မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

  • Home
  • Myanmar
  • Minhla
  • မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပဲခူးတိုင်း)၏ သတင်းထုတ်ပြန်ရေးစာမျက်နှာဖြစ်သည်။

19/06/2026
❝ အမေစုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်ကြ ❞ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံရေးအကျဉ်းသား၊ မြန်မာစစ်အာဏာရှင်အဆက်ဆက် အကြောက်ဆုံးလူသား၊ အ...
18/06/2026

❝ အမေစုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်ကြ ❞

ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံရေးအကျဉ်းသား၊ မြန်မာစစ်အာဏာရှင်အဆက်ဆက် အကြောက်ဆုံးလူသား၊ အဖိနှိပ်ခံ ပြည်သူတရပ်လုံး လေးစားယုံကြည်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့ မကြာခင် ရောက်ပါတော့မယ်။

အမေစုအပါအဝင် နိုင်ငံရေးအကျဉ်းသားပေါင်း (၂၂၀၀၀) ကျော်ကို အဓမ္မ ချုပ်နှောင်ထားတဲ့ စစ်အုပ်စု၊ ပြည်သူလူထုကို နေ့စဉ်နဲ့အမျှ နည်းလမ်းမျိုးစုံသုံးပြီး အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်အုပ်စု၊ ပြည်သူလူထုကို အဓမ္မ ပေါ်တာဆွဲဥပဒေနဲ့ ဒုက္ခမျိုးစုံ ပေးနေတဲ့ စစ်အုပ်စု။ ဒီစစ်အုပ်စုကပဲ ရွေးကောက်ပွဲအတု လုပ်၊ လွှတ်တော်အတု ခေါ်၊ အရပ်သားအတု အစိုးရအတု ဖွဲ့ပြီး ပြည်တွင်းပြည်ပမှာ လူရာဝင်ချင်သေးသတဲ့။ လုံးလုံး အရှက်မဲ့တဲ့ ဖက်ဆစ်တွေပဲ။

လူထုခေါင်းဆောင် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အဓမ္မ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား သူရဲကောင်းများစွာရဲ့ ဝိသေသ လက္ခဏာက စစ်အာဏာရူးတွေကို “ငုံ့မခံဘဲ တုန့်ပြန်” ခဲ့ကြတာပဲ ဖြစ်ပါတယ်။ အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီလူ့ဘောင် တည်ဆောက်ရေး ယုံကြည်ချက်အပေါ်မှာ မယိမ်းမယိုင် မြဲမြံစွာ စွဲကိုင်ခဲ့သလို ပန်းနဲ့ အမြဲတွဲမြင်ရလေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာက “သံမဏိ နှင်းဆီ” လို့ ဂုဏ်ပြုညွှန်းဆိုလေ့ရှိပါတယ်။

ဒါ့ကြောင့် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး၊ တော်လှန်တိုက်ပွဲဝင် လူထုတရပ်လုံးကို ဂုဏ်ပြုညွှန်းဆိုသောအားဖြင့် လာမယ့် ဇွန်လ (၁၉) ရက်နေ့မှာ “နှင်းဆီလှုပ်ရှားမှုကြီး” ကို ပြည်လုံးကျွတ် ဝေဝေဆာဆာ ဖော်ဆောင် ဆင်နွှဲလိုက်ကြရအောင်ဗျာ။

နှင်းဆီလှုပ်ရှားမှု၊ ပန်းသပိတ်။ ဒီလူထုတိုက်ပွဲလှုပ်ရှားမှုနည်းနာကို အထူးတလည် ရှင်းပြနေစရာမလိုဘဲ ပြည်သူလူထုက နားလည်သဘောပေါက်ကြပြီးလည်း ဖြစ်ပါတယ်။ အဲ့ဒီကာလမှာ နှင်းဆီပန်းများအပါအဝင် အဆင်သင့်ရာ ပန်းများကို ပြည်သူလူထုက ဘုရားပန်းတင်မယ်။ ပန်ဆင်ကြမယ်။ အလှပန်းအိုး ထိုးမယ်။ အပြန်အလှန် ပန်းလက်ဆောင် ပေးကြမယ်။ အွန်လိုင်းပေါ် ဓာတ်ပုံတင်ကြမယ်။ မြေပြင်လူထုလှုပ်ရှားမှုတွေကိုလည်း နှင်းဆီပန်းတွေ ကိုင်ဆောင်ကာ (လုံခြုံရေး အသိ၊ သတိ အပြည့်နဲ့) ဖော်ဆောင်ကြဖို့ပါ။

အတိုချုပ်ပြောရရင်တော့ လာမယ့် ဇွန် ၁၉ အမေစုမွေးနေ့မှာ ကျနော်တို့ ပြည်တွင်းပြည်ပ ပြည်သူလူထုတရပ်လုံးအနေနဲ့ “နှင်းဆီလှုပ်ရှားမှုကြီး” မိမိတို့ အဆင်ပြေသလို ဉာဏ်ကွန့်မြူးကာ အွန်လိုင်းကော မြေပြင်မှာပါ ဉာဏ်နဲ့ယှဉ်ပြီး နည်းနာပုံစံမျိုးစုံနဲ့ ဖော်ဆောင် ဆင်နွှဲကြပါမယ်ခင်ဗျာ။

ပြည်သူလူထုရဲ့ ဒီ“နှင်းဆီလှုပ်ရှားမှုကြီး” ကနေ စစ်အုပ်စုနဲ့တကွ တကမ္ဘာလုံးကို အသိပေးလိုက်တဲ့ တောင်းဆိုဖော်ပြချက်ကြီး (၃) ချက် ရှိပါတယ်။ ဒီသုံးချက်ကတော့-

(၁) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်း လွှတ်ရန် တောင်းဆိုသည်။

(၂) အဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲဥပဒေကို ချက်ချင်း ဖျက်သိမ်းရန် တောင်းဆိုသည်။

(၃) မြန်မာပြည်၏ သမ္မတသည် ဦးဝင်းမြင့်သာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ကြောင်း ထပ်လောင်း ဖော်ပြသည်။

လက်ရှိ ကျနော်တို့ ဖော်ဆောင်နေဆဲဖြစ်တဲ့ Proof of Life လှုပ်ရှားမှုကိုလည်း ဒီနှင်းဆီလှုပ်ရှားမှုကြီးနဲ့အတူ ဆက်လက် ဖော်ဆောင်သွားကြမှာဖြစ်ပါတယ်။ Proof of Life လှုပ်ရှားမှုကတော့ အချိန်ကာလ သတ်မှတ်ချက်မရှိဘဲ လှုပ်ရှားမှုရဲ့ တောင်းဆိုချက် မရမချင်း ဆက်လက်ဆင်နွှဲသွားကြဖို့လည်း ဖြစ်ပါတယ်။ အလားတူပဲ (၈၁) နှစ်ပြည့်မွေးနေ့ဖြစ်တာနဲ့အညီ ကိန်းဂဏန်း (၈၁) ကို အစွဲပြု ဖော်ဆောင်တဲ့ လှုပ်ရှားမှုများလည်း ဉာဏ်ရှိသလို ကွန့်မြူးဖော်ဆောင်သွားကြမှာလည်း ဖြစ်ပါတယ်။

စစ်အုပ်စုအဆက်ဆက်ဟာ အာဏာသာ ရူးပြီး တိုင်းပြည်အုပ်ချုပ် အစိုးရလုပ်တဲ့ အတတ်ပညာ၊ ဉာဏ်ပညာနဲ့ စိတ်စေတနာ လုံးလုံး မရှိပါဘူး။ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ ယနေ့ မြန်မာပြည် လူမှုစီးပွါး အခြေအနေအရပ်ရပ်ဟာ အဝီစိကို ဇောက်ထိုးဆင်းနေပါပြီ။ ကုန်ဈေးနှုန်းတွေ မိုးပျံအောင် တက်နေတာက အစ၊ လူငယ်ထုကို သေလမ်းပို့တဲ့ အဓမ္မ ပေါ်တာဆွဲနေတာ အလယ်၊ အပေါဆုံးက မူးယစ်ဆေး ဖြစ်လာတာအဆုံး၊ တိုင်းပြည်မှာ အကောင်းဆိုလို့ ဘာမှမရှိတော့ပါဘူး။

ဒါတွေအားလုံးရဲ့ ပင်မလက်သည် တရားခံသည် စစ်အာဏာသိမ်းမှုနဲ့ စစ်အာဏာရှင်စနစ်ပါပဲ။ ဒီအာဏာရှင်စနစ် သက်ဆိုးရှည်နေသရွေ့ ဒီတိုင်းပြည် အနာဂတ် ဘာတခုမှ ကောင်းလာစရာ မရှိဘူးဆိုတာကလည်း အင်မတန် ထင်ရှားပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုနဲ့ စစ်အာဏာရှင်စနစ်ဟာ မြန်မာပြည်ရဲ့ အညွှန့်ထွက်စ၊ အရှိန်ရစ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်မှုလေးကို သင်းသပ်ချလိုက်တာပဲ။

အာဏာရှင်စနစ်ဟာ တပ်မတော်၊ ရဲတပ်ဖွဲ့၊ နိုင်ငံဝန်ထမ်းများနဲ့တကွ အစစ်အမှန် ပြည်ခိုင်ဖြိုးပါတီဝင်ထုအပါအဝင် တိုင်းသူပြည်သားအားလုံးအတွက် ရေတိုကော ရေရှည်မှာပါ ဘာကောင်းကျိုးမှ မပြုပါဘူး။ ဒီအာဏာရှင်စနစ်လက်အောက်မှာ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစု၊ ဒင်းတို့မိသားစု ဆွေမျိုးတစု၊ နီးစပ်ရာလူတစုပဲ ပိုပိုပြီး ကျိကျိတက် ချမ်းသာလာနေတာကို တွေ့ရမှာဖြစ်ပါတယ်။

မြန်မာပြည်သူတွေဟာ ဒင်းတို့ ဖက်ဆစ်မိစ္ဆာတွေကို “ငုံ့ခံ” ရင်းနဲ့ ရေနွေးအိုးထဲက ဖားတွေလို့ အသေမခံနိုင်ဘူး၊ အစွမ်းကုန် စုစည်းညီညွတ်ပြီး “တုန့်ပြန်” ကြမယ်ဆိုတဲ့ ဇွဲနဘဲခတ်ပြီး တော်လှန်ခရီးကြမ်းကို ဒီအထိ လျှောက်လှမ်းခဲ့ကြပါပြီ။ အခုချိန်ကတော့ ဒီသံမဏိစိတ်ဓာတ်၊ ဘာမထီစိတ်ဓာတ်ကို အမြင့်မားဆုံး လွှင့်ထူပြီး တော်လှန်တိုက်ပွဲကို အရှိန်တိုးမြှင့်ကြဖို့ လိုပြီဆိုတာကိုလည်း မီးမောင်းထိုးပြလိုပါတယ်။ ယခု ဇွန် (၁၉) နှင်းဆီလှုပ်ရှားမှုမှသည် ရှေ့လာမယ့်ကာလတွေမှာလည်း ပြည်သူလူထုအနေနဲ့ တော်လှန်တိုက်ပွဲ လူထုလှုပ်ရှားမှုတွေမှာ “တက်စုံဖွင့် ရွက်ကုန်လွှင့်” ဖော်ဆောင်ကြမယ်ဗျာ။

ဟေ့ . . . စစ်အာဏာရူးတွေ၊ ငါတို့လူထုဟာ မင်းတို့ပြုသမျှ နုရမယ့် ဘဝ မဟုတ်ဘူးဟေ့။ “ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိ နှင်းဆီတွေ” ဆိုတာကို ဒီပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှုကြီးကနေ ထပ်လောင်း သက်သေတည်လိုက်ကြပါစို့။

#၁၉ဇွန်_နှင်းဆီလှုပ်ရှားမှု

#ကြောက်ခေတ်ကို_မှောက်ပစ်





#မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

16/06/2026

အမေစုမွေးနေ့ အထိမ်းအမှတ် "နှင်းဆီလှုပ်ရှားမှု" မှာ ပါဝင်ပေးကြရန် တိုက်တွန်းခြင်း

လာမယ့် ဇွန်လ (၁၉) ရက်နေ့၊ လူထုခေါင်းဆောင် အမေစုရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှာ "နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)" ကို ပြည်လုံးကျွတ် လှုပ်ရှားကြမှာ ဖြစ်ပါတယ် ။

ပြည်တွင်း၊ ပြည်ပ၊ မြို့ပြ ၊ ကျေးလက်မရွေး ပြည်သူများ အားလုံး ပါဝင်လှုပ်ရှား ကြမှာဖြစ်ပြီး စတင်ပြင်ဆင် နှိုးဆော်မှုများလည်း စတင်နေပြီ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှုတွေ၊ အဓမ္မစစ်မှုထမ်းခိုင်းမှုတွေနဲ့ ဟန်ပြနိုင်ငံရေး ခြေလှမ်းတွေကို ပြည်သူလူထုက လုံးဝလက်မခံဘူးဆိုတာကို ဒီလှုပ်ရှားမှုကြီးနဲ့ အတူတကွ သက်သေပြကြပါစို့။



#မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

14/06/2026

လူထုခေါင်းဆောင် အမေ ဒေါ်အောင်ဆန်းစုကြည် ၏ ၈၁နှစ်မြောက် မွေးနေ့ အကြို တောင်းဆု

လူထုခေါင်းဆောင် အမေစုရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှာပြုလုပ်မယ့်"နှင်းဆီလှုပ်ရှားမှု"ကို ပူးပေါင်းပေးကြရန် အသိပေးခြင်းလာမယ့် ...
13/06/2026

လူထုခေါင်းဆောင် အမေစုရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှာပြုလုပ်မယ့်"နှင်းဆီလှုပ်ရှားမှု"ကို ပူးပေါင်းပေးကြရန် အသိပေးခြင်း

လာမယ့် ဇွန်လ (၁၉) ရက်နေ့မှာ ကျရောက်မည့် လူထုခေါင်းဆောင် အမေစုရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှာ "နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)"ကို ပြည်လုံးကျွတ် လှုပ်ရှားကြမှာ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှုတွေ၊ အဓမ္မစစ်မှုထမ်းခိုင်းမှုတွေနဲ့ ဟန်ပြနိုင်ငံရေး ခြေလှမ်းတွေကို ပြည်သူလူထုက လုံးဝလက်မခံဘူးဆိုတာကို ဒီလှုပ်ရှားမှုကြီးနဲ့ အတူတကွ သက်သေပြကြပါစို့။

လူထုရဲ့ ပြတ်သားတဲ့ သတင်းစကား (၃) ရပ်
(၁) အမေစုနှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်!
(၂) အဓမ္မစစ်မှုထမ်းဥပဒေ ချက်ချင်းဖျက်!
(၃) ဦးဝင်းမြင့်သည် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သည်!

အတူတကွ ဘယ်လို လှုပ်ရှားကြမလဲ?
ဇွန်လ (၁၉) ရက်နေ့မှာ အောက်ပါ မိမိ ဒေသနဲ့ လုံခြုံရေးအခြေအနေများအလိုက် အောက်ပါ နည်းလမ်းတစ်ခုခုနဲ့ လှုပ်ရှားကြပါမယ်။

• 🙏 ဘုရားတင်/ပန်ဆင်ပါ - နှင်းဆီပန်း (သို့မဟုတ်) ရရှိနိုင်တဲ့ အခြားပန်းတစ်မျိုးမျိုးကို ဘုရားတင်ခြင်း၊ ပန်ဆင်ခြင်း၊ အပြန်အလှန် ဝေငှခြင်းများ ပြုလုပ်ပါ။
• 📸 Online ကမ်ပိန်း - မိမိတို့ ပန်ဆင်/ကိုင်ဆောင်ထားတဲ့ ပန်းဓာတ်ပုံများကို Social Media ပေါ်တွင် တင်ပြီး အွန်လိုင်းမှ ပါဝင်ပါ။
• 🚶‍♂️ မြေပြင်လှုပ်ရှားမှု - မြေပြင်သပိတ်လှုပ်ရှားမှုများတွင် နှင်းဆီပန်းများ ကိုင်ဆောင်ပြီး ပါဝင်ပါ။

လူထု ကြွေးကြော်သံ -
“အမေစုနှင့်အတူ ဆက်လက်တိုက်ပွဲဝင်ကြ”

ဟေ့ . . . စစ်အာဏာရူးတွေ၊ ငါတို့လူထုဟာ မင်းတို့ပြုသမျှ နုရမယ့် ဘဝ မဟုတ်ဘူးဟေ့။ “ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိ နှင်းဆီတွေ” ဆိုတာကို ဒီပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှုကြီးကနေ ထပ်လောင်း သက်သေတည်လိုက်ကြပါစို့။


#မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

မင်းလှမြို့နယ်၊ လှည်းပြင်တင်အုပ်စု အုပ်ချုပ်ရေးမှူး ဝင်းဗိုလ် အား ပ-စ်-ခ-တ်-ရှ-င်း-လ-င်း
15/04/2026

မင်းလှမြို့နယ်၊ လှည်းပြင်တင်အုပ်စု အုပ်ချုပ်ရေးမှူး ဝင်းဗိုလ် အား ပ-စ်-ခ-တ်-ရှ-င်း-လ-င်း

မင်းလှမြို့နယ်၊ လှည်းပြင်တင်အုပ်စု၊ ဘုရားကွင်းရွာနေ ပျူခေါင်းဆောင် ရဲထွန်း အား ပ-စ်-ခ-တ်-ရှ-င်း-လ-င်း
16/03/2026

မင်းလှမြို့နယ်၊ လှည်းပြင်တင်အုပ်စု၊ ဘုရားကွင်းရွာနေ ပျူခေါင်းဆောင် ရဲထွန်း အား ပ-စ်-ခ-တ်-ရှ-င်း-လ-င်း

မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၏ သတင်းထုတ်ပြန်ချက် ၁/၂၀၂၆ #မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့
11/01/2026

မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၏
သတင်းထုတ်ပြန်ချက် ၁/၂၀၂၆

#မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

Address

Minhla

Alerts

Be the first to know and let us send you an email when မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share