21/02/2025
https://www.facebook.com/share/p/16A4DsV3Ke/
ကျော၊က်ကပ်မှာပြ၊ဿ၊နာရှိနေပြီလို့
ပြနေတဲ့ လက္ခဏာ (၁၀) ခု
ပုံမှန်ကျန်းမာရေးစစ်ဆေးတဲ့လူတွေကလွဲလို့
တော်ရုံဆို ကိုယ့်မှာ ကျောက်ကပ်ရောဂါရှိနေတာကို
မသိတဲ့သူများပါတယ်။
သိပြီဆိုလည်း ဆေးခန်းပြမှ လက္ခဏာတော်တော်ပြနေပြီ၊
ဝေဒနာတော်တော်ဆိုးနေပြီဆိုတာချည်းပဲ။
ဘာလို့လဲဆိုတော့ရောဂါလက္ခဏာတွေဖြစ်နေလည်း
လူတွေကကျောက်ကပ်လို့မထင်ဘဲ တခြားအကြောင်းရင်းတွေနဲ့
ရောထွေးကြလို့ပါပဲ။
နောက်ပြီး တချို့ကျောက်ကပ်ဝေဒနာရှင်တွေမှာ
ရောဂါရင့်တဲ့အဆင့်အထိ လက္ခဏာမပြဘဲရှိတတ်တယ်၊
နာတာရှည်ကျောက်ကပ်ရောဂါရှိတဲ့သူတွေမှာ ၁၀ ရာခိုင်နှုန်း
လောက်က ကိုယ့်ရောဂါကိုမသိဘဲနေကြတာတွေ့ရပါတယ်။
ကျောက်ကပ်ကောင်းမကောင်း အတိအကျသိနိုင်တဲ့
နည်းလမ်းကဆေးစစ်တာပဲဆိုတော့ လူတိုင်းပုံမှန်
ဆေးစစ်ဖို့ကလည်း သိပ်မဖြစ်နိုင်တဲ့ကိစ္စပါ။
ဒီတော့ဖြစ်နိုင်ခြေ လက္ခဏာတွေနဲ့ပဲအရင်
ဆန်းစစ်ရပါမယ်။ ကိုယ့်မှာသွေးတိုး၊ ဆီးချို၊ ဒါမှမဟုတ်
မိဘဆွေမျိုးတွေထဲမှာကျောက်ကပ်ရောဂါရှိဖူးတာ၊
ဒါမှမဟုတ် အသက် ၆၀ အထက်ရှိသူတွေဟာ
ကျောက်ကပ်ကျန်းမာရေးကို စစ်ဆေးမှုခံယူဖို့
လိုအပ်ပါတယ်။
ဆေးမစစ်ခင် ကိုယ့်မှာဒီလက္ခဏာတွေရှိနေသလား
အရင်ကြည့်ပါ။
(၁) အရမ်းပင်ပန်း၊ အားကုန်နေတာ ဒါမှမဟုတ်
အာရုံစူးစိုက်လို့မရတာ
ကျောက်ကပ်လုပ်ဆောင်ချက်ကျဆင်းမှုပြင်းထန်ရင်သွေးထဲမှာ အဆိပ်အတောက်တွေစုပုံလာစေနိုင်ပြီးသွေးညစ်စေပါတယ်။
အဲဒီအခါ လူတွေက ပင်ပန်းအားနည်းလာပြီး အာရုံစိုက်မရတာတွေ
ဖြစ်လာနိုင်ပါတယ်။ နောက်ဆက်တွဲပြဿနာနောက်တစ်ခုကတော့သွေးအားနည်းတာပဲဖြစ်ပါတယ်။
(၂) အိပ်မပျော်တာ
ကျောက်ကပ်ကကောင်းကောင်းစစ်မထုတ်နိုင်တော့
ဆီးထဲကိုစွန့်ထုတ်မယ့်အစားသွေးထဲမှာ
အဆိပ်အတောက်တွေကျန်နေတာပေါ့။
ဒီလိုဖြစ်လာရင် အိပ်စက်မှုပြဿနာရှိလာနိုင်ပါတယ်။
အဝလွန်ခြင်းနဲ့ နာတာရှည်ကျောက်ကပ်ရောဂါက
ဆက်နွှယ်မှုလည်းရှိနေပြီး ကျောက်ကပ်ရောဂါရှိသူတွေမှာ
အိပ်စက်မှုပြဿနာတွေပိုအဖြစ်များတာတွေ့ရပါတယ်။
(၃) အသားခြောက်ပြီး ယားတာ
ကျန်းမာတဲ့ကျောက်ကပ်ရဲ့လုပ်ဆောင်ချက်တွေက
ကဏ္ဍအတော်များများမှာ အရေးပါပါတယ်။
ကျောက်ကပ်က ခန္ဓါကိုယ်ထဲက အရည်ပိုတွေနဲ့
အညစ်အကြေးတွေကို ဖယ်ရှားစွန့်ထုတ်ပေးတယ်၊
သွေးနီဥဆဲလ်တွေဖြစ်လာအောင်ကူညီပေးတယ်၊
အရိုးတွေကြံ့ခိုင်ဖို့ထောက်ပံ့တယ်၊သွေးထဲမှာ
သတ္တုဓါတ်ပမာဏတွေ ထိုက်သင့်သလောက်
ထိန်းထားနိုင်အောင်လုပ်ဆောင်တယ်။
အသားအရေခြောက်သွေ့ပြီး ယားယံနေတာက
ကျောက်ကပ်ရောဂါနဲ့ဆက်နွှယ်နေတဲ့ သတ္တုဓါတ်ချို့တဲ့မှု
သို့မဟုတ် အရိုးရောဂါရဲ့လက္ခဏာတစ်ခုဖြစ်နေနိုင်ပါတယ်။
(၄) ဆီးခဏခဏသွားချင်နေတာ
အထူးသဖြင့် ညဘက်မှာဆီးခဏခဏသွားချင်တာ
ကျောက်ကပ်မှာ ပြဿနာတစ်ခုခုရှိနေတာဖြစ်နိုင်ပါတယ်
ကျောက်ကပ်ရဲ့စစ်ထုတ်စနစ်မှာ ထိခိုက်နေတဲ့အခါ
ဆီးခဏခဏသွားချင်လာနိုင်ပါတယ်။
တစ်ခါတလေ ဒီလိုဖြစ်တာဟာ ဆီးလမ်းကြောင်းပိုးဝင်တာ
ဒါမှမဟုတ် အမျိုးသားတွေမှာ ဆီးကျိတ်ရောင်တာရဲ့
လက္ခဏာဖြစ်နိုင်ပါတယ်။
(၅) ဆီးထဲမှာသွေးပါတာ
ကျောက်ကပ်ကျန်းမာနေရင်သွေးထဲက
အညစ်အကြေးတွေကို ဆီးအဖြစ်နဲ့စွန့်ထုတ်လိုက်တဲ့အခါ
ခန္ဓါကိုယ်ထဲကသွေးကလာပ်စည်းတွေကို
ထိန်းသိမ်းကာကွယ်ပေးပါတယ်။
ဒါပေမယ့်ကျောက်ကပ်ရဲ့စစ်ထုတ်မှုစနစ်က
ယိုယွင်းနေတဲ့အခါသွေးကလာပ်စည်းတွေက
ဆီးထဲကို စတင်ယိုစိမ့်လာနိုင်ပါတယ်။
ဆီးထဲသွေးပါတာဟာ ကျောက်ကပ်ရောဂါရှိတယ်လို့
အချက်ပြတာဖြစ်နိုင်သလို အကျိတ်ရှိနေတာ၊
ကျောက်ကပ်ကျောက်တည်တာ၊ရောဂါပိုးဝင်တာတစ်ခုခုရဲ့
လက္ခဏာဖြစ်နိုင်ပါတယ်။
(၆) ဆီးကအမြှုပ်တွေထတာ
ဆီးခွက်နဲ့သွားရင် အမြှုပ်ထတာအနည်းငယ်ရှိတာပုံမှန်ဖြစ်ပေမယ့်
အမြှုပ်ကသိပ်များနေတယ်ဆိုရင်၊ အထူးသဖြင့် ဆီးသွားပြီး
ရေအခါခါလောင်းချနေရတယ်ဆိုရင် ဆီးထဲမှာ ပရိုတင်းတွေ
ရှိတာကိုဖော်ပြပါတယ်။ ဒါဟာ ဆီးထဲမှာalbumin လို့ခေါ်တဲ့
ပရိုတင်းတစ်မျိုးရှိနေတာကိုဖော်ပြတာဖြစ်ပါတယ်။
(၇) မျက်လုံးမို့အစ်နေတာ
ဆီးထဲမှာပရိုတင်းရှိနေတာဟာကျောက်ကပ်ရဲ့စစ်ထုတ်မှုစနစ်
မကောင်းတဲ့ အစောပိုင်းလက္ခဏာဖြစ်ပါတယ်။
ပရိုတင်းတွေကို ခန္ဓါကိုယ်ထဲမှာထိန်းပေးရမယ့်အစား
ကျောက်ကပ်က ဆီးထဲကို ပရိုတင်းတွေအများကြီး
စွန့်ထုတ်ပေးတာကြောင့် မျက်လုံးမို့အစ်နေတာဖြစ်ပါတယ်။
(၈)ခြေကျင်းဝတ်နဲ့ခြေထောက်တွေရောင်ရမ်းတာ
ကျောက်ကပ်လုပ်ဆောင်ချက်ကျဆင်းတဲ့အခါ
ဆိုဒီယမ်တွေစုနေစေပြီးခြေကျင်းဝတ်နဲ့ခြေထောက်ကို
ရောင်ရမ်းစေပါတယ်။
ခြေထောက်အောက်ပိုင်းအဖျားတွေမှာရောင်ရမ်းတာက
နှလုံးရောဂါ၊ အသည်းရောဂါနဲ့ နာတာရှည်ခြေထောက်
သွေးပြန်ကြောရောဂါတွေရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။
(၉) အစာစားချင်စိတ်နည်းတာ
ဒါကတော့ အကြောင်းကြောင်းကြောင့် အဖြစ်များကြတဲ့
ပြဿနာဆိုပေမယ့် တစ်ခါတလေတော့ကျောက်ကပ်ကြောင့်
ဖြစ်လာနိုင်ပါတယ်။
ကျောက်ကပ်က စစ်ထုတ်ဖယ်ရှားမပေးတဲ့ အဆိပ်အတောက်
ဓါတ်တွေစုပုံလာတာက အကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။
(၁၀) ကြွက်တက်တာ
ကျောက်ကပ်လုပ်ဆောင်ချက်တွေ ယိုယွင်းတဲ့အခါ
Electrolyteတွေမညီမျှတော့ပါဘူး။
ဥပမာ – ကယ်လ်စီယမ်ပမာဏချို့တဲ့ပြီးဖော့စဖရပ်စ်ဓါတ်
ထိန်းချုပ်မှုအားနည်းတာတွေကြောင့် ကြွက်တက်လာနိုင်ပါတယ်။