My Pool Swimming Club

My Pool Swimming Club အရေးလည်းကြုံ၊ သက်လုံလည်းကောင်း၊ အညောင်းလည်းပြေ၊ကိုယ်နေလည်းလှ၊ ရေကူးကြ....

🏊‍♂️ မန္တလေးမြို့မှ ရေကူးဝါသနာရှင်တွေနဲ့ အားကစားသမားတွေ ရင်ခုန်စိတ်လှုပ်ရှားရမယ့် My Pool ရဲ့ နှစ်စဉ်အစဉ်အလာကြီးတစ်ခု ပြ...
22/05/2026

🏊‍♂️ မန္တလေးမြို့မှ ရေကူးဝါသနာရှင်တွေနဲ့ အားကစားသမားတွေ ရင်ခုန်စိတ်လှုပ်ရှားရမယ့် My Pool ရဲ့ နှစ်စဉ်အစဉ်အလာကြီးတစ်ခု ပြန်လည်ရောက်ရှိလို လာပါပြီ! 🏊‍♂️🏆

မန္တလေးမြို့မှ ရေကူးအားကစားမောင်မယ်တို စောင့်မျှော်နေတဲ့ "၂၀၂၆ ခုနှစ်၊ မန္တလေးတိုင်း ဒေသကြီး အားကစားနှင့် ကာယပညာကော်မတီ နှင့် မန္တလေးတိုင်းဒေသကြီး ရေကူးဆပ်ကော်မတီမှ ကြီးမှူးကျင်းပသည့် "ရေကူးဆပ်ကော်မတီ ဥက္ကဌဖလားသက်တမ်းအလိုက်ရေကူးပြိုင်ပွဲကြီး" နှင့် "တိုင်းဒေသကြီး/ပြည်နယ် ရေကူးပြိုင်ပွဲအတွက် လူရွေးချယ်ပွဲကြီး"ကို My Pool Swimming Club တွင် [ ၁၃-၆-၂၀၂၆ ] ရက်နေ့မှာ တခမ်းတနား ကျင်းပတော့မှာ ဖြစ်ပါတယ်။ 🔥

👉"ရေကူးဆပ်ကော်မတီ ဥက္ကဌဖလားသက်တမ်းအလိုက်ရေကူးပြိုင်ပွဲ" အတွက်
ယှဉ်ပြိုင်ရန် သက်တမ်းအလိုက် 👥 (အမျိုးသား/အမျိုးသမီး) အသက်အုပ်စု မှာ -
👦👧 အသက် (၈) နှစ်အောက်
👦👧 အသက် (၈) နှစ်မှ (၉) နှစ်အထိ
👦👧 အသက် (၁၀) နှစ်မှ (၁၁) နှစ်အထိ
👦👧 အသက် (၁၂) နှစ်မှ (၁၃) နှစ်အထိ
👦👧 အသက် (၁၄) နှစ်မှ (၁၅) နှစ်အထိ
👦👧 အသက် (၁၆) နှစ်မှ (၁၇) နှစ်အထိ
👨‍🦱👩‍🦰 အသက် (၁၈) နှစ်အထက်

🥇 ထည့်သွင်းကျင်းပမည့် ကူးနည်းပွဲစဉ်များ-
1️⃣အလွတ်ကူးနည်း (၅၀ မီတာ)
2️⃣ရင်ဘောင်တန်းကူးနည်း (၅၀ မီတာ)

👉"တိုင်းဒေသကြီးနှင့် ပြည်နယ် (အမျိုးသား/အမျိုးသမီး)ရေကူးပြိုင်ပွဲလူရွေးပွဲ" အတွက် ၀င်ရောက်အရွေးချယ်ခံမည့်သူများ -
✔️အသက် ၂၅နှစ်နှင့်အောက် ဖြစ်ရပါမည်။
*(၂၀၀၁ခုနှစ် နောက်ပိုင်းမွေးဖွားသူများဝင်ရောက်ယှဉ်ပြိုင်‌နိုင်ပါသည်)*
🥇ထည့်သွင်းကျင်းပမည့် ကူးနည်းပွဲစဉ်များ
1️⃣အလွတ်ကူးနည်း (၅၀/၁၀၀/၂၀၀/၄၀၀) မီတာ
2️⃣ပက်လက်ကူး (၅၀/၁၀၀) မီတာ
3️⃣ရင်ဘောင်တန်းကူးနည်း (၅၀/၁၀၀) မီတာ
4️⃣လိပ်ပြာကူးနည်း (၅၀/၁၀၀) မီတာ
5️⃣တစ်ဦးချင်းလေးမျိုးကူး (၂၀၀) မီတာ
✨ကစားသမားတစ်ဦးလျှင် ပွဲစဉ်(၃)ပွဲသာ ရွေးချယ်ယှဥ်ပြိုင်ခွင့်ရှိပါသည်။

"သက်တမ်းအလိုက်ပြိုင်ပွဲ" နှင့် "လူရွေးပွဲ" နှစ်ခုလုံးအတွက် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ကစားသမားများအနေဖြင့်-
*7.6.2026 ရက်နေ့ (တနင်္ဂနွေနေ့) နောက်ဆုံးထားပြီး ဖောင်များဖြည့်ပေးပါရန်*

မိမိရဲ့ ရေကူးအစွမ်းအစတွေကို ထုတ်ပြပြီး ဆုဖလားတွေကို အရယူဖိုပဲဖြစ်ဖြစ်၊ တိုင်းနှင့်ပြည်နယ်ကိုယ်စားပြု အားကစားသမားတစ်ယောက်အဖြစ် ခြေလှမ်းစတင်ဖိုပဲဖြစ်ဖြစ်... အခုပဲ စာရင်းပေးသွင်းလိုက်ပါ။ ✨

📝 စာရင်းသွင်းရန် လိုအပ်ချက်များ
ပြိုင်ပွဲဝင်မည့်သူ၏ မှတ်ပုံတင် မိတ္တူ / ကျောင်းသားကဒ် မိတ္တူ / မွေးစာရင်း မိတ္တူ (အနက်မှ တစ်ခုခု) နှင့် ဓာတ်ပုံ (၁) ပုံ တိုဖြင့် My Pool Swimming Club သို လူကိုယ်တိုင် လာရောက်ကာ Form ဖြည့်သွင်းနိုင်ပါသည်။ (ပြိုင်ပွဲဝင်ကြေး အခမဲ့)

📅 ဖောင်ပိတ်မည့်ရက်
ပြိုင်ပွဲဝင်ဖောင်များကို ၂၀၂၆ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့ နောက်ဆုံးထား၍ My Pool Swimming Club သို လူကိုယ်တိုင် လာရောက်စာရင်းပေးသွင်းရပါမည်။

📍 ပြိုင်ပွဲကျင်းပမည့်နေရာနှင့် စာရင်းပေးသွင်းရန် လိပ်စာ
My Pool Swimming Club My Pool မန္တလာသီရိရေကူးကန် (၆၈ လမ်းနှင့် ၁၀၇ လမ်းထောင့်၊ ချမ်းမြသာစည်မြိုနယ်၊ မန္တလေးမြို။)
📞 အသေးစိတ်ဆက်သွယ်မေးမြန်းရန် ဖုန်းနံပါတ်များ
09 444 006 355
09 778 870 604
#ရေကူးပြိုင်ပွဲ

🏊‍♂️ မန္တလေးမြို့က ရေကူးဝါသနာရှင်တွေနဲ့ အားကစားသမားတွေ ရင်ခုန်စိတ်လှုပ်ရှားရမယ့် My Pool ရဲ့ နှစ်စဉ်အစဉ်အလာကြီးတစ်ခု ပြန...
19/05/2026

🏊‍♂️ မန္တလေးမြို့က ရေကူးဝါသနာရှင်တွေနဲ့ အားကစားသမားတွေ ရင်ခုန်စိတ်လှုပ်ရှားရမယ့် My Pool ရဲ့ နှစ်စဉ်အစဉ်အလာကြီးတစ်ခု ပြန်လည်ရောက်ရှိလို့ လာပါပြီ! 🏊‍♂️🏆

မန္တလေးမြို့မှ ရေကူးအားကစားမောင်မယ်တို့ စောင့်မျှော်နေတဲ့ "၂၀၂၆ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးရေကူးဆပ်ကော်မတီဥက္ကဌဖလား" အပျော်တန်းသက်တမ်းအလိုက် ရေကူးပြိုင်ပွဲကြီးနှင့် တိုင်းဒေသကြီး/ပြည်နယ် ရေကူးပြိုင်ပွဲအတွက် လူရွေးချယ်ပွဲကြီးကို My Pool Swimming Club တွင် [ ၁၃-၆-၂၀၂၆ ] ရက်နေ့မှာ တစ်ခမ်းတနား ကျင်းပတော့မှာ ဖြစ်ပါတယ်။ 🔥

⛳️မိမိရဲ့ ရေကူးအစွမ်းအစတွေကို ထုတ်ပြပြီး ဆုဖလားတွေကို အရယူဖို့ပဲဖြစ်ဖြစ်၊ တိုင်းနှင့်ပြည်နယ်ကိုယ်စားပြု အားကစားသမားတစ်ယောက်အဖြစ် ခြေလှမ်းစတင်ဖို့ပဲဖြစ်ဖြစ်... အခုပဲ စာရင်းပေးသွင်းလိုက်ပါ။ ✨

🥇 ထည့်သွင်းကျင်းပမည့် ကူးနည်းပွဲစဉ်များ

🏊‍♂️အလွတ်ကူးနည်း (၅၀ မီတာ)
🏊‍♂️ရင်ဘောင်တန်းကူးနည်း (၅၀ မီတာ)

👥 ပြိုင်ပွဲဝင်နိုင်မည့် သက်တမ်းအလိုက် ကဏ္ဍများ (အမျိုးသား / အမျိုးသမီး)

👦👧 အသက် (၈) နှစ်မှ (၉) နှစ်အထိ
👦👧 အသက် (၁၀) နှစ်မှ (၁၁) နှစ်အထိ
👦👧 အသက် (၁၂) နှစ်မှ (၁၃) နှစ်အထိ
👦👧 အသက် (၁၄) နှစ်မှ (၁၅) နှစ်အထိ
👦👧 အသက် (၁၆) နှစ်မှ (၁၇) နှစ်အထိ
👨‍🦱👩‍🦰 အသက် (၁၈) နှစ်အထက်

📝 စာရင်းသွင်းရန် လိုအပ်ချက်များ
ပြိုင်ပွဲဝင်မည့်သူ၏ မှတ်ပုံတင် မိတ္တူ / ကျောင်းသားကဒ် မိတ္တူ / မွေးစာရင်း မိတ္တူ (အနက်မှ တစ်ခုခု) နှင့် ဓာတ်ပုံ (၁) ပုံ တို့ဖြင့် My Pool Swimming Club သို့ လူကိုယ်တိုင် လာရောက်ကာ Form ဖြည့်သွင်းနိုင်ပါသည်။

📅 ဖောင်ပိတ်မည့်ရက်
ပြိုင်ပွဲဝင်ဖောင်များကို ၂၀၂၆ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့ နောက်ဆုံးထား၍ My Pool Swimming Club သို့ လူကိုယ်တိုင် လာရောက်စာရင်းပေးသွင်းရပါမည်။

📍 ပြိုင်ပွဲကျင်းပမည့်နေရာနှင့် စာရင်းပေးသွင်းရန် လိပ်စာ
My Pool Swimming Club My Pool မန္တလာသီရိရေကူးကန် (၆၈ လမ်းနှင့် ငုရွှေဝါလမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။)

📞 အသေးစိတ်ဆက်သွယ်မေးမြန်းရန် ဖုန်းနံပါတ်များ
09 444 006 355
09 778 870 604





#ရေကူးပြိုင်ပွဲ

16/05/2026

စောင့်နေရတဲ့ အချိန်တွေအတွက်... ⏰

မကြာခင်မှာ ကျောင်းတွေ ပြန်ဖွင့်ပါတော့မယ်။ 🏫 ✨

ကျောင်းပိတ်ရက်တစ်လျှောက်လုံး သားသား/မီးမီးတို့ရဲ့ ကျန်းမာကြံ့ခိုင်ရေးနဲ့ ဘဝတိုးတက်ရေးအတွက် သင်တန်းတွေ လိုက်ပို့၊ လိုက်စောင့်ပေးရင်း ဂရုတစိုက် ဖြည့်ဆည်းပေးခဲ့ရတဲ့ ဖေဖေ မေမေတို့ရေ... မကြာခင်မှာ ကလေးတွေကို လိုက်စောင့်ရတဲ့ အချိန်တွေ လျော့သွားတော့မယ်နော်။ 🥰

ကလေးတွေ ကျောင်းတက်နေတဲ့ အချိန်လေးမှာ မိဘတွေအနေနဲ့ အရင်က ပေးခဲ့ရတဲ့ အချိန်တွေကို "မိမိတို့ရဲ့ ကျန်းမာရေးအတွက် ပေးရမယ့်အချိန်" အဖြစ် ပြန်အစားထိုးလိုက်ကြရအောင်။ 💪

ကျန်းမာရေးအတွက်ဆို Body & Mind နှစ်မျိုးစလုံးအတွက် အစစ်အမှန် ကောင်းမွန်တဲ့ "ရေကူးအားကစား" နဲ့ မိမိတို့ရဲ့ တစ်နေ့တာ စိတ်ရောလူပါ ပင်ပန်းနွမ်းနယ်မှုတွေကို လျော့ချလိုက်ပါ။ 🏊‍♂️ထိုင်စောင့်ရင်း ကုန်ဆုံးမယ့်အချိန်ကို မိမိကိုယ်တိုင် ရေကူးရင်း ကျန်းမာလှပအောင် ပြင်ဆင်လိုက်ရအောင်နော်။

⏰ သင်တန်းအချိန်များ
မနက် (၆) နာရီမှ ညနေ (၆) နာရီအထိ သင်တန်းချိန်များစွာ ရှိတာမို့ မိမိတို့ အဆင်ပြေမယ့်အချိန်ကို စိတ်ကြိုက် ညှိနှိုင်းသင်ယူနိုင်ပါတယ်။ ⛳️

🎯 အခုအပ် အခုတက် My Pool မှာသင်မှ ရေကူးတတ်! 🏊‍♀️

📍 လိပ်စာ:
My Pool မန္တလာသီရီရေကူးကန်
၆၈ လမ်းနှင့် ငုရွှေဝါလမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

☎️ ဆက်သွယ်ရန် ဖုန်းနံပါတ်:
09 444 006 355, 09 778 870 604

💙 Parents’ Choice Swimming Class 💙“မိဘများ ယုံကြည်စိတ်ချစွာ အပ်နှံနိုင်သော ကလေးရေကူးသင်တန်း”မိဘများ၏ ယုံကြည်မှုကို အဓိကထ...
15/05/2026

💙 Parents’ Choice Swimming Class 💙
“မိဘများ ယုံကြည်စိတ်ချစွာ အပ်နှံနိုင်သော ကလေးရေကူးသင်တန်း”

မိဘများ၏ ယုံကြည်မှုကို အဓိကထားပြီး ကလေးများအတွက် လုံခြုံစိတ်ချရသော Kids Swimming Class 🏊‍♀️ ကို ✨ My Pool ✨ မှာ တက်ရောက်နိုင်ပါတယ်ခင်ဗျာ

👉ကလေးများ၏ ဘေးကင်းလုံခြုံရေး ကို အဓိက ဦးစားပေးပြီး ကျန်းမာကြံ့ခိုင်ရေးနှင့် မိမိကိုယ်ကိုယ်ယုံကြည်မှု အပြည့်အ၀ ရရှိစေဖို့ စနစ်တကျ သင်ကြားပေးပါတယ်✔️

🏊‍♂️ ရေကူးနည်းစနစ်များကို Basic မှစ၍ နားလည်လွယ်ကူအောင် သင်ကြားပေးခြင်း

🏊‍♀️ ရေကြောက်စိတ်ပျောက်ကင်းစေရန် Friendly Environment ဖြင့် လေ့ကျင့်ပေးခြင်း

🏊‍♂️ အသက်အရွယ်အလိုက် စနစ်တကျ ခွဲခြားသင်ကြားပေးခြင်း

🏊‍♂️ သန့်ရှင်းလုံခြုံသော Pool Environment

🏊‍♀️ ကလေးများ၏ Confidence ၊ Fitness နှင့် Water Safety Skill များ တိုးတက်လာစေရန် အထူးလေ့ကျင့်ပေးခြင်း

🏊‍♀️ အတွေ့အကြုံရှိ ဝါရင့်လက်ရွေးစင်ဟောင်း ဆရာဦးလှနိုင် ဦးစီး၍ မန္တလေးတိုင်းနည်းပြဆရာ (၇) ဦးဖြင့် ကျွမ်းကျင်တတ်မြောက်သည်အထိ စနစ်တကျ တာဝန်ယူ လေ့ကျင့်သင်ကြားပေးတာကြောင့် Beginner ကနေ Advanced ထိ စိတ်ချရပါတယ်

မိဘများအနေဖြင့် စိတ်ချယုံကြည်စွာ အပ်နှံနိုင်ပြီး ကလေးများအတွက် ပျော်ရွှင်စရာကောင်းသော သင်ယူမှုအတွေ့အကြုံကို ရရှိစေမှာဖြစ်လို့ My Pool မှာ ရေကူးသင်ကြပါစို့ 💦

📍My Pool မန္တလာသီရိရေကူးကန်
🏠၆၈ လမ်း x ၁၀၇လမ်း ၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎ 09 444 006 355
☎ 09 778 870 604




မေမေ့ရဲ့ အပြုံးဟာ ကျွန်တော်တို့အတွက် အကြီးမားဆုံးသော ဆုလဒ်တစ်ခုပါ။ မေမေအပါအဝင် လောကရှိ မိခင်များအားလုံး ပူပန်ခြင်းကင်းဝေ...
10/05/2026

မေမေ့ရဲ့ အပြုံးဟာ ကျွန်တော်တို့အတွက် အကြီးမားဆုံးသော ဆုလဒ်တစ်ခုပါ။ မေမေအပါအဝင် လောကရှိ မိခင်များအားလုံး ပူပန်ခြင်းကင်းဝေးပြီး ကြည်နူးချမ်းမြေ့စရာကောင်းတဲ့ နေ့လေး ဖြစ်ပါစေကြောင်း ဂါရဝပြု ဆုတောင်းအပ်ပါတယ်။

My Pool Family






🏊‍♂️🌊 My Pool Swimming Club မေလ အတန်းချိန်ဇယား ! 🌊🏊‍♀️မေလအတွက် Swimming Class အတန်းသစ်များလည်း ရှိလို့✔️ရေကူးပညာကို စနစ်...
04/05/2026

🏊‍♂️🌊 My Pool Swimming Club မေလ အတန်းချိန်ဇယား ! 🌊🏊‍♀️

မေလအတွက် Swimming Class အတန်းသစ်များလည်း ရှိလို့
✔️ရေကူးပညာကို စနစ်တကျ သင်ယူလိုသူများ
✔️ကလေးများနှင့် လူကြီးများအားလုံး
အမြန်ဆုံး စာရင်းပေးသွင်းအပ်နှံနိုင်ပါပြီရှင် ✨

📩 အသေးစိတ်သိရှိလိုပါက Page Messenger ၊ Phone တို့မှ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ရေကူးတတ်ဖို့ အခု မေလကနေ စလိုက်ကြရအောင် 🏊‍♀️💦

📍My Pool မန္တလာသီရိရေကူးကန်
🏠၆၈ လမ်း x ၁၀၇လမ်း ၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎ 09 444 006 355
☎ 09 778 870 604


🌎 Happy May Day! 💙နေရာ အသီးသီးတွင် ကျရာတာ၀န်များကို ကြိုးစားအားထုတ်ဆောင်ရွက်ကြပါသော အလုပ်သမားများအားလုံးကို May Day နေ့တ...
01/05/2026

🌎 Happy May Day! 💙
နေရာ အသီးသီးတွင် ကျရာတာ၀န်များကို ကြိုးစားအားထုတ်ဆောင်ရွက်ကြပါသော အလုပ်သမားများအားလုံးကို May Day နေ့တွင် My Pool Swimming Club မှ ဂုဏ်ပြုအပ်ပါသည်။
🏊‍♂️✨💦

🌕 ကဆုန်လပြည့်နေ့ ဆုမွန်ကောင်းတောင်းလွှာ 🌿💧မြတ်စွာဘုရားအား ညောင်ရေသွန်းလောင်းကာကုသိုလ် ကောင်းမှုများ ပြုလုပ်ကြသော ယခုလို ...
30/04/2026

🌕 ကဆုန်လပြည့်နေ့ ဆုမွန်ကောင်းတောင်းလွှာ 🌿💧
မြတ်စွာဘုရားအား ညောင်ရေသွန်းလောင်းကာကုသိုလ် ကောင်းမှုများ ပြုလုပ်ကြသော ယခုလို အခါသမယ ရက်မြတ်မှစ၍
🙏 ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ
🙏 စီးပွားရေးလုပ်ငန်းများ အောင်မြင်တိုးတက်ကြပါစေ
🙏 မိသားစုအပေါင်းတို့နှင့်အတူ စိတ်ချမ်းသာ ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ ကြောင်း
My Pool Swimming Clubမှ ဆုမွန်ကောင်းများ တောင်းအပ်ပါသည်။

💙 My Pool Swimming Club နှင့်အတူ ပိုမိုကျန်းမာသော ဘဝကိုလည်း ဆက်လက်တည်ဆောက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။

📍My Pool မန္တလာသီရိရေကူးကန်📍

🏠၆၈ လမ်းနှင့် ၁၀၇လမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎09 444 006 355, 09 778 870 604

📣 My Pool ရေကူးသင်တန်း Special Announcement 🏊‍♂️💦📅 ကဆုန်လပြည့်နေ့ (30.4.2026) တွင်ရေကူးသင်တန်းများအားလုံး ပိတ်ထားမည် ဖြစ...
28/04/2026

📣 My Pool ရေကူးသင်တန်း Special Announcement 🏊‍♂️💦

📅 ကဆုန်လပြည့်နေ့ (30.4.2026) တွင်
ရေကူးသင်တန်းများအားလုံး ပိတ်ထားမည် ဖြစ်ပါသည်။
👉 ရေကူးကန် ဖွင့်ထားမည် ဖြစ်၍ ရေကူး ဝါသနာရှင်များ လာရောက် ရေကူးနိုင်ပါသည်။

📅 အလုပ်သမားနေ့ (1.5.2026) တွင်
ရေကူးသင်တန်းများ အချိန်မှန် ဖွင့်လှစ်သင်ကြားမည် ဖြစ်ပါသည်။
👉ရေကူးဝါသနာပါသူများလည်း လာရောက်ရေကူးနိုင်ပါသည်။

🙏 သင်တန်းသားများနှင့် မိဘများအနေဖြင့် အချိန်ဇယားကို ကြိုတင်သိရှိနိုင်ရန် အသိပေးအပ်ပါသည်။

🏊‍♀️ ရေကူးကျွမ်းကျင်မှုရရှိဖို့၊ ကျန်းမာရေးကောင်းမွန်ဖို့ My Pool နဲ့အတူတူ လေ့ကျင့်ကြပါစို့။

📍My Pool မန္တလာသီရိရေကူးကန်
🏠၆၈ လမ်း x ၁၀၇လမ်း ၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎ 09 444 006 355
☎ 09 778 870 604

#ရေကူးသင်တန်း

Address

Corner Of 68 Street & Ngu Shwe War Street
Mandalay

Opening Hours

Monday 06:00 - 18:00
Tuesday 06:00 - 18:00
Wednesday 06:00 - 18:00
Thursday 06:00 - 18:00
Friday 06:00 - 18:00
Saturday 06:00 - 18:00
Sunday 06:00 - 18:00

Telephone

09444499509

Website

Alerts

Be the first to know and let us send you an email when My Pool Swimming Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share