သူ့လွှတ်တော်နှစ်ရပ်ပေါင်း မဲဆန္ဒနယ် ၁၉ နေရာအနက် NLD က ၁၁ နေရာ၊ ကယားပြည်နယ်ဒီမိုကရက်တစ...
10/11/2020

ကယားပြည်နယ်တွင် အမျိုးသားနှင့် ပြည်သူ့လွှတ်တော်နှစ်ရပ်ပေါင်း မဲဆန္ဒနယ် ၁၉ နေရာအနက် NLD က ၁၁ နေရာ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) က ၅ နေရာနှင့် ပြည်ခိုင်ဖြိုးက ၃ နေရာ အနိုင်ရခဲ့သည်

(မှတ်ချက် - ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm)
https://l.facebook.com/l.php?u=https%3A%2F%2Fwww.myanmar-now.org%2Fmm%2Fnews%2F4996%3Ffbclid%3DIwAR3NlvEsg0egfUpFVsqNX7fOz-ScQGm3xah9OpEfXVZYf1ed8IesSbnfD2I&h=AT3bANndSooPjMElfKiHCaMKQqElFxjEYuHC-BEYeTNViThEMvxBYEzlVE97WD3CGG82E6sLG0jkHJZQlNHEYn85G-Mh2XnW8gTJFP21bKHQFMiHMnvlBdvi2qd7YzHoNPQKo3rYmKLVEMzrR8NtryiuGE85tbQ2_W-pJE0hmWPcx_Pavqy5RMIjJbPLyA4hJTCBF_FiTZm9t2b0AF3QXWV9jEkU_nkecPETmCV3Fe2ijOnCcegkt2D2skr7HIqZd9R9Pasd6mhtZvL_waoWw8NOvody4uM7FW_9vF2Of9t5XgrAygHRskZiFlf73EuO5dz7vIKiUk4n_Y6RlSWI039NG1uhEDn8EX_7cseZm--CVgKhWHjeqqoOp4314SC16xp1vWLkF_M7ZaMXp-63hFbskrnLgKCQS4sZElnH-tTqfIZSUrxRflQ-0xPszjOac4GC4yfWPzlAwr55k0OB_ERn2_p0s-4k8w_oY3hAzlr_L7AbLhrmmnr2fx7DVHofs8dFBgBvl_79KqtdanRAFMgWS7JXWgJf0ctfPpmQP4ljvCPKm30cs71UVhpPicmNShQoTdp8nwvQFEyUsYfmfepz4SwzpRcZj4GkJbAd4cX8-c5MvqbfRe64x8AFt-ORtPWQmw

ကယားပြည်နယ်တွင် အမျိုးသားနှင့် ပြည်သူ့လွှတ်တော်နှစ်ရပ်ပေါင်း မဲဆန္ဒနယ် ၁၉ နေရာအနက် NLD က ၁၁ နေရာ၊ ကယားပြည်နယ.....

(UPDATE: နိုဝင်ဘာ ၉ ည ၁၁ နာရီ ၃၀ မိနစ်)၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲ မဲရလဒ်တိုးတက်မှု အခြေအနေများကို Myanmar Now ၏ ၂ဝ၂ဝ အထွေထ...
10/11/2020

(UPDATE: နိုဝင်ဘာ ၉ ည ၁၁ နာရီ ၃၀ မိနစ်)
၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲ မဲရလဒ်တိုးတက်မှု အခြေအနေများကို Myanmar Now ၏ ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲ စာမျက်နှာတွင် အချိန်နဲ့တပြေးညီ ဖော်ပြပေးနေပါသည်။

(မှတ်ချက်- ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။)

https://myanmar-now.org/mm/2020-elections-result

မဲပေးသူတစ်ဦးက မဲတံဆိပ် UEC စာမပေါ်အောင် တံဆိပ်တုံးကို ပြောင်းပြန်လှန်သွားပဲခူးတိုင်ဒေသကြီး၊ ဝေါမြို့နယ် အေးချမ်းသာယာရပ်က...
08/11/2020

မဲပေးသူတစ်ဦးက မဲတံဆိပ် UEC စာမပေါ်အောင် တံဆိပ်တုံးကို ပြောင်းပြန်လှန်သွား

ပဲခူးတိုင်ဒေသကြီး၊ ဝေါမြို့နယ် အေးချမ်းသာယာရပ်ကွက် အ.ထ.က ကျောင်းကြီးမှာ နိုဝင်ဘာ(၈)နေ့ နံနက်အစောဆုံး မဲထည့်သူပြည်သူတစ်ဦးက UEC ပါသော
မဲတံဆိပ်တုံးရာဘာအမှတ်အသားကိုခွာပြီးပြောင်းပြန် လှည့်ကပ်သွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုလာပါတယ်။

Source - စိုးကြီး(ဝေါ)

#မဲတံဆိပ် #ဝေါမြို့နယ် #အေးချမ်းသာယာရပ်ကွက်

အသက်အရွယ်ကြီးရင့်နေပြီဖြစ်ပေမယ့် ကြိုတင်မဲအစား ရွေးကောက်ပွဲနေ့ရောက်မှ ကိုယ်တိုင်မဲလာထည့်တဲ့ ပအိုဝ်းခေါင်းဆောင် ဦးအောင်ခမ...
08/11/2020

အသက်အရွယ်ကြီးရင့်နေပြီဖြစ်ပေမယ့် ကြိုတင်မဲအစား ရွေးကောက်ပွဲနေ့ရောက်မှ ကိုယ်တိုင်မဲလာထည့်တဲ့ ပအိုဝ်းခေါင်းဆောင် ဦးအောင်ခမ်းထီ
------------ ------------- ---------------
အသက်ကြီးနေပြီဖြစ်သော်လဲ ကြိုတင်မဲမပေးဘဲ ပအိုဝ်းအမျိုးသားခေါင်းဆောင်ဖြားတန်စင်ဖြာအောင်ခမ်းထီက မဲရုံသို့ ကိုယ်တိုင်လာရောက် မဲထည့်။
နိုဝင်ဘာလ (၈)ရက်

အသက်ကြီးနေပြီဖြစ်သော်လဲ ကြိုတင်မဲမပေးဘဲ ပအိုဝ်းအမျိုးသားခေါင်းဆောင်ဖြားတန်စင်ဖြာအောင်ခမ်းထီက ဒီကနေ့ နံနက် (၉: ၃၀) နာရီတွင် တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ ထီလုံ
ရပ်ကွက်၊ မဲရုံအမှတ် (၁ ) သို့ မိဘပြည်သူနှင့်အတူ
ကိုယ်တိုင်လာရောက် မဲထည့်ခဲ့ကြောင်း သိရသည်။

နဂါ့ခွန်
#မောင်းမွူးခံ

-O National Organization

ညောင်လေးပင်မြို့နယ်တွင် NLD အနိုင်ရဟုဆို======================ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်တွင် အမျိုးသားဒီမိုက...
08/11/2020

ညောင်လေးပင်မြို့နယ်တွင် NLD အနိုင်ရဟုဆို

======================
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ သာ အနိုင်ရမည်ဟု မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက သုံးသပ်ပြောကြားသည်။

" အခုလက်ရှိ မဲရုံကတော့ အစုံတော့မရောက်သေးဘူး ဒါပေမယ့် အခုလက်ရှိရောက်သလောက်အနေအထားရယ် မလာသေးတဲ့မဲရုံတွေက တယ်လီဖုန်းဆက်သွယ်မှုအနေအထားအရရယ် NLD ပါတီအနေနဲ့ မဲရလဒ်က ညောင်လေးပင်မြို့နယ်အနေနဲ့ အပြတ်အသတ် အနိုင်ရရှိတဲ့အနေအထားမှာ ရှိပါတယ်" ဟု၎င်းကဆိုသည်။

ယခင် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် NLD ရှုံးခဲ့သည့် ကျေးရွာများ မှာပါ အနိုင်ရရှိတဲ့အနေအထားတွင်ရှိသောကြောင့် NLD ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ၌ ညောင်လေးပင်မြို့နယ်တွင် အပြတ်အသတ်အနိုင်ရရှိမည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။

ညောင်လေးပင်မြို့နယ်တွင် NLD ပါတီ ကိုယ်စားပြုအနေဖြင့် ပြည်သူ့လွှတ်တော်တွင် ဒေါက်တာမြင့်သိန်း၊ အမျိုးသားလွှတ်တော်တွင် ဒေါက်တာဝင်းမြတ်အေး၊ တိုင်းဒေသကြီးလွှတ်တော် အမှတ်(၁)တွင် ဦးအောင်နိုင်ဦး နှင့် တိုင်းဒေသကြီးလွှတ်တော်အမှတ်(၂)တွင် ဦးညီညီထွေးတို့ ဝင်ရောက် ယှဉ်ပြိုင်ထားကြပါတယ်။

ယခု နိုဝင်ဘာလ ၈ ရက် ည ၁၂ နာရီ ကျော်နေသော်လည်း ရပ်ကွက်ကျေးရွာ ၆၁ ခုက မဲရုံ ၁၅၀ လုံး အပြည့်မရောက်ရှိသေးကြောင်းသိရသည်

ကိုထွေး‌(ညောင်လေးပင်)

Myanmar at the Polls: ရန်ကုန် ဒဂုံဆိပ်ကမ်းမဲဆန္ဒရှင်များအား ပူလောင်စွာစောင့်ဆိုင်း===================ရန်ကုန် ဒဂုံဆိပ်ကမ်...
08/11/2020

Myanmar at the Polls: ရန်ကုန် ဒဂုံဆိပ်ကမ်းမဲဆန္ဒရှင်များအား ပူလောင်စွာစောင့်ဆိုင်း
===================
ရန်ကုန် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရပ်ကွက်မဲရုံတွင် မြန်မာမဲဆန္ဒရှင်များက ဆန္ဒမဲပေးရန် တန်းစီထား အချို့မဲဆန္ဒရှင်တွေဟာ နေပူပူထဲမှာ စောင့်နေရပါတယ် ၊ သူတို့ရဲ့ ခန္ဓာကိုယ်အပူချိန်ကို မြင့်တင်ဖို့ သံသယမရှိပါဘူး ၊ COVID-19 ကြိုတင်ကာကွယ်ရေးတိုင်းတာမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် စစ်ဆေးရပါမယ် ။

(ဓာတ်ပုံ - အောင်ကျော်ထက် / ဧရာဝတီ)

ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးမဲဆန္ဒနယ် တစ်ခုအဖြစ်သတ်မှတ်ခံရသည့် ပန်းဘဲတန်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းမျာ...
08/11/2020

ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးမဲဆန္ဒနယ် တစ်ခုအဖြစ်သတ်မှတ်ခံရသည့် ပန်းဘဲတန်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် ဆန္ဒမဲ ရရှိမှုအနေအထား (၅)

ပန်းဘဲတန်းမြို့နယ် ၈ရပ်ကွက် မဲရုံ ၂စုစုပေါင်း ရလဒ်)

စည်သူမောင် NLD- ၅၀၉ (၁၄၀ ကြိုတင်ပါပြီး)

အိသဉ္ဇာမောင် DPNS - ၆၄( ၁ကြိုတင်ပါပြီး

ဦးမြင့်ခိုင်USDP - ၃၇(၁၂ကြိုတင်ပါပြီး)

အာကာကျော် UBP - ၂(ကြိုတင်မရှိ)

(မှတ်ချက်၊ အထက်ပါသတင်းတွင်ဖေါ်ပြထားသည့် မဲရလဒ်များသည် ယုံကြည်စိတ်ချရသည့် သတင်းရင်းမြစ်များထံမှ Myanmar Muslim Media က စုံစမ်းဖေါ်ပြခြင်းသာဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ထုတ်ပြန်ချက်မဟုတ်ပါ။)

ကိုဗစ်ကာလဖြစ်၍ အိမ်ပြန်ကြရန် NLD ပါတီက မေတ္တာရပ်ခံခဲ့သော်လည်း ရန်ကုန်နှင့် မန္တလေးတွင် လမ်းပေါ် စုဝေးမှု ပိုများလာ၊ ညမထွ...
08/11/2020

ကိုဗစ်ကာလဖြစ်၍ အိမ်ပြန်ကြရန် NLD ပါတီက မေတ္တာရပ်ခံခဲ့သော်လည်း ရန်ကုန်နှင့် မန္တလေးတွင် လမ်းပေါ် စုဝေးမှု ပိုများလာ၊ ညမထွက်ရအမိန့် ဆက် လက် တည်ရှိနေဆဲ

ရန်ကုန်၊ နိုဝင်ဘာ ၈

ရွေးကောက်ပွဲကျင်းပခဲ့သည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ညနေ ၇ နာရီခန့်မှစတင်ကာ ရန်ကုန်နှင့် မန္တလေးတို့ရှိ NLD ရုံးများရှေ့သို့ ပါတီကို အားပေးထောက်ခံသူများ ရောက်ရှိလာမှုမှာ တစ်စထက်တစ်စ များပြားလာနေပြီး NLD ပါတီက လူစုခွဲ၍ အိမ်ပြန်ကြရန် မေတ္တာရပ်ခံချက် ချက်ချင်းထုတ်ပြန်သော်လည်း မရသည့်အခြေအနေဖြစ်ကြောင်း ယင်းနေရာများ၏ ည ၉နာရီခွဲ အခြေအနေများအရ သိရသည်။

ရန်ကုန်NLD ရုံးချုပ်ရှေ့တွင် ပါတီထောက်ခံသူ ပြည်သူအများစုသည် ပါတီအကျီများ၊ အလံများ ဝှေ့ရမ်းကာ လမ်းပေါ်တွင် လူစုလူဝေးဖြစ်စေသည်အထိ စုရုံးနေကြသည့်အပြင် ညနက်ပိုင်းတွင်မူ ကားများတွင် အလံများ လွှင့်ထူကာ သွားလာမှုများလည်း ပိုများလာသည်ကို တွေ့ရသည်။

တစ်နိုင်ငံလုံးတွင် ကိုဗစ်ကူးစက်သူဦးရေ ၆သောင်းကျော်ရှိနေသော လက်ရှိအခြေအနေတွင် ယခုကဲ့သို့ ကိုဗစ်စည်းကမ်းချက်များကို မလိုက်နာဘဲ လူများစုဝေးလုပ်ဆောင်နေကြခြင်းသည် ကိုဗစ်ကူးစက်မှု ဖြစ်ပွားနိုင်သည့်အလားအလာ များလာဖွယ်လည်း ရှိနေသည်။

ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က မဲပေးကြသည့် ပြည်သူများ၊ ရုံးချုပ်ရှေ့ကို လာကြသည့် ပြည်သူများကို ကျေးဇူးတင်ကြောင်း၊ သို့သော် ကိုဗစ်ကာလဖြစ်သဖြင့် မိမိနေအိမ်မှနေ၍ အွန်လိုင်းမှတစ်ဆင့် မဲစာရင်းများကို စောင့်စားကြည့်ရှုပေးကြရန် ယနေ့ညပိုင်းတွင် မေတ္တာရပ်ခံချက်ကို ထုတ်ပြန်ခဲ့သည်။

ကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်းတွင် ရန်ကုန်နှင့် မန္တလေးရှိ ရုံးချုပ်များရှေ့တွင် လူစုဝေးနေမှုများမှာ လျော့ကျသွားခြင်းမရှိဘဲ ရန်ကုန်တွင် လမ်းမပေါ်တွင် လူများစုဝေးနေခြင်းအပြင် ကားများဖြင့် လှည့်လည်နေခြင်း၊ မန္တလေးတွင် လမ်းမပေါ် လူစုဝေးခြင်းအပြင် ဆိုင်ကယ်များ၊ ကားများဖြင့် လှည့်လည်နေခြင်းတို့ကို လုပ်ဆောင်နေကြဆဲဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ကိုဗစ်ကပ်ရောဂါကြောင့် LED Board များထောင်၍ ထုတ်ပြန်မည်မဟုတ်သဖြင့် ရွေးကောက်ပွဲရလဒ်များကို အွန်လိုင်းမှတစ်ဆင့် ကြေညာမည်ဖြစ်၍ မိမိတို့နေအိမ်များမှနေကာ စောင့်စားကြည့်ရှုကြပါရန် NLD က ယနေ့ညတွင် မေတ္တာရပ်ခံချက်ထုတ်ပြန်ထားသည်။

ကိုဗစ်ကူးစက်မှုမြင့်တက်နေသဖြင့် ရန်ကုန်နှင့် မန္တလေးတွင် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်ထားဆဲဖြစ်သည်။

ဓာတ်ပုံ- ည ၁၀ နာရီကျော်ခန့်တွေ့ရသော ရန်ကုန်NLD ရုံးရှေ့ မြင်ကွင်း။ Photo Credit - U Hit Facebook

Address

Mogok

Website

Alerts

Be the first to know and let us send you an email when ဝေဖန်ရေး လေကန်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share