21/05/2026
အစိုးရသစ် ရက် (၁၀၀) စီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၏ လမ်းညွှန်မှာကြားချက်နှင့်အညီ (၁၈.၅.၂၀၂၆)ရက်နေ့၊ (၀၉ ၀၀)အချိန်၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂)ရှိ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများအား ပြင်ဦးလွင်ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်း ဦးဆောင်၍ တပ်ဖွဲ့ဝင်(၁+၅)ဦးဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်း၊ စစ်ဆေးခြင်းများ MRTV သတင်းပါရှိခဲ့ပါသည်။