25/05/2022
သင့်ကျန်းမာရေးအတွက်ဆိုရင်...
ဝိဖ၀တီအပြည်ပြည်ဆိုင်ရာဆေးရုံကြီး 🏨 မှ တာဝန်ယူပေးပါရစေ…
🤔 ၀ိဖ၀တီ အပြည်ပြည်ဆိုင်ရာဆေးရုံကြီးဆိုတာ ???
- ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာတည်ရှိတဲ့
-💰 ထိုက်သင့်သောဈေးနှုန်းဖြင့်
-👨⚕️ သမားကျင့်ဝတ်နှင့်အညီ စေတနာရှေ့ထား ကုသပေးနေသော အထူးကုဆရာဝန်ကြီးများ နှင့်
-👨👨👧 ဆွေမျိုးရင်းခြာသဖွယ် စေတနာရှေ့ထား ကူညီဆောင်ရွက်ပေးလျက်ရှိသော မြန်မာစကားပြန်ဝန်ထမ်းများ မှ
- 🩺 အကောင်းဆုံးဝန်ဆောင်မှုတွေကို ပေးအပ်လျက်ရှိသော နာမည်ကြီး အပြည်ပြည်ဆိုင်ရာဆေးရုံကြီးဖြစ်ပါတယ် 😊🙂😊
🤔 တည်နေရာက ???
🚗 ကားနဲ့ဆို ဒွန်မောင်း လေဆိပ်မှ ၁၀ မိနစ်...
သုဝဏ္ဏဘူမိ လေဆိပ် မှ ၄၅-၅၀ မိနစ်...
အတွင်းရောက်ရှိနိုင်တဲ့ 51/3, Ngamwongwan Road, Chatujak, Ladyao, Bangkok မှာတည်ရှိပါတယ်။
🤔 ခုချိန်မှာ ဘန်ကောက်ဆေးသွားကုမယ်ဆို သွားလို့ရပြီလား ???
- ဟုတ်ကဲ့။
✈️ ရန်ကုန်ကနေ နေ့စဉ် MNA, MAI, Thai Smile စတဲ့ commercial flight schedules တွေရှိနေပြီး…
🛫 မန္တလေးမှဆိုရင်တော့ ဇွန်လ ၂၀၂၂ မှစလို့ MAI က အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေ နဲ့ တနင်္ဂနွေ နေ့တွေမှာ ပျံသန်းပေးနေပါ့မယ်။
🤔 ဘန်ကောက်ကိုဆေးသွားကုရင် ဘာတွေလိုအပ်အုံးမှာလဲ???
- အရင်လို ခုလက်မှတ်ဝယ် ခုချက်ချင်းထသွားလို့တော့ မရနိုင်သေးပါဘူး။
၁) ထိုင်းနိုင်ငံတွင်းမှာ အကျုံးဝင်သော USD 10,000 cover ပေးနိုင်သော ကျန်းမာရေးအာမခံ ပရီမီယံပေးသွင်းပြီးသော အထောက်အထား (ပရီမီယံကြေးသည် အသက်အရွယ်ပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားချက်ရှိပါသည်။)
၂) ထိုင်းသို့မထွက်ခွာမှီ ၁၄ ရက်အတွင်း Covid ကာကွယ်ဆေး အနည်းဆုံး ၂ ကြိမ်ထိုးနှံပြီးကြောင်း vaccine certificate (Notary ပြန်ပြီး)
၃) Thailand Pass (အထက်ပါအချက်အလက် ၂ ခု နှင့်အတူ) လျှောက်ထားရန်။ လျှောက်ထားပြီးပါက ခန့်မှန်း ၁ ရက် မှ ၃ ရက် ခန့်ကြာတတ်ပါတယ်။
* မိမိလက်ကိုင်ဖုန်းထဲမှာ Morchana ဆိုတဲ့ apps လေး download ဆွဲထားဖို့တော့ လိုကောင်းလိုအပ်ပါလိမ့်မယ်။
🤔 ထိုင်းရောက်ရင် ကွာရင်တင်း (Quarantine) ၀င်စရာလိုသေးလား ???
💉💉 ထိုင်းမလာခင် ၁၄ အလိုမှာ ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသူတွေကတော့…
- Quarantine ၀င်စရာမလိုအပ်ပါဘူးဗျ။
- လေဆိပ်ရောက်ရောက်ချင်းလဲ နှာခေါင်းထိုး Covid စမ်းစရာမလိုအပ်ပါဘူး။
- ဒါပေမယ့် ATK (antigen test kit) လေးပေးလိုက်မှာဖြစ်ပြီး မိမိဘာသာ ကိုဗစ်စစ်ရမှာပါ။
🤡 ကိုဗစ်ကာကွယ်ဆေး မထိုးရသေးသူတွေ/ ၂ ကြိမ်ပြည့်အောင်ထိုးမထားသူတွေကတော့…
- ထိုင်းမလာခင် ၇၂ နာရီအတွင်း Covid PCR test Negative ဖြစ်ကြောင်းပြနိုင်ခဲ့ရင် Quarantine ၀င်စရာမလိုအပ်ပါဘူးဗျ။ လေဆိပ်ရောက်ရောက်ချင်းလဲ နှာခေါင်းထပ်ထိုး Covid စမ်းစရာမလိုအပ်ပါဘူး။ ATK (antigen test kit) လေးနဲ့ပဲ မိမိဘာသာ ကိုဗစ်စစ်ရမှာပါ။
- တကယ်လို့ ၇၂ နာရီအတွင်း Covid PCR test Negative ဖြစ်ကြောင်းမပြနိုင်ခဲ့ရင်တော့ ...
Alternative Quarantine လို့ခေါ်တဲ့ Hotel Quarantine ၅ ရက်ဝင်ဖို့လိုအပ်ပါတယ်။ အဲ့အတွက် မြန်မာပြည်ကနေ Thailand Pass လျှောက်ကတည်းက ငွေအပြည့်ပေးချေရပါ့မယ်။
🤔 ဒါဆို ထိုင်းကိုဆေးသွားကုရတာ အရင်ကလိုမခက်ခဲတော့ဘူးပေါ့ ???
🤗 ဟုတ်ပါတယ်။
🤨 အာမခံဝယ်တာ၊ ကာကွယ်ဆေးလက်မှတ် Notary ပြန်တာ၊ Thailand Pass လျှောက်တာ ကလွဲရင် အရင်လိုပဲ ဗီဇာမပါ ၁၄ ရက်သွားလို့ရပါပြီဗျ။
🤗🤗🤗 မိတ်ဆွေတို့ရဲ့ ကျန်းမာရေးကို ထိုက်သင့်တဲ့ဈေးနှုန်းနဲ့ ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေ ရယူနိုင်ဖို့ဆိုရင်...
📲🏬📞 ၀ိဖ၀တီအပြည်ပြည်ဆိုင်ရာဆေးရုံကြီးရဲ့ မြန်မာကိုယ်စားလှယ်ရုံးခွဲကို ဆက်သွယ်လိုက်ပါ။
သင့်အတွက်-
လိုအပ်သော အကောင်းဆုံးအကြံပေးခြင်း
အသင့်တော်ဆုံး သမားတော်ကြီးများကို ရွေးချယ်ပေးခြင်း
ခရီးစဉ်အသေးစိတ်ကို စီစဉ်ပေးခြင်း
ကုန်ကျငွေခန့်မှန်းတွက်ချက်ပေးခြင်း နှင့်
နောက်ဆက်တွဲ ကျန်မာရေးကိစ္စများကို အကောင်းဆုံးတာဝန်ယူဆောင်ရွက်ပေးခြင်း
စတဲ့ဝန်ဆောင်မှုများကို ကူညီဆောင်ရွက်ပေလျက်ရှိပါတယ်။
အမှတ် (၁၈၈)၊ ၆၃ လမ်း
၂၅ နှင့် ၂၆ လမ်းကြား
မန္တလေး
၀၉-၄၀၂၆၅၉၂၀၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။