Pathein

Pathein pathein ayeyarwady

12/03/2021

“ဒေါက်တာသန်းမင်းထွဋ် သတင်း Update 2”

ဒေါက်တာသန်းမင်းထွဋ်ဟာ တိုင်းကောင်စီ ရုံးကအပြန် လမ်းတစ်ဘက်မှာ ရှိတဲ့ ဆေးရုံဝင်းကို လမ်းလျှောက်ပြန်နေတုန်းမှာ Townace ကားအဖြူနဲ့ တိုင်းရဲမှူးနဲ့ အဖွဲ့က အတင်းတွန်းထိုးပြီး ခေါ်သွားတယ်လို့ သိရပါတယ်။

အခု ပုဒ်မ ၅၀၅ နဲ့ တရားစွဲဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်


၁၂-၃-၂၀၂၁ ည ၆:၂၀

06/03/2021

今晚,逝者:邓家希(云南华裔19岁)的坟墓被刨,尸体被盗!!!
(死于:3月3日游行示威中被暗杀!!!3月4日,在曼德勒云南坟山棺材⚰⚰⚰土葬!!!5日晚上7点多,尸体被盗走!)
连死都不能安宁!!!
我们华人最忌讳的就是挖坟盗墓盗尸!
这对逝者极为不尊重!!!

孔子曰:「逝者安息、生者如斯」如今我们的社会死者都沒办法得到安宁!才剛入土、逝者的血液都还未干,既然去挖掘死者的遺体、把自己的罪狀假祸給无辜的兩位少年,再次制造社会动乱,軍政府已经夺去了年輕的生命,如今又做出如此无道德的舉止,死者为大就让死者的灵魂在另一世界得到安宁。🙏🙏🙏

Weibo/WeChat စတဲ့ တရုတ် social websiteသုံးသူများ အိန်ဂျယ်လေး အုတ်ဂူ မတရားသဖြင့် အဖောက်ခံရတဲ့ ကိစ္စကို တရုတ်လိုတင်ပေးကြပါ။ ဂူဖောက်တယ်ဆိုတာ တရုတ်ထုံးတမ်းအစဉ်အလာအရ လုံးဝမဖြစ်သင့်တဲ့ ကိစ္စမို့ ကမ္ဘာက သိအောင်လုပ်ရပါမယ်။




06/03/2021

အခုအချိန်အထိ...

ဖြိုခွဲခံရတိုင်း...
အစိုးရ ဆေးရုံ ED ကိုဖွငိ့.
OT prepare လုပ်ပြီး...
ချက်ခြင်း...ကယ်နေကြပါတယ်..

အချို့ ကိစ္စတွေဟာ....
အပြင်မှာ လုပ်လို့မရတာတွေ ရှိပါတယ်...

အစိုးရဆေးရုံ လာတာနဲ့ Data တွေ
တောင်းပြီး.....
နောက်ရက် လိုက်ဖမ်းတယ် ဆိုတာ မဟုတ်ပါ....

အခုအချိန်အထိ တပ်ကရော...
ရဲကရော....
Data လာတောင်းခြင်း မရှိပါ...
လာတောင်းလည်း....ပေးဖို့အစီအစဥ်မရှိပါ...

Emergency အခြေအနေမှာ...
ဆေးရုံကို မလာရဲအောင်...
ဖြစ်သွားတတ်ပါတယ်...

အစိုးရဆေးရုံ လာတဲ့
Pt Data
ရဲကို /စစ်တပ်ကို
ပေးရတယ် ဆိုတာ
သတင်းအမှားပါ....

03/03/2021

ယနေ့ ကျဆုံး စာရင်း
——————————
မုံရွာ - ၅
မန်းလေး - ၂
မြင်းခြံ - ၁
မကွေး (စလင်း) - ၁
ရန်ကုန် (မြောက်ဥက္ကလာ) - ၁

အချို့နေရာများတွင် အရေးပေါ် အခြေအနေဖြင့် ကုသမှု ခံယူနေရသူများလည်း ရှိပါသည်။

Crd Mratt Kyaw thu

လက်တလော ကျဆုံး အတည်ပြု သူရဲကောင်းများမန္တလေး ၂မုံရွာ       ၃မြင်ခြံ      ၁ စိတ်မကောင်းများစွာ ဖစ်ရပါသည်။စစ်အာဏရှင် အမြန်...
03/03/2021

လက်တလော ကျဆုံး အတည်ပြု သူရဲကောင်းများ
မန္တလေး ၂
မုံရွာ ၃
မြင်ခြံ ၁

စိတ်မကောင်းများစွာ ဖစ်ရပါသည်။
စစ်အာဏရှင် အမြန်ကျဆုံးပါစေ။
တရာသော ဒီမိုကရေစီ အမြန်ရပါစေ

Photo all crd

ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင်ကျွန်း မြို့နယ် ပြည်သူ လူထု အကြမ်း ဖက် ခံနေရပုံ ဖြစ်ပါတယ်
27/02/2021

ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင်ကျွန်း မြို့နယ် ပြည်သူ လူထု အကြမ်း ဖက် ခံနေရပုံ ဖြစ်ပါတယ်

အကုန် ထောင်ထဲ့ ဝင်ရကြရမယ် ဟေ့ 🙃🙃🙃
16/02/2021

အကုန် ထောင်ထဲ့ ဝင်ရကြရမယ် ဟေ့ 🙃🙃🙃

15/02/2021

ကျွန်တော်တို့အင်တာနက်ရလို့ပျော်ကြပေမယ့် မနေ့ညက ကချင်ပြည်နယ်မှာ ဖြစ်တဲ့ အဖြစ်ကို မေ့ထားလိုက်လို့မရပါဘူး။

ရန်ကုန် မဖြစ်ဘူး၊ မန္တလေးမဖြစ်ဘူး၊ နေပြည်တော်မဖြစ်ဘူး ဆိုပြီး သွေးအေးသွားရင် အာဏာရှင်ကို ဖြုတ်ချတဲ့ ဒီတိုက်ပွဲမှာ တိုင်းရင်းသားတွေနဲ့ သွေးကွဲရပါလိမ့်မယ်။

စစ်တပ်က လက်နက်မဲ့ ကချင်ပြည်သူတွေ နဲ့ သတင်းသမားတွေကိုပါ မနေ့က အကြမ်းဖက်ခဲ့ပါတယ်။

Telenor Myanmar က တော့ သူတို့ကို စေခိုင်းခဲ့သမျှတွေကို အားလုံးသိအောင် ချပြသင့်တယ်လို့ ခံယူတာကြောင့် ဘယ်နေ့မှာ ဘာခိုင်းတယ...
14/02/2021

Telenor Myanmar က တော့ သူတို့ကို စေခိုင်းခဲ့သမျှတွေကို အားလုံးသိအောင် ချပြသင့်တယ်လို့ ခံယူတာကြောင့် ဘယ်နေ့မှာ ဘာခိုင်းတယ်ဆိုတာကို ရက်တွေနဲ့ ထုတ်ပြန်ပေးလိုက်ပါတယ်။ လေးစားစရာ စီးပွားရေးကျင့်ဝတ်နဲ့ လုပ်ဆောင်မှုပါ။

ကဲ... အဲ့တော့ ကိုယ်တွေ ဘက်ကလည်း မသုံးသင့်တဲ့ Operator ကို မသုံးကြခြင်းဖြင့် အားဖြည့်ကြပါစို့...

Source: https://www.telenor.com/sustainability/responsible-business/human-rights/mitigate/human-rights-in-myanmar/directives-from-authorities-in-myanmar-february-2021/


11/02/2021

အရေးကြီးပါတယ် သေသေချာချာဖတ်ပီး သဘောတူလျှင် copy ပီးတင်ပေးကြပါ
ဒီနေ့ မြို့နယ်ဆရာဝန်တွေ တိုက်နယ်ဆရာဝန်တွေ လိုက်ဖမ်းနေပါတယ်
ဒီလိုဖမ်းရင် Liveလွှင့်မယ် video ရိုက်မယ်
သူတို့မသိဘဲလုပ်တာလား? သိသိနဲ့တမင်လုပ်တာလား ?
သေသေချာချာပြန်တွေးပါ ရှင်းရှင်းလေးပါ
တမင်ကိုLive ပေးလွှင့် video ပေးရိုက်တာပါ
လူထုကြားကိုမြန်မြန်ပျံစေချင်တာပါ
အကြောက်တရားကို ရိုက်ထည့်ပေးတာပါ
မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ အုပ်ချုပ်လာတဲ့သူတွေမို့ မြန်မာတွေရဲ့အကြောင်းသိလို့ အကြောက်တရားကို ထည့်သွင်းပေးတာပါ။
CDM ရဲ့အစဟာ ဆရာဝန်တေ ကျန်းမာရေးဝန်ထမ်းတွေကနေစတာပါ အခုဌာနပေါင်းစုံပါဝင်လာတဲ့အတွက်ကြောင့် သူတို့တော်တော်ထိနေပါပီ။
ဒါကြောင့် ဆရာဝန်တွေကိုဖမ်းပြပီး စိတ်ဓါတ်စစ်ဆင်ရေး လုပ်တာပါ။
CDM လုပ်တဲ့သူတွေကိုဖမ်းစရာ ဥပဒေ သူတို့မှာမရှိပါ
ကြောက်အောင်ခြောက်တာပါ
ကျနော်တို့မကြောက်ဘဲ CDMကို ပိုအားထည့်ဖို့လိုလာပါပီ။
CDMမလုပ်ရသေးတဲ့သူတွေလဲ CDMကိုအပြည့်အဝ ပူးပေါင်းကြပါ။ကိုယ့်ဝန်ထမ်းအချင်းချင်း ကယ်ပေးကြပါ။🙏🙏
CDM လုပ်နေတဲ့ သူတွေလဲ တောင့်ခံပေးကြပါ။အလုပ်ကိုပြန်မသွားပါနဲ့။
တခါကြောက်ရင် တသက်လုံး အမှောင်ထဲနေသွားရတော့မှာပါ။
ကိုယ့်သားသမီးမြေးတွေ၊ လူငယ်တွေရဲ့အနာဂတ်အတွက် CDMကိုအပြည့်အဝ လုပ်ဆောင်ပေးကြပါ။
အခုလိုပြောလို့ လာဖမ်းရင် လိုက်သွားရမလားဆိုတော့ မဟုက်ပါဘူး။
CDMလုပ်ပီဆို အဲ့နေရာမှာမနေကြပါနဲ့။အထူးသဖြင့် တိုက်နယ်တွေ မြို့နယ်တွေပါ။အခြားမြို့တမြို့ကိုပြောင်းနေကြပါ။
အိမ်မှာနေတဲ့ဝန်ထမ်းဆိုရင်လဲ အခြားနေရာကိုပြောင်ူနေကြပါ။အဆောင်မှာနေတဲ့သူတွေဆိုလဲ အကုန်လုံး Stick လုပ်ထားကြပါ။
ကျနော်တို့အောင်မြင်တော့မှာပါ ။အားလုံးတူတူဝိုင်းတွန်းပေးကြပါ
Crdပေးရန်မလိုပါ။source ပျောက်အောင် ကူးတင်ကြပါ။

11/02/2021

CDM မလုပ်သောဝန်ထမ်းများ သို ပေးစာ
CDM မလုပ်သေးတဲ့ ဝန်ထမ်းများ ခင်ဗျာ အခုအချိန်မှာ ရုန်းထွက်ပါ။မရုန်းထွက်လို လကုန်ပါက လူကြီးမင်းတို့ အနေနဲ့ မတရားအစိုးရမှ ပေးသော လစာ မရသည်အပြင် ပြည်သူလူထုထောက်ပံသော ပြည်သူ လစာ တောင် မရနိင် ဖစ်သွား နိင်ပါသည်။ယခုအချိန်မှာ Bank လုပ်ငန်းများပါ ပိတ်ထား ပါသဖြင့် လူကြီးမင်းတို့ လစာကို မတရား အာဏ လုထားသော မအလ နဲ့ အဖွဲ့က လဲ ပေးလို ရမည် မဟုတ်ပါ။ထိုအပြင် ပြည်သူလူထုကလဲ မည်သည် အခွန်အခ မှ မတရားအစိုးရ အား ပေးချေ မည် မဟုတ်ပါသဖြင့် ဝန်ထမ်းလစာ အား မတရား အစိုးရမှ ပေးရန် ရှိမည် မဟုတ်ပါ။"ကျွန်မ အိမ်မှာ မိသားစု ငါးယောက်ရှိသည်" post ဖြင့် မျက်ရည်မခြူ ပါနဲ့ ခင်ဗျာ။ဓမ္မ နဲ့ အဓမ္မ မှာ ကြားနေမရှိပါ။အဆင်မပြေ အခက်အခဲ ရှိနေပါသော် မည်သည် CDM ဝန်ထမ်း မဆို ထောက်ပံပါမည်လို ပြည်သူများမှ အော်နေချိန် အမြန် လက်တွဲပီး မတရားသော အစိုးရကို အချိန်မှီ တွန်းလှန်ပါ ခင်ဗျာ။CDM မလုပ်သော လူကြီးမင်း တို့ မျော်လင့်နေသည် လစာမှာ ပြည်သူ အခွန်မှ ပေးနေခြင်း ဖစ်ပါသည်။ထိုကြောင့် လူကြီးမင်းတို့ အနေ နှင့် လကုန်ထိစောင့်နေပါက မတရားအစိုးရ လစာ အပြင် ပြည်သူ လစာ ပါ မရ ဖြစ်မည်ကို အလေးအနက် တွေး မိစေရန် ရေးသား ရခြင်း ဖစ်ပါသည်။

၂ဝ၂ဝ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များ အစိုးရသစ်ဖွဲ့ချိန်အထိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်လိုက်ကြောင်း ထိမ်းသိမ်းခံ ဧရာဝတ...
10/02/2021

၂ဝ၂ဝ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များ အစိုးရသစ်ဖွဲ့ချိန်အထိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်လိုက်ကြောင်း ထိမ်းသိမ်းခံ ဧရာဝတီတိုင်းအစိုးရကြေညာ

ဧရာဝတီတိုင်းမ်
(ပုသိမ်) ဖေဖော်ဝါရီ ၁၀ ရက်

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လက်အောက်မှာရှိတဲ့
ဌာနဆိုင်ရာ အရာရှိ၊ အရာထမ်း၊ ဝန်ထမ်းများအားလုံးကို ၂ဝ၂ဝ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များ အစိုးရသစ်ဖွဲ့ချိန်အထိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်လိုက်ကြောင်း ထိမ်းသိမ်းခံ ဧရာဝတီတိုင်းအစိုးရအဖွဲ့က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်မှ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုရာဆွဲအဓိပ္ပါယ်ဖွင့်ဆို၍ ဥပဒေမဲ့အာဏာ သိမ်းယူခဲ့ကြောင်း၊ ထိုသို့အာဏာသိမ်းတဲ့အတွက် ပြည်သူ့ဝန်ထမ်း အလွှာအသီးသီးနှငိ့ ပြည်သူတို့ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး အာဏာသိမ်းစစ်တပ်လက်အောက်တွင် အမှုမထမ်းလိုသည့်အတွက် ဆန့်ကျင်အာဏာဖီဆန်လျှက်ရှိကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်မှ အာဏာသိမ်းယူခြင်းမှာ ဥပဒေမဲ့ ပြုကျင့်ခြင်းဖြစ်တဲ့အတွက် တရားဝင်မှုမရှိကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၉ အရ ဧရာဝတီတိုင်းအစိုးရအဖွဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဦးစီးဌာန၊ အဖွဲ့အစည်းများနဲ့ လက်အောက်ခံ ရုံးဌာနအသီးသီးမှ အရာရှိ၊ အရာထမ်း၊ ဝန်ထမ်းများအားလုံးကို ၂ဝ၂ဝ ခုနှစ် ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်များ အစိုးရသစ်ဖွဲ့စည်းချိန်အထိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပေးလိုက်ကြောင်း ကြေညာချက်မှာ ဖော်ပြထာပါတယ်။

ထို့ပြင် စစ်တပ်မှ ဥပဒေမဲ့အာဏာသိမ်းယူမှုအား ရဲဝံ့စွာဖီဆန်၍ ဆုံးဖြတ်ချက်ပြတ်သားသူ ပြည်သူ့ဝန်ထမ်းများအား အလေးအနက်ထား မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ကြေညာချက်မှာ ရေးသားဖော်ပြပါတယ်။

ဒီကြေညာချက်ကို ဝန်ကြီးချုပ် ဦးလှမိုးအောင်ကိုယ်စား လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

တပ်မတော်က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံတော်အာဏာ သိမ်းယူပြီးတဲ့နောက် နိုင်ငံတော် သမ္မတ ဦးဝင်းမြင်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်အားလုံးကို လက်ရှိအချိန်အထိ ထိမ်းသိမ်းထားဆဲ ဖြစ်ပါတယ်။

တပ်မတော်ရဲ့ ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့အထဲက ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့တွေဟာ ယခုလို ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

#အလုပ်ပိတ်ရက် #ကြေညာ #ဖမ်းဆီးထိမ်းသိမ်း

Address

Main
Mawlamyinegyunn
042

Alerts

Be the first to know and let us send you an email when Pathein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share