မြို့တော်ဥယျာဉ် Water Park

မြို့တော်ဥယျာဉ် Water Park Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မြို့တော်ဥယျာဉ် Water Park, Playground, 26st/Khan Nar Lan Coner, Mandalay.

Wave Park ထဲမှာ ရေလှိုင်းရိုက်တာ မနာဘူး...ဘေးက အတွဲတွေရဲ့ "Ro လှိုင်း" ရိုက်တာက ပိုနာတယ်! 🙄🌊City Park ရဲ့ ရေလှိုင်းတုတွေ...
30/05/2026

Wave Park ထဲမှာ ရေလှိုင်းရိုက်တာ မနာဘူး...
ဘေးက အတွဲတွေရဲ့ "Ro လှိုင်း" ရိုက်တာက ပိုနာတယ်! 🙄🌊

City Park ရဲ့ ရေလှိုင်းတုတွေဆီ သွားမယ်ဆိုရင် FA တွေအတွက်
အကောင်းဆုံး အဖော်မွန်က "ဘောကွင်း" ပါပဲ 😜

ရေထဲမှာ ကြည်နူးနေတဲ့ အတွဲတွေကို ကြည့်ပြီး မျက်စောင်းထိုး
အားကျနေမယ့်အစား...
ကိုယ့်ဘောကွင်းအဝါလေးကိုသာ အားရပါးရ ခွဖက်ပြီး
လှိုင်းစီးပစ်လိုက်တာက ပိုမိုက်တယ်လေ။

စုံတွဲတွေက ရေထဲမှာ ဟန်ဆောင်ပန်ဆောင်နဲ့ ချစ်ကြည်နူးနေရချိန်...
Single တွေက လှိုင်းလာတာနဲ့ အသံကုန်အော်၊ ဘောကွင်းကြီးဖက်ပြီး
စိတ်လွတ်ကိုယ်လွတ် ပြဲပြဲစင်အောင် ကဲလို့ရတာ တကယ့် အားသာချက်ပဲ! 😜 (ချစ်သူမရှိလည်း ရေလှိုင်းရှိတယ်လေ)

ကဲ... ဒီပိတ်ရက်မှာ အထီးကျန်စွာနဲ့ ဘောကွင်းကြီးကို ရည်းစားလို သဘောထားပြီး သွားဖက်နေမယ့် ကိုယ့်ရဲ့ Single ဘော်ဒါတွေကို ခုပဲ Tag တွဲပြီး...

"မင်းအတွက် ဘောကွင်း Ready ပဲ" လို့ လှမ်းစနောက်လိုက်တော့! 👇😂

⏰ အချိန်: မနက် ၉:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီ အထိ
🏛️ နေရာ: City Park (Water Park)
📍 ၂၆ (B) လမ်း နှင့် ကမ်းနားလမ်းထောင့်၊ ပိုက်ကျုံး၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့‌။

📱 အသေးစိတ်စုံစမ်းရန် : 📞 02 406 3779 📞 09 772 383 328
📞 09 441 056 007 📞 09 200 9189

လူတိုင်းကို ချစ်ပါ... ဒါပေမဲ့ မိုးပျံရထားပေါ်မှာ ကိုယ့်လက်ကို အသေဆွဲဆိတ်တဲ့ ဘော်ဒါကိုတော့ ချွင်းချက်ထား! 🤪🎢City Park ရော...
30/05/2026

လူတိုင်းကို ချစ်ပါ... ဒါပေမဲ့ မိုးပျံရထားပေါ်မှာ ကိုယ့်လက်ကို အသေဆွဲဆိတ်တဲ့ ဘော်ဒါကိုတော့ ချွင်းချက်ထား! 🤪🎢

City Park ရောက်ရင်လေ... အပြင်က "အေးချမ်းပါတယ်" ဆိုတဲ့
မျက်နှာဖုံးတွေ အကုန်ခွာကျတာပဲ။

"မကြောက်ပါဘူး" ဆိုပြီး အပေါ်ရောက်မှ ကိုယ့်လက်မောင်းကို အသေဆွဲဆိတ်၊ နားထဲ အသံပြဲကြီးနဲ့ အော်နေတဲ့ သူငယ်ချင်းကိုဆိုရင် ချစ်ဖို့နေနေသာသာ... အောက်သာ ကန်ချချင်စိတ်ပေါက်သွားတာ အမှန်ပဲမလား? 🤣

တကယ်တော့ ကစားကွင်းဆိုတာ ကိုယ့်ဘော်ဒါတွေရဲ့ အစစ်မှန်ဆုံး နဲ့
(အရယ်ရဆုံး) စရိုက်တွေကို ဖော်ထုတ်ပေးတဲ့ နေရာလေးပါ။

အပြင်မှာ ဘယ်လောက်ပဲ ဟန်ကိုယ့်ဖို့လုပ်လုပ်... ပင်လယ်ဓါးပြလှေ ပေါ်ရောက်ရင်တော့ အကုန်လုံးက ကလေးတွေလို အော်ဟစ်ပြီး ငယ်မူပြန်သွားကြတာချည်းပဲလေ။

ကဲ... "လူတိုင်းကို ချစ်ပါ" ဆိုတဲ့ စကားလေးကို လက်ကိုင်ထားပြီး... ကိုယ့်ကို ကစားကွင်းထဲရောက်ရင် အသံအကျယ်ဆုံးအော်ပြီး ဒုက္ခပေးမယ့် ကိုယ့်ရဲ့ အချစ်တော် ဘော်ဒါတွေကို ခုပဲ Tag တွဲပြီး...

"မင်းကိုတော့ ငါနည်းနည်း ချွင်းချက်ထားတယ်" လို့ လှမ်းစလိုက်တော့!🔥

⏰ အချိန်: မနက် ၉:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီ အထိ
🏛️ နေရာ: City Park (မြို့တော်ဥယျာဉ် ခေတ်မီကစားကွင်း)
📍 ၂၆ (B) လမ်း နှင့် ကမ်းနားလမ်းထောင့်၊ ပိုက်ကျုံး၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့‌။

📱 အသေးစိတ်စုံစမ်းရန်: 02 406 3779 / 09 772 383 328 / 09 441 056 007 / 09 200 9189

နေရာဖယ်ပေးဖို့ စောင့်နေတဲ့ ကလေးတွေကိုတော့ အားနာတယ်... ဒါပေမဲ့ ကိုယ်တွေလည်း အားရပါးရ ငယ်မူပြန်ချင်သေးတယ်လေ! 🚂😂အပြင်မှာသာ ...
23/05/2026

နေရာဖယ်ပေးဖို့ စောင့်နေတဲ့ ကလေးတွေကိုတော့ အားနာတယ်... ဒါပေမဲ့ ကိုယ်တွေလည်း အားရပါးရ ငယ်မူပြန်ချင်သေးတယ်လေ! 🚂😂

အပြင်မှာသာ တည်တည်ငြိမ်ငြိမ်နဲ့ လူကြီးလူကောင်းတွေ... City Park ကစားကွင်းထဲ ခြေချလိုက်တာနဲ့ အဲ့ဒီ Title တွေ အကုန် အပေါက်ဝမှာ ချွတ်ထားခဲ့ရတာပဲမလား? 😜

"လူကြီးဆိုတာ အသက်ကြီးသွားတဲ့ ကလေးတွေပါပဲ" ဆိုတဲ့ စကားက City Park ရောက်ရင် အသေအချာကို မှန်ပါတယ်။ ပိုက်ဆံရှာရတဲ့ စိတ်ဖိစီးမှုတွေ၊ နေ့စဉ်ဘဝက စိတ်ညစ်စရာတွေ အကုန်လုံးကို ကလေးကစားစရာတွေပေါ်မှာ အော်ဟစ်ပြီး လွှင့်ပစ်လိုက်ရတာလောက် ဖီလင်လာတာ ဘာမှမရှိဘူး။

ကလေးတွေနဲ့ အပြိုင် တိုက်ကားမောင်းမယ်၊ ကာတွန်းရထားပေါ်တက်ပြီး အသံကုန်အော်မယ်... "ရှက်တယ်" ဆိုတာတွေကို ဘေးချိတ်ပြီး အသေအလဲ ဝင်ကဲလိုက်ဖို့ပဲ လိုတာပါ။ တကယ်တမ်း ကစားကွင်းရောက်ရင် ကလေးတွေထက် လူကြီးတွေက ပိုပျော်တတ်ကြတာ သဘာဝပဲလေ။

ကဲ... ရုပ်သာ ရင့်ကျက်သွားပြီး စိတ်က (၃) နှစ်အရွယ်ကနေ မတက်သေးတဲ့ ကိုယ့်ရဲ့ သူငယ်ချင်း "ကလေးအကြီးစားတွေ" ကို ခုပဲ Tag တွဲပြီး... City Park မှာ သွားပြီး အားရပါးရ ငယ်မူပြန်ကြစို့လို့ အမြန်ခေါ်လိုက်တော့! 👇🔥

⏰ အချိန်: မနက် ၉:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီ အထိ
🏛️ နေရာ: City Park (မြို့တော်ဥယျာဉ် ခေတ်မီကစားကွင်း)
📍 ၂၆ (B) လမ်း နှင့် ကမ်းနားလမ်းထောင့်၊ ပိုက်ကျုံး၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့‌။

📱 အသေးစိတ်စုံစမ်းရန် : 📞 02 406 3779
📞 09 772 383 328
📞 09 441 056 007
📞 09 200 9189

ရေပက်တာက ရန်စတာမဟုတ်ဘူး... ရင်ခွင်ထဲ ရောက်လာအောင် အကွက်ဆင်တာ! 😏💦Water Park ဒိတ် (Date) တွေရဲ့ အသက်က အဲ့ဒါပဲလေ။ဆံပင်လေး သ...
15/05/2026

ရေပက်တာက ရန်စတာမဟုတ်ဘူး... ရင်ခွင်ထဲ ရောက်လာအောင် အကွက်ဆင်တာ! 😏💦
Water Park ဒိတ် (Date) တွေရဲ့ အသက်က အဲ့ဒါပဲလေ။

ဆံပင်လေး သပ်သပ်ရပ်ရပ်နဲ့ ရေမစိုချင်ယောင် ဆောင်နေတဲ့သူကို လက်လေးနဲ့ အရင်ဆုံး ခပ်ပက်လိုက်။ စိတ်ဆိုးပြီး ပြန်ပက်ဖို့ ပြေးလာတဲ့အချိန်ကျမှ... "မင်းလေး ရေစိုနေတာ ပိုချစ်စရာကောင်းလို့ တမင်သက်သက် စလိုက်တာ" ဆိုတဲ့ ဆင်ခြေလေးပေးပြီး အသာလေး သိမ်းသွင်းရတာမျိုး။

Makeup တွေ ပျက်သွားလို့ ပွစိပွစိ လုပ်နေရင်လည်း ရေလှိုင်းတွေကြားထဲ ဆွဲဖက်ထားလိုက်ရုံပဲ။

ဟန်ဆောင်မှုတွေမပါဘဲ လွတ်လွတ်လပ်လပ် ရယ်မောပြီး ပျော်ရတဲ့ ဒီလို Vibe မျိုးက City Park ရဲ့ Wave Pool ထဲမှာပဲ အပြည့်အဝ ရနိုင်တာလေ။
(ဒီအကွက်က ရုပ်ရှင်တွေထဲမှာပဲ ရတာမဟုတ်ဘူး၊ လက်တွေ့မှာလည်း အလုပ်ဖြစ်တယ် 🤫)

ကဲ... ကိုယ့်ဘေးနားက ရေစိုသွားရင် ပိုချစ်စရာကောင်းသွားမယ့် ကောင်မလေး (ဒါမှမဟုတ်) ရေလာလာပက်တတ်တဲ့ အကွက်ဆင် ကောင်လေးကို အခုပဲ Tag တွဲပြီး... "ဒီပိတ်ရက် City Park မှာ ရေသွားစိုရအောင်" လို့သာ အမြန်ခေါ်လိုက်တော့! 👇🔥

⏰ အချိန်: မနက် ၉:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီ အထိ
🏛️ နေရာ: City Park (Water Park)
📍 ၂၆ (B) လမ်း နှင့် ကမ်းနားလမ်းထောင့်၊ ပိုက်ကျုံး၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့‌။
📱 အသေးစိတ်စုံစမ်းရန်: 02 406 3779 / 09 772 383 328 / 09 441 056 007 / 09 200 9189

"ငါဆော့ပြမယ်" ဆိုပြီး ဝင်ထိုင်လိုက်တာ... ကလေးက မုန့်စားပြီး ဘေးကနေ ရပ်စောင့်နေရတယ်! 🍭😂"ဒီဂိမ်းက ကလေးဆော့တာကွ" လို့ အိမ်မ...
15/05/2026

"ငါဆော့ပြမယ်" ဆိုပြီး ဝင်ထိုင်လိုက်တာ... ကလေးက မုန့်စားပြီး ဘေးကနေ ရပ်စောင့်နေရတယ်! 🍭😂

"ဒီဂိမ်းက ကလေးဆော့တာကွ" လို့ အိမ်မှာ အာဘောင်အာရင်းသန်သန်နဲ့ ပြောခဲ့တဲ့ ဘော်ဒါတွေ... City Park ရောက်ရင် သူတို့ပဲ အကြိတ်အနယ် ဝင်ကဲနေတာ အသိဆုံးပါ။

"မင်းက မဆော့တတ်ပါဘူး၊ ငါပြမယ်" ဆိုပြီး ဝင်ထိုင်လိုက်တာ... ဂိမ်းသာ သုံးလေးပွဲ ပြီးသွားတယ်၊ နေရာဖယ်မပေးလို့ ကလေးက ဘေးကနေ ကြောင်တောင်တောင်လေး ရပ်ကြည့်နေရတဲ့အဖြစ်လေ။ 😜

တကယ်တော့ City Park ဆိုတာ ကလေးတွေကို လိုက်ပို့ဖို့က အကြောင်းပြချက်သက်သက်ပါ၊ လူကြီးတွေ ငယ်မူပြန်ပြီး အားရပါးရ Stress ဖြေဖို့ အမိုက်ဆုံး နေရာတစ်ခုပဲမလား?

ကဲ... မင်းဆီမှာရော "တူလေးကို လိုက်ပို့မယ်" ဆိုပြီး City Park ရောက်ရင် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ဝင်နေသလို အသေကဲတတ်တဲ့ ဘော်ဒါတွေ၊ ကိုကိုတွေ ရှိလား?

အခုပဲ Tag တွဲပြီး... "မင်းဝင်ကဲဖို့ ဆိုင်ကယ်တွေ၊ ကားတွေ အများကြီး အားနေတယ်" လို့ လှမ်းခေါ်ကြည့်လိုက်! 👇🎮

⏰ အချိန်: မနက် ၉:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီ အထိ
🏛️ နေရာ: City Park (မြို့တော်ဥယျာဉ် ခေတ်မီကစားကွင်း)
📍 ၂၆ (B) လမ်း နှင့် ကမ်းနားလမ်းထောင့်၊ ပိုက်ကျုံး၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့‌။
📱 အသေးစိတ်စုံစမ်းရန်: 02 406 3779 / 09 772 383 328 / 09 441 056 007 / 09 200 9189

Six-Pack ရှိတဲ့သူတွေက ကြွက်သားတွေလေးလို့ ရေအောက်မြုပ်နေချိန်... ကိုယ်တွေကတော့ သဘာဝ Life Jacket ကြီးနဲ့ ရေလှိုင်းတွေပေါ်မ...
08/05/2026

Six-Pack ရှိတဲ့သူတွေက ကြွက်သားတွေလေးလို့ ရေအောက်မြုပ်နေချိန်... ကိုယ်တွေကတော့ သဘာဝ Life Jacket ကြီးနဲ့ ရေလှိုင်းတွေပေါ်မှာ အထာကျကျ မျောနေပြီလေ! 😎🛟

Water Park သွားရင် ဗိုက်ပူလို့ ရှက်နေရတဲ့ ခေတ်က ကုန်သွားပြီဗျ။ တကယ်တမ်း City Park ရဲ့ ရေလှိုင်းတုတွေထဲ ရောက်သွားရင် ဘယ်သူက အေးအေးဆေးဆေး အနားယူနိုင်လဲဆိုတာ ဗိုက်ပူတဲ့ ကိုကိုတွေ၊ ဦးဦးတွေက အသိဆုံးပါ။

Gym သွားပြီး အပင်ပန်းခံ ဗိုက်ချပ်အောင် လုပ်နေစရာ မလိုဘူး။ ရေထဲရောက်ရင် ပက်လက်လေးသာ လှန်ချလိုက်... ဘောကွင်းတောင် သီးသန့်သွားငှားစရာမလိုဘဲ အလိုလိုကို ရေပေါ်ပေါ်ပြီး ဇိမ်ကျနေတာမျိုး! 🌊✨

ခေါင်းအုံးလေးခုပြီး အိပ်နေရသလိုမျိုး ရေလှိုင်းတွေအပေါ် မျက်မှန်မည်းလေးတပ်၊ စိတ်အေးလက်အေး မျောလွင့်နေရတဲ့ ဖီလင်က ဘာနဲ့မှကို လဲနိုင်မှာ မဟုတ်ဘူးနော်။

ကဲ... အမြဲတမ်း ဗိုက်ကိုဖုံးဖိပြီး ရှက်နေတတ်တဲ့ ကိုယ့်ဘေးနားက "သဘာဝ အသက်ကယ်ဘောကွင်း ပိုင်ရှင်" ဘော်ဒါတွေ၊ အိမ်က ကိုကိုတွေကို ခုပဲ Tag တွဲပြီး... "ဒီပိတ်ရက် City Park မှာ သွားပြီး အထာကျကျ ရေသွားမျောရအောင်" လို့သာ အမြန်ခေါ်လိုက်တော့! 👇🏃‍♂️💦

⏰ အချိန်: မနက် ၉:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီ အထိ
🏛️ နေရာ: City Park (Water Park)
📍 ၂၆ (B) လမ်း နှင့် ကမ်းနားလမ်းထောင့်၊ ပိုက်ကျုံး၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့‌။

📱 အသေးစိတ်စုံစမ်းရန် : 📞 02 406 3779
📞 09 772 383 328
📞 09 441 056 007
📞 09 200 9189

"Roller Coaster" ဆိုတာ ကစားစရာသက်သက် မဟုတ်ဘူး... ချစ်သူတွေကြားက အဆင့်မြင့်တဲ့ "အခွင့်အရေးယူ" နည်းဗျူဟာ တစ်ခုပဲ! 🎢😎ရည်းစာ...
08/05/2026

"Roller Coaster" ဆိုတာ ကစားစရာသက်သက် မဟုတ်ဘူး... ချစ်သူတွေကြားက အဆင့်မြင့်တဲ့ "အခွင့်အရေးယူ" နည်းဗျူဟာ တစ်ခုပဲ! 🎢😎

ရည်းစားစကားပြောဖို့ ခက်နေတာပဲဖြစ်ဖြစ်၊ ကိုယ်ကြိုက်နေတဲ့ Crush နဲ့ နီးနီးကပ်ကပ် နေချင်တာပဲဖြစ်ဖြစ်... အကောင်းဆုံး အကြံပေးချင်တာကတော့ City Park က Roller Coaster သာ သွားစီးလိုက်ပါ။

ရထားကြီး အမြင့်ကို ရောက်သွားတဲ့ အချိန် "အမလေး... ကြောက်လိုက်တာ" ဆိုပြီး ဇွတ်ဝင်ဖက်လို့ အကောင်းဆုံးပဲလေ။ တကယ်ကြောက်တာက
10% လောက်ပဲ ပါတာ... ကျန်တဲ့ 90% က အခွင့်အရေး ယူတာဆိုတာ စီးဖူးတဲ့ သူတိုင်း အသိဆုံးပါ။ 🤫

အလကားနေရင်း သွားဖက်ရင် ရိုက်ခံရနိုင်ပေမယ့်၊ Roller Coaster ပေါ်မှာတော့ "ကြောက်လို့ပါ" ဆိုတဲ့ ခေါင်းစဉ်လေး တပ်လိုက်ရုံနဲ့ အရာအားလုံးက အိုကေသွားပြီလေ။ ဟိုဘက်ကလည်း သိသိကြီးနဲ့ ကြည်ဖြူပေးဖို့ပဲ လိုတာပါ။

ကဲ... ဒီရက်ပိုင်း ကိုယ်ဖက်ချင်နေတဲ့သူ (ဒါမှမဟုတ်) ကိုယ့်ဆီကနေ အခွင့်အရေး ယူချင်နေတဲ့သူ ရှိရင် ခုပဲ Tag တွဲပြီး... "City Park မှာ ရိုလာကိုစတာ သွားစီးရအောင်" လို့သာ အမြန် ခေါ်လာခဲ့လိုက်တော့နော်! 👇🔥

⏰ အချိန်: မနက် ၉:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီ အထိ
🏛️ နေရာ: City Park (မြို့တော်ဥယျာဉ် ခေတ်မီကစားကွင်း)
📍 ၂၆ (B) လမ်း နှင့် ကမ်းနားလမ်းထောင့်၊ ပိုက်ကျုံး၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့‌။

📱 အသေးစိတ်စုံစမ်းရန် : 📞 02 406 3779 📞 09 772 383 328 📞 09 441 056 007 📞 09 200 9189

ကဆုန်လပြည့် အထူးအစီအစဉ် အနေနဲ့ သင်္ကြန်တုန်းကအကြမ်းစား ✨𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 ကြီးကို မမီလိုက်လို့ နှမြောနေသူတွေအတွက်... မန္တလေးကို ...
29/04/2026

ကဆုန်လပြည့် အထူးအစီအစဉ် အနေနဲ့ သင်္ကြန်တုန်းက
အကြမ်းစား ✨𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 ကြီးကို မမီလိုက်လို့ နှမြောနေသူတွေအတွက်...

မန္တလေးကို ထပ်ပြီး ပွဲဆူသွားစေမယ့် ဒုတိယအကြိမ် ပြန်လာပြီနော်..! 🌕🔥

မန္တလေးမှာ ကဆုန်လပြည့် ရုံးပိတ်ရက် မိသားစုနဲ့ ၊ သူငယ်ချင်းတွေနဲ့
ဘယ်သွားရမလဲ စဉ်းစားနေရင်...
အေးအေးဆေးဆေး တဝကြီး ကစားလို့ရမယ့်
မြို့တော်ဥယျာဉ်ကိုသာ ပြေးလာခဲ့တော့! 😎

မြို့တော်ဥယျာဉ် အပေါက်ဝမှာ "Water Park လက်မှတ်"တစ်စောင် ဝယ်ပြီး ဝင်လာခဲ့လိုက်တာနဲ့... အတွင်းမှာရှိတဲ့ ကစားစရာ (၁၆) မျိုးလုံးကိုပါ
တဝကြီး ဝင်စီးခွင့်ရမှာနော်။ ✨

ကိုယ်စီးချင်တဲ့ ကစားစရာ လက်မှတ်ရုံလေးဆီကနေ "စီးနင်းခွင့် ကတ်လေး" ထုတ်ယူပြီး (၁၆) မျိုးလုံးကို တစ်မျိုး (၁) ကြိမ်စီ အားရပါးရ ဝင်စီးရုံပဲ! 🤩

(၁၆) မျိုးလို့သာပြောတာ... တကယ်တမ်း (၁၆) မျိုး မကဘူးဗျ! 😱

ကလေးကစားစရာတွေဆို ကတ် (၁) ကတ်တည်းနဲ့ ၃-၄ မျိုး ပေါင်းစီးလို့ရတဲ့ Combo လေးတွေ စီစဉ်ပေးထားတာမို့ တကယ့်လက်တွေ့မှာ အများကြီးကို ကစားရမှာပါ။

ကဲ... ဘာတွေ ဝင်စီးလို့ရမလဲ ကြည့်လိုက်ရအောင် 👀👇

၁။ 🐊 ရေလွှာမိကျောင်း
၂။ 🏴‍☠️ လွန်းပျံလှေ
၃။ 🎡 မဟာရဟတ်
၄။ 🎢 Roller Coaster
၅။ 👻 ဝိညာဉ်အိမ်
၆။ 🐉 ရွှေနဂါး
၇။ 🚗 တိုက်ကား
၈။ 🗼 Sky Drop
၉။ 🚝 မိုးပျံရထား
၁၀။ 💀 ဝိညာဉ်ရထား
၁၁။ 👓 X-5D Cinema
၁၂။ 🤡 Crazy Laugh
၁၃။ 🪂 လေထီး

[အောက်က ၃ မျိုးကတော့ လက်မှတ် ၁ ခုတည်းနဲ့ အကုန်ကစားလို့ရမယ့် အထူး Combo တွေပါ]
၁၄။ 🎠 (ကာတွန်းရထား၊ လင်းပိုင်ကား၊ Jet Fighter၊ ကားဆုံလည်)
၁၅။ ✈️ (မြင်းကမ္ဘာ၊ လေယာဉ်၊ အပျော်စီးရထား)
၁၆။ 🏰 (ပျော်ပျော်ရွှင်ရွှင် ကလေးကစားကွင်း၊ လေနန်းတော်)

ဒီလောက်တန်တဲ့ အခွင့်အရေးကို ကဆုန်လပြည့်နေ့မှာ
သေသေချာချာလေး ပြန်စီစဉ်ပေးထားတာမို့...

မိသားစုလိုက် ပိတ်ရက်မှာ အပန်းဖြေဖို့၊ (၁၆) မျိုးလုံး အကုန်ပတ်စီးနိုင်ဖို့
အိမ်ကလူတွေ၊ သူငယ်ချင်းတွေကို ခုပဲ Tag တွဲပြီး
အားမွေးခိုင်းထားတော့နော်…! 👇🔥

🎟️ ဝင်ခွင့် ဈေးနှုန်းများ (ကစားစရာ (၁၆) မျိုး အခမဲ့ပါဝင်ပြီး)
(Water Park (သို့) ကစားကွင်း ဝင်ခွင့် ကြိုက်ရာရွေးချယ်နိုင်သည်)

👨 လူကြီး - ၂၅,၀၀၀ ကျပ်
👦 ကလေး - ၂၀,၀၀၀ ကျပ်

🗓️ Promotion ကာလ: ✨ကဆုန်လပြည့်နေ့ ( 30.4.2026 )
⏰ အချိန်: မနက် ၉:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီ အထိ
🏛️ နေရာ: City Park (မြို့တော်ဥယျာဉ်)
📍 ၂၆ (B) လမ်း နှင့် ကမ်းနားလမ်းထောင့်၊ ပိုက်ကျုံး၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့‌။

📱 အသေးစိတ်စုံစမ်းရန် : 📞 09 772 383 328
📞 09 200 9189
📞 02 40 63 779

အိုက်စပ်ပြီး ပူလွန်းတဲ့ ဒီရာသီဥတုကြီးမှာ အကောင်းဆုံး ထွက်ပေါက်က... Water Park ရဲ့ ရေလှိုင်းတွေထဲ အေးအေးဆေးဆေး သွားစိမ်နေ...
26/04/2026

အိုက်စပ်ပြီး ပူလွန်းတဲ့ ဒီရာသီဥတုကြီးမှာ အကောင်းဆုံး ထွက်ပေါက်က... Water Park ရဲ့ ရေလှိုင်းတွေထဲ အေးအေးဆေးဆေး သွားစိမ်နေဖို့ပဲလေ! 🌊🧊

နေပူထဲထွက်ရင်လည်း ပူ... အိမ်ထဲမှာနေရင်လည်း ပူနဲ့ ပန်ကာလေတောင် ပူလာတဲ့အချိန်မျိုးမှာ ချွေးတွေပြန်ပြီး စိတ်ညစ်နေပြီလား? 🥵

ဒီလို အပူချိန် အမြင့်ဆုံးအချိန်တွေမှာ ပူအိုက်စွတ်စိုတဲ့ ခံစားချက်တွေကို အကုန်လုံး ရေဆေးချပစ်လိုက်ဖို့ City Park ရဲ့ Water Park က အသင့်စောင့်နေပါတယ်ဗျ။

ရေအေးအေးလေးထဲမှာ ခန္ဓာကိုယ်တစ်ခုလုံးကို စိမ်ချလိုက်... 🌊 အမိုက်စား ရေလှိုင်းတွေနဲ့အတူ စိတ်လွတ်ကိုယ်လွတ် ဆော့ကစားလိုက်... သူငယ်ချင်းတွေ မိသားစုတွေနဲ့ ရေကစားရင်း အပူဒဏ်ကို အံတုလိုက်ရင် လုံးဝကို Fresh ဖြစ်ပြီး လန်းဆန်းသွားမှာ အသေအချာပဲနော်! 💦✨

အိမ်မှာ ပူလို့ စိတ်မကြည်ဖြစ်နေတဲ့ သူငယ်ချင်းတွေကို ခုပဲ Tag တွဲပြီး... "ဒီနေ့တော့ Water Park ကို ရေသွားစိမ်ရအောင်" လို့သာ အမြန်ခေါ်လိုက်တော့! 👇🏃‍♂️💨

⏰ အချိန်: မနက် ၉:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီ အထိ
🏛️ နေရာ: City Park (မြို့တော်ဥယျာဉ်)
📍 ၂၆ (B) လမ်း နှင့် ကမ်းနားလမ်းထောင့်၊ ပိုက်ကျုံး၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့‌။

📱 အသေးစိတ်စုံစမ်းရန် : 📞 09 772 383 328
📞 09 200 9189
📞 02 40 63 779

#ရေစိမ်မယ်

Address

26st/Khan Nar Lan Coner
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when မြို့တော်ဥယျာဉ် Water Park posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category