Say No to Myanmar Military coup

Say No to Myanmar Military coup ၂၀၂၁ အာဏာရှင်ကို ဖီဆန်မယ် No additional information to be shown

16/03/2022

အရေးတော်ပုံ အောင်မြင်ရမည်။

ဒီနေ့ဟာ ခင်ဗျားတို့ကျုပ်တို့ မေ့ကောင်း မေ့နေကြတဲ့ ထောင်ထဲက ပြည်သူ့ဘက်တော်သား ရက်ဂေးအဆိုတော်ကြီး တစ်ယောက်ရဲ့ မွေးနေ့ဗျ။နွ...
16/03/2022

ဒီနေ့ဟာ ခင်ဗျားတို့ကျုပ်တို့ မေ့ကောင်း မေ့နေကြတဲ့ ထောင်ထဲက ပြည်သူ့ဘက်တော်သား ရက်ဂေးအဆိုတော်ကြီး တစ်ယောက်ရဲ့ မွေးနေ့ဗျ။

နွေဦးတော်လှန်ရေးမှာ ဘာမှတောင် ပါဝင်ခဲ့ခြင်းမရှိရှာတဲ့ စောဖိုးခွား ကို အာဏာသိမ်းအစ 2021 ဖေဖော်ဝါရီ ၁ရက်နေ့ကတည်းက အကြောင်းပြချက်မရှိ ၅၀၅ပုဒ်မနဲ့ ခေါင်းစဉ်တပ် ဖမ်းဆီးသွားခဲ့တာဗျ။
အရင်က သူ သီဆိုခဲ့ဖူးတဲ့ ငြိမ်ချမ်းရေးဖော်ဆောင်တဲ့သီချင်းတွေ၊ စစ်ပွဲ မလိုလားကြောင်းသီချင်းတွေ၊ အာဏာရှင်စနစ်ကို သွေဖီတဲ့ ဒီမိုကရေစီကို အလေးပေးတဲ့ သီချင်းတွေ ကြောင့် အငြိုးထားပြီး ဖမ်းတာပေါ့ဗျာ...
အချို့ နာမည်ကြီး သရုပ်ဆောင်တွေ အလျှိုလျှိုပြန်လည် လွတ်မြောက်လာတာကို မြင်တော့ အရင်ကတည်းက အမှန်တရားဘက်က ရဲရဲတင်းတင်းရပ်တည်ခဲ့တဲ့ စောဖိုးခွား ကြီးကိုလည်း အမြန်ပြန်လွတ်စေချင်လိုက်တာ...

ဒီနှစ်ကျရောက်တဲ့ မွေးနေ့ကို အကျဉ်းထောင်ထဲမှာဖြတ်သန်းရမှာမို့ မပျော်နိုင်မှန်းသ်ိပေမဲ့လည်း ဒီမိုကရေစီရအပြီး နောက်ကာလတွေမှာ ပျော်ရွှင်စွာဖြတ်သန်းရဦးမယ့် မွေးနေ့တွေကိုစဉ်းစားပြီး အားတင်းထားပါဦး စောဖိုးခွားရေ...
Happy Birthday ပါ "စောဖိုးခွား"
နေကောင်းကျန်းမာပါစေ...အမြန်ဆုံး ပြန်လည်လွတ်မြောက်ပါစေ...

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Say No to Myanmar Military coup posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category