16/05/2026
သတင်းထုတ်ပြန်ချက်
၂၀၂၆ခုနှစ်၊ မေလ ၁၆ရက်
၁။ ၂၀၂၆ခုနှစ်၊မေလ၁၃ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်မှ စစ်ကြောင်းထိုးဝင်ရောက်လာသော အင်အား (၁၂၀) ခန့်ပါစစ်ကောင်စီ စစ်ကြောင်းနှင့် ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတနေရာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။
၂။ ထိတွေ့တိုက်ပွဲ (၂ )ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး (၃ )နာရီခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ ၎င်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ (၄)ယောက် သေဆုံးပြီး အထိအခိုက်များနိုင်ပါသည်။ စစ်ကောင်စီဘက်မှ ကျည်အနည်းငယ်နှင့် စစ်အသုံးဆောင်ပစ္စည်းတချို့သိမ်းဆည်းရမိခဲ့ပါသည်။
၃။ အဆိုပါတိုက်ခိုက်မှုကို 21Bagan-People Defense Force၊ ပခုက္ကူခရိုင်Localတပ်ရင်း(PDLB) ၊ Good Brothers၊ ဒေါင်းရင်သွေးပြောက်ကျားတပ်ဖွဲ့-DYT နှင့် Bagan Garuda Force တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။
မိဘပြည်သူများ အနေဖြင့်လဲ ယခုဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေ၊ စစ်ရေးအခြေအနေများကို သတိရှိဖို့ အနူးညွှန့်ပန်ကြားအပ်ပါသည်။
#ပုဂံညောင်ဦးတပ်ပေါင်းစု
#သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
#ရဲဘော်ယက္ခ
Highlight ⊕