Department of Rural Development Minbya Township

Department of Rural Development Minbya Township DRD

ဦးစီးဌာန Website တွင်သတင်းပါရှိမှု.
02/10/2023

ဦးစီးဌာန Website တွင်သတင်းပါရှိမှု.

02/10/2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မင်းပြားမြို့နယ်ကျေး.....

လုပ်အားခပေး ဖွံ့ဖြိုးရေးစီမံကိန်း (Cash For Work ) ဆောင်ရွက်မည့် ကျေးရွာများ၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွ...
01/10/2023

လုပ်အားခပေး ဖွံ့ဖြိုးရေးစီမံကိန်း (Cash For Work ) ဆောင်ရွက်မည့် ကျေးရွာများ၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်း ..................................................................

မင်းပြားမြိုနယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ရခိုင်ပြည်နယ်အတွင်းဆောင်ရွက်သော လုပ်အား ခပေးဖွံ့ဖြိုးရေးစီမံကိန်း (Cash For Work ) စီမံကိန်းကို မင်းပြားမြို့နယ်တွင် ဆောင်ရွက်သွားမည် ဖြစ်ပြီး စီမံကိန်းဆောင်ရွက်မည့် ကျေးရွာများတွင် စီမံကိန်း
မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ဖွဲ့စည်း ခြင်းများကို ကျေးရွာသူ/သားများ၏ သဘောဆန္ဒနှင့်အညီ မြို့နယ်ဦးစီးမှူး၊ ဦးမောင်မောင်သိန်းနှင့် တာဝန်ခံဝန်ထမ်းများ ကွင်းဆင်းဖွဲ့စည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မင်းပြားမြို့နယ်၌ လျှပ်စစ်ဝါယာရိန်းသင်တန်းဖွင့်လှစ် သင်ကြားပို့ချလျှက်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  မင...
26/09/2023

မင်းပြားမြို့နယ်၌ လျှပ်စစ်ဝါယာရိန်းသင်တန်းဖွင့်လှစ် သင်ကြားပို့ချလျှက်ရှိ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မင်းပြားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိပြီး မိသားစု ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု (လျှပ်စစ်ဝါယာရိန်း) သင်တန်းကို ဖွင့်လှစ် သင်ကြားပို့ချပေးလျှက်ရှိကြောင်း သိရှိရသည်။
အဆိုပါသင်တန်းကို မင်းပြားမြို့နယ်ကျေးရွာများမှ သင်တန်းသား(၂၀)ဦးဖြင့် (၇-၉-၂၀၂၃) ရက်နေ့မှ (၂၆-၉-၂၀၂၃) ရက်နေ့ထိ သင်တန်းနည်းပြများက လျှပ်စစ်ဝါယာရိန်းနည်းပညာ၊ လျှပ်စစ် ဘေးအန္တရာယ်သဘောတရားများကို စာတွေ့၊ လက်တွေ့ သင်ထောက်ကူပစ္စည်းစုံလင်စွာဖြင့် မင်းပြား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ဦးစီးဌာနရုံး၌ အခမဲ့သင်ကြားပို့ချ ပေးလျှက် ရှိကြောင်းသိရှိ ရသည်။

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းဆောင်ရွက်ခြင်းသမဝါယမနှင့် ကျေးလက်ဖွံ...
26/09/2023

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းဆောင်ရွက်ခြင်း
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မင်းပြားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အား ကျေးရွာ(၇)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ နရမ်းအုပ်စု၊ ကံရွာကျေးရွာတွင် ကျေးရွာတွင်းလမ်း ကွန်ကရစ်ဘီလမ်းခင်းခြင်း ၂( ၅၁၀’ _ ၃.၅’ _ ၆” ) လုပ်ငန်းအား နိုင်ငံတော်ထောက်ပံ့ငွေ (၁၂.၀၀) သန်းနှင့် ပြည်သူ့ထည့်ဝင်ငွေ (၂.၀၀)သန်းတို့ဖြင့် ကျေးရွာကော်မတီဦးဆောင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ လုပ်ငန်းများ (၅၀%)ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင်းလမ်း ကွန်ကရစ်ဘီးလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက် နေမှုအား မြောက်ဦးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ၊ ဦးကျော်ညွန့်၊ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) အဖွဲ့နှင့် မင်းပြားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီ:မှု ၊ ဦးမောင်မောင်သိန်း၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကံရွာကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကော်မတီဝင်များနှင့် တွေ့ဆုံ၍ လုပ်ငန်း အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း အချိန်မှီပြီးစီးနိုင်ရေး တို့အတွက် ကျေးရွာကော်မတီ၊ ကျေးရွာသူ/သားများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

26/09/2023

လျှပ်စစ်ဝါယာရိမ်းသင်တန်း လက်တွေ့သင်ကြားနေမှု

လျှပ်စစ်ဝါယာရိန်းသင်တန်းလက်တွေ့သင်ကြားနေမှုများ....
12/09/2023

လျှပ်စစ်ဝါယာရိန်းသင်တန်း
လက်တွေ့သင်ကြားနေမှုများ....

လျှပ်စစ်ဝါယာရိန်းသင်တန်းစာတွေ့သင်ကြားနေမှုများ....
12/09/2023

လျှပ်စစ်ဝါယာရိန်းသင်တန်း
စာတွေ့သင်ကြားနေမှုများ....

လျှပ်စစ်ဝါယာရိမ်းသင်တန်းတက်ရောက်လိုသူများ မင်းပြားမြိုနယ်ကျေးလက်ဦးစီးဌာနရုံးသို့ ယနေ့မှ စ၍ လာရောက်လျှောက်ထားနိုင်ပါပြီ။
06/09/2023

လျှပ်စစ်ဝါယာရိမ်းသင်တန်းတက်ရောက်
လိုသူများ မင်းပြားမြိုနယ်ကျေးလက်ဦးစီး
ဌာနရုံးသို့ ယနေ့မှ စ၍ လာရောက်လျှောက်
ထားနိုင်ပါပြီ။

18.4.2023 ရက်နေ့မင်းပြားမြို့နယ်ကျေးလက်ရုံးတွင်အန္တရာယ်ကင်းပရိတ်တရားတော်နာယူ
19/04/2023

18.4.2023 ရက်နေ့မင်းပြားမြို့နယ်ကျေးလက်ရုံးတွင်အန္တရာယ်ကင်းပရိတ်တရားတော်နာယူ

Overtime
09/04/2023

Overtime

Address

Minbya

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959421727631

Alerts

Be the first to know and let us send you an email when Department of Rural Development Minbya Township posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Department of Rural Development Minbya Township:

Share