15/09/2026
အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန
မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့
မန္တလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏
ကွပ်ကဲမှုအောက်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့်
မိမိတို့ ချမ်းမြသာစည်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သော ရဲဘော်အောင်လေး (ဆက်သွယ်ရေးတာဝန်ခံ) ကိုယ်ပိုင်အမှတ်
-(MDY-0401-00008) (ပြည်သူ့ဇာနည်ဆု) သည်
၂၀၂၅ ခုနှစ် စက်တင်ဘာလ (၁၅)ရက်နေ့တွင် မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ်
လမ်းလယ်ကျစ်ကျေးရွာ တိုက်ပွဲ၌ ရွံရွံချွံချွံ တိုက်ပွဲဝင်ရင်း ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ပါသည်။
ယနေ့ ၂၀၂၆ ခုနှစ် စက်တင်ဘာလ (၁၅)ရက်နေ့သည် ရဲဘော်အောင်လေး ကျဆုံးခဲ့သည့် (၁)နှစ်ပြည့်သည့်နေ့ ဖြစ်သည့်အတွက် မိမိတို့ ချမ်းမြသာစည်မြို့နယ်
ပြည်သူကာကွယ်ရေးအဖွဲ့ရှိ ရဲဘော်များမှ
ရဲဘော်အောင်လေးအား ရည်စူး၍ ဆွမ်း သင်္ကန်း ဝတ္ထုငွေ အစရှိသော လှူဖွယ်ပစ္စည်းအစုစုတို့အား
ရဲဘော်အောင်လေး ရောက်ရှိရာဘဝမှ
သာဓုခေါ်ဆိုနိုင်ရန် ကုသိုလ်ပြု လှူဒါန်းခဲ့ပါသည်။
မိမိတို့ ပြုပြုသမျှ ကုသိုလ်များအား
သာဓု ခေါ်ဆိုနိုင်ပါစေသောဝ်
#ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ချမ်း/စည်)