MayMyo Influencer

MayMyo Influencer About of Taung Hlay Khar City

01/10/2024



ရွှေစည်းခုံ စေတီတော် (ပုဂံ)မြန်မာနိုင်ငံ၊ ပုဂံမြို့အနီးရှိ ဗုဒ္ဓဘုရားကျောင်းကင်းဝန်မင်းကြီးက စပ်ဆို ပူဇော်ခဲ့သော အံ့ကိုး...
15/09/2024

ရွှေစည်းခုံ စေတီတော် (ပုဂံ)
မြန်မာနိုင်ငံ၊ ပုဂံမြို့အနီးရှိ ဗုဒ္ဓဘုရားကျောင်း

ကင်းဝန်မင်းကြီးက စပ်ဆို ပူဇော်ခဲ့သော အံ့ကိုးပါးနှင့် ပြည့်စုံတော်မူသည့် ရွှေစည်းခုံဘုရားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့ဟောင်း၏ အရှေ့မြောက်ဘက် လေးမိုင်ခန့် ဝေးသော ညောင်ဦးမြို့တွင် တည်ရှိသည်။ ညောင်ဦးမြို့ဈေး၏ အနောက်ဘက်မိုင်ဝက်ခန့်အကွာ သဲစည်းခုံပေါ်တွင် တည်ထားသဖြင့် ရွှေစည်းခုံဘုရားဟု တွင်ခဲ့သည်။ ရွှေစည်းခုံစေတီတော်သည် ညောင်ဦးမြို့မှ အနောက်တောင် ယွန်းယွန်း ဧရာဝတီမြစ်ကမ်းနဖူးရှိ ပေ (၇၅၀) ကျော်ခန့် ရှည်လျားကျယ်ဝန်းသော မဟာရံတံတိုင်းကြီးနှင့် ဉာဏ်တော်ပေ (၁၆၀)၊ ဖိနပ်တော်အကျယ်ပေ (၁၆၀)ပမာဏရှိကာ ရွှေရောင်ဝင်းလျက် တင့်တယ်ကြည်ညိုဖွယ် တည်ရှိလေသည်။

သမိုင်း

ပုဂံပြည်အနော်ရထာမင်းလက်ထက်တွင် သီဟိုဠ်ကျွန်း၏ဘုရင် ပထမဝိဇယဗာဟု မင်းကြီး၏ အကူအညီတောင်းခြင်းကြောင့် ရဟန်းသံဃာတော်များ၊ ပိဋကတ်သုံးပုံ ကျမ်းစာများနှင့် ဆင်ဖြူတော်တစ်စီးတို့ကို အကူအညီပေးခဲ့သည်။ ပထမ ဝိဇယဗာဟုမင်းကလည်း အနော်ရထာမင်း၏ ကျေးဇူးကိုတုံ့ပြန်သော်အားဖြင့် မြတ်စွာဘုရား၏ စွယ်တော်ပွားကို အနော်ရထာမင်းထံ ဓမ္မလက်ဆောင်ပြန်လည် ပေးပို့ခဲ့သည်။ အနော်ရထာမင်းကြီးသည် စွယ်တော်မြတ်ကို နန်းတော်ရှေ့ ရတနာပြာသာဒ်တွင် ကိန်းဝပ်စေပြီး ပူဇော် ဝတ်ပြုခဲ့သည်။ ထိုအခါ မင်းဆရာဖြစ်သော ရှင်အရဟံမထေရ်က သတ္တဝါအားလုံး ကိုးကွယ်နိုင်စေရန် စေတီတည်ပါဟု မင်းကြီးအား အကြံဉာဏ်ပေးခဲ့သည်။

အနော်ရထာမင်းလဲ ရှင်အရဟံမထေရ်၏ အကြံဉာဏ်မှာ အလွန်လျှော်ကန် သင့်မြတ်သည့်အတွက် စေတီတည်၍ တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့သည်။ မင်းကြီးသည် စွယ်တော် ကိန်းဝပ်လိုသောအရပ်တွင် ဆင်ဖြူတော် ရပ်စေသတည်းဟု အဓိဋ္ဌာန်၍ ဆင်ဖြူတော်၏ ကိုယ်ပေါ်တွင် စွယ်တော်ကြုတ်တင်၍ လွှတ်လိုက်လေသည်။ ဆင်ဖြူတော်သည် ပုဂံ၏ အရှေ့မြောက်အရပ် ဥဿဘ ၅ဝ အကွာ (ဇေယျဘုံဟု ခေါ်တွင်သော အောင်မြေအရပ်၌) သဲစည်းခုံတွင် ဝပ်လေသည်။(သဲစည်း ခုံတွင် ဝပ်လေသော် မင်းကြီးသည် များစွာ စိတ်မသက်မသာ ဖြစ်လေသည်။ ယင်းအဖြစ်ကို သိကြားမင်းသိသော် စိတ်မဆင်းရဲရန် အိပ်မက်ပေး၍ ထိုမြေကို ကျောက်မြေအတိ ဖြစ်စေ၍ သံပြားနှင့် ကွပ်ပေးသည်ဟု သမိုင်းစာအုပ်များ၌ အဆိုရှိသည်။) ဆင်ဖြူတော် ဝပ်ရာ သဲစည်းခုံတွင် စွယ်တော်မြတ်ကို ဌာပနာထားပြီ စေတီတည်တော်မူသည်။

ကောဇာသက္ကရာဇ် ၄၂၁-ခု၊ တပို့တွဲလဆန်း (၁၀)ရက်၊ ကြာသပတေးနေ့တွင် စတင်တည်ဆောက်ခဲ့ပြီး တရုတ်ပြည်မှ ရသော မြဆင်းတုတစ်ဆူနှင့် သရေခေတ္တရာပြည်ရှိ ဒွတ္တဘောင်မင်းကြီး တည်ထားကိုးကွယ်ခဲ့သော နဖူးသင်းကျစ်တော် တစ်ဆူကိုလည်း ဌာပနာထားသည်။ ထို့နောက် မင်းကြီး၏ကိုယ်စား ရတနာပန်းတောင်းကို ဖက်နေဟန် ရွှေစင်ကို သွန်းလုပ်၍ ဌာပနာတော်မူသည်။ သက္ကရာဇ် ၄၂၁ ခုနှစ်တွင် ရွှေစည်းခုံအတွင်း ထပ်စေတီကို ဖိနပ်ခြေသံတောင် ၃၂ဝ ရှိအောင် တည်တော်မူ မည်ဟု အကြံတော်ရှိသော်လည်း ၄၄၆ ခုနှစ်တွင် နတ်ရွာစံသဖြင့် အကြံတော် မအောင်မြင်ချေ။ ဘုရားတည်နေတုန်း ပစ္စယာ ၃ ဆင့်အရောက်မှာပဲ အနော်ရထာမင်း နတ်ရွာစံခဲ့သည်။ အနော်ရထာမင်း နတ်ရွာစံပြီးနောက် ကျန်စစ်သားမင်းက ကောဇာသက္ကရာဇ် ၄၅၁-ခု၊ တန်ဆောင်မုန်းလဆန်း(၁၃)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဆက်လက်တည်ဆောက်ခဲ့သည်။ အနော်ရထာမင်း ရည်ရွယ်တော်မူရင်း ဖိနပ်ခြေ သံတောင် ၃၂ဝ သည် ကြီးကျယ်လွန်းသဖြင့် ရှင်အရဟံနှင့် ညှိနှိုင်းတိုင်ပင်ကာ ဖိနပ်ခြေသံတောင် ၃ဝဝ၊ အမြင့် သံတောင် ၈ဝ ရှိသော စေတီကို အတွင်းထပ်စေတီအား ငုံ၍ တည်သည်။ တုရင်တောင်၌ ရှိသော ကျောက်များကို အလျားသုံးထွာ၊ အနံ တစ်ထွာ ရွှေခြမ်းစေ၍ လူအများ လက်ဆင့်ကမ်း၍ ဘုရား တည်ရာသို့ ပို့ရသည်ဟု ဆိုသည်။ ကောဇာသက္ကရာဇ် ၄၅၂-ခု၊ ကဆုန်လပြည့်နေ့တွင် ပြီးမြောက်အောင်မြင်ခဲ့သည်။ စေတီတော်ကြီး တည်ဆောက်ခဲ့သည့်နှစ်မှ ပြီးစီးသည့်နှစ်အထိ နှစ်ပေါင်း ၃၁-နှစ်ကြာ၏။
ပုဂံတွင် နှစ်ထပ်စေတီ (၄၅)ဆူအနက် တစ်ဆူအပါအဝင် ဖြစ်သည်။ “ငယ်တုံသေးသည့် စိတ်−ရည်ပိုက်တုပ် နောက်ထပ်လုပ်၏” ဘုရားစဉ်လင်္ကာအဆိုနှင့် ကိုက်ညီနေသည်။

အချို့ကလည်း ရွှေစည်းခုံစေတီကို အနော်ရထာတည်သည်မှာ ပစ္စယာသုံးဆင့် အရောက်တွင် နတ်ရွာစံရာ အပြီးမသတ်၍ ကျန်စစ်သားမင်းကြီး ဆက်တည်သည်ဟု ဆိုကြ၍ အချို့ကမူ အနော်ရထာလက်ထက် စေတီတည်ပြီးသည်ကို ကျန်စစ်သား မင်းကြီးက အပြင်မှ စေတီတစ်ထပ် ငုံတည်ခြင်းဖြစ်သည်ဟု ဆိုသည်။ ယခုတွေ့မြင်ရသော စေတီသဏ္ဌာန် အချိုးအစားကား ကျန်စစ်သားတည်ခဲ့သည့် အချိုးအစားအတိုင်း ဖြစ်လေသည်။ စေတီတော်ဖိနပ်ခြေ သံတောင် ၃ဝဝ၊ အမြင့် သံတောင် ၈ဝ၊ ချယားသီး ပဉ္စလောဟာ အစောက်ကိုး၊ အိုး ၁၂ လုံး၊ ခြင်္သေ့ရုပ် ၂၁၊ မကန်းရုပ် ၁၆၊ ပင်လယ်ဖားရုပ် ၁၆၊ မုခ် လေးခု၊ လှေကား ၁၂၊ ပထမထီးတော်အဝ ကိုးတောင်၊ ဘုံ ကိုးဆင့် ရောင်လျှံတောက် တစ်တောင်တစ်မိုက် လက်လေး သစ်တို့ ဖြစ်သည်။

15/09/2024

သမိုင်းကြောင်း
ပျူမြို့ပြနိုင်ငံများခေတ် ကုန်ဆုံးပြီးနောက် တကောင်းနယ်မှတစ်ဆင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ အတွင်းသို့ အုပ်စုများဖွဲ့ကာ ဝင်ရောက်လာသည့် ဗမာလူမျိုးတို့သည် မူရင်းဌာနေလူမျိုးများဖြစ်သည့် ပျူ တို့ထံမှ စာပေ၊ လယ်ယာစိုက်ပျိုးခြင်း နှင့် ယဉ်ကျေးမှုများကို ဆက်ခံရယူကာ တဖြည်းဖြည်း အင်အားကောင်းသည့် အဆင့်သို့ရောက်လာသည်။ မူလအစက စစ်တိုက်ခိုက်ခြင်းဖြင့် ကျော်ကြားသော လူမျိုးသည် စည်းလုံးခြင်းဖြင့်သာ မိမိတို့၏အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်မည်ဟုသော စစ်ရေးအမြင်ဖြင့် မြို့ရွာများကို စုစည်းတည်ထောင်လာကြသည်။ သို့ဖြင့် လမ်းခရီးနှင့်ဆက်သွယ်ရေး လွယ်ကူပြီး မိမိတို့ အခြေချရာ ရပ်ဝန်း၏ ဗဟိုတွင်ရှိသည့် ဒေသမှ ကျေးရွာများကို စုစည်းကာ ပုဂံမြို့အဖြစ် တည်ထောင်လိုက်ကြသည်။

ပုဂံသည် စတုတ္ထပုဂံ မင်းဆက်များ နန်းတည်သွားသော နေရာဖြစ်သည်။ ပျဉ်ပြားမင်း(၈၄၆-၈၇၆)လက်ထက်မှ စောမွန်နစ်မင်း(၁၃၂၅-၁၃၆၈)အထိ စိုးစံခဲ့ကြသည်။

ပုဂံနိုင်ငံတော်
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ပုဂံခေတ်
အစောပိုင်း ပုဂံမင်းဆက်များနှင့် ပတ်သက်၍ တိကျသည့် သမိုင်းအထောက်အထားများကို မတွေ့ရပဲ ပါးစပ်ရာဇဝင်များအနေဖြင့်သာ မှတ်သားလာခဲ့ကြပြီး အနော်ရထာမင်းလက်ထက်ရောက်မှသာ တိကျသည့် သမိုင်းအထောက်အထားများကို စတင်တွေ့ရှိလာကြရသည်။ အနော်ရထာ၏ သိမ်းသွင်းမှုကြောင့် ပုဂံနိုင်ငံတော်သည် ပဒေသရာဇ် အဆင့်မှ ဧကရာဇ် (အင်ပါယာ) အဆင့်တို့ တက်လှမ်းလာနိုင်ခဲ့သည်။ သူ့နောက် ဆက်ခံသည့် စောလူးမင်းလက်ထက်တွင် တိုင်းပြည်အခြေအနေဆိုးရွားသွားခဲ့သော်လည်း ကျန်စစ်သား၊ အလောင်းစည်သူ အစရှိသည့် မင်းများလက်ထက်တွင်မူ တိုင်းပြည်အင်အား ပြန်လည်ပြည့်ဝလာပြန်သည်။

ပုဂံမြန်မာနိုင်ငံရှိ ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုပုဂံ (ခေါ်) တမ္ပဒီပ သည် မြန်မာနိုင်ငံ၏ ပထမဆုံးဧကရာဇ်နိုင်ငံ တည်ထောင်ရာ မြိ...
08/09/2024

ပုဂံ
မြန်မာနိုင်ငံရှိ ကမ္ဘာ့အမွေအနှစ် နေရာတစ်ခု

ပုဂံ (ခေါ်) တမ္ပဒီပ သည် မြန်မာနိုင်ငံ၏ ပထမဆုံးဧကရာဇ်နိုင်ငံ တည်ထောင်ရာ မြို့တော်ဟူ၍ မြန်မာတို့အတွက် အမျိုးသားရေး လက္ခဏာတစ်ရပ်အနေဖြင့်လည်းကောင်း၊ များပြားလှသည့် ရှေးဟောင်းလက်ရာ စေတီပုထိုးများကြောင့်လည်း‌ကောင်း၊ ကမ္ဘာလှည့်ခရီးသည်တို့ကို ဆွဲဆောင်ရာနေရာအဖြစ်လည်းကောင်း ကမ္ဘာကျော်သည့် နေရာတစ်နေရာ ဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခုလုံးကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။
ဝေါဟာရရင်းမြစ်
များသောအားဖြင့် ပျူဂါမမှ ပုဂါမ၊ ပုဂါမ်မှ ပုဂံဖြစ်လာခဲ့သည်ဟု ဖော်ပြလေ့ရှိကြသည်။ ဤကဲ့သို့ ဖော်ပြခြင်းမှာ မှန်နန်းရာဇဝင်ကြီး စသည်များတွင် သရေခေတ္တရာပြည် ပျက်ပြီးနောက် သရေခေတ္တရာမှ ပျူအစုတို့သည် တောင်ညိုအရပ်၊ ၎င်းနောက် ပန်းတောင်းသက်သာအရပ်၊ ထိုမှ မင်းတုန်းအရပ်၊ တဖန် ယုန်လွှတ်ကျွန်းအရပ်သို့ အဆင့်ဆင့် အဆင့်ဆင့် ပြောင်းရွှေ့လာခဲ့ကြပြီးနောက် ထိုယုန်လွှတ်ကျွန်းအရပ် ရွာပေါင်း တစ်ဆယ့်ကိုး ရွာသားတို့နှင့် သမုဒ္ဒရာဇ်မင်းသည် အရိမဒ္ဒနာမည်သော ပုဂံပြည်ကို တည်လေသည်ဟု ပါရှိခြင်းများကို အထောက်အထားပြု၍ ဖော်ပြကြခြင်းပင် ဖြစ်ဟန်ရှိလေသည်။ တုရင်တောင်အရှေ့ ယုန်လွှတ်ကျွန်း ဒေသတွင် လာရောက်တည်ထောင်သော ပျူအမျိုးစုတို့နှင့် ရွာတစ်ဆယ့်ကိုးရွာဟူသော စကားပေါင်းစပ်၍ ပျူဂါမဟူသောအမည် ပေါ်ထွက်လာခြင်း ဖြစ်ပေသည်။

ရှေးပုဂံခေတ် ကျောက်စာများတွင် "'ပုကံ"'ဟူ၍ ရေးသားပြီး ပုဂံဟူသော အရေးအသားမှာ အလွန်နည်းပါးသည်။ ပုဂံခေတ်ကျောက်စာများတွင်သာမက ပင်းယ၊ အင်းဝ ကျောက်စာများတွင်လည်း ပုကံဟူသော အရေးအသားမှာ များပြားပါသည်။

ထီးလှိုင်ရှင် ကျန်စစ်သားမင်းကြီး (၄၄၆-၄၇၅) ရေးထိုးခဲ့သော မွန်ဘာသာ ကျောက်စာများတွင် ပုဂံအမည်ကို ပါဠိဘာသာတွင် "'ပေါကာမ"'ဟု လည်းကောင်း ၊ မွန်ဘာသာတွင် "'ပေါကာမ်"'ဟု လည်းကောင်း ပါရှိသည်။

ဓာတ်တော်ချိုင့် ရေတံခွန်သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၁၇၊ အနီးစခန်းတွင် တည်ရှိ...
01/09/2024

ဓာတ်တော်ချိုင့် ရေတံခွန်သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၁၇၊ အနီးစခန်းတွင် တည်ရှိပြီး ပြင်ဦးလွင်-မန္တလေး ကားလမ်းမကြားတွင် တည်ရှိသည်။ ဓာတ်တော်ချိုင့် ရေတံခွန်သည် အမြင့်ပေ ၁၂၂ မီတာရှိပြီး အနက်မှာ ၉၁ မီတာ ရှိသည်။ ဓာတ်တော်ချိုင့် ရေတံခွန်သည် အဆင့်သုံးဆင့်ရှိပြီး အောက်ခြေမှ ရေတံခွန်ထိပ်ထိ လမ်းလျှောက်ချိန် မိနစ်ကိုးဆယ်ခန့် ကြာမြင့်သည်။

မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရား သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် တည်ရှိသည်။***...
01/09/2024

မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရား သည်
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် တည်ရှိသည်။
*****************
မန္တလေးမြို့ အောင်သီဟကျောက်ဆစ်လုပ်ငန်းမှ ဦးသောင်းထွန်း၊ ဒေါ်မမလေးတို့က ဉာဏ်တော်အမြင့် ၁၅ ပေ၊ ဒူးခေါင်းတော်အကျယ် ၈ ပေ ၆ လက်မနှင့် အလေးချိန် ၁၇ တန်ခန့်ရှိ ဆင်းတုတော်ကြီးကို ရွှေလီမြို့သို့ ပင့်ဆောင်ရန် မော်တော်ယာဉ်ဖြင့် မန္တလေးမှ သယ်ဆောင်လာစဉ် ပြင်ဦးလွင်မြို့နယ် ရေငယ်ကျေးရွာအလွန် မန္တလေး-လားရှိုးကားလမ်း မိုင်တိုင် ၄၇/၁ အရောက်တွင် မော်တော်ယာဉ်တိမ်းမှောက်ပြီး ဆင်းတုတော်ကြီးမှာ ကားပေါ်မှကျ၍ မြေခခဲ့သည်။ ဆင်းတုတော်ကြီး မြေခသည့်ရက်မှာ မြန်မာသက္ကရာဇ် ၁၃၅၈ ခုနှစ် တပေါင်းလပြည့်ကျော် ၁၄ ရက်နေ့ (၁၉၉၇ ခုနှစ် ဧပြီလ ၆ ရက်) တနင်္ဂနွေနေ့ ၁၁ နာရီအချိန်ခန့်ဖြစ်သည်။ ဆင်းတုတော်ကြီးအား ရွှေလီမြို့သို့ ဆက်လက်ပင့်ဆောင်ခြင်းမပြုတော့ပဲ အများလှူဒါန်းငွေ ၈၀၀,၀၀၀ ကျပ် နှင့် ထုလုပ်သူက လှူဒါန်းငွေ ၂၀၀,၀၀၀ ကျပ်၊ စုစုပေါင်း ၁,၀၀၀,၀၀၀ ကျပ်ဖြင့် ကျောက်ဆစ်လုပ်ငန်းရှင်အား ပေးချေ၍ လက်ရှိနေရာတွင် ပူဇော်ရန် ဆောင်ရွက်ခဲ့သည်။

ဆင်းတုတော်ကြီးကို ၁၉၉၇ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ပက်လက်အနေအထားဖြင့် စတင်အပူဇော်ခံပြီးနောက် ၁၉၉၇ ခုနှစ် မေလ ၉ ရက်နေ့တွင် ပက်လက်အနေအထားမှ ထိုင်ကိုယ်တော်အဖြစ်သို့ ဝန်ချီစက်ဖြင့် ပင့်ဆောင်မယူပြီး ၁၉၉၇ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ယာယီစံကျောင်းသို့ ပင့်ဆောင်၍ အပူဇော်ခံခဲ့သည်။

၁၃၅၉ ခုနှစ် ဝါခေါင်လဆန်း ၄ ရက် (၁၉၉၇ ခုနှစ် ဩဂုတ်လ ၇ ရက်)နေ့တွင် ပြင်ဦးလွင်မြို့နယ်ရှိ နိုင်ငံတော်ဩဝါဒစရိယနှင့် တွဲဘက်အကျိုးတော်ဆောင်ဆရာတော်ကြီး အမှူးပြု၍ သံဃာ့နာယကဆရာတော်ကြီးများထံမှ ထိုစဉ်က မန္တလေးတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ရဲမြင့်နှင့် တာဝန်ရှိသူများက ဆင်းတုတော်ကြီးအား ပူဇော်ရေးအတွက် လျှောက်ထားဩဝါဒ ခံယူခဲ့သည်။ ဆရာတော်ကြီးများက ဆင်းတုတော်ကြီးအား မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရားကြီး ဟူသော ဘွဲ့တော်ကို ဆက်ကပ်ခဲ့သည်။ ဆက်လက်၍ နာယကတိုင်းမှူး ဗိုလ်ချုပ်ရဲမြင့်၏ ကြီးကြပ်မှုဖြင့် မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများ၏ ဩဝါဒခံယူကာ ဆင်းတုတော် အစဉ်အမြဲကိန်းဝပ်စံပယ်တော်မူမည့် ဂန္ဓကုဋိတိုက်စေတီတော် တည်ဆောက်ရေး ဦးစီးကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

ဓမ္မရတိကုန်းမြေ နေရာတွင် ၁၃၅၉ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၃ ရက် (၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်)နေ့၌ မြေသန့်မင်္ဂလာ၊ ပန္နက်တော်တင်မင်္ဂလာနှင့် တွင်းတော်ဝန်းမင်္ဂလာ အခမ်းအနားများကို တစ်ပေါင်းတည်းပြုလုပ်ကျင်းပကာ တည်ဆောက်ရေးလုပ်ငန်းများ (ပင်မစေတီ ဆောက်လုပ်ခြင်း၊ လမ်းများဖောက်ခြင်းနှင့် ပန်းဥယျာဉ်တည်ဆောက်ခြင်း စသည့် အထွေထွေလုပ်ငန်းများ အပါအဝင်) ကို စတင် ဆောင်ရွက်ခဲ့သည်။

ပင်မစေတီတော် ဆောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ၁၃၅၉ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက် (၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်)နေ့တွင် အုတ်မြစ်တော်စီမင်္ဂလာ အခမ်းအနားကိုလည်းကောင်း၊ ၁၃၆၀ ခုနှစ် တော်သလင်းလပြည့်ကျော် ၁၄ ရက် (၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်)နေ့တွင် မူလဌာပနာတော်သွင်း မင်္ဂလာအခမ်းအနားကိုလည်းကောင်း၊ ၁၃၆၁ ခုနှစ် ဒုတိယဝါဆိုလပြည့်ကျော် ၈ ရက် (၁၉၉၉ ခုနှစ် ဩဂုတ်လ ၄ ရက်)နေ့တွင် ကွမ်းတောင်ဌာပနာ၊ အလယ်ဌာပနာနှင့် အထက်ဌာပနာတော်သွင်း မင်္ဂလာအခမ်းအနားကိုလည်းကောင်း ကျင်းပပြီး အဆင့်ဆင့်ဆောက်လုပ်ခဲ့သည်။

တည်ဆောက်ရေးလုပ်ငန်းများ အားလုံးပြီးစီးခဲ့ပြီးနောက် ၁၃၆၁ ခုနှစ် တပေါင်းလပြည့် (၂၀၀၀ ခုနှစ် မတ်လ ၁၉ ရက်) နေ့တွင် ဆင်းတုတော်ကြီးကို ယာယီစံကျောင်းမှ စေတီတော်၏ ဂန္ဓကုဋိတိုက်အတွင်းသို့ ပင့်ဆောင်ခဲ့သည်။

၁၃၆၁ ခုနှစ် နှောင်းတန်ခူးလဆန်း ၈ ရက် (၂၀၀၀ ခုနှစ် ဧပြီလ ၁၁ ရက်)နေ့တွင် ဗုဒ္ဓဘိသေကအနေကဇာတင်နှင့် မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရား ဂန္ဓကုဋိတိုက် စေတီတော်ကြီး၏ ရွှေထီးတော် တင်လှူပွဲမင်္ဂလာအခမ်းအနားကို ကျင်းပခဲ့သည်။

Pyin Oo LwinTown in Mandalay Region, MyanmarPyin Oo Lwin or Pyin U Lwin (Burmese: ပြင်ဦးလွင်မြို့; MLCTS: prang u: lwang...
08/08/2024

Pyin Oo Lwin
Town in Mandalay Region, Myanmar

Pyin Oo Lwin or Pyin U Lwin (Burmese: ပြင်ဦးလွင်မြို့; MLCTS: prang u: lwang mrui., pronounced [pjɪ̀ɰ̃ ʔú lwɪ̀ɰ̃]; Shan: ဝဵင်းပၢင်ႇဢူႈ), formerly and colloquially referred to as Maymyo (Burmese: မေမြို့; MLCTS: me mrui.), is a scenic hill town in the Mandalay Region, Myanmar, some 67 kilometers (42 mi) east of Mandalay, and at an elevation of 1,070 metres (3,510 ft). The town was estimated to have a population of around 255,000 in 2014.

Etymology
Pyin Oo Lwin (ပြင်ဦးလွင်‌)
Maymyo (မေမြို့)
Taung Hlay Khar (တောင်လှေခါး) ('hillside stairs')
Taung Sa Kan (တောင်စခန်း) ('hill station') and the best-known name, (ပန်းမြို့တော်) ('city of flowers)
Remyo (historically)

History
The town began as a military outpost established near a small Shan village with two dozen households on the Lashio-Mandalay trail between Nawnghkio and Mandalay. In 1897, a permanent military post was established in the town and later, because of its climate, it became a hill station and the summer capital of British Burma. The establishment in Burma (civil, commercial and military) would move to Maymyo during the hot season to escape from Rangoon's high heat and humidity. During British rule and through the 1970s, Maymyo had a large Anglo-Burmese population, but this steadily declined. During the Japanese occupation, as many Anglos were concentrated in and around Maymyo, the Japanese incarcerated many of them for fear of their loyalty to the British very close to Maymyo. Today, Maymyo still has one of the country's larger populations of Anglo-Burmese. The British named the location Maymyo, literally 'May's Town' in Burmese, after Colonel May, a veteran of the Indian Rebellion of 1857 and commander of the Bengal Regiment temporarily stationed in the town in 1887. The military government of Burma renamed the town Pyin U Lwin, the word-for-word Burmese transcription of the Shan "City (ဝဵင်း, Weng⁴) of Paang²uu⁴ (ပၢင်ႇဢူး)".

The area is also the site of the decisive battle of Maymyo where the Burmese royal army under Maha Thiha Thura defeated the Chinese Army in the third invasion during the Sino-Burmese War of 1765–1769.

Demographics
The town has approximately 10,000 Indian and 8,000 Gurkha inhabitants who settled in Maymyo during British rule. Today, Pyin Oo Lwin has a thriving Eurasian community, consisting mostly of Anglo-Burmese and Anglo-Indians. There is also a diverse mix of Chinese, Chin, Kachin, Karen, Shan, Bamars (Burmese) and communities.

Educational institutions
Maymyo was an important educational centre during colonial times, with the GEHSs (Government English High Schools), such as St. Mary's, St. Michael's, St. Albert's, St. Joseph's Convent, and Colgate, are all based in the town. British settlers and colonial administrators sent their children to be educated here, both European and Anglo-Burmese children. The town was also the location of the various schools of military education open to all ethnicities.

It is today home to the Defence Services Academy (DSA) and the Defence Services Technological Academy (DSTA). There is a large military presence in the town. Nowadays private schools such as Soe San, Sar Pan Eain, Genius and others are thriving.

Economy
Sweater knitting, flower and vegetable gardens, strawberry and pineapple orchards, coffee plantations and cow rearing are the main local businesses. There has been an influx of Chinese immigrants (especially from Yunnan) in recent years. The city is a resort town for visitors from Myanmar's major cities during the summertime and a popular stop for foreign tourists during the winter season.
Established in 1915, the National Botanical Gardens and the adjacent Pyin Oo Lwin Nursery are attractions of Pyin Oo Lwin. A 4-acre (16,000 m2) orchid garden is planned for 2007.

Today, Pyin Oo Lwin is noted as four centres of national economic importance. It is the centre of sericulture (silkworm rearing). The Sericulture Research Centre, near the National Kandawgyi Botanical Gardens, has three distinct roles: the intensive planting and harvesting of mulberry trees (leaves for the silkworms, bark for handmade paper), the rearing of silkworms, and the reeling of the silk from the cocoons. It has a large research centre for indigenous medicinal plants. It has one of the country's few pharmaceutical production facilities.

Pyin Oo Lwin is the centre of the country's flower and vegetable production. The most important flowers grown intensively are chrysanthemum, aster and gladiolus, which are exported to every corner of Myanmar throughout the year. Lastly, Pyin Oo Lwin is the centre of Myanmar's rapidly growing coffee industry. Several factories in the town process coffee beans for country-wide distribution and export.

ပြင်ဦးလွင်မြို့မေမြို့ပြင်ဦးလွင်မြို့ (မေမြို့)သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ မန္တ...
08/08/2024

ပြင်ဦးလွင်မြို့
မေမြို့

ပြင်ဦးလွင်မြို့ (မေမြို့)သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ မန္တလေးမြို့ မှ အရှေ့မြောက်ဘက် ၄၂ မိုင် အကွာတွင် တည်ရှိသည်။

တည်နေရာ
ပြင်ဦးလွင် မြို့နယ်သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် အတွင်းတွင် တည်ရှိသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း တည်ရှိစေကာမူ မိုးနည်းရပ်ဝန်းတွင် မပါဝင်ပေ။ အကြောင်းမူကား ရှမ်းကုန်းပြင်မြင့်၏ အနောက်ဘက်စွန်း ယေဘုယျ အမြင့်ပေ ၃ဝဝဝ ကျော်တွင် တည်ရှိပြီး၊ မြေနိမ့်လွင်ပြင်တွင် တည်ရှိသောကြောင့် ဖြစ်သည်။ ပြင်ဦးလွင် မြို့နယ်နှင့် ဆက်စပ်တည်ရှိသော မြို့နယ်လေးခု ရှိသည်။ မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တွင် နောင်ချို မြို့နယ်၊ အနောက်မြောက်ဘက်တွင် မတ္တရာမြို့နယ်၊ အနောက်ဘက်တွင် ပုသိမ်ကြီး မြို့နယ်နှင့် တောင်ဘက်နှင့် အနောက်ဘက်တွင် ကျောက်ဆည် မြို့နယ်တို့နှင့် ဆက်စပ်တည်ရှိသည်။ ပြင်ဦးလွင်မြို့သည် အမည် (၅) မျိုးဖြင့်ထင်ရှားသည်။ ၎င်းတို့မှာ မေမြို့၊ ပြင်ဦးလွင်၊ တောင်လှေကားမြို့တော်၊ ချယ်ရီမြေ၊ ပန်းမြို့တော်ဟူ၍ ဖြစ်သည်။

ပြင်ဦးလွင်မြို့သည် မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ ၂ မိနစ် ၄.၃၈ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၂၇ မိနစ် ၃၁.၄၉ စက္ကန့်အကြား တွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်မှ ၃၅၁၀ ပေအမြင့်တွင် တည်ရှိသည်။ ပြင်ဦးလွင်မြို့ကို တောင်နိမ့်များ ဝန်းပတ်လျက်ရှိသည်။ ဘင်္ဂလားပင်လယ်အော်နှင့် မိုင် ၃ဝဝ ကျော်၊ မုတ္တမကွေ့နှင့် မိုင် ၄ဝဝ ကျော် ကွာလှမ်းသည်။ မန္တလေးမြို့ နှင့်မော်တော်ကားလမ်းအားဖြင့်( ၄၃)မိုင်အကွာ မန္တလေးလားရှိုး မော်တော်ကားလမ်းပေါ်တွင် တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် ၁၇ စတုရန်းမိုင်မျှ ရှိသည်။

မြို့သမိုင်း
ခရစ်နှစ် ၁၈၈၆-ခုနှစ်တွင် ဘင်္ဂလားခြေလျင်တပ်မှ ဗိုလ်မှူးကြီး မေကို အစွဲပြု၍ မေမြို့ဟု ဗြိတိသျှတို့က ခေါ်တွင်ခဲ့သည်။ ပြင်ဦးလွင် ဟူသောအမည်ကို မေမြို့ဟူသော အမည်မှ ဂျပန်ခေတ် ဒေါက်တာဘမော် အစိုးရလက်ထက်တွင် တစ်ကြိမ်ပြောင်းလဲခေါ်တွင်ခဲ့သည်။ သို့သော် စစ်အပြီးတွင် ဗြိတိသျှတို့ ပြန်လည်အုပ်ချုပ်ချိန်မှစကာ မေမြို့ဟု ပြန်လည်ခေါ်တွင်ခဲ့သည်။ တပ်မတော်အစိုးရလက်ထက်တွင် ပြင်ဦးလွင် ဟုပြန်ပြောင်းခေါ်စေခြင်းဖြစ်သည်။ ကဗျာဆန် နုယဉ်သော အမည်ဆောင်သည့် မြို့ဖြစ်သည့်အပြင် ရာသီဥတုမှာလည်း အေးချမ်းသာယာသည်။ အထူးသဖြင့် နွေရာသီတွင် လူအများ အပူရှိန်မှ လွတ်ကင်းရာ လွတ်ကင်းကြောင်း အနားယူ အပန်းဖြေရာမြို့အဖြစ် နာမည်ထင်ရှားပေသည်။ ရှေးဗြိတိသျှ အစိုးရလက်ထက်က နွေရာသီတွင် ဘုရင်ခံနှင့် အစိုးရအရာရှိကြီးများသည် မေမြို့သို့ တက်၍နေထိုင်လေသည်။ ပြင်ဦးလွင်မြို့သည် ဗြိတိသျှတို့၏လက်ထက်က ပြုပြင်ထားသော တောင်စခန်းမြို့တစ်ခု ဖြစ်သည်။ ပြင်ဦးလွင်သည် မန္တလေးမြို့ ရှမ်းပြည်နယ်နှင့် ရှေးအခါက တရုတ်ပြည် အနောက်ဘက်မှ ကုန်သည်များ စုဝေးရာဌာန ဖြစ်သည်။ ယခင်က ပြင်ဦးလွင်တွင် ၅ ရက် တစ်ဈေးသာရှိသည်။

ပြင်ဦးလွင်မြို့ရှိ ပါစယ်တာဝါ(Purcell Tower) ပြင်ဦးလွင်နာရီစင်ကြီးမှာ ၁၉၃၄-ခုနှစ်၊ အင်္ဂလန်နိုင်ငံ ဂီးလက်အင်ဂျွန်ဆင် ကုမ္ပဏီ(Gillete & Johnson Co.)မှ ဗြိတိသျှ ပဉ္စမမြောက် ဂျော့ဘုရင်၏ နန်းစံသက် (၂၅)နှစ်မြောက် ငွေရတုသဘင် အထိမ်းအမှတ်အဖြစ် ထုတ်လုပ်ခဲ့သော နာရီအနည်းငယ်အနက် တစ်လုံးအပါအဝင် ဖြစ်လေသည်။

လမ်းပန်းဆက်သွယ်ရေး
ပြင်ဦးလွင်မြို့ သည် သွားလမ်း လာလမ်းအားဖြင့် ကားလမ်း၊ ရထားလမ်းများ ရှိသည်။ မန္တလေး-လားရှိုး မီးရထားလမ်းပေါ်တွင် တည်ရှိသဖြင့် မန္တလေးမြို့ မှ မီးရထားဖြင့်လည်း သွားနိုင်သည်။

မန္တလေးမြို့မှ ပြင်ဦးလွင်သို့ ကားဖြင့်သွားသော် ၂ နာရီကြာသည်။ လမ်းတွင် သုံးထပ်ကွေ့လမ်းများကို တွေရသည်။ မီးရထားဖြင့် သွားလျှင်ပိုကြာသည်ဟု ထင်ရသည်။ အဘယ်ကြောင့် ဆိုသော် မီးရထားမှာ အရှိန် ပြင်းပြင်း မခုတ်ဘဲ မှန်မှန် တောင်တက်တောင်ဆင်းလုပ်ရ၍ ဖြစ်သည်။

အနီးစခန်းလေဆိပ် သည် ပြင်ဦးလွင်မြို့၊ အနီးစခန်းတွင် တည်ရှိသည်။

ရာသီဥတု
တစ်နှစ်ပတ်လုံးပင် ပြင်ဦးလွင်သည် မန္တလေးထက် 10°C ပိုအေးသည်။ အမှန်တကယ်တွင် မန္တလေးနှင့် ပြင်ဦးလွင်သည် လတ္တီတွဒ် တစ်တန်းတွင် တည်ရှိနေသည်။ သို့သော် ပြင်ဦးလွင်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၀၀၀ ကျော်တွင်တည်ရှိသောကြောင့် ထိုကဲ့သို့အေးမြရခြင်းဖြစ်ပါသည်။ ရာသီဥတုအေးမြသောကြောင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူတို့ မနှစ်သက်သော်လည်း ဗြိတိသျှနှင့် ဥရောပတိုက်သားတို့ နှစ်သက်သဖြင့် သာယာအောင် ပြုပြင်ခဲ့သည်။ အအေးမှ လုံခြုံအောင် ပြုလုပ်နိုင်လျှင် ကျန်းမာရေးနှင့် ညီညွတ်သောမြို့ ဖြစ်သည်။ ဤသို့ ရာသီဥတု အေးမြသောကြောင့် ပြင်ဦးလွင်မြို့နှင့် အနီးပတ်ဝန်းကျင်မှာ ရှုခင်းသာယာလှပေသည်။ ဟင်းသီးဟင်းရွက်သစ်သီး သစ်နှံ ပန်းမာလ်များကောင်းစွာ ဖြစ်ထွန်း၏။ တောင်စောင်း တောင်ခါးပန်းများတွင် ကော်ဖီ၊ စတော်ဘယ်ရီ၊ နာနတ်စသော စိုက်ခင်းများကို မြင်နိုင်ပေသည်။ ထိုပြင် ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်း၊ ခရမ်းချဉ်စသည့် အပင်များနှင့် အင်္ဂလိပ်တို့ စတင်စိုက်ပျိုးသော ယူကလစ်ပင်၊ ထင်းရှူးပင်၊ ဝက်သစ်ချပင် စသည်တို့ကိုလည်း ပြင်ဦးလွင်မြို့တွင် တွေ့မြင်နိုင်ပေသည်။ အထူးသဖြင့် အမျိုးသမီးတိုင်း ကြီးငယ်မဟူ နှစ်သက်သည့် မေမြို့၊ ဒေလီယာ၊ ဂန္ဓမာ စသည့် ပန်းရောင်စုံကား ပြင်ဦးလွင်မြို့ကို အထူးတန်ဆာဆင်ပေသည်။

လူဦးရေ
ရှေးအခါက ပြင်ဦးလွင်သည် ဓနုလူမျိုးများ နေထိုင်ရာအရပ်ဖြစ်သည်။ ယခုမူကား ဗမာ၊တရုတ်၊ အိန္ဒိယ၊ရှမ်း နှင့် မြန်မာလူမျိုးပေါင်းစုံ နေထိုင်ရာအရပ် ဖြစ်သည်။ လူဦးရေမှာ ၁၉၆၂ ၏ ခန့်မှန်းအရ ၂၈၈၃ ခန့်ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်း အရ ၂၅၅,၀၀၀ ဖြစ်သည်။

အထင်ကရနေရာများ
ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ်
အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (ပြင်ဦးလွင်)
ဓာတ်တော်ချိုင့် ရေတံခွန်
ပိတ်ချင်းမြောင်လိုဏ်ဂူ (နန္ဒာမူလိုဏ်ဂူ)
ဘီအီးဖော ရေတံခွန် (ပွဲကောက် ရေတံခွန်)
မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရား
နှီးဘုရား
တိုင်းရင်းသားကျေးရွာ
ရတနာပုံတယ်လီပို့
ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာနိုင်ငံ)
စစ်တက္ကသိုလ်
တပ်မတော် နည်းပညာ တက္ကသိုလ်
ဘုရင်ခံအိမ်တော် (မေမြို့)
ပြင်ဦးလွင် ငှက်ဘေးမဲ့တော
ဟိုလိပ် စော်ဘွားတောင်
ဒီဇင်ဘာခြံ
ရေပြန်တောင်ရေတံခွန်
ရွှေပြင်ဦးလွင်စပျစ်ခြံ
ဘန့်ဘွေးကျင်းရေတံခွန်
သုံးထပ်ရေတံခွန်
တရုတ်ဘုံကျောင်း
ဂုတ်ထိပ်တံတား

02/07/2024

ကျွန်တော်တို့မြို့လေး
အရာရာ ပုံမှန်အတိုင်းပါပဲ
ယခုထိတော့
လှမြဲအတိုင်း လှနေပါတယ်

အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (ပြင်ဦးလွင်)******************************************လမ်းညွှန်မှာကြားချက်အရ ပြည်နယ်တိုင်း အသ...
02/07/2024

အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (ပြင်ဦးလွင်)
******************************************
လမ်းညွှန်မှာကြားချက်အရ
ပြည်နယ်တိုင်း အသီးသီးမှ ထင်ရှားသော နေရာဒေသ၊ အဆောက်အဦးများ ထည့်သွင်း တည်ဆောက် စေခဲ့သည်။ ၂၀၀၄ ခုနှစ် စက်တင်ဘာလတွင် အကျယ် အဝန်း(၅၆.၆၇) ဧက အား မြေယာရှုခင်း စတင်အကောင်အထည်ဖော် ဆောင်ရွက် တည်ဆောက်ခဲ့ရာ ကျပ်ငွေသန်းပေါင်း (၂၂၀၀၀) ခန့် ကုန်ကျခဲ့ပြီး (၂၀၀၆) ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ ဥယျာဉ် အတွင်းလေ့လာနိုင်သော ထင်ရှားသော အထိမ်းအမှတ် များမှာ အောက်ဖော်ပြပါအတိုင်းဖြစ်သည်။

ကချင်ပြည်နယ် - ခါကာဘိုရာဇီတောင်
ကယားပြည်နယ်- တောင်ကွဲစေတီ
ကရင်ပြည်နယ် - ဇွဲကပင်တောင်
ချင်းပြည်နယ် - ရိဒ်ရေကန် ၊ နတ်မတောင်
စစ်ကိုင်းတိုင်း - ကောင်းမှုတော်စေတီ ၊စစ်ကိုင်းတောင်
တနင်္သာရီတိုင်း - ဘုရင့်နောင်အငူ
ပဲခူးတိုင်း - ကမ္ဘောဇသာဒီနန်းတော်
မကွေးတိုင်း - ရေနံမြေ
မန္တလေးတိုင်း - မြနန်းစံကျော်ရွှေနန်းတော်၊ ကျုံးမြို့ရိုး၊ ပုပ္ပါးတောင်ကလပ် ၊ ပိတ်ချင်းမြောင်လှိုင်ဂူ
မွန်ပြည်နယ် - ကျိုက်ထီးရိုးစေတီ
ရခိုင်ပြည်နယ် - သျစ်သောင်းပုထိုးတော်ကြီး
ရန်ကုန်တိုင်း - ရွှေတိဂုံစေတီတော် ၊မြို့တော်ခန်းမ
ရှမ်းပြည်နယ် - အင်းလေးကန် ၊ဖောင်တော်ဦးဘုရား ၊ဂုတ်ထိပ်တံတား
ဧရာဝတီတိုင်း - ချောင်းသာကမ်းခြေ ၊မော်တင်စွန်းဘုရား
ဥယျာဉ်သည် အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် တစ်ဆက်တည်း ထိစပ်လျက်ရှိပြီး မနိမ့်မမြင့် တောင်ကုန်းလေးများ အဖြစ် တည်ရှိနေသည့် မြေမျက်နှာ သွင်ပြင်ပေါ်တွင် မြေခင်း အလှရောင်စုံပန်း အလှပင်များနှင့် ဒေသရင်းအပင်များ ဝေဆာစွာ စိုက်ပျိုးထားသည့်အကြား ပြည်နယ်နှင့် တိုင်းများရှိ အထင်ကရ သဘာ၀နေရာများ ၊ အဆောက်အဦးများကို တစ်နေရာတည်းတွင် လေ့လာမှတ်သားနိုင်သည်။

အမျိုးသားအထိမ်းအမှတ်ဥယျာဉ်အား ပြည်တွင်း ၊ ပြည်ပခရီးသွား ဧည့်သည်များ လာရောက်အပန်းဖြေ အနားယူရာတွင် သဘာ၀ ပတ်ဝန်းကျင်နှင့် အလှအပများအား ရှုမြင်ခံစားခြင်းနှင့်အတူ ပြည်နယ် ၊တိုင်းအလိုက် ထူးခြား ထင်ရှားသည့် အထင်ကရ သဘာ၀အထိမ်းအမှတ်များနှင့် ဖန်တီးမှု အထိမ်းအမှတ် အလှအပများကို တစ်နေရာတည်းတွင် ပြည်ထောင်နယ်သဖွယ် ဆက်စပ်စုစည်း ခံစားနိုင်စေရန် ရည်ရွယ်၍ တည်ထောင်ဖွင့်လှစ်လျက် ရှိသည်။

ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ်***************************************၁၉၁၇ ခုနှစ်တွင် ဗြိတိသျှ ကိုလိုနီ အစိုးရမှ တ...
30/06/2024

ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ်
***************************************
၁၉၁၇ ခုနှစ်တွင် ဗြိတိသျှ ကိုလိုနီ အစိုးရမှ
တရားဝင် အသိအမှတ်ပြုခဲ့ပြီး ၁၉၂၄ ခုနှစ်တွင်
အစိုးရမှ ကာကွယ်ထိန်းသိမ်းသည့် ဥယျာဉ်အဖြစ် ကြေညာခဲ့သည်။
၁၉၄၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် သစ်တောရေးရာဝန်ကြီးဌာနမှ “ ဘေးမဲ့သစ်တော” အဖြစ် ရေးဆွဲသတ်မှတ်ခဲ့သည်။
၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် ယင်းဥယျာဉ်အား “ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ်” အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။

30/06/2024

မေမြို့ မှ လည်ပတ်စရာများ
**************************
*ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ်
*အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (ပြင်ဦးလွင်)
*ဓာတ်တော်ချိုင့် ရေတံခွန်
*ပိတ်ချင်းမြောင်လိုဏ်ဂူ (နန္ဒာမူလိုဏ်ဂူ)
*ဘီအီးဖော ရေတံခွန် (ပွဲကောက် ရေတံခွန်)
*မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရား
*နှီးဘုရား
*တိုင်းရင်းသားကျေးရွာ
*ရတနာပုံတယ်လီပို့
*ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာနိုင်ငံ)
*စစ်တက္ကသိုလ်
*တပ်မတော် နည်းပညာ တက္ကသိုလ်
*ဘုရင်ခံအိမ်တော် (မေမြို့)
*ပြင်ဦးလွင် ငှက်ဘေးမဲ့တော
*ဟိုလိပ် စော်ဘွားတောင်
*ဒီဇင်ဘာခြံ
*ရေပြန်တောင်ရေတံခွန်
*ရွှေပြင်ဦးလွင်စပျစ်ခြံ
*ဘန့်ဘွေးကျင်းရေတံခွန်
*သုံးထပ်ရေတံခွန်
*တရုတ်ဘုံကျောင်း
*ဂုတ်ထိပ်တံတား

Address

Maymyo

Alerts

Be the first to know and let us send you an email when MayMyo Influencer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share