29/04/2026
အင်္ဂါသားသမီးများရဲ့ဂြိုဟ်ပတ်လမ်းကြောင်း
ဘဝကိုမွေးဖွားလာထဲကခပ်စောင်းစောင်းပဲကြည့်ပြီးလောကဓံကို အံ့ခဲလာကြသူများဖြစ်သည်
နာမည်နောက်ဆုံးမှာ (ကြာသပတေးနမ်-တနင်္လာနမ်-သောကြာနမ်)ပါသူများကလောကဓံကိုပိုခံရသူများဖြစ်သည်
မိမိဖွားကစပြီး၈နှစ်ထိကို(အင်္ဂါဂြိုဟ်အိပ်ကြီး)ဖြစ်လို့
မိမိမွေးဖွားပြီးမှမိဘတွေငွေကြေးခက်ခဲတာအိမ်ထောင်ရေးအဆင်မပြေတာများ -မိမိသည်တနေရာမှတနေရာပြောင်းလဲနေရတာများဖြစ်တတ်ပါတယ်
၉နှစ်မှ၂၅နှစ်အတွင်းဗုဒ္ဓဟူးဂြိုဟ်အိပ်ကြီးဖြစ်လို့ စိတ်ပင်ပန်း-လူပင်ပန်းဖြစ်တာ-
ငွေကြေးခက်ခဲတာ-အပြစ်တင်ခံရတာ-
ပတ်ဝန်းကျင် နှင့်နေထိုင်မူများအဆင်မပြေမူခက်ခဲမူများကြုံရတတ်ပါသည်၊
(၁ကြွင်းများတွက်မရဏဂြိုဟ်အိပ်ကြီးလည်းဖြစ်ပါသည့်အတွက်ကျန်းမာရေးပိုဂရုစိုက်ပါ
၂၆နစ်မှ၃၅နှစ်ထိမှာ(စနေဘုမ္မိဂြိုဟ်အိပ်ကြီး)ကိုဖြတ်တာဖြစ်လို့ဝမ်းနည်းစရာ သောကဖြစ်ရတာ-ခွဲစိတ်ကုသခံရတာ-ကျန်းမာရေး ညံ့တာ-မျက်စိနှင့်ပတ်သက်သောရောဂါများ-အမူပြသာနာများဖြစ်တတ်ပြီး
ပင်ပန်းခက်ခဲသောဒုက္ခများကိုကျော်ဖြတ်ရပါတယ်
(၄ကြွင်းများမရဏဂြိုလ်အိပ်ကြီးဖြစ်ပါသည်)
၃၆နှစ်မှ၅၄နှစ်က ကြာသပတေး ဘုမ္မိဂြိုဟ်အိပ်ဖြစ်တတ်အတွက်သတိထားရပါမယ်
သက်ရောက်နှစ်ကောင်းများတွင်အမွေရတတ်ပါတယ်-အမွေရသကဲ့သို့ငွေကြေးများဝင်ပါတယ်-သက်ရောက်နှစ်ဆိုးများမှာအမူအရူပ်အထွေးများကြုံရတတ်ပါတယ်
(၂ကြွင်း-မရဏဂြိုဟ်လည်းဖြစ်ကြီးဖြစ်ပါသည်)
၅၅မှ၆၇နှစ်ထိကို (ရာဟုဂြိုဟ်အိပ်ကြီး)ဖြစ်လို့ အိမ်ထောင်ရေးဖောက်ပြန်တာလုပ်ပါက အိမ်ထောင်နှင့်-အလုပ်စီးပွားများထိခိုက်တတ်သည်-ဘာပဲလုပ်ဆောင်ပါစေ အထစ်အငေါ့ လေးများကြုံရတတ်ပါတယ်
အပျော်အပါး အရက်သေစာသောက်သုံးတာများမလုပ်ပဲဘာသာရေးများဆောင်ရွက်သင့်ပါတယ်
(၁ကြွင်းများတွက်မရဏဂြိုဟ်အိပ်ကြီးလည်းဖြစ်ပါသည်)
အင်္ဂါသားသမီးများငွေကြေးခက်ခဲတတ်သဖြင့်ယတြာအနေနှင့်ငွေကြေးနှင့်မိဘဆရာသမားကြီးသူများ ကန်တော့လှူဒါန်းခြင်းနှင့်ပံ့သကူ ကုသိုလ်လုပ်မယ်ဆိုပါက
ငွေကြေးခက်ခဲခြင်းမှလွတ်ကငိးပါမည်
အင်္ဂါသားသမီးများသည် ဆန္ဒ နှင့် ဘဝ ထပ်တူမမျှတတ်ပေ
မိမိဆန္ဒရှိဖြစ်ချင်သော
ရည်ရွယ်ချက်ကတမျိုး
လက်ရှိမိမိလုပ်ဆောင်
နေရတာကတမျိုးဖြစ်နေတတ်ပါသည်
အင်္ဂါသားသမီးများ
သူများနားမခံသာသောစကားများပြောဆိုမိရင်ပြသာနာများနဲ့ရင်ဆိုင်ဖြေရှင်းတတ်ရပြီး
စီးပွားထိခိုက်စေတတ်ပါသဖြင့်သတိထားပါ
အင်္ဂါသားသမီးအောင်မြင်မူရဖို့အတွက်အောက်ဖော်ပြပါအချက်များ
ရှောင်ကျဉ်ပါ
၁)စကားပြောလျင် ဗူးလုံးနားမရှင်း
လုံးလုံးထွေးထွေး စို့န စို့န မပြောပါနှင့် (မိမိစကားကိုတဘက်လူနားမလည်သဖြင့်အောင်မြင်မူကိုနှောင့်နှေးစေသည်)
၂)ဆုံးဖြတ်ချက်ခိုင်မာပါ (ညဘက်အလုပ်တခု လုပ်မယ်စဉ်းစားထားပြီးမနက်မလုပ်ဖြစ်တာမလုပ်ပါနှင့်)
၃)ပညာရပ်တခုကိုတပိုင်းတဆတန်းလန်းမလုပ်ပါနှင့်(ပြီးဆုံး အောင်သင်ယူလေ့လာပါ)
မကောင်းတဲ့အရာလေးတွေပြင်လိုက်ရင်ကောင်းတာတွေဖြစ်လာမှာပါ
စနေဂြိုဟ်ကျနေသာနှစ်များ
၃-၁၁-၁၉-၂၇-၃၅-၄၆-၅၁-၅၉-၆၇-၇၅-၈၃
ဒီလိုနှစ်တွေမှာမျက်စိခွဲရတာ မျက်စိနဲ့ပတာသက်သောရောဂါများဖြစ်တတ်ပါတယ် ကျန်းမာရေးအထူးဂရုစိုက်ရမဲ့နှစ်ဖြစ်ပါသည်
ဘုမ္မိကြီးကျနေတဲ့အဆ်ိုးနှစ်များ
၄၉- ၅၀-၅၁-၅၂-၅၇-၅၈-၅၉-၆၀နှစ်များတွင်ဂုဏ်သိက္ခာကျခြင်း အတူနေအုပ်စုများကွဲခြင်း စီးပွားပျက် ရှိသမျှကုန်တတ်သည်
အညံ့အဆိုးတွေကိုပြောရခြင်းသည်
မိမိအကြောင်းကြိုသိထားပါက
ဒီလိုနှစ်တွေမရောက်ခင်ကြိုတင်ပြင်ဆင်နိုင်ပါသည်
မိမိအကြွင်းသိချင်ပါကမိမိရဲ့မြန်မာကောဇာသက္ကရာဇ်အား(၇)နဲ့စားပါ(အကြွင်းကြည့်ပါ)
Credit .Sayar Htoo Ko Naing